မင္းေျမာက္တန္ဆာငါးပါးတြင္ တစ္ပါး အပါအဝင္ျဖစ္ေသာ သားၿမီးယပ္ အေၾကာင္း

မင္းေျမာက္တန္ဆာငါးပါးတြင္ တစ္ပါး အပါအဝင္ျဖစ္ေသာ သားၿမီးယပ္ အေၾကာင္း
မင္းေျမာက္တန္ဆာငါးပါးတြင္ တစ္ပါး အပါအဝင္ျဖစ္ေသာ သားၿမီးယပ္ အေၾကာင္း

မင္းေျမာက္တန္ဆာငါးပါးတြင္ တစ္ပါး အပါအဝင္ျဖစ္ေသာ သားၿမီးယပ္ အေၾကာင္း

မင္းေျမာက္တန္ဆာ ငါးပါးတြင္ တစ္ပါး အပါအဝင္ ျဖစ္ေသာ သားၿမီးယပ္ႏွင့္ ကိုင္ေဆာင္ျခင္း အဓိပၸါယ္.. သားၿမီးယပ္ ကို.. က်က္သေရ မဂ္လာရွိေစေသာ အေဆာင္အေယာင္၊ ဘုန္းက်က္သေရ တိုးတက္ေစေသာ အေဆာင္အေယာင္ အျဖစ္

ျမန္မာဘုရင္ မင္းျမတ္ အဆက္ဆက္တို႔သည္.. ကိုယ္ႏွင့္မကြာ ေဆာင္ယူဆြဲကိုင္ေလ့ရွိသည္။ ယခုအခါ.. ဇာတ္သဘင္မ်ားတြင္ ဘုရင္ အၿမဲကိုင္စြဲရာတြင္ သားၿမီးယပ္ အစား

သံလ်က္ (အမွန္ေျပာရရင္ ငပိေကာ္တဲ့ ေယာက္မ သ႑ာန္) ကို စြဲကိုင္ေလဟန္ လြဲမွားစြာ ကိုင္ေဆာင္ သ႐ုပ္ျပ ကျပေနၾကတယ္..။ နန္းဓေလ့ အမွန္တြင္ ဘုရင္သည္ သံလ်က္ႀကီး တကားကားႏွင့္ လ်ပ္လ်ားလ်ပ္လ်ား ေလွ်ာက္သြားေနသည္ မဟုတ္ပါ..

ဤသည္က သတိခ်ပ္စရာ.. သားၿမီးယပ္သည္ လက္ဝဲမင္းခမ္းေတာ္ပစၥည္းမ်ားတြင္လည္း တစ္ခု အပါအဝင္ ျဖစ္သည္။ သားၿမီးယပ္ကို စာမရီ မည္ေသာ သားေကာင္၏ အၿမီး (မူကြဲ ရနံ႔ထုံသင္းေစရန္ ကတိုးေကာင္၏ အေမႊး ျဖင့္ လည္း ျပဳလုပ္ၾကသည္) ကို

ေ႐ႊျပားကပ္ သစ္သား႐ိုး ၊ ပတၱျမားရစ္ ၊ ေက်ာက္မ်က္ရတနာ တို႔ စီ၍ စီမံျပဳလုပ္ၾကၿပီး ၊ မင္းဧကရာဇ္သည္ ယပ္သဖြယ္ လက္ေတာ္တြင္ အျမတ္တႏိုး ကိုင္ေဆာင္ေလ့ရွိသည္။

စာမရီ မည္ေသာ သားေကာင္သည္ သူတို႔၏ အေမြးအမွ်င္အား အလြန္တန္ဖိုးထား၍ ဆူးၿခဳံတြင္ ၿငိမိပါက.. အေမြးလည္ဆံ ပ်က္စီးမည္စိုး၍ မ႐ုန္းမကန္ ၿငိမ္သက္စြာရပ္တန္႔ေန၍ အစာအငတ္ခံ အေသခံသြား သကဲ့သို႔

တိုင္းျပည္အုပ္ခ်ဳပ္ေသာ ဘုရင္မင္းျမတ္သည္လည္း မင္းက်င့္တရား ငါးပါး ႏွင့္တကြ မင္းတို႔ ေစာင့္ထိန္းအပ္ေသာ အက်င့္သီလမ်ားကို စာမရီသားေကာင္ သူ၏ အေမြးအမွ်င္ ျမတ္ႏိုးသကဲ့သို႔..

အသက္ထက္ဆုံး ျမတ္ႏိုး သတိရေစရန္ ရည္႐ြယ္၍ စာမရီေမႊး သားၿမီးယပ္ေတာ္ အား အၿမဲမျပတ္ကိုင္ေဆာင္ေလ့ ရွိေၾကာင္း သိရွိရေပသည္။

ျပန္လည္ မ်ွေ၀ျခင္းျဖစ္ပါသည္။မူရင္းေရးသားသူ# ျမတ္သခ္ငယ္ (ခတၱိယရိပ္ၿငိမ္) အားေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

မင်းမြောက်တန်ဆာငါးပါးတွင် တစ်ပါး အပါအဝင်ဖြစ်သော သားမြီးယပ် အကြောင်း

မင်းမြောက်တန်ဆာ ငါးပါးတွင် တစ်ပါး အပါအဝင် ဖြစ်သော သားမြီးယပ်နှင့် ကိုင်ဆောင်ခြင်း အဓိပ္ပါယ်.. သားမြီးယပ် ကို.. ကျက်သရေ မဂ်လာရှိစေသော အဆောင်အယောင်၊ ဘုန်းကျက်သရေ တိုးတက်စေသော အဆောင်အယောင် အဖြစ်

မြန်မာဘုရင် မင်းမြတ် အဆက်ဆက်တို့သည်.. ကိုယ်နှင့်မကွာ ဆောင်ယူဆွဲကိုင်လေ့ရှိသည်။ ယခုအခါ.. ဇာတ်သဘင်များတွင် ဘုရင် အမြဲကိုင်စွဲရာတွင် သားမြီးယပ် အစား

သံလျက် (အမှန်ပြောရရင် ငပိကော်တဲ့ ယောက်မ သဏ္ဍာန်) ကို စွဲကိုင်လေဟန် လွဲမှားစွာ ကိုင်ဆောင် သရုပ်ပြ ကပြနေကြတယ်..။ နန်းဓလေ့ အမှန်တွင် ဘုရင်သည် သံလျက်ကြီး တကားကားနှင့် လျပ်လျားလျပ်လျား လျှောက်သွားနေသည် မဟုတ်ပါ..

ဤသည်က သတိချပ်စရာ.. သားမြီးယပ်သည် လက်ဝဲမင်းခမ်းတော်ပစ္စည်းများတွင်လည်း တစ်ခု အပါအဝင် ဖြစ်သည်။ သားမြီးယပ်ကို စာမရီ မည်သော သားကောင်၏ အမြီး (မူကွဲ ရနံ့ထုံသင်းစေရန် ကတိုးကောင်၏ အမွှေး ဖြင့် လည်း ပြုလုပ်ကြသည်) ကို

ရွှေပြားကပ် သစ်သားရိုး ၊ ပတ္တမြားရစ် ၊ ကျောက်မျက်ရတနာ တို့ စီ၍ စီမံပြုလုပ်ကြပြီး ၊ မင်းဧကရာဇ်သည် ယပ်သဖွယ် လက်တော်တွင် အမြတ်တနိုး ကိုင်ဆောင်လေ့ရှိသည်။

စာမရီ မည်သော သားကောင်သည် သူတို့၏ အမွေးအမျှင်အား အလွန်တန်ဖိုးထား၍ ဆူးခြုံတွင် ငြိမိပါက.. အမွေးလည်ဆံ ပျက်စီးမည်စိုး၍ မရုန်းမကန် ငြိမ်သက်စွာရပ်တန့်နေ၍ အစာအငတ်ခံ အသေခံသွား သကဲ့သို့

တိုင်းပြည်အုပ်ချုပ်သော ဘုရင်မင်းမြတ်သည်လည်း မင်းကျင့်တရား ငါးပါး နှင့်တကွ မင်းတို့ စောင့်ထိန်းအပ်သော အကျင့်သီလများကို စာမရီသားကောင် သူ၏ အမွေးအမျှင် မြတ်နိုးသကဲ့သို့..

အသက်ထက်ဆုံး မြတ်နိုး သတိရစေရန် ရည်ရွယ်၍ စာမရီမွှေး သားမြီးယပ်တော် အား အမြဲမပြတ်ကိုင်ဆောင်လေ့ ရှိကြောင်း သိရှိရပေသည်။

ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။မူရင်းရေးသားသူ# မြတ်သခ်ငယ် (ခတ္တိယရိပ်ငြိမ်) အားလေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*