လူတေယာက္ကို မေ၀ဖန္ခင္ ကိုယ့္စိတ္ကို အရင္ဆန္းစစ္ၾကည့္သင့္တယ္ေနာ္…
လူလတ္ပိုင္း အရြယ္ လင္မယား ႏွစ္ေယာက္ဟာ တိုက္ခန္းသစ္ တစ္ခုကို ေျပာင္းလာၾကတယ္။ ေနာက္တစ္ေန႔ မနက္မွာ သူတို့ မနက္စာ စားေနၾကရင္း
မိန္းမဟာ မွန္ျပတင္းေပါက္ကေန ေဘးအိမ္က အမ်ိဳးသမီး တစ္ေယာက္ အိမ္ျပင္ထြက္ၿပီး အဝတ္ ႀကိဳးတန္းမွာ အဝတ္ေတြ လွမ္းေနတာ ကို ၾကည့္ေနတယ္။
ၿပီးေတာ့ သူက ေယာက္်ားကို ေျပာလိုက္တယ္။ “အဝတ္ေတြ ေလၽွာ္ထားတာ ညစ္ပတ္ေနေသးတယ္။ သူ အဝတ္ ေကာင္းေကာင္း မေလၽွာ္တတ္ဘူး ထင္တယ္။ ဆပ္ျပာမွုန္႔ ထည့္တာ နည္းတယ္နဲ႔ တူတယ္”
သူ႔ေယာက္်ား ဟာ အဝတ္ လွမ္းေနတာကို တစ္ခ်က္ လွမ္းၾကည့္ လိုက္တယ္။ ဘာမွ မေျပာဘဲ ၿငိမ္ေနတယ္။
ေနာက္ရက္ မနက္တိုင္း သူတို့ ႏွစ္ေယာက္ မနက္စာ စားရင္း မိန္းမဟာ အဲဒီ စကားကိုပဲ ေျပာတယ္။ ေယာက္်ားလည္း ဘာမွ မေျပာဘဲ ၿငိမ္ေနတယ္။
၂ ပတ္ ၾကာတဲ့ မနက္မွာ မိန္းမဟာ ေဘးအိမ္က ႀကိဳးတန္းမွာ သန္႔ရွင္းျဖဴစင္တဲ့ အဝတ္ေတြ လွမ္းထားတာ ကို ျမင္လိုက္လို့ သူ႔ေယာက္်ားကို ေျပာလိုက္ တယ္။
“ကိုကိုေရ… လွမ္းထားတဲ့ အဝတ္ေတြ ျဖဴျဖဴစင္စင္ ျဖစ္သြားၿပီ။ အခု အဲဒီ အမ်ိဳးသမီးဟာ အဝတ္ကို ဘယ္လို ေလၽွာ္ရမလဲ ဆိုတာ သိသြားၿပီ ထင္တယ္။ သူ႔ကို ဘယ္သူ ျပေပးလိုက္သလဲ မသိဘူးေနာ္”
ေယာက္်ားက ခုလို ျပန္ေျပာလိုက္တယ္။ “ငါ ဒီ မနက္ေစာေစာ ထၿပီး ျပတင္းေပါက္မွန္က ဖုန္ေတြကို သုတ္လိုက္လို့ ပါ”
ကၽြန္ေတာ္တို့ဘဝမွာလည္း ဒီလိုမ်ိဳး ၾကဳံေတြ႕တတ္ပါတယ္။ သူမ်ားေတြ လုပ္တာ ကိုင္တာကို အျမင္မေတာ္ရင္ ေဝဖန္ခ်င္ၾကတယ္။ အျပစ္ ေျပာခ်င္ၾကတယ္။
ဒါေပမဲ့ ကၽြန္ေတာ္တို့ ရွုျမင္တဲ့ အျမင္ဟာ ေဒါသစိတ္၊ မာန္မာန၊ မနာလို ဝန္တိုစိတ္၊ မေကာင္းျမင္စိတ္ေတြနဲ႔ ဖုံးလႊမ္းေနရင္ အမွန္ကို အမွန္ အတိုင္း ျမင္နိုင္မွာ မဟုတ္ပါဘူး။
ဒါေၾကာင့္ လူတစ္ေယာက္ ကို မေဝဖန္ခင္ မိမိစိတ္ ဟာ ေစာေစာက ေျပာခဲ့တဲ့ မေကာင္းစိတ္ေတြနဲ႔ ကင္းစင္ရဲ့လားလို့ အရင္ ဆန္းစစ္ၾကည့္သင့္ ပါတယ္။
ေမတၱာျဖင့္ ျပန္လည္ မၽွေဝေပးပါသည္။Credit to #ဆရာႀကီးဗန္းေမာ္သိန္းေဖ
Unicode
လူတယောက်ကို မဝေဖန်ခင် ကိုယ့်စိတ်ကို အရင်ဆန်းစစ်ကြည့်သင့်တယ်နော်…
လူလတ်ပိုင်း အရွယ် လင်မယား နှစ်ယောက်ဟာ တိုက်ခန်းသစ် တစ်ခုကို ပြောင်းလာကြတယ်။ နောက်တစ်နေ့ မနက်မှာ သူတို့ မနက်စာ စားနေကြရင်း
မိန်းမဟာ မှန်ပြတင်းပေါက်ကနေ ဘေးအိမ်က အမျိုးသမီး တစ်ယောက် အိမ်ပြင်ထွက်ပြီး အဝတ် ကြိုးတန်းမှာ အဝတ်တွေ လှမ်းနေတာ ကို ကြည့်နေတယ်။
ပြီးတော့ သူက ယောက်ျားကို ပြောလိုက်တယ်။ “အဝတ်တွေ လျှော်ထားတာ ညစ်ပတ်နေသေးတယ်။ သူ အဝတ် ကောင်းကောင်း မလျှော်တတ်ဘူး ထင်တယ်။ ဆပ်ပြာမှုန့် ထည့်တာ နည်းတယ်နဲ့ တူတယ်”
သူ့ယောက်ျား ဟာ အဝတ် လှမ်းနေတာကို တစ်ချက် လှမ်းကြည့် လိုက်တယ်။ ဘာမှ မပြောဘဲ ငြိမ်နေတယ်။
နောက်ရက် မနက်တိုင်း သူတို့ နှစ်ယောက် မနက်စာ စားရင်း မိန်းမဟာ အဲဒီ စကားကိုပဲ ပြောတယ်။ ယောက်ျားလည်း ဘာမှ မပြောဘဲ ငြိမ်နေတယ်။
၂ ပတ် ကြာတဲ့ မနက်မှာ မိန်းမဟာ ဘေးအိမ်က ကြိုးတန်းမှာ သန့်ရှင်းဖြူစင်တဲ့ အဝတ်တွေ လှမ်းထားတာ ကို မြင်လိုက်လို့ သူ့ယောက်ျားကို ပြောလိုက် တယ်။
“ကိုကိုရေ… လှမ်းထားတဲ့ အဝတ်တွေ ဖြူဖြူစင်စင် ဖြစ်သွားပြီ။ အခု အဲဒီ အမျိုးသမီးဟာ အဝတ်ကို ဘယ်လို လျှော်ရမလဲ ဆိုတာ သိသွားပြီ ထင်တယ်။ သူ့ကို ဘယ်သူ ပြပေးလိုက်သလဲ မသိဘူးနော်”
ယောက်ျားက ခုလို ပြန်ပြောလိုက်တယ်။ “ငါ ဒီ မနက်စောစော ထပြီး ပြတင်းပေါက်မှန်က ဖုန်တွေကို သုတ်လိုက်လို့ ပါ”
ကျွန်တော်တို့ဘဝမှာလည်း ဒီလိုမျိုး ကြုံတွေ့တတ်ပါတယ်။ သူများတွေ လုပ်တာ ကိုင်တာကို အမြင်မတော်ရင် ဝေဖန်ချင်ကြတယ်။ အပြစ် ပြောချင်ကြတယ်။
ဒါပေမဲ့ ကျွန်တော်တို့ ရှုမြင်တဲ့ အမြင်ဟာ ဒေါသစိတ်၊ မာန်မာန၊ မနာလို ဝန်တိုစိတ်၊ မကောင်းမြင်စိတ်တွေနဲ့ ဖုံးလွှမ်းနေရင် အမှန်ကို အမှန် အတိုင်း မြင်နိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် လူတစ်ယောက် ကို မဝေဖန်ခင် မိမိစိတ် ဟာ စောစောက ပြောခဲ့တဲ့ မကောင်းစိတ်တွေနဲ့ ကင်းစင်ရဲ့လားလို့ အရင် ဆန်းစစ်ကြည့်သင့် ပါတယ်။
မေတ္တာဖြင့် ပြန်လည် မျှဝေပေးပါသည်။Credit to #ဆရာကြီးဗန်းမော်သိန်းဖေ
Leave a Reply