ဂရန္ေျမကို အရပ္စာခ်ဳပ္ျဖင့္ ဝယ္ယူလွ်င္ ပိုင္ဆိုင္မႈခိုင္မာသလား…

ဂရန္ေျမကို အရပ္စာခ်ဳပ္ျဖင့္ဝယ္ယူလွ်င္ ပိုင္ဆိုင္မႈ ခိုင္မာသလား...
ဂရန္ေျမကို အရပ္စာခ်ဳပ္ျဖင့္ဝယ္ယူလွ်င္ ပိုင္ဆိုင္မႈ ခိုင္မာသလား...

ဂရန္ေျမကို အရပ္စာခ်ဳပ္ျဖင့္ ဝယ္ယူလွ်င္ ပိုင္ဆိုင္မႈခိုင္မာသလား…

ဂရန္ေျမကို အေရာင္းအဝယ္ျပဳလုပ္ၾကတဲ့အခါ တန္ဖိုးေငြက်ပ္ ၁ဝဝႏွင့္အထက္ရွိ မေ႐ႊ႕မေျပာင္းႏိုင္ သည့္ပစၥည္းကို

မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရန္လိုအပ္သျဖင့္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုမွသာ တရားဝင္အေရာင္း အဝယ္စာခ်ဳပ္ျဖစ္ပါမည္။

အခ်ိဳ႕အေရာင္းအဝယ္ျပဳလုပ္က်ရာတြင္ အရပ္ကတိအေရာင္းအဝယ္စာခ်ဳပ္ခ်ဳပ္ဆိုၿပီး ဂရန္အမည္ ေျပာင္းသူထံမွ

ကိုယ္စားလွယ္လႊဲစာျပဳလုပ္ထားၿပီး ဆက္လက္ေဆာင္႐ြက္ျခင္းမျပဳဘဲ ေနထိုင္ေနၾကပါသည္။

ကိုယ္စားလွယ္လႊဲစာသည္ ေပးအပ္သူ၊ လက္ခံသူ ေသဆုံးသြားသည့္အခ်ိန္၊ ေပးအပ္သူမွ ျပန္လည္႐ုပ္သိမ္း သြားသည့္အခ်ိန္အခါမ်ားတြင္

ဆက္လက္ေဆာင္႐ြက္၍ မရေတာ့ပါဘူး။ ထိုအခါမွ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုလိုလွ်င္ သက္ဆိုင္ရာခ႐ိုင္တရား႐ုံးသို႔

မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ေပး ေစလိုမႈ တရားစြဲဆိုၿပီး တရား႐ုံးမွ သက္ေသမ်ားကို စစ္ေဆး၍ ပိုင္ဆိုင္မႈမွန္ကုန္ပါက အမိန႔္ခ်ေပးမွျဖစ္ပါသည္။

အမိန႔္ခ်ၿပီးမွ တရားလိုသည္ အမိန႔္အေပၚအတည္ျပဳေဆာင္႐ြက္ရန္ တရားမဇာရီမႈ ဆက္လက္ဖြင့္ၿပီး တရား႐ုံးမွ တာဝန္ေပးအပ္ျခင္းခံရသူက

ေရာင္းသူကိုယ္စားမွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုေပးမွာျဖစ္ပါတယ္။ ထိုသို႔ေဆာင္႐ြက္ပါ က အခ်ိန္ၾကာျမင့္မႈ၊ ေရွ႕ေနခကုန္က်စရိတ္၊

တရား႐ုံးကုန္က်စရိတ္ႏွင့္ အခ်ိန္ၾကာျမင့္မႈမ်ားစြာရွိႏိုင္ပါတယ္။ ထို႔အတြက္ေၾကာင့္ ဂရန္ေျမကို ဝယ္ယူသူမ်ားအေနျဖင့္

ေအာက္ပါလုပ္ငန္းစဥ္အတိုင္း တဆက္တည္း လုပ္ေဆာင္ထားမွသာ တရားဝင္ပိုင္ဆိုင္မႈခိုင္မာမွာျဖစ္ပါသည္။

– စရန္ေပးစာခ်ဳပ္ ခ်ဳပ္ဆိုျခင္း။

– ေရာင္းသူကို အေရာင္းေျမပုံ/ေျမရာဇဝင္ ကူးခိုင္းျခင္း။

– ေျမငွားဂရန္ အမည္ေပါက္မွန္ကုန္မႈ ရွိ/မရွိ စစ္ေဆးျခင္း။

– ႏိုင္ငံပိုင္ သတင္းစာတြင္ အေရာင္းအဝယ္ႏွင့္ပတ္သက္၍ ကန႔္ကြက္သူ ရွိ/မရွိ ေၾကာ္ျငာထည့္သြင္း ျခင္း။

– မွတ္ပုံတင္အထူးကိုယ္စားလွယ္လႊဲစာ ျပဳလုပ္ျခင္း။

– အၿပီးသတ္ေငြေပးေခ်ျခင္းစာခ်ဳပ္ ခ်ဳပ္ဆိုျခင္း။

– ရန္ကုန္တိုင္းကာလတန္ဖိုးစိစစ္ေရးအဖြဲ႕သို႔တင္ျပ၍ ေျမႏွင့္အိမ္တန္ဖိုးသတ္မွတ္ျခင္း။

– ၿမိဳ႕နယ္အခြန္ဦးစီးဌာနတြင္ ကာလတန္ဖိုးစိစစ္ေရးအဖြဲ႕မွသတ္မွတ္ေပးသည့္တန္ဖိုးအေပၚ ဝယ္ယူခြန္ ထမ္းေဆာင္ျခင္း။

– တံဆိပ္ေခါင္းခြန္ထမ္းေဆာင္ျခင္း။

– ရန္ကုန္ၿမိဳ႕စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုျခင္း။ စသည့္ အဆင့္ဆင့္ေဆာင္႐ြက္ၿပီးမွသာ

အေရာင္းအဝယ္သည္ တရားဝင္အေရာင္းအဝယ္အဆင့္သို႔ ေရာက္မည္ျဖစ္ပါသည္။

ထိုသို႔ခ်ဳပ္ဆိုထားေသာ မွတ္ပုံတင္စာခ်ဳပ္ျဖင့္ ရန္ကုန္ၿမိဳ႕ေတာ္စည္ပင္သာယာေရးေကာ္မတီ၊

ၿမိဳ႕ျပ စီမံကိန္းႏွင့္ေျမစီမံခန႔္ခြဲမႈဌာနတြင္ ေျမအမည္ေပါက္ေျပာင္းလဲရန္ေလွ်ာက္ထားရမွာျဖစ္ပါသည္။

အထက္ပါအတိုင္း ေဆာင္႐ြက္ၿပီး တရားဝင္မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုျခင္း၊ ေျမငွားဂရန္တြင္ မိမိအမည္ ေပါက္ေျပာင္းလဲျခင္းမ်ား ေဆာင္႐ြက္ၿပီးမွသာ

မိမိပိုင္ဆိုင္ေသာေျမအျဖစ္ တာဝန္ဝင္ပိုင္ဆိုင္မႈအေထာက္ အထားရရွိမွာျဖစ္ပါသည္။ ထိုမွသာ မိမိတို႔စီးပြားေရးလုပ္ငန္းမ်ားအတြက္

ေျမငွားဂရန္အေပါင္ထားၿပီး ဘဏ္တြင္ ေခ်းေငြေလွ်ာက္ထားႏိုင္မွာျဖစ္ပါတယ္။ ထို႔ေၾကာင့္ ေျမငွားဂရန္အမ်ိဳးအစားေျမကြက္ကို ဝယ္ယူသူမ်ား အေနျဖင့္

တရားဝင္ပိုင္ဆိုင္မႈရရွိရန္ မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုမွသာ ေနာက္တစ္ခ်ိန္ျပန္လည္ေရာင္းခ်ရာတြင္ လည္း အဆင္ေျပေခ်ာေမြ႕မွာျဖစ္ပါသည္။

Credit # ဥပေဒေရးရာ

Unicode

ဂရန်မြေကို အရပ်စာချုပ်ဖြင့်ဝယ်ယူလျှင် ပိုင်ဆိုင်မှု ခိုင်မာသလား…

ဂရန်မြေ ကို အရောင်းအဝယ်ပြုလုပ်ကြတဲ့အခါ တန်ဖိုးငွေကျပ် ၁ဝဝနှင့်အထက်ရှိမရွှေ့မပြောင်းနိုင် သည့်ပစ္စည်းကို

မှတ်ပုံတင်စာချုပ် ချုပ်ဆိုရန်လိုအပ်သဖြင့် မှတ်ပုံတင်စာချုပ် ချုပ်ဆိုမှသာ တရားဝင်အရောင်း အဝယ်စာချုပ်ဖြစ်ပါမည်။

အချို့အရောင်းအဝယ်ပြုလုပ်ကျရာတွင် အရပ်ကတိ အရောင်းအဝယ်စာချုပ်ချုပ်ဆိုပြီး ဂရန်အမည် ပြောင်းသူထံမှကိုယ်စားလှယ်လွှဲစာပြုလုပ်ထားပြီး ဆက်လက်ဆောင်ရွက်ခြင်းမပြုဘဲ နေထိုင်နေကြပါသည်။

ကိုယ်စားလှယ်လွှဲစာသည် ပေးအပ်သူ၊ လက်ခံသူ သေဆုံးသွားသည့် အချိန်၊ ပေးအပ်သူမှ ပြန်လည် ရုပ်သိမ်း သွားသည့် အချိန်အခါများတွင် ဆက်လက်ဆောင်ရွက်၍ မရတော့ပါဘူး။

ထိုအခါမှ မှတ်ပုံတင်စာချုပ်ချုပ်ဆိုလိုလျှင် သက်ဆိုင်ရာခရိုင်တရားရုံးသို့ မှတ်ပုံတင်စာချုပ်ချုပ်ပေး စေလိုမှု တရားစွဲဆိုပြီး တရားရုံးမှ သက်သေများကို စစ်ဆေး၍ ပိုင်ဆိုင်မှုမှန်ကုန်ပါက အမိန့်ချပေးမှဖြစ်ပါသည်။

အမိန့်ချပြီးမှ တရားလိုသည် အမိန့်အပေါ်အတည်ပြုဆောင်ရွက်ရန် တရားမဇာရီမှု ဆက်လက်ဖွင့်ပြီး တရားရုံးမှ တာဝန်ပေးအပ်ခြင်းခံရသူကရောင်းသူကိုယ်စားမှတ်ပုံတင်စာချုပ်ချုပ်ဆိုပေးမှာဖြစ်ပါတယ်။

ထိုသို့ဆောင်ရွက်ပါ က အချိန်ကြာမြင့်မှု၊ ရှေ့နေခကုန်ကျစရိတ်၊ တရားရုံးကုန်ကျစရိတ်နှင့် အချိန်ကြာမြင့်မှုများစွာရှိနိုင်ပါတယ်။ ထို့အတွက်ကြောင့် ဂရန်မြေကို ဝယ်ယူသူများအနေဖြင့်

အောက်ပါလုပ်ငန်းစဉ်အတိုင်း တဆက်တည်း လုပ်ဆောင်ထားမှသာ တရားဝင်ပိုင်ဆိုင်မှုခိုင်မာမှာဖြစ်ပါသည်။

– စရန်ပေးစာချုပ် ချုပ်ဆိုခြင်း။

– ရောင်းသူကို အရောင်းမြေပုံ/မြေရာဇဝင် ကူးခိုင်းခြင်း။

– မြေငှားဂရန် အမည်ပေါက်မှန်ကုန်မှု ရှိ/မရှိ စစ်ဆေးခြင်း။

– နိုင်ငံပိုင် သတင်းစာတွင် အရောင်းအဝယ်နှင့်ပတ်သက်၍ ကန့်ကွက်သူ ရှိ/မရှိ ကြော်ငြာထည့်သွင်း ခြင်း။

– မှတ်ပုံတင်အထူးကိုယ်စားလှယ်လွှဲစာ ပြုလုပ်ခြင်း။

– အပြီးသတ်ငွေပေးချေခြင်းစာချုပ် ချုပ်ဆိုခြင်း။

– ရန်ကုန်တိုင်းကာလတန်ဖိုးစိစစ်ရေးအဖွဲ့သို့တင်ပြ၍ မြေနှင့်အိမ်တန်ဖိုးသတ်မှတ်ခြင်း။

– မြို့နယ်အခွန်ဦးစီးဌာနတွင် ကာလတန်ဖိုးစိစစ်ရေးအဖွဲ့မှသတ်မှတ်ပေးသည့်တန်ဖိုးအပေါ် ဝယ်ယူခွန် ထမ်းဆောင်ခြင်း။

– တံဆိပ်ခေါင်းခွန်ထမ်းဆောင်ခြင်း။

– ရန်ကုန်မြို့စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း။ စသည့် အဆင့်ဆင့်ဆောင်ရွက်ပြီးမှသာ

အရောင်းအဝယ်သည် တရားဝင်အရောင်းအဝယ်အဆင့်သို့ ရောက်မည်ဖြစ်ပါသည်။

ထိုသို့ချုပ်ဆိုထားသော မှတ်ပုံတင်စာချုပ်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊

မြို့ပြ စီမံကိန်းနှင့်မြေစီမံခန့်ခွဲမှုဌာနတွင် မြေအမည်ပေါက်ပြောင်းလဲရန်လျှောက်ထားရမှာဖြစ်ပါသည်။

အထက်ပါအတိုင်း ဆောင်ရွက်ပြီး တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုခြင်း၊ မြေငှားဂရန်တွင် မိမိအမည် ပေါက်ပြောင်းလဲခြင်းများ ဆောင်ရွက်ပြီးမှသာ

မိမိပိုင်ဆိုင်သောမြေအဖြစ် တာဝန်ဝင်ပိုင်ဆိုင်မှုအထောက် အထားရရှိမှာဖြစ်ပါသည်။ ထိုမှသာ မိမိတို့စီးပွားရေးလုပ်ငန်းများအတွက်

မြေငှားဂရန်အပေါင်ထားပြီး ဘဏ်တွင် ချေးငွေလျှောက်ထားနိုင်မှာဖြစ်ပါတယ်။ ထို့ကြောင့် မြေငှားဂရန်အမျိုးအစားမြေကွက်ကို ဝယ်ယူသူများ အနေဖြင့်

တရားဝင်ပိုင်ဆိုင်မှုရရှိရန် မှတ်ပုံတင်စာချုပ်ချုပ်ဆိုမှသာ နောက်တစ်ချိန်ပြန်လည်ရောင်းချရာတွင် လည်း အဆင်ပြေချောမွေ့မှာဖြစ်ပါသည်။

Credit # ဥပဒေရေးရာ

Be the first to comment

Leave a Reply

Your email address will not be published.


*