မက္ေဒၚနယ္ အလုပ္သမားေတြဆီကေန ေတာင္းစားခဲ့ရတဲ့ အေၾကာင္း ကို ေျပာျပခဲ့တဲ့ ေရာ္နယ္လ္ဒို
မန္ခ်က္စတာယူႏိုက္တက္ၾကယ္ပြင့္ ခရစၥတီယာႏို ေရာ္နယ္လ္ဒို ဟာ ငယ္စဥ္က ဆင္းရဲခ်ိဳ႕တဲ့လြန္းတဲ့ ဘဝမွာ ေနထိုင္ခဲ့ရသူ ျဖစ္ပါတယ္။
ေရာ္နယ္လ္ဒိုဟာ ေပၚတူဂီႏိုင္ငံ၊ မေဒရာကြၽန္းက ၎တို႔ရဲ႕ ေသးငယ္လွတဲ့ မိသားစုအိမ္ေလးမွာ ေမြးခ်င္းေတြနဲ႔ အိပ္ခန္းအတူတူ မွ်ေဝေနထိုင္ခဲ့ရၿပီး အႀကိမ္ေပါင္းမ်ားစြာ ဆာေလာင္ငတ္မြတ္ျခင္း ဒဏ္ကို
ျပင္းျပင္းထန္ထန္ ခံစားခဲ့ရတာ ျဖစ္ပါတယ္။ စပို႔တင္း လစၥဘြန္းအသင္းကို ေျပာင္းေ႐ႊ႕ခြင့္ ရရွိခဲ့ျခင္းက ေရာ္နယ္လ္ဒိုရဲ႕ ထိပ္ဆုံးကို ေရာက္ရွိႏိုင္မယ့္ လမ္းေၾကာင္းအစ ျဖစ္ခဲ့ေပမယ့္ အဲဒီ အခ်ိန္အထိ ဇိမ္ခံပစၥည္း မ်ားမ်ားစားစား ဝယ္ယူဖို႔ေတာင္ မတတ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ေရာ္နယ္လ္ဒိုရဲ႕သားျဖစ္သူ ခရစၥတီယာႏို ဂ်ဴနီယာဟာ ဖခင္ျဖစ္သူ လူငယ္ကစားသမားဘဝတုန္းက ေနထိုင္ ခဲ့တဲ့ အိမ္ကို ျမင္ေတြ႕ရတဲ့အခ်ိန္မွာ အံ့အားသင့္ တုန္လႈပ္ ခဲ့ရပါတယ္။
“ကြၽန္ေတာ့္သားက ကြၽန္ေတာ့္ ကို လွည့္ၾကည့္ၿပီး ‘အေဖ ဒီမွာ တကယ္ပဲ ေနခဲ့တာလား’ လို႔ ေျပာခဲ့ပါတယ္။ သူတို႔ေတြက ဒီကမာၻႀကီးမွာ အရာအားလုံးက လြယ္ကူေနတယ္လို႔ ထင္ေနတာပါ။ သူတို႔ေတြက လိုခ်င္တာ အားလုံး သူတို႔ေရွ႕ ဒီတိုင္း က်လာမယ္လို႔ ထင္ေနတာပါ”
ေရာ္နယ္လ္ဒိုဟာ ၂၀၁၉ ခုႏွစ္ တုန္းက ပီယာစ္ ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴး အစီအစဥ္အတြင္းမွာ ၎ရဲ႕ ကေလးဘဝနဲ႔ ပတ္သက္ၿပီး ဖြင့္ဟေျပာဆိုမႈေတြ ျပဳလုပ္ခဲ့တာ ျဖစ္ပါတယ္။
ေရာ္နယ္လ္ဒိုဟာ ၎ေနထိုင္ရာေဒသတြင္း မက္ေဒၚနယ္စားေသာက္ဆိုင္ကို ဘာဂါသြားေတာင္းစားခဲ့ရတဲ့အေၾကာင္း ေျပာၾကားခဲ့တဲ့ အခ်ိန္မွာ ထိတ္လန႔္စရာ အေကာင္းဆုံး ဇာတ္လမ္းေတြထဲက တစ္ခုျဖစ္လာခဲ့တာ ျဖစ္ပါတယ္။
ခရစၥတီယာႏို ေရာ္နယ္လ္ဒို ဟာ အဲဒီအခ်ိန္တုန္းက မိသားစုနဲ႔ အေဝး လစၥဘြန္းမွာ ေနထိုင္ေနခဲ့တာ ျဖစ္ၿပီး အဲဒီအခ်ိန္ဟာ ၎ရဲ႕ဘဝမွာ အရမ္းခက္ခဲတဲ့ အခ်ိန္ကာလ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။
အင္တာာဗ်ဴးမွာ ေရာ္နယ္လ္ဒို က ၎ကို ဘာဂါလက္က်န္ေတြကို ေကြၽးေမြးခဲ့တဲ့ အက္ဒ္နာလို႔ အမည္ရတဲ့ အမ်ိဳးသမီး တစ္ဦးအပါအဝင္ အျခား အမ်ိဳးသမီး ၂ ဦးကိုလည္း ရွာေဖြေပးဖို႔ ေတာင္းဆိုခဲ့တာ ျဖစ္ပါတယ္။
“ညဘက္ႀကီး ၁၀ နာရီခြဲ၊ ၁၁ နာရီေလာက္ ေပါ့။ ကြၽန္ေတာ္တို႔ နည္းနည္းေလး ဗိုက္ဆာေနပါတယ္။ ကြၽန္ေတာ္တို႔ ေနခဲ့တဲ့ကြင္းရဲ႕ ေရွ႕မွာ မက္ေဒၚနယ္ဆိုင္ ရွိတယ္။ ကြၽန္ေတာ္တို႔ အဲဒီကို အေနာက္တံခါးကေန သြားၿပီး တံခါးေခါက္ၿပီး
‘ဒီမွာဗ်၊ ဘာဂါေလးမ်ား က်န္ေသးလား မသိဘူး’ လို႔ သြားေတာင္းေနက်ပါ။ အက္ဒ္နာနဲ႔ ေနာက္ထပ္ ေကာင္မေလး ၂ ေယာက္ သူတို႔က မယုံႏိုင္စရာပါပဲ။ ကြၽန္ေတာ္ ဒီေကာင္မေလးေတြကို ေနာက္ထပ္ ဘယ္ေတာ့မွ မေတြ႕ရေတာ့ပါဘူး”
“ကြၽန္ေတာ္ ေပၚတူဂီမွ ာရွိတဲ့ လူအခ်ိဳ႕နဲ႔ ဒီေကာင္မေလးေတြကို ရွာဖို႔ စကားေျပာခဲ့ေပမယ့္ သူတို႔ေတြ မက္ေဒၚနယ္ဆိုင္ ပိတ္သြားခဲ့ပါတယ္။ ဒါေပမယ့္ ဒီ အင္တာဗ်ဴးက သူတို႔ကို ရွာေတြ႕ႏိုင္ဖို႔ အကူအညီျဖစ္မယ္ ဆိုရင္ ကြၽန္ေတာ္ အရမ္း ေပ်ာ္႐ႊင္မိမွာပါ။
ကြၽန္ ေတာ္ သူတို႔ကို တူရင္ သို႔မဟုတ္ လစၥဘြန္းက ကြၽန္ေတာ့္အိမ္ကို လာဖို႔ ဖိတ္ခ်င္တယ္။ ကြၽန္ေတာ္နဲ႔အတူ ညစာ လာစားဖို႔ ဖိတ္ေခၚခ်င္ၿပီး ႐ိုး႐ိုးသားသား ေျပာရရင္ ဒီေကာင္မေလးေတြကို ကြၽန္ေတာ္ ရွာေတြ႕ခ်င္ပါတယ္။
ကြၽန္ေတာ္ သူတို႔ကို တစ္ခုခု ျပန္ေပးခ်င္လို႔ပါ” လို႔ ေျပာၾကားခဲ့ပါတယ္။ ေရာ္နယ္လ္ဒိုအေနနဲ႔ လက္ရွိ အခ်ိန္မွာေတာ့ မက္ေဒၚနယ္ဆိုင္က အလုပ္သမေလးေတြကို ရွာေတြ႕သြားၿပီလား ဆိုတာ မေသခ်ာေပမယ့္ ပီယာစ္ ေမာ္ဂန္ကေတာ့ ေရာ္နယ္လ္ဒို ကို စားစရာေတြ ေပးခဲ့တဲ့ အမ်ိဳးသမီးေတြထဲမွာ
တစ္ဦးအပါအဝင္ ျဖစ္တယ္လို႔ ေျပာၾကားထားတဲ့ အမ်ိဳးသမီးတစ္ဦးရဲ႕ ေျပာဆိုမႈ ကိုေတာ့ ျငင္းပယ္ ထားပါတယ္။ “သူမက ေရာ္နယ္လ္ဒို ေျပာခဲ့တဲ့ အမ်ိဳးသမီး ၃ ဦးထဲက ၁ ဦး မဟုတ္ပါဘူး။ ရွာပုံေတာ္ ဆက္ဖြင့္ရပါဦးမယ္”လို႔ ေရးသား ခဲ့ပါတယ္။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Unicode
မက်ဒေါ်နယ် အလုပ်သမားတွေဆီကနေ တောင်းစားခဲ့ရတဲ့ အကြောင်း ကို ပြောပြခဲ့တဲ့ ရော်နယ်လ်ဒို
မန်ချက်စတာယူနိုက်တက်ကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်လ်ဒို ဟာ ငယ်စဉ်က ဆင်းရဲချို့တဲ့လွန်းတဲ့ ဘဝမှာ နေထိုင်ခဲ့ရသူ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ ပေါ်တူဂီနိုင်ငံ၊ မဒေရာကျွန်းက ၎င်းတို့ရဲ့ သေးငယ်လှတဲ့ မိသားစုအိမ်လေးမှာ မွေးချင်းတွေနဲ့ အိပ်ခန်းအတူတူ မျှဝေနေထိုင်ခဲ့ရပြီး အကြိမ်ပေါင်းများစွာ ဆာလောင်ငတ်မွတ်ခြင်း ဒဏ်ကို
ပြင်းပြင်းထန်ထန် ခံစားခဲ့ရတာ ဖြစ်ပါတယ်။ စပို့တင်း လစ္စဘွန်းအသင်းကို ပြောင်းရွှေ့ခွင့် ရရှိခဲ့ခြင်းက ရော်နယ်လ်ဒိုရဲ့ ထိပ်ဆုံးကို ရောက်ရှိနိုင်မယ့် လမ်းကြောင်းအစ ဖြစ်ခဲ့ပေမယ့် အဲဒီ အချိန်အထိ ဇိမ်ခံပစ္စည်း များများစားစား ဝယ်ယူဖို့တောင် မတတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုရဲ့သားဖြစ်သူ ခရစ္စတီယာနို ဂျူနီယာဟာ ဖခင်ဖြစ်သူ လူငယ်ကစားသမားဘဝတုန်းက နေထိုင် ခဲ့တဲ့ အိမ်ကို မြင်တွေ့ရတဲ့အချိန်မှာ အံ့အားသင့် တုန်လှုပ် ခဲ့ရပါတယ်။
“ကျွန်တော့်သားက ကျွန်တော့် ကို လှည့်ကြည့်ပြီး ‘အဖေ ဒီမှာ တကယ်ပဲ နေခဲ့တာလား’ လို့ ပြောခဲ့ပါတယ်။ သူတို့တွေက ဒီကမ္ဘာကြီးမှာ အရာအားလုံးက လွယ်ကူနေတယ်လို့ ထင်နေတာပါ။ သူတို့တွေက လိုချင်တာ အားလုံး သူတို့ရှေ့ ဒီတိုင်း ကျလာမယ်လို့ ထင်နေတာပါ”
ရော်နယ်လ်ဒိုဟာ ၂၀၁၉ ခုနှစ် တုန်းက ပီယာစ် မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူး အစီအစဉ်အတွင်းမှာ ၎င်းရဲ့ ကလေးဘဝနဲ့ ပတ်သက်ပြီး ဖွင့်ဟပြောဆိုမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ရော်နယ်လ်ဒိုဟာ ၎င်းနေထိုင်ရာဒေသတွင်း မက်ဒေါ်နယ်စားသောက်ဆိုင်ကို ဘာဂါသွားတောင်းစားခဲ့ရတဲ့အကြောင်း ပြောကြားခဲ့တဲ့ အချိန်မှာ ထိတ်လန့်စရာ အကောင်းဆုံး ဇာတ်လမ်းတွေထဲက တစ်ခုဖြစ်လာခဲ့တာ ဖြစ်ပါတယ်။
ခရစ္စတီယာနို ရော်နယ်လ်ဒို ဟာ အဲဒီအချိန်တုန်းက မိသားစုနဲ့ အဝေး လစ္စဘွန်းမှာ နေထိုင်နေခဲ့တာ ဖြစ်ပြီး အဲဒီအချိန်ဟာ ၎င်းရဲ့ဘဝမှာ အရမ်းခက်ခဲတဲ့ အချိန်ကာလ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။
အင်တာာဗျူးမှာ ရော်နယ်လ်ဒို က ၎င်းကို ဘာဂါလက်ကျန်တွေကို ကျွေးမွေးခဲ့တဲ့ အက်ဒ်နာလို့ အမည်ရတဲ့ အမျိုးသမီး တစ်ဦးအပါအဝင် အခြား အမျိုးသမီး ၂ ဦးကိုလည်း ရှာဖွေပေးဖို့ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။
“ညဘက်ကြီး ၁၀ နာရီခွဲ၊ ၁၁ နာရီလောက် ပေါ့။ ကျွန်တော်တို့ နည်းနည်းလေး ဗိုက်ဆာနေပါတယ်။ ကျွန်တော်တို့ နေခဲ့တဲ့ကွင်းရဲ့ ရှေ့မှာ မက်ဒေါ်နယ်ဆိုင် ရှိတယ်။ ကျွန်တော်တို့ အဲဒီကို အနောက်တံခါးကနေ သွားပြီး တံခါးခေါက်ပြီး
‘ဒီမှာဗျ၊ ဘာဂါလေးများ ကျန်သေးလား မသိဘူး’ လို့ သွားတောင်းနေကျပါ။ အက်ဒ်နာနဲ့ နောက်ထပ် ကောင်မလေး ၂ ယောက် သူတို့က မယုံနိုင်စရာပါပဲ။ ကျွန်တော် ဒီကောင်မလေးတွေကို နောက်ထပ် ဘယ်တော့မှ မတွေ့ရတော့ပါဘူး”
“ကျွန်တော် ပေါ်တူဂီမှ ာရှိတဲ့ လူအချို့နဲ့ ဒီကောင်မလေးတွေကို ရှာဖို့ စကားပြောခဲ့ပေမယ့် သူတို့တွေ မက်ဒေါ်နယ်ဆိုင် ပိတ်သွားခဲ့ပါတယ်။ ဒါပေမယ့် ဒီ အင်တာဗျူးက သူတို့ကို ရှာတွေ့နိုင်ဖို့ အကူအညီဖြစ်မယ် ဆိုရင် ကျွန်တော် အရမ်း ပျော်ရွှင်မိမှာပါ။
ကျွန် တော် သူတို့ကို တူရင် သို့မဟုတ် လစ္စဘွန်းက ကျွန်တော့်အိမ်ကို လာဖို့ ဖိတ်ချင်တယ်။ ကျွန်တော်နဲ့အတူ ညစာ လာစားဖို့ ဖိတ်ခေါ်ချင်ပြီး ရိုးရိုးသားသား ပြောရရင် ဒီကောင်မလေးတွေကို ကျွန်တော် ရှာတွေ့ချင်ပါတယ်။
ကျွန်တော် သူတို့ကို တစ်ခုခု ပြန်ပေးချင်လို့ပါ” လို့ ပြောကြားခဲ့ပါတယ်။ ရော်နယ်လ်ဒိုအနေနဲ့ လက်ရှိ အချိန်မှာတော့ မက်ဒေါ်နယ်ဆိုင်က အလုပ်သမလေးတွေကို ရှာတွေ့သွားပြီလား ဆိုတာ မသေချာပေမယ့် ပီယာစ် မော်ဂန်ကတော့ ရော်နယ်လ်ဒို ကို စားစရာတွေ ပေးခဲ့တဲ့ အမျိုးသမီးတွေထဲမှာ
တစ်ဦးအပါအဝင် ဖြစ်တယ်လို့ ပြောကြားထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ ပြောဆိုမှု ကိုတော့ ငြင်းပယ် ထားပါတယ်။ “သူမက ရော်နယ်လ်ဒို ပြောခဲ့တဲ့ အမျိုးသမီး ၃ ဦးထဲက ၁ ဦး မဟုတ်ပါဘူး။ ရှာပုံတော် ဆက်ဖွင့်ရပါဦးမယ်”လို့ ရေးသား ခဲ့ပါတယ်။
REF: INTERNET SOURCES
PHOTOS CREDIT TO OWNERS
SPORTS A2Z.
Leave a Reply