အလွဆံုးတုိက္အိမ္ပိုင္ရွင္ သူေဌးမႀကီး ေဒၚဝိုင္းရဲ႕ ေၾကကြဲစြာနဲ႔ ဘ၀ေန၀င္ခ်ိန္ ကို ေစာင့္ေမွ်ာ္ေနရတဲ့ ျဖစ္ရပ္

အလွဆံုးတုိက္အိမ္ပိုင္ရွင္ သူေဌးမႀကီး ေဒၚဝိုင္းရဲ႕ ေၾကကြဲစြာနဲ႔ ဘ၀ေန၀င္ခ်ိန္ ကို ေစာင့္ေမွ်ာ္ေနရတဲ့ ျဖစ္ရပ္
အလွဆံုးတုိက္အိမ္ပိုင္ရွင္ သူေဌးမႀကီး ေဒၚဝိုင္းရဲ႕ ေၾကကြဲစြာနဲ႔ ဘ၀ေန၀င္ခ်ိန္ ကို ေစာင့္ေမွ်ာ္ေနရတဲ့ ျဖစ္ရပ္

အလွဆံုးတုိက္အိမ္ပိုင္ရွင္ သူေဌးမႀကီး ေဒၚဝိုင္းရဲ႕ ေၾကကြဲစြာနဲ႔ ဘ၀ေန၀င္ခ်ိန္ ကို ေစာင့္ေမွ်ာ္ေနရတဲ့ ျဖစ္ရပ္

နင္လားဟဲ႔ ေလာကဓံ…အဲဒီအဖြားနာမည္က ေဒၚ၀ိုင္း လို႔ေခၚတယ္။ငယ္စဥ္တုန္းကေတာ့ လယ္နဲ႔ယာနဲ႔တင့္ေတာင့္တင့္တယ္ ေနႏိုင္တဲ့သူ ေတာသူေဌးေပါ့ေလ။လြန္ခဲ့တဲ့ ႏွစ္ေပါင္း ၃၀ ၀န္းက်င္က သူ႔အိမ္ဟာ ကြၽန္ေတာ့္ နယ္ၿမိဳ႕ေလးရဲ႕ အလွဆံုးနဲ႔ ပထမဆံုးေသာ တိုက္အိမ္ပဲ..မွန္ေတြတပ္ထားတဲ့ သူ႔အိမ္ျပတင္းေပါက္ေတြကို တစ္ၿမိဳ႕လံုးကလူေတြ အထူးအဆန္းလုပ္ၿပီး သြားၾကည့္ၾကတာကိုကြၽန္ေတာ္မွတ္မိေနေသးတယ္။

သူ႔မွာ ေမာင္မိုးနဲ႔ မေအးဆိုတဲ့ သားသမီးႏွစ္ေယာက္႐ွိတယ္..စီးပြားေရးေလးက အတန္ငယ္ေျပလည္ေတာ့ သားနဲ႔သမီးကို အရမ္းအလိုလိုက္တာ..ေယာက်္ားကလည္း လူေအးတစ္ေယာက္ဆိုေတာ့ လယ္ေလးလုပ္လုိက္ တရားေလးထိုင္လိုက္နဲ႔ တစ္ေနကုန္ေတာင္ စကားတစ္လံုးမေျပာတဲ့သူမ်ိဳး..သားသမီးကို စည္းနဲ႔ကမ္းနဲ႔မခ်စ္တတ္ေတာ့ ႏွစ္ သလိုျဖစ္ၿပီး သူ႔သားနဲ႔သမီး ဆိုးခ်က္ဆိုတာ ကမ္းကုန္တယ္ေျပာရမယ္။အေမက အလိုလိုက္ အေဖက လူေအးဆိုေတာ့ ေသာင္းက်န္းခ်င္တိုင္းေသာင္းက်န္းတယ္ဆိုတာေလ..မိဘကို ငယ္ပါနဲ႔ႏႈင္းၿပီးဆဲတယ္ဆိုတာကေတာ့ မနက္တိုင္းၾကားရလို႔ ႐ိုးေနၿပီ။

စိတ္မထင္ရင္ မထင္သလို မေအကို ပါးေလးနားေလး ႐ိုက္တတ္ေသးတယ္။ဒီလိုနဲ႔ တစ္ေန႔ ေဒၚ၀ိုင္းရဲ႕ ခင္ပြန္း ကိုလူေအးႀကီး ဆံုးပါေလေရာ ပထမတစ္ႏွစ္ ႏွစ္ႏွစ္ေတာ့ အေျခသိပ္မပ်က္ဘူး..သံုး ေလး ႏွစ္ေလာက္လည္းၾကာေရာ ဟိုလူကလိမ္ဒီလူကလိမ္ ၊ သားက အရက္သမား ၊ သမီးက ဖဲသမားဆိုေတာ့႐ွိတဲ့လယ္ေတြေရာင္းလိုက္ရတယ္..အဲဒီမွာ မေအႀကီးငုတ္တုတ္႐ွိရက္သားကို သားနဲ့သမီးက အေမြေတာင္းေတာ့တာပဲ..႐ွိတဲ့တိုက္အိမ္ကိုမ်က္ေစာင္းထိုးၾကၿပီေလ..ရပ္ကြက္က ရပ္မိရပ္ဖေတြ တားေနတဲ့ၾကားက ေဒၚ၀ိုင္းႀကီးတစ္ေယာက္ အိမ္နဲ႔ ျခံကိုေရာင္းၿပီး သားနဲ႔သမီးကို အေမြခြဲေပးလိုက္တယ္။

ေနာက္တစ္ေန႔မွာပဲ ေငြထုတ္ပိုက္ၿပီး သားနဲ႔သမီးက တစ္ျခားၿမိဳ႕ကိုေျပာင္းသြားပါေလေရာ။ပထမေတာ့ သား႐ွိတဲ့ၿမိဳ႕ သမီး႐ွိတဲ့ၿမိဳ႕ေတြမွာ တစ္လွည့္စီ လိုက္ေနေသးတယ္။သားအလိမၼာတံုးေလးက မူးလာတိုင္း အေမအိုႀကီးကို လက္သီးစာ ေျခေထာက္စာေလး ေကြၽးေနေလေတာ့ ဒဏ္မခံႏိုင္ဘူးဆိုၿပီး သမီး႐ွိတဲ့ၿမိဳ႕ကိုတစ္လွည့္သြားေနတာေပါ့ သမီးအလိမၼာေလးကလည္း ညညဖဲ၀ိုင္းမွာ ဒီအဖြားႀကီးကဘုရားအက်ယ္ႀကီး႐ွိခိုးလို႔ နားညည္းတယ္ဆိုၿပီးဖဲ၀ိုင္း႐ွိတဲ့ညတိုင္း အေမအိုႀကီးကို အိမ္အျပင္ျခံေထာင့္က ကုကၠိဳပင္ေအာက္မွာ ဖ်ာခင္းၿပီး အိပ္ခိုင္းတယ္။


ေဆာင္းတြင္းဆိုေတာ့ ေဒၚ၀ိုင္းတစ္ေယာက္ ၁ ပတ္ေလာက္နဲ႔ ေအာက္ပိုင္းခ်ိၿပီး လမ္းမေလ်ာက္ႏိုင္ေတာ့ဘူး။ဒါက ေဒၚ၀ိုင္းဆိုတဲ့ အဖြားျကီး ရဲ႕ ကိုယ္ေရး အက်ဥ္းဆိုပါေတာ့ကြၽန္ေတာ္ သူ႔ကိုျပန္ေတြ႔တဲ့အခ်ိန္မွာ သူ႔မ်က္လံုး ႏွစ္ဖက္လံုးကြယ္ေနၿပီ..သားနဲ႔သမီး႐ွိတဲ့ ၿမိဳ႕ကေန သူ႔ဇာတိကြၽန္ေတာ္တို႔ၿမိဳ႕ေလးဆီျပန္လာၿပီး တုတ္ေကာက္တစ္ေခ်ာင္းအားျပဳလို႔ ႂကြပ္ႂကြပ္အိပ္အနက္ေရာင္အထုပ္ေလးတစ္ထုပ္ကို ခါးမွာခ်ည္ၿပီး ဟိုလူ႔အိမ္ကထမင္းေတာင္း ဒီလူ႔အိမ္ကဟင္းေလးေတာင္နဲ႔ ဘ၀ေန၀င္ခ်ိန္ကို ဆင္းရဲႀကီးစြာျဖတ္သန္းေနရတယ္။တစ္ေန႔ေတာ့ လမ္းေဘးမွာလဲေနတဲ့ ေဒၚ၀ိုင္းကို ဘိုးဘြားရိပ္သာပို႔ဖို႔ရပ္ကြက္ကလူေတြက ကြၽန္ေတာ့္ကို တာ၀န္ေပးတယ္

မ်က္စိကမျမင္ ေျခေထာက္ကမသန္ အိုမင္းမစြမ္းျဖစ္ေန႐ွာတဲ့သူ႔အတြက္ အဆင္ေျပမယ့္ဘိုးဘြားရိပ္သာေလးတစ္ခုကို ႐ွာၿပီးကြၽန္ေတာ္ကိုယ္တိုင္ လိုက္ပုိ႔ေပးခဲ့ပါတယ္။ဘိုးဘြားရိပ္သာကိုေရာက္ေတာ့ နာယကဆရာေတာ္ဆီမွာခြင့္ပန္ၿပီး ေဒၚ၀ိုင္းကို အဖြားေဆာင္မွာေနရာေပးတယ္..သူ႔ ခါးမွာ ႀကိဳးနဲ႔ က်စ္ေနေအာင္ အျမဲခ်ည္ထားတဲ့ ႂကြပ္ႂကြပ္အိပ္အနက္ေရာင္ေလးကို ကြၽန္ေတာ္ကယူၿပီးသူအိပ္ရမယ့္ ကုတင္ေျခရင္းက ေသတၱာေလးထဲ ေျပာင္းထည့္ေပးတာေပါ့..

ၾကြပ္ႂကြပ္အိပ္ေလးထဲမွာ …ေယာဂီထမီ အေဟာင္းတစ္ထည္ ညစ္ႏြမ္းႏြမ္း သဘက္တစ္ထည္အဖာရာ ဗလပြနဲ႔ အေႏြးထည္တစ္ထည္ပန္းကန္ျပားတစ္ခ်ပ္တစ္စံုတစ္ရာကို လိပ္ထားတဲ့ လက္ကိုင္ပု၀ါေလးတစ္ခု..စုစုေပါင္းပစၥည္း ငါးမ်ိဳး ထြက္လာတယ္။လက္ကိုင္ပု၀ါေလးထဲမွာ ဘာမ်ားပါလို႔ ဒီေလာက္တ႐ိုတေသ သိမ္းထားတာပါလိမ့္ဆိုၿပီးကြၽန္ေတာ္ေျဖၾကည့္လိုက္တဲ့အခါ..အိုး…..သူ႔အေပၚ ဘ၀တစ္သက္တာလံုး ႏွိပ္စက္ခဲ့တဲ့ သူ႔ဘ၀ကို သူေတာင္းစား သာသာျဖစ္ေအာင္ လုပ္ခဲ့တဲ့ သူ႔ဘ၀ေန၀င္ခ်ိန္ကို အားကိုးရာမဲ့ေအာင္လုပ္ခဲ့တဲ့ သူ႔ သားနဲ႔ သမီးရဲ႕ ဓာတ္ပံုေလးထြက္လာခဲ့ပါတယ္။

ကြၽန္ေတာ္ေလ ရင္စို႔သြားလိုက္တာ ဆိုတာ..မိဘ ေမတၱာ ..မိဘေမတၱာ..စာဖြဲ႔စရာ စကားလံုးမ႐ွိဘူးဆိုတာ သိပ္မွန္တာပဲ..ကြၽန္ေတာ္ေတြးတယ္ …သူကမ်က္မျမင္တစ္ေယာက္ ျဖစ္ေနၿပီေလ..ဒီဓာတ္ပံုကုိ သူသိမ္းထားေတာ့ေရာ ျမင္ရပါ့မလား..ျမင္ႏိုင္လိမ့္မယ္ထင္ပါတယ္..ေနာ္..ဒီဓာတ္ပံုကို အဖြားအိုဟာမိခင္ေမတၱာအလင္းနဲ႔ ၾကည့္ၿပီး ခံစားျမင္ႏိုင္ပါလိမ့္မယ္။ပစၥည္းေလးေတြကို ေသတၱာထဲ စီစီရီရီထည့္ၿပီးကြၽန္ေတာ္ျပန္မလို႔ သူ႔ကုိႏႈတ္ဆက္လိုက္တယ္..“အဖြား ကြၽန္ေတာ္ ျပန္ေတာ့ေနာ္..”“ေအး..ေအး..ျပန္ေတာ့ ျပန္ေတာ့..”ကြၽန္ေတာ္လွည့္ထြက္လာတဲ့အခါ အဖြား၀ိုင္းကကြၽန္ေတာ့္ကို လွမ္းေခၚတယ္..“လူေလးေရ..လူေလး..အဖြားသားနဲ႔သမီး ကိုမိုးနဲ႔ မေအး က အဖြားကိုလာ႐ွာရင္အဖြားဒီေရာက္ေနတယ္လို႔ လမ္းၫႊန္လိုက္ပါအံုးေနာ္..”ဘာအေျဖမွ ျပန္မေပးဘဲ ကြၽန္ေတာ္ စိတ္မေကာင္းစြာနဲ႔ ဆက္ေလ်ာက္လာခဲ့တယ္။


တစ္ေန႔ၿပီး တစ္ေန႔……ဘိုးဘြားရိပ္သာတစ္ခုရဲ႕ ကုတင္ေပၚမွာ ပ်င္းရိၿငီးေငြ႔စြာနဲ႔ ထိုင္လိုက္ အိပ္လိုက္ လုပ္ေနရင္း ….ဘယ္ေတာ့မွ လာေတြ႔မွာမဟုတ္တဲ့ သားနဲ႔သမီးကို ေမ်ွာ္လင့္ျခင္းႀကီးစြာ ေစာင့္ေနရင္း …လက္ကိုင္ပု၀ါေလးထဲက သားနဲ႔သမီးဓာတ္ပံုကိုကန္းေနတဲ့ မ်က္လံုးေတြနဲ႔ အလြမ္းေျပၾကည့္ရင္း..အဖြားအိုတစ္ေယာက္ဟာ …ဘ၀ေန၀င္ခ်ိန္ကုိ ေစာင့္ေမ်ွာ္ျဖတ္သန္းေနေလရဲ႕..။….။….။

Crd

Unicode

အလှဆုံးတိုက်အိမ်ပိုင်ရှင် သူဌေးမကြီး ဒေါ်ဝိုင်းရဲ့ ကြေကွဲစွာနဲ့ ဘဝနေဝင်ချိန် ကို စောင့်မျှော်နေရတဲ့ ဖြစ်ရပ်

နင်လားဟဲ့ လောကဓံ…အဲဒီအဖွားနာမည်က ဒေါ်ဝိုင်း လို့ခေါ်တယ်။ငယ်စဉ်တုန်းကတော့ လယ်နဲ့ယာနဲ့တင့်တောင့်တင့်တယ် နေနိုင်တဲ့သူ တောသူဌေးပေါ့လေ။လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ဝန်းကျင်က သူ့အိမ်ဟာ ကျွန်တော့် နယ်မြို့လေးရဲ့ အလှဆုံးနဲ့ ပထမဆုံးသော တိုက်အိမ်ပဲ..မှန်တွေတပ်ထားတဲ့ သူ့အိမ်ပြတင်းပေါက်တွေကို တစ်မြို့လုံးကလူတွေ အထူးအဆန်းလုပ်ပြီး သွားကြည့်ကြတာကိုကျွန်တော်မှတ်မိနေသေးတယ်။

သူ့မှာ မောင်မိုးနဲ့ မအေးဆိုတဲ့ သားသမီးနှစ်ယောက်ရှိတယ်..စီးပွားရေးလေးက အတန်ငယ်ပြေလည်တော့ သားနဲ့သမီးကို အရမ်းအလိုလိုက်တာ..ယောကျ်ားကလည်း လူအေးတစ်ယောက်ဆိုတော့ လယ်လေးလုပ်လိုက် တရားလေးထိုင်လိုက်နဲ့ တစ်နေကုန်တောင် စကားတစ်လုံးမပြောတဲ့သူမျိုး..သားသမီးကို စည်းနဲ့ကမ်းနဲ့မချစ်တတ်တော့ နှစ် သလိုဖြစ်ပြီး သူ့သားနဲ့သမီး ဆိုးချက်ဆိုတာ ကမ်းကုန်တယ်ပြောရမယ်။အမေက အလိုလိုက် အဖေက လူအေးဆိုတော့ သောင်းကျန်းချင်တိုင်းသောင်းကျန်းတယ်ဆိုတာလေ..မိဘကို ငယ်ပါနဲ့နှုင်းပြီးဆဲတယ်ဆိုတာကတော့ မနက်တိုင်းကြားရလို့ ရိုးနေပြီ။

စိတ်မထင်ရင် မထင်သလို မအေကို ပါးလေးနားလေး ရိုက်တတ်သေးတယ်။ဒီလိုနဲ့ တစ်နေ့ ဒေါ်ဝိုင်းရဲ့ ခင်ပွန်း ကိုလူအေးကြီး ဆုံးပါလေရော ပထမတစ်နှစ် နှစ်နှစ်တော့ အခြေသိပ်မပျက်ဘူး..သုံး လေး နှစ်လောက်လည်းကြာရော ဟိုလူကလိမ်ဒီလူကလိမ် ၊ သားက အရက်သမား ၊ သမီးက ဖဲသမားဆိုတော့ရှိတဲ့လယ်တွေရောင်းလိုက်ရတယ်..အဲဒီမှာ မအေကြီးငုတ်တုတ်ရှိရက်သားကို သားနဲ့သမီးက အမွေတောင်းတော့တာပဲ..ရှိတဲ့တိုက်အိမ်ကိုမျက်စောင်းထိုးကြပြီလေ..ရပ်ကွက်က ရပ်မိရပ်ဖတွေ တားနေတဲ့ကြားက ဒေါ်ဝိုင်းကြီးတစ်ယောက် အိမ်နဲ့ ခြံကိုရောင်းပြီး သားနဲ့သမီးကို အမွေခွဲပေးလိုက်တယ်။

နောက်တစ်နေ့မှာပဲ ငွေထုတ်ပိုက်ပြီး သားနဲ့သမီးက တစ်ခြားမြို့ကိုပြောင်းသွားပါလေရော။ပထမတော့ သားရှိတဲ့မြို့ သမီးရှိတဲ့မြို့တွေမှာ တစ်လှည့်စီ လိုက်နေသေးတယ်။သားအလိမ္မာတုံးလေးက မူးလာတိုင်း အမေအိုကြီးကို လက်သီးစာ ခြေထောက်စာလေး ကျွေးနေလေတော့ ဒဏ်မခံနိုင်ဘူးဆိုပြီး သမီးရှိတဲ့မြို့ကိုတစ်လှည့်သွားနေတာပေါ့ သမီးအလိမ္မာလေးကလည်း ညညဖဲဝိုင်းမှာ ဒီအဖွားကြီးကဘုရားအကျယ်ကြီးရှိခိုးလို့ နားညည်းတယ်ဆိုပြီးဖဲဝိုင်းရှိတဲ့ညတိုင်း အမေအိုကြီးကို အိမ်အပြင်ခြံထောင့်က ကုက္ကိုပင်အောက်မှာ ဖျာခင်းပြီး အိပ်ခိုင်းတယ်။

ဆောင်းတွင်းဆိုတော့ ဒေါ်ဝိုင်းတစ်ယောက် ၁ ပတ်လောက်နဲ့ အောက်ပိုင်းချိပြီး လမ်းမလျောက်နိုင်တော့ဘူး။ဒါက ဒေါ်ဝိုင်းဆိုတဲ့ အဖွားကြီး ရဲ့ ကိုယ်ရေး အကျဉ်းဆိုပါတော့ကျွန်တော် သူ့ကိုပြန်တွေ့တဲ့အချိန်မှာ သူ့မျက်လုံး နှစ်ဖက်လုံးကွယ်နေပြီ..သားနဲ့သမီးရှိတဲ့ မြို့ကနေ သူ့ဇာတိကျွန်တော်တို့မြို့လေးဆီပြန်လာပြီး တုတ်ကောက်တစ်ချောင်းအားပြုလို့ ကြွပ်ကြွပ်အိပ်အနက်ရောင်အထုပ်လေးတစ်ထုပ်ကို ခါးမှာချည်ပြီး ဟိုလူ့အိမ်ကထမင်းတောင်း ဒီလူ့အိမ်ကဟင်းလေးတောင်နဲ့ ဘဝနေဝင်ချိန်ကို ဆင်းရဲကြီးစွာဖြတ်သန်းနေရတယ်။တစ်နေ့တော့ လမ်းဘေးမှာလဲနေတဲ့ ဒေါ်ဝိုင်းကို ဘိုးဘွားရိပ်သာပို့ဖို့ရပ်ကွက်ကလူတွေက ကျွန်တော့်ကို တာဝန်ပေးတယ်

မျက်စိကမမြင် ခြေထောက်ကမသန် အိုမင်းမစွမ်းဖြစ်နေရှာတဲ့သူ့အတွက် အဆင်ပြေမယ့်ဘိုးဘွားရိပ်သာလေးတစ်ခုကို ရှာပြီးကျွန်တော်ကိုယ်တိုင် လိုက်ပို့ပေးခဲ့ပါတယ်။ဘိုးဘွားရိပ်သာကိုရောက်တော့ နာယကဆရာတော်ဆီမှာခွင့်ပန်ပြီး ဒေါ်ဝိုင်းကို အဖွားဆောင်မှာနေရာပေးတယ်..သူ့ ခါးမှာ ကြိုးနဲ့ ကျစ်နေအောင် အမြဲချည်ထားတဲ့ ကြွပ်ကြွပ်အိပ်အနက်ရောင်လေးကို ကျွန်တော်ကယူပြီးသူအိပ်ရမယ့် ကုတင်ခြေရင်းက သေတ္တာလေးထဲ ပြောင်းထည့်ပေးတာပေါ့..

ကြွပ်ကြွပ်အိပ်လေးထဲမှာ …ယောဂီထမီ အဟောင်းတစ်ထည် ညစ်နွမ်းနွမ်း သဘက်တစ်ထည်အဖာရာ ဗလပွနဲ့ အနွေးထည်တစ်ထည်ပန်းကန်ပြားတစ်ချပ်တစ်စုံတစ်ရာကို လိပ်ထားတဲ့ လက်ကိုင်ပုဝါလေးတစ်ခု..စုစုပေါင်းပစ္စည်း ငါးမျိုး ထွက်လာတယ်။လက်ကိုင်ပုဝါလေးထဲမှာ ဘာများပါလို့ ဒီလောက်တရိုတသေ သိမ်းထားတာပါလိမ့်ဆိုပြီးကျွန်တော်ဖြေကြည့်လိုက်တဲ့အခါ..အိုး…..သူ့အပေါ် ဘဝတစ်သက်တာလုံး နှိပ်စက်ခဲ့တဲ့ သူ့ဘဝကို သူတောင်းစား သာသာဖြစ်အောင် လုပ်ခဲ့တဲ့ သူ့ဘဝနေဝင်ချိန်ကို အားကိုးရာမဲ့အောင်လုပ်ခဲ့တဲ့ သူ့ သားနဲ့ သမီးရဲ့ ဓာတ်ပုံလေးထွက်လာခဲ့ပါတယ်။

ကျွန်တော်လေ ရင်စို့သွားလိုက်တာ ဆိုတာ..မိဘ မေတ္တာ ..မိဘမေတ္တာ..စာဖွဲ့စရာ စကားလုံးမရှိဘူးဆိုတာ သိပ်မှန်တာပဲ..ကျွန်တော်တွေးတယ် …သူကမျက်မမြင်တစ်ယောက် ဖြစ်နေပြီလေ..ဒီဓာတ်ပုံကို သူသိမ်းထားတော့ရော မြင်ရပါ့မလား..မြင်နိုင်လိမ့်မယ်ထင်ပါတယ်..နော်..ဒီဓာတ်ပုံကို အဖွားအိုဟာမိခင်မေတ္တာအလင်းနဲ့ ကြည့်ပြီး ခံစားမြင်နိုင်ပါလိမ့်မယ်။ပစ္စည်းလေးတွေကို သေတ္တာထဲ စီစီရီရီထည့်ပြီးကျွန်တော်ပြန်မလို့ သူ့ကိုနှုတ်ဆက်လိုက်တယ်..“အဖွား ကျွန်တော် ပြန်တော့နော်..”“အေး..အေး..ပြန်တော့ ပြန်တော့..”ကျွန်တော်လှည့်ထွက်လာတဲ့အခါ အဖွားဝိုင်းကကျွန်တော့်ကို လှမ်းခေါ်တယ်..“လူလေးရေ..လူလေး..အဖွားသားနဲ့သမီး ကိုမိုးနဲ့ မအေး က အဖွားကိုလာရှာရင်အဖွားဒီရောက်နေတယ်လို့ လမ်းညွှန်လိုက်ပါအုံးနော်..”ဘာအဖြေမှ ပြန်မပေးဘဲ ကျွန်တော် စိတ်မကောင်းစွာနဲ့ ဆက်လျောက်လာခဲ့တယ်။

တစ်နေ့ပြီး တစ်နေ့……ဘိုးဘွားရိပ်သာတစ်ခုရဲ့ ကုတင်ပေါ်မှာ ပျင်းရိငြီးငွေ့စွာနဲ့ ထိုင်လိုက် အိပ်လိုက် လုပ်နေရင်း ….ဘယ်တော့မှ လာတွေ့မှာမဟုတ်တဲ့ သားနဲ့သမီးကို မျှော်လင့်ခြင်းကြီးစွာ စောင့်နေရင်း …လက်ကိုင်ပုဝါလေးထဲက သားနဲ့သမီးဓာတ်ပုံကိုကန်းနေတဲ့ မျက်လုံးတွေနဲ့ အလွမ်းပြေကြည့်ရင်း..အဖွားအိုတစ်ယောက်ဟာ …ဘဝနေဝင်ချိန်ကို စောင့်မျှော်ဖြတ်သန်းနေလေရဲ့..။….။….။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*