အသားတုကို ဘယ္ကေန ရတယ္လို႔ ထင္လဲ… က်န္းမာေရးနဲ႔ ညီၫြတ္ရဲ႕လား

အသားတုကို ဘယ္ကေန ရတယ္လို႔ ထင္လဲ... က်န္းမာေရးနဲ႔ ညီၫြတ္ရဲ႕လား
အသားတုကို ဘယ္ကေန ရတယ္လို႔ ထင္လဲ... က်န္းမာေရးနဲ႔ ညီၫြတ္ရဲ႕လား

အသားတုကို ဘယ္ကေန ရတယ္လို႔ ထင္လဲ… က်န္းမာေရးနဲ႔ ညီၫြတ္ရဲ႕လား

အသားတုကို ဘယ္ကေန ရတယ္လို႔ထင္လဲ… အသားတုဟာ ဒီႏိုင္ငံမွာေတာ့ ေတာ္ေတာ္ေလး အသုံး တြင္က်ယ္တယ္လို႔ ေျပာလို႔ ရပါတယ္။

လမ္းေဘး တုတ္ထိုး ဆိုင္ေလးေတြ၊ အကင္ဆိုင္ေလးေတြကစၿပီး၊ ခရမ္းခ်ဥ္သီးေလးနဲ႔ ခ်က္ထားတဲ့ အသားတု ဟင္း ၊ အသားတုဗလေခ်ာင္ေၾကာ္ေလး စသည္ျဖင့္ အသုံးတြင္က်ယ္လွပါတယ္။

အသားတု ကို ျမန္မာႏိုင္ငံမွာ သာမက အာရွမွာ ေတာ္ေတာ္မ်ားမ်ား စားၾက ပါတယ္။ ျမန္မာႏိုင္ငံမွာေတ့ာ သက္သက္လြတ္ ဟင္းပြဲေတြမွာ အမ်ားဆုံး ေတြ႕ျမင္ရ တတ္ပါသတဲ့။

လူတိုင္းနီးပါး ႀကိဳက္တဲ့ အသားတုကို ဘာနဲ႔ လုပ္ထားတာလဲ ဆိုတာေရာ ေတြးၾကည့္ဖူးလား… မသိေသးဘူးဆိုရင္ ေျပာျပမယ္ေနာ္… အသားတု ကို အဓိက ျပဳလုပ္ထားတာကေတာ့ ပဲပိစပ္ လို႔ေခၚတဲ့ ပဲပုတ္ က ပါတဲ့ဗ်ာ။

၁၉၅၀ ျပည့္ႏွစ္ ေလာက္တုန္းက FORD ကားကုမၸဏီ က သိပၸံပညာရွင္ တစ္ေယာက္ ဟာ ကားတာယာေတြကို ပဲပုတ္အမွ်င္ကေန ထုတ္ယူဖို႔ ႀကိဳးစားခဲ့ရာကေန စားလို ႔ရတဲ့ အသားတုကို စတင္ေတြ႕ရွိ ခဲ့တာပါ။

ပဲပုတ္ ကို အပူခ်ိန္ ျပင္းျပင္းနဲ႔ အၾကာႀကီး ၾကိဳၿပီး ေသးငယ္ေသာ အမွ်င္ဆြဲအေပါက္ငယ္ေတြကေန ဖိအားနဲ႔ တြန္းထုတ္ လိုက္တဲ့အခါ ႐ုတ္တရက္ က်ယ္လာၿပီး ရရွိတဲ့ အမွ်င္ေတြဟာ အသားလို စားေကာင္းေၾကာင္း ေလ့လာ ေတြ႕ရွိခဲ့တာပါတဲ့။

က်န္းမာေရး ရွဴေထာင့္ဘက္က ၾကည့္မယ္ ဆိုရင္လည္း အသားတုမွာ အသားက ရရွိတဲ့ ပ႐ိုတင္းဓါတ္ေတြ အျပည့္အဝ ပါဝင္ ပါတယ္။ ဒါ့အျပင္ အမွ်င္ဓါတ္ေတြလည္း ပါတာေၾကာင့္ အစာေျခစနစ္ကို ေကာင္းမြန္ေစတယ္။

အူလမ္းေၾကာင္းအတြက္ ေကာင္းတယ္။ သူ႔မွာ က်န္းမာေရးအတြက္ ေကာင္းတဲ့ အခ်က္ေတြ ေတာ္ေတာ္မ်ားမ်ား ပါရွိ ပါတယ္။ ဒါေၾကာင့္မို႔

အသားေတြ မစားရင္ပဲ ျဖစ္ျဖစ္ အသားတုကို ဒီတိုင္း ႀကိဳက္လို႔ပဲ ျဖစ္ျဖစ္ ေ႐ြးခ်ယ္သင့္တဲ့စားစရာ တစ္မ်ိဳး ျဖစ္ပါေၾကာင္ းဗဟုသုတအေနနဲ႔ ေဖာ္ျပ လိုက္ရပါတယ္။Credit

Unicode

အသားတုကို ဘယ်ကနေ ရတယ်လို့ ထင်လဲ… ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လား

အသားတုကို ဘယ်ကနေ ရတယ်လို့ထင်လဲ… အသားတုဟာ ဒီနိုင်ငံမှာတော့ တော်တော်လေး အသုံး တွင်ကျယ်တယ်လို့ ပြောလို့ ရပါတယ်။

လမ်းဘေး တုတ်ထိုး ဆိုင်လေးတွေ၊ အကင်ဆိုင်လေးတွေကစပြီး၊ ခရမ်းချဉ်သီးလေးနဲ့ ချက်ထားတဲ့ အသားတု ဟင်း ၊ အသားတုဗလချောင်ကြော်လေး စသည်ဖြင့် အသုံးတွင်ကျယ်လှပါတယ်။

အသားတု ကို မြန်မာနိုင်ငံမှာ သာမက အာရှမှာ တော်တော်များများ စားကြ ပါတယ်။ မြန်မာနိုင်ငံမှာတေ့ာ သက်သက်လွတ် ဟင်းပွဲတွေမှာ အများဆုံး တွေ့မြင်ရ တတ်ပါသတဲ့။

လူတိုင်းနီးပါး ကြိုက်တဲ့ အသားတုကို ဘာနဲ့ လုပ်ထားတာလဲ ဆိုတာရော တွေးကြည့်ဖူးလား… မသိသေးဘူးဆိုရင် ပြောပြမယ်နော်… အသားတု ကို အဓိက ပြုလုပ်ထားတာကတော့ ပဲပိစပ် လို့ခေါ်တဲ့ ပဲပုတ် က ပါတဲ့ဗျာ။

၁၉၅၀ ပြည့်နှစ် လောက်တုန်းက FORD ကားကုမ္ပဏီ က သိပ္ပံပညာရှင် တစ်ယောက် ဟာ ကားတာယာတွေကို ပဲပုတ်အမျှင်ကနေ ထုတ်ယူဖို့ ကြိုးစားခဲ့ရာကနေ စားလို့ရတဲ့ အသားတုကို စတင်တွေ့ရှိ ခဲ့တာပါ။

ပဲပုတ် ကို အပူချိန် ပြင်းပြင်းနဲ့ အကြာကြီး ကြိုပြီး သေးငယ်သော အမျှင်ဆွဲအပေါက်ငယ်တွေကနေ ဖိအားနဲ့ တွန်းထုတ် လိုက်တဲ့အခါ ရုတ်တရက် ကျယ်လာပြီး ရရှိတဲ့ အမျှင်တွေဟာ အသားလို စားကောင်းကြောင်း လေ့လာ တွေ့ရှိခဲ့တာပါတဲ့။

ကျန်းမာရေး ရှူထောင့်ဘက်က ကြည့်မယ် ဆိုရင်လည်း အသားတုမှာ အသားက ရရှိတဲ့ ပရိုတင်းဓါတ်တွေ အပြည့်အဝ ပါဝင် ပါတယ်။ ဒါ့အပြင် အမျှင်ဓါတ်တွေလည်း ပါတာကြောင့် အစာခြေစနစ်ကို ကောင်းမွန်စေတယ်။

အူလမ်းကြောင်းအတွက် ကောင်းတယ်။ သူ့မှာ ကျန်းမာရေးအတွက် ကောင်းတဲ့ အချက်တွေ တော်တော်များများ ပါရှိ ပါတယ်။ ဒါကြောင့်မို့

အသားတွေ မစားရင်ပဲ ဖြစ်ဖြစ် အသားတုကို ဒီတိုင်း ကြိုက်လို့ပဲ ဖြစ်ဖြစ် ရွေးချယ်သင့်တဲ့စားစရာ တစ်မျိုး ဖြစ်ပါကြောင် းဗဟုသုတအနေနဲ့ ဖော်ပြ လိုက်ရပါတယ်။Credit

Be the first to comment

Leave a Reply

Your email address will not be published.


*