ကုန္းေဘာင္ေခတ္တြင္ အထက္ျမက္ဆုံး မိဖုရားႀကီး (သို႔) စၾကာေဒဝီအေၾကာင္း သိေကာင္းစရာ

ကုန္းေဘာင္ေခတ္တြင္ အထက္ျမက္ဆုံး မိဖုရားႀကီး (သို႔) စၾကာေဒဝီအေၾကာင္း သိေကာင္းစရာ
ကုန္းေဘာင္ေခတ္တြင္ အထက္ျမက္ဆုံး မိဖုရားႀကီး (သို႔) စၾကာေဒဝီအေၾကာင္း သိေကာင္းစရာ

ကုန္းေဘာင္ေခတ္တြင္ အထက္ျမက္ဆုံး မိဖုရားႀကီး (သို႔) စၾကာေဒဝီအေၾကာင္း သိေကာင္းစရာ

ကုန္းေဘာင္ေခတ္ မိဖုရားမ်ားဟု ဆိုလိုက္လွ်င္ အလြန္ေက်ာ္ၾကားလွသည့္ နန္းမေတာ္မယ္ႏု ၊ ဆင္ျဖဴမရွင္ ႏွင့္စုဖုရားလတ္ တို႔ကို သာ ေျပးျမင္ မိၾကေပ လိမ့္မည္ ။

သူတို႔ေက်ာ္သည္ ဆိုရာ မွာ မာနႀကီးသည့္ ဘက္ ၊ မေကာင္းသည့္ဘက္ တို႔တြင္ ေက်ာ္ၾကားျခင္း ျဖစ္ သည္ ။ သမိုင္းတြင္ သူတို႔အား မိဖုရားဆိုးမ်ားအျဖစ္ မွတ္တမ္း တင္ခဲ့သည္ ။

သူတို႔ႏွင့္ ဆန႔္က်င္စြာ တိုင္းျပည္မင္းအား ဦးေဆာင္လမ္းျပကာ အက်ိဳးျပဳသြားခဲ့သည့္ အလြန္ ထူးခြၽန္ထက္ျမက္ ေသာ မိဖုရားႀကီး တစ္ပါးလည္း ရွိခဲ့သည္ ။ မင္းတုန္းမင္း၏ ေတာင္ညာစံ မိဖုရားေခါင္ႀကီး စၾကာေဒဝီပင္ ျဖစ္ သည္ ။

စၾကာေဒဝီသည္ သာယာဝတီမင္း ႏွင့္ မိဖုရားေခါင္ႀကီး တို႔မွ ေမြးေသာ မင္းေသြး စစ္စစ္ ဘုရင့္သမီးေတာ္ ျဖစ္ သည္ ။ ေမြးခ်င္း ၆ဦး ရွိခဲ့ေသာ္လည္း စၾကာေဒဝီ ႏွင့္ ေမာင္ေတာ္ ပုဂံမင္းသားတို႔သာ အသက္ရွင္သည္ ။

စၾကာေဒဝီသည္ ငယ္စဥ္ကတည္း ကပင္ စာေပ ဝါသနာပါၿပီး ေဗဒင္အတတ္ ၊ နကၡတ္ေဝဒပညာ ၊ ကဗ်ာလကၤာ ေရးဖြဲ႕ေသာ အတတ္ မ်ား ကို အထူးကြၽမ္းက်င္ တတ္ေျမာက္ ခဲ့သည္ ။ စိတ္သေဘာထားလည္း အလြန္ ႏူးညံ့သည္ ။

ခမည္းေတာ္ကို နန္းေရး နန္းရာ မ်ား ၊ ႏိုင္ငံေရး မ်ားတြင္ အႀကံေပး ႏိုင္ၿပီး ထီးနန္း ရခဲ့ ျခင္း သည္ပင္ စၾကာေဒဝီ၏ အႀကံဉာဏ္ မ်ားစြာ ပါဝင္သည္။

သာယာဝတီမင္းကလည္း သမီးေတာ္အား အလြန္ခ်စ္ျမတ္ႏိုးလွၿပီး အထူးေျမႇာက္စားကာ ဆုေတာ္မ်ားတြင္ အျမင့္ ဆုံး ျဖစ္သည့္ အသက္ဒါန ဆိုကိုပင္ ေပးေတာ္မူခဲ့သည္။

အသက္ဒါန ဆု ဆိုသည္မွာ

ျပစ္ဒဏ္ စီရင္ခံထား ရသူ ၊ ေသဒဏ္ ခ်ခံထားရသူမ်ားကို အသက္ေဘးမွ လြတ္ေစႏိုင္ ေသာ ဆုျဖစ္သည္။ စၾကာေဒဝီသည္ ထို ဇီဝိတဒါနဆု ျဖင့္ဆင္ျဖဴမရွင္ ၊ ေယာမင္းႀကီးဦးဘိုးလႈိင္ ၊ လႈိင္ထိပ္ေခါင္တင္ ႏွင့္ ျမဝတီမင္းႀကီးဦးစ တို႔ကို ကယ္တင္ ခဲ့ဖူးသည္ ။

အလြန္အက်ိဳးမ်ား လွေသာ ကယ္တင္မႈပင္ ျဖစ္ သည္ ။ သာယာဝတီမင္းက ေနာင္ေတာ္ဘႀကီးေတာ္မင္းကို ကြပ္မ်က္ရန္ျပဳရာ တြင္ လည္း အဖႏွင့္တူေသာ ေနာင္ေတာ္ကို မသတ္သင့္ပါ ဟု တားသျဖင့္ ဘႀကီးေတာ္မင္း၏ အသက္ကိုပင္ ကယ္တင္ လိုက္ႏိုင္သည္ ။

သာယာဝတီမင္း လြန္ၿပီး ပုဂံမင္းနန္းတက္သည့္အခါတြင္လည္း အမေတာ္၏ အရည္အခ်င္းကိုသိၿပီးျဖစ္၍ တိုး၍ သာ ေျမႇာက္စား ေလသည္ ။

စၾကာေဒဝီသည္ သက္ေတာ္ ၄၀ ရွိသည္အထိ ၾကင္ယာမရွိပဲ တစ္ပင္တိုင္နန္းမွာပင္ စံေန ေတာ္ မူခဲ့သည္။

ပုဂံမင္းသည္ တိုင္းျပည္ေရးကို စိတ္မဝင္စားပဲ ၾကက္ပြဲ ၊ လက္ေဝွ႔ပြဲ ႏွင့္ အေပ်ာ္အပါးကိုသာ မက္ သျဖင့္ တိုင္းျပည္ သည္ တျဖည္းျဖည္း ခ်ည့္နဲ႔ လာခဲ့သည္ ။

အဂၤလိပ္တို႔က ျမန္မာျပည္ ၃ ပုံ ၂ ပုံကို သိမ္းၿပီးျဖစ္ ၍ ဒီအတိုင္း ဆက္သြား လွ်င္ ပို၍ဆိုး႐ြားလာေတာ့မည္ကို စၾကာေဒဝီ သိခဲ့သည္ ။

ထို႔ေၾကာင့္ ပုဂံမင္း၏ ၿပိဳင္ဘက္ျဖစ္ေသာမင္းတုန္းကေနာင္ ညီေနာင္တို႔အား ေ႐ႊဘိုသို႔ထြက္ကာ ေအာင္ေျမနင္း လွ်င္ အႀကံေအာင္ႏိုင္ သည္ဟု လမ္းၫႊန္မႈေပး ခဲ့သည္ ။

မိမိ၏ ေမြးစားသားျဖစ္သူ ေမာင္ဘိုးလႈိင္အား သကၤန္းဝတ္ ေနရာ မွ လူဝတ္လဲေစကာ မင္းတုန္း ကေနာင္ညီေနာင္ ေနာက္သို႔လိုက္ကာ အမူေတာ္ ထမ္း႐ြက္ေစခဲ့သည္။

ဤသို႔ျဖင့္ စၾကာေဒဝီ၏ အႀကံေပးမူမ်ားျဖင့္ မင္းတုန္း ကေနာင္ညီေနာင္တို႔သည္ အမရပူရကို ၅ လအတြင္းမွာပင္ ေအာင္ႏိုင္ခဲ့ သည္။

မင္းတုန္းမင္းနန္းတက္သည့္အခါ

မင္းတုန္းမင္းနန္းတက္သည့္အခါ မိဖုရားေခါင္ႀကီးတင္ေျမႇာက္ရန္ လိုအပ္သည့္အတြက္ ထိုရာထူးႏွင့္ အကိုက္ညီဆုံး ျဖစ္ သည့္ အေဖတူ မေအကြဲ ႏွမေတာ္ စၾကာေဒဝီကို ေတာင္ညာစံ မေဟသီမိဖုရားေခါင္ႀကီး အရာကို ခ်ီးျမႇင့္ခဲ့ သည္။

မိဖုရားေခါင္ႀကီးျဖစ္ေသာ္လည္း မာန္မာန မရွိ ႐ိုး႐ိုးယဥ္ယဥ္သာ ေနတတ္သူျဖစ္သည္။ မင္းတုန္းမင္းက အလြန္ ခ်စ္ျမတ္ႏိုးေတာ္မူၿပီး ‘မမဖုရား’ ဟု ေခၚေလ့ရွိေၾကာင္းသိရသည္။

ဘုရင္မင္းတရား၏ ဆံေတာ္ရွင္းျခင္း တို႔ကို မိဖုရားႀကီး ကိုယ္တိုင္ျပဳလုပ္ေပးမွ ေက်နပ္ေတာ္မူသည္။ မင္းတုန္းမင္းကို လည္း တိုင္းေရးျပည္ေရး အေရးအခင္းမ်ားတြင္ အထူးလမ္းၫႊန္ႏိုင္ခဲ့သူျဖစ္သည္။

ပန္းတိမ္မင္းသားအေရးတြင္လည္း မိဖုရားေခါင္ႀကီး၏ စိတ္ဓာတ္ျမႇင့္တင္ေပးမူေၾကာင့္သာ မင္းတုန္းမင္း နန္းမက်ခဲ့ျခင္းသည္။

၁၈၇၆ ခုႏွစ္ တြင္ စၾကာေဒဝီ နာမက်န္းျဖစ္လာသည္။ မင္းတုန္းမင္းက နန္းတြင္းသမားေတာ္ႀကီးမ်ားႏွင့္ အစြမ္းကုန္ ကုသပါေသာ္လည္း မရေတာ့ပဲ ကံေတာ္ကုန္ခဲ့သည္။

ထိုအခ်ိန္မွစ၍ မင္းတုန္းမင္းသည္ စၾကာေဒဝီ၏ နန္းေဆာင္ မည္သူမွ် အဝင္မခံခဲ့ သည့္အျပင္ သူ႔ဆံေတာ္ကိုလည္း မည္သူမွ်ရွင္းခြင့္မျပဳပဲ ထားရွိသည္။

မိခင္ႏွင့္တူေသာ၊အမႏွင့္တူေသာ ၊ ဆရာႏွင့္တူေသာ မိဖုရားႀကီးအတြက္ စိတ္မေကာင္းလွသျဖင့္ ဝတ္ျဖဴစင္ၾကယ္ကို ဝတ္ကာ စၾကာေဒဝီ၏ အုတ္ဂူအနီးတြင္သာ ေနထိုင္သည္။

စၾကာေဒဝီမိဖုရားႀကီးသည္ သာယာဝတီ ၊ ပုဂံ ၊ မင္းတုန္း မင္းသုံးဆက္စလုံး၏ ေလးစားျခင္း ၊ ခ်စ္ျမတ္ႏိုးျခင္းကို ခံခဲ့ရသည့္ တစ္ဦးတည္းေသာ ထူးခြၽန္ထက္ျမက္လွသည့္ မိဖုရားႀကီးပင္ ျဖစ္ေလေတာ့သည္။# Credit #

Unicode

ကုန်းဘောင်ခေတ်တွင် အထက်မြက်ဆုံး မိဖုရားကြီး (သို့) စကြာဒေဝီအကြောင်း သိကောင်းစရာ

ကုန်းဘောင်ခေတ် မိဖုရားများဟု ဆိုလိုက်လျှင် အလွန်ကျော်ကြားလှသည့် နန်းမတော်မယ်နု ၊ ဆင်ဖြူမရှင် နှင့်စုဖုရားလတ် တို့ကို သာ ပြေးမြင် မိကြပေ လိမ့်မည် ။

သူတို့ကျော်သည် ဆိုရာ မှာ မာနကြီးသည့် ဘက် ၊ မကောင်းသည့်ဘက် တို့တွင် ကျော်ကြားခြင်း ဖြစ် သည် ။ သမိုင်းတွင် သူတို့အား မိဖုရားဆိုးများအဖြစ် မှတ်တမ်း တင်ခဲ့သည် ။

သူတို့နှင့် ဆန့်ကျင်စွာ တိုင်းပြည်မင်းအား ဦးဆောင်လမ်းပြကာ အကျိုးပြုသွားခဲ့သည့် အလွန် ထူးချွန်ထက်မြက် သော မိဖုရားကြီး တစ်ပါးလည်း ရှိခဲ့သည် ။ မင်းတုန်းမင်း၏ တောင်ညာစံ မိဖုရားခေါင်ကြီး စကြာဒေဝီပင် ဖြစ် သည် ။

စကြာဒေဝီသည် သာယာဝတီမင်း နှင့် မိဖုရားခေါင်ကြီး တို့မှ မွေးသော မင်းသွေး စစ်စစ် ဘုရင့်သမီးတော် ဖြစ် သည် ။ မွေးချင်း ၆ဦး ရှိခဲ့သော်လည်း စကြာဒေဝီ နှင့် မောင်တော် ပုဂံမင်းသားတို့သာ အသက်ရှင်သည် ။

စကြာဒေဝီသည် ငယ်စဉ်ကတည်း ကပင် စာပေ ဝါသနာပါပြီး ဗေဒင်အတတ် ၊ နက္ခတ်ဝေဒပညာ ၊ ကဗျာလင်္ကာ ရေးဖွဲ့သော အတတ် များ ကို အထူးကျွမ်းကျင် တတ်မြောက် ခဲ့သည် ။ စိတ်သဘောထားလည်း အလွန် နူးညံ့သည် ။

ခမည်းတော်ကို နန်းရေး နန်းရာ များ ၊ နိုင်ငံရေး များတွင် အကြံပေး နိုင်ပြီး ထီးနန်း ရခဲ့ ခြင်း သည်ပင် စကြာဒေဝီ၏ အကြံဉာဏ် များစွာ ပါဝင်သည်။

သာယာဝတီမင်းကလည်း သမီးတော်အား အလွန်ချစ်မြတ်နိုးလှပြီး အထူးမြှောက်စားကာ ဆုတော်များတွင် အမြင့် ဆုံး ဖြစ်သည့် အသက်ဒါန ဆိုကိုပင် ပေးတော်မူခဲ့သည်။

အသက်ဒါန ဆု ဆိုသည်မှာ

ပြစ်ဒဏ် စီရင်ခံထား ရသူ ၊ သေဒဏ် ချခံထားရသူများကို အသက်ဘေးမှ လွတ်စေနိုင် သော ဆုဖြစ်သည်။ စကြာဒေဝီသည် ထို ဇီဝိတဒါနဆု ဖြင့်ဆင်ဖြူမရှင် ၊ ယောမင်းကြီးဦးဘိုးလှိုင် ၊ လှိုင်ထိပ်ခေါင်တင် နှင့် မြဝတီမင်းကြီးဦးစ တို့ကို ကယ်တင် ခဲ့ဖူးသည် ။

အလွန်အကျိုးများ လှသော ကယ်တင်မှုပင် ဖြစ် သည် ။ သာယာဝတီမင်းက နောင်တော်ဘကြီးတော်မင်းကို ကွပ်မျက်ရန်ပြုရာ တွင် လည်း အဖနှင့်တူသော နောင်တော်ကို မသတ်သင့်ပါ ဟု တားသဖြင့် ဘကြီးတော်မင်း၏ အသက်ကိုပင် ကယ်တင် လိုက်နိုင်သည် ။

သာယာဝတီမင်း လွန်ပြီး ပုဂံမင်းနန်းတက်သည့်အခါတွင်လည်း အမတော်၏ အရည်အချင်းကိုသိပြီးဖြစ်၍ တိုး၍ သာ မြှောက်စား လေသည် ။

စကြာဒေဝီသည် သက်တော် ၄၀ ရှိသည်အထိ ကြင်ယာမရှိပဲ တစ်ပင်တိုင်နန်းမှာပင် စံနေ တော် မူခဲ့သည်။

ပုဂံမင်းသည် တိုင်းပြည်ရေးကို စိတ်မဝင်စားပဲ ကြက်ပွဲ ၊ လက်ဝှေ့ပွဲ နှင့် အပျော်အပါးကိုသာ မက် သဖြင့် တိုင်းပြည် သည် တဖြည်းဖြည်း ချည့်နဲ့ လာခဲ့သည် ။

အင်္ဂလိပ်တို့က မြန်မာပြည် ၃ ပုံ ၂ ပုံကို သိမ်းပြီးဖြစ် ၍ ဒီအတိုင်း ဆက်သွား လျှင် ပို၍ဆိုးရွားလာတော့မည်ကို စကြာဒေဝီ သိခဲ့သည် ။

ထို့ကြောင့် ပုဂံမင်း၏ ပြိုင်ဘက်ဖြစ်သောမင်းတုန်းကနောင် ညီနောင်တို့အား ရွှေဘိုသို့ထွက်ကာ အောင်မြေနင်း လျှင် အကြံအောင်နိုင် သည်ဟု လမ်းညွှန်မှုပေး ခဲ့သည် ။

မိမိ၏ မွေးစားသားဖြစ်သူ မောင်ဘိုးလှိုင်အား သင်္ကန်းဝတ် နေရာ မှ လူဝတ်လဲစေကာ မင်းတုန်း ကနောင်ညီနောင် နောက်သို့လိုက်ကာ အမူတော် ထမ်းရွက်စေခဲ့သည်။

ဤသို့ဖြင့် စကြာဒေဝီ၏ အကြံပေးမူများဖြင့် မင်းတုန်း ကနောင်ညီနောင်တို့သည် အမရပူရကို ၅ လအတွင်းမှာပင် အောင်နိုင်ခဲ့ သည်။

မင်းတုန်းမင်းနန်းတက်သည့်အခါ

မင်းတုန်းမင်းနန်းတက်သည့်အခါ မိဖုရားခေါင်ကြီးတင်မြှောက်ရန် လိုအပ်သည့်အတွက် ထိုရာထူးနှင့် အကိုက်ညီဆုံး ဖြစ် သည့် အဖေတူ မအေကွဲ နှမတော် စကြာဒေဝီကို တောင်ညာစံ မဟေသီမိဖုရားခေါင်ကြီး အရာကို ချီးမြှင့်ခဲ့ သည်။

မိဖုရားခေါင်ကြီးဖြစ်သော်လည်း မာန်မာန မရှိ ရိုးရိုးယဉ်ယဉ်သာ နေတတ်သူဖြစ်သည်။ မင်းတုန်းမင်းက အလွန် ချစ်မြတ်နိုးတော်မူပြီး ‘မမဖုရား’ ဟု ခေါ်လေ့ရှိကြောင်းသိရသည်။

ဘုရင်မင်းတရား၏ ဆံတော်ရှင်းခြင်း တို့ကို မိဖုရားကြီး ကိုယ်တိုင်ပြုလုပ်ပေးမှ ကျေနပ်တော်မူသည်။ မင်းတုန်းမင်းကို လည်း တိုင်းရေးပြည်ရေး အရေးအခင်းများတွင် အထူးလမ်းညွှန်နိုင်ခဲ့သူဖြစ်သည်။

ပန်းတိမ်မင်းသားအရေးတွင်လည်း မိဖုရားခေါင်ကြီး၏ စိတ်ဓာတ်မြှင့်တင်ပေးမူကြောင့်သာ မင်းတုန်းမင်း နန်းမကျခဲ့ခြင်းသည်။

၁၈၇၆ ခုနှစ် တွင် စကြာဒေဝီ နာမကျန်းဖြစ်လာသည်။ မင်းတုန်းမင်းက နန်းတွင်းသမားတော်ကြီးများနှင့် အစွမ်းကုန် ကုသပါသော်လည်း မရတော့ပဲ ကံတော်ကုန်ခဲ့သည်။

ထိုအချိန်မှစ၍ မင်းတုန်းမင်းသည် စကြာဒေဝီ၏ နန်းဆောင် မည်သူမျှ အဝင်မခံခဲ့ သည့်အပြင် သူ့ဆံတော်ကိုလည်း မည်သူမျှရှင်းခွင့်မပြုပဲ ထားရှိသည်။

မိခင်နှင့်တူသော၊အမနှင့်တူသော ၊ ဆရာနှင့်တူသော မိဖုရားကြီးအတွက် စိတ်မကောင်းလှသဖြင့် ဝတ်ဖြူစင်ကြယ်ကို ဝတ်ကာ စကြာဒေဝီ၏ အုတ်ဂူအနီးတွင်သာ နေထိုင်သည်။

စကြာဒေဝီမိဖုရားကြီးသည် သာယာဝတီ ၊ ပုဂံ ၊ မင်းတုန်း မင်းသုံးဆက်စလုံး၏ လေးစားခြင်း ၊ ချစ်မြတ်နိုးခြင်းကို ခံခဲ့ရသည့် တစ်ဦးတည်းသော ထူးချွန်ထက်မြက်လှသည့် မိဖုရားကြီးပင် ဖြစ်လေတော့သည်။# Credit #

Be the first to comment

Leave a Reply

Your email address will not be published.


*