ဟိမဝႏၲာဆား (ေခၚ ) ပန္းေရာင္ဆားအေၾကာင္း သိေကာင္းစရာ(မသိေသးသူမ်ားအတြက္ ျပန္လည္မ်ွေ၀ေပးပါသည္။)

ဟိမဝႏၲာဆား (ေခၚ ) ပန္းေရာင္ဆားအေၾကာင္း သိေကာင္းစရာ(မသိေသးသူမ်ားအတြက္ ျပန္လည္မ်ွေ၀ေပးပါသည္။)
ဟိမဝႏၲာဆား (ေခၚ ) ပန္းေရာင္ဆားအေၾကာင္း သိေကာင္းစရာ(မသိေသးသူမ်ားအတြက္ ျပန္လည္မ်ွေ၀ေပးပါသည္။)

ဟိမဝႏၲာဆား (ေခၚ ) ပန္းေရာင္ဆားအေၾကာင္း သိေကာင္းစရာ(မသိေသးသူမ်ားအတြက္ ျပန္လည္မ်ွေ၀ေပးပါသည္။)

ဟိမဝႏၲာဆား(ေခၚ) ပန္းေရာင္ဆား (အဂၤလိပ္: Himalayan salt) ဆိုသည္မွာ ပါကစၥတန္ႏိုင္ငံ၊ ပန္ခ်ပ္ေဒသရွိ ေက်ာက္တုံးမ်ားမွ ရရွိေသာ တြင္းထြက္ဆား (Halite) တစ္မ်ိဳးျဖစ္သည္။

အဆိုပါဆားသည္ ပန္းေရာင္သန္းေနသျဖင့္ ပန္းေရာင္ဆားဟုလည္း ေခၚေဝၚသည္။ ဟိမဝႏၲာဆားကို အစားအစာမ်ား စားေသာက္ရာတြင္ စားပြဲတင္ဆားအျဖစ္ အသုံးျပဳၾကသည့္အျပင္

အစားအစာမ်ားကို ခ်က္ျပဳတ္ရာႏွင့္ ျပင္ဆင္ရာတို႔တြင္၎၊ ဆားပုံေဆာင္ခဲမ်ားကို အသုံးျပဳ၍ အခန္းတြင္း ေလသန႔္စင္ေစရန္ အလွဆင္ ဆားမီးခြက္မ်ား ျပဳလုပ္ရာ၌၎ ခႏၶာကိုယ္အားႏွိပ္နယ္ရာ၌ ၎ အသုံးျပဳၾကသည္။

ဟိမဝႏၲာဆားကို ဆားေၾကာရွိေသာ ေတာင္ေၾကာတစ္ေလွ်ာက္မွ တူးေဖာ္ရရွိသည္။ ဆားေတာင္ေၾကာသည္ ဟိမဝႏၲာ ေတာင္ဘက္စြန္း ပိုသိုဟာကုန္းျမင့္ တစ္ေလွ်ာက္တြင္ တည္ရွိသည္။

အဆိုပါကုန္းျပင္ျမင့္သည္ အိႏၵိယတိုက္ႏွင့္ ယူေရးရွား ေခၚ ဥေရာပ၊ အာရွတိုက္တို႔ ထိေတြ႕တိုက္မိမႈမွ တြန႔္ေခါက္၍ ေပၚထြက္လာျခင္းျဖစ္သည္။ လြန္ခဲ့ေသာ ႏွစ္ေပါင္းသန္း ၆၀၀ မွ ၅၄၀ ၾကားတြင္

ဟိမဝႏၲာေတာင္သည္ ပင္လယ္ေရျပင္ေအာက္၌ ရွိေနခဲ့ၿပီး ကမာၻ႔ေျမျပင္၏ ေ႐ြ႕လ်ားမႈေၾကာင့္ ဟိမဝႏၲာေတာင္သည္ ပင္လယ္ေရျပင္ ေျမေအာက္ မီတာ ၆၀၀ ေအာက္သို႔ေရာက္ရွိခဲ့သည္။

ႏွစ္သန္းေပါင္းမ်ားစြာ ကမာၻ႔ေျမေအာက္၏ ဖိအားႏွင့္ အပူခ်ိန္ေၾကာင့္ ပန္းေရာင္ပုံေဆာင္ခဲမ်ား အသြင္သို႔ ေျပာင္းလဲသြားၿပီး ႏွစ္သန္းေပါင္း ၂၀၀ ဝန္းက်င္တြင္ သဘာဝဆား အျဖစ္သို႔ ေရာက္ရွိခဲ့သည္။

ပထမဦးဆုံး မွတ္တမ္းမ်ားအရ လြန္ခဲ့ေသာ ႏွစ္ေပါင္း ၁၂၀၀ ခန႔္က ဂ်န္ဂ်ဴယာလူမ်ိဳးမ်ားက စတင္တူးေဖာ္ အသုံးျပဳခဲ့ၾကသည္။ ဟိမဝႏၲာဆားကို အမ်ားအားျဖင့္ ပါကစၥတန္ႏိုင္ငံ ပန္ဂ်ပ္ျပည္နယ္၊ ဂ်ဟီးလမ္းခ႐ိုင္၊ ဟူရာၿမိဳ႕အနီးရွိ ဟူရာဆားမိုင္းမွ အမ်ားအျပား ထုတ္လုပ္လ်က္ ရွိသည္။

ဟိမဝႏၲာဆားသည္ စားပြဲတင္ဆားႏွင့္ ဓာတုေဗဒအရ ဆင္တူေသာ္လည္း ေရွးဦးကမာၻ႔ပင္လယ္ေရေအာက္၌ ျဖစ္ထြန္းလာေသာေၾကာင့္ သတၱဝါအားလုံးအတြက္ အလြန္တန္ဖိုးရွိလွၿပီး သတၱဳဓာတ္ အမ်ိဳးေပါင္း ၈၄-မ်ိဳး ပါဝင္ကာ ကမာၻ႔အသန႔္စင္ဆုံး ဆားျဖစ္သည္။

ဆား၏ အေရာင္မွာ အနီေဖ်ာ့ေဖ်ာ့အေရာင္ႏွင့္ နီဝါေရာင္မ်ားလည္း ရွိတတ္သည္။ တစ္ခါတသ္ရံ ဆားတူးေဖာ္သူအခ်ိဳ၏ အညစ္အေၾကးမ်ား သန႔္စင္မႈ မရွိေသာေၾကာင့္ ဆားသုံးရန္ မသင့္သည့္ ဆားမ်ားလည္း ပါလာတတ္သည္။

ဟိမဝႏၲာဆား၌ ဆိုရီယမ္ ကလို႐ိုက္၉၈%?ပါဝင္ၿပီး အျခားသတၱဳဓာတ္မ်ားျဖစ္သည့္ မဂၢနီစီယမ္၊ ပိုတက္ဆီယမ္ႏွင့္ ကယ္လ္စီယမ္ ၂% ပါဝင္ေနသည္။ ခ်က္ျပဳတ္ရာတြင္၎၊ ေကာ့ေတးမ်ား ျပင္ဆင္ရာတြင္၎၊ အိမ္တြင္း Spa အေနျဖင့္ ၎ အသုံးျပဳႏိုင္သည္။

အတုံးအခဲမ်ား ျဖစ္၍ အဆိုပါဆားကို ေလထုသန႔္စင္ႏိုင္ျခင္းေၾကာင့္ မိမိအိပ္ခန္းအတြင္းတြင္လည္း ထားရွိႏိုင္သည္။ေဈးကြက္၌ ေရာင္းခ်ေနေသာ မည္သည့္ဆားမဆို ပင္လယ္ေရမွသာ ထုတ္လုပ္သန႔္စင္ၿပီး ဆိုဒီယမ္ကလို႐ိုက္ႏွင့္ အခ်ိဳ႕ဆားမ်ားတြင္ အိုင္အိုဒင္း ထည့္ထားသည္။

က်န္းမာေရးအတြက္ အေထာက္အကူျပဳသည့္ မည္သည့္ သတၱဳဓာတ္မွ ပါဝင္မႈ မရွိပါ။ ပင္လယ္ေရတြင္လည္း အမႈိက္မ်ား၊ ဓာတုအဆိပ္အေတာက္မ်ားႏွင့္ ျပည့္ႏွက္ေနသျဖင့္ ပင္လယ္ေရမွ ဆားျဖဴမ်ား ျဖစ္လာေအာင္ ခြၽတ္ေဆးမ်ား၊

ဓာတုသန႔္စင္ေဆးမ်ား၊ အစိုမျပန္ေအာင္ ဓာတုေဆးမ်ား စသည္တို႔ျဖင့္ ျပဳျပင္ သန႔္စင္ထားေသာေၾကာင့္ ဆားကို ေျမာက္မ်ားစြာ ၾကာရွည္သုံးေဆာင္ပါက ေသြးတိုးေရာဓါ၊ ႏွလုံးေရာဂါ၊

အဝလြန္ေရာဂါ၊ ေက်ာက္ကပ္ေရာဂါ၊ အ႐ိုးပြေရာဂါ၊ စိတ္က်ေရာဂါ၊ ဓာတ္မတည့္ျခင္း၊ ေဖာေရာင္ျခင္းႏွင့္ အိပ္ေရးပ်က္ျခင္းတို႔ကို ပိုမိုျဖစ္ေစသည္။

အက်ိဳးအာနိသင္

ဟိမဝႏၲာဆားအား လက္ဖက္ဇြန္းတစ္ဇြန္းကို ေရေႏြးတစ္ခြက္ႏွင့္ ေသာက္သုံးပါက စိတ္ကိုၾကည္လင္ေပါ့ပါးေစသည္။ ထို႔ျပင္ အသက္ရႉလမ္းေၾကာင္းႏွင့္ အဆုတ္၏ လုပ္ေဆာင္ခ်က္မ်ားကို ကူညီပံ့ပိုးေပးျခင္း၊

ေသြးေၾကာမ်ား၏ ဆဲလ္အတြင္းရွိရွိ ေရဓာတ္ကို ထိန္းညႇိေပးျခင္း၊ ေရဓာတ္စုပ္ယူမႈ အားေကာင္းေစျခင္း၊ အ႐ိုးမ်ားကို သန္မာေစျခင္း၊ ႏွလုံးေရာဂါ၊ ေသြးတိုးေရာဂါႏွင့္ ဆီးခ်ိဳေရာဂါတို႔ကို ကာကြယ္ေပးၿပီး ေသြးလည္ပတ္မႈကို အားေကာင္းေစျခင္း၊

ႂကြက္သားမ်ား နာက်င္ေစမႈကို ေလွ်ာ့ခ်ေပးၿပီး ခႏၶာကိုယ္အတြင္းရွိ အဆိပ္အေတာက္မ်ားကို သန႔္စင္ေစျခင္း၊ သြားကိုက္သြားနာျခင္းႏွင့္ သြားဖုံးေရာဂါမ်ားကို သက္သာေလ်ာ့နည္းေစျခင္း စသည့္ အက်ိဳးေက်းဇူးမ်ားကို ရရွိေစသည္။

ယခုအခါ ဟိမဝႏၲာဆား ေတာင္ေၾကာကို ႏွစ္စဥ္ ခရီးသြားဧည့္သည္ ေလးေသာင္းေက်ာ္ လာေရာက္လည္ပတ္ေနၾကၿပီး ဆားမိုင္းအတြင္း၌ ဆားပုံေဆာင္ခဲမ်ားျဖင့္ လက္ရာေျမာက္စြာ တည္ေဆာက္ထားေသာ အေဆာက္အအုံမ်ားကိုလည္း ေလ့လာႏိုင္သည္။

ယခုအခါ ဟိမဝႏၲာဆားကို ျမန္မာႏိုင္ငံအတြင္း အၿမိဳ႕ၿမိဳ႕အနယ္နယ္ရွိ စတိုးဆိုင္မ်ားတြင္ ဝယ္ယူရရွိႏိုင္သည္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ေပးပါသည္။

Unicode

ဟိမဝန္တာဆား (ခေါ် ) ပန်းရောင်ဆားအကြောင်း သိကောင်းစရာ(မသိသေးသူများအတွက် ပြန်လည်မျှဝေပေးပါသည်။)

ဟိမဝန္တာဆား(ခေါ်) ပန်းရောင်ဆား (အင်္ဂလိပ်: Himalayan salt) ဆိုသည်မှာ ပါကစ္စတန်နိုင်ငံ၊ ပန်ချပ်ဒေသရှိ ကျောက်တုံးများမှ ရရှိသော တွင်းထွက်ဆား (Halite) တစ်မျိုးဖြစ်သည်။

အဆိုပါဆားသည် ပန်းရောင်သန်းနေသဖြင့် ပန်းရောင်ဆားဟုလည်း ခေါ်ဝေါ်သည်။ ဟိမဝန္တာဆားကို အစားအစာများ စားသောက်ရာတွင် စားပွဲတင်ဆားအဖြစ် အသုံးပြုကြသည့်အပြင်

အစားအစာများကို ချက်ပြုတ်ရာနှင့် ပြင်ဆင်ရာတို့တွင်၎င်း၊ ဆားပုံဆောင်ခဲများကို အသုံးပြု၍ အခန်းတွင်း လေသန့်စင်စေရန် အလှဆင် ဆားမီးခွက်များ ပြုလုပ်ရာ၌၎င်း ခန္ဓာကိုယ်အားနှိပ်နယ်ရာ၌ ၎င်း အသုံးပြုကြသည်။

ဟိမဝန္တာဆားကို ဆားကြောရှိသော တောင်ကြောတစ်လျှောက်မှ တူးဖော်ရရှိသည်။ ဆားတောင်ကြောသည် ဟိမဝန္တာ တောင်ဘက်စွန်း ပိုသိုဟာကုန်းမြင့် တစ်လျှောက်တွင် တည်ရှိသည်။

အဆိုပါကုန်းပြင်မြင့်သည် အိန္ဒိယတိုက်နှင့် ယူရေးရှား ခေါ် ဥရောပ၊ အာရှတိုက်တို့ ထိတွေ့တိုက်မိမှုမှ တွန့်ခေါက်၍ ပေါ်ထွက်လာခြင်းဖြစ်သည်။ လွန်ခဲ့သော နှစ်ပေါင်းသန်း ၆၀၀ မှ ၅၄၀ ကြားတွင်

ဟိမဝန္တာတောင်သည် ပင်လယ်ရေပြင်အောက်၌ ရှိနေခဲ့ပြီး ကမ္ဘာ့မြေပြင်၏ ရွေ့လျားမှုကြောင့် ဟိမဝန္တာတောင်သည် ပင်လယ်ရေပြင် မြေအောက် မီတာ ၆၀၀ အောက်သို့ရောက်ရှိခဲ့သည်။

နှစ်သန်းပေါင်းများစွာ ကမ္ဘာ့မြေအောက်၏ ဖိအားနှင့် အပူချိန်ကြောင့် ပန်းရောင်ပုံဆောင်ခဲများ အသွင်သို့ ပြောင်းလဲသွားပြီး နှစ်သန်းပေါင်း ၂၀၀ ဝန်းကျင်တွင် သဘာဝဆား အဖြစ်သို့ ရောက်ရှိခဲ့သည်။

ပထမဦးဆုံး မှတ်တမ်းများအရ လွန်ခဲ့သော နှစ်ပေါင်း ၁၂၀၀ ခန့်က ဂျန်ဂျူယာလူမျိုးများက စတင်တူးဖော် အသုံးပြုခဲ့ကြသည်။ ဟိမဝန္တာဆားကို အများအားဖြင့် ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ်၊ ဂျဟီးလမ်းခရိုင်၊ ဟူရာမြို့အနီးရှိ ဟူရာဆားမိုင်းမှ အများအပြား ထုတ်လုပ်လျက် ရှိသည်။

ဟိမဝန္တာဆားသည် စားပွဲတင်ဆားနှင့် ဓာတုဗေဒအရ ဆင်တူသော်လည်း ရှေးဦးကမ္ဘာ့ပင်လယ်ရေအောက်၌ ဖြစ်ထွန်းလာသောကြောင့် သတ္တဝါအားလုံးအတွက် အလွန်တန်ဖိုးရှိလှပြီး သတ္တုဓာတ် အမျိုးပေါင်း ၈၄-မျိုး ပါဝင်ကာ ကမ္ဘာ့အသန့်စင်ဆုံး ဆားဖြစ်သည်။

ဆား၏ အရောင်မှာ အနီဖျော့ဖျော့အရောင်နှင့် နီဝါရောင်များလည်း ရှိတတ်သည်။ တစ်ခါတသ်ရံ ဆားတူးဖော်သူအချို၏ အညစ်အကြေးများ သန့်စင်မှု မရှိသောကြောင့် ဆားသုံးရန် မသင့်သည့် ဆားများလည်း ပါလာတတ်သည်။

ဟိမဝန္တာဆား၌ ဆိုရီယမ် ကလိုရိုက်၉၈%?ပါဝင်ပြီး အခြားသတ္တုဓာတ်များဖြစ်သည့် မဂ္ဂနီစီယမ်၊ ပိုတက်ဆီယမ်နှင့် ကယ်လ်စီယမ် ၂% ပါဝင်နေသည်။ ချက်ပြုတ်ရာတွင်၎င်း၊ ကော့တေးများ ပြင်ဆင်ရာတွင်၎င်း၊ အိမ်တွင်း Spa အနေဖြင့် ၎င်း အသုံးပြုနိုင်သည်။

အတုံးအခဲများ ဖြစ်၍ အဆိုပါဆားကို လေထုသန့်စင်နိုင်ခြင်းကြောင့် မိမိအိပ်ခန်းအတွင်းတွင်လည်း ထားရှိနိုင်သည်။ဈေးကွက်၌ ရောင်းချနေသော မည်သည့်ဆားမဆို ပင်လယ်ရေမှသာ ထုတ်လုပ်သန့်စင်ပြီး ဆိုဒီယမ်ကလိုရိုက်နှင့် အချို့ဆားများတွင် အိုင်အိုဒင်း ထည့်ထားသည်။

ကျန်းမာရေးအတွက် အထောက်အကူပြုသည့် မည်သည့် သတ္တုဓာတ်မှ ပါဝင်မှု မရှိပါ။ ပင်လယ်ရေတွင်လည်း အမှိုက်များ၊ ဓာတုအဆိပ်အတောက်များနှင့် ပြည့်နှက်နေသဖြင့် ပင်လယ်ရေမှ ဆားဖြူများ ဖြစ်လာအောင် ချွတ်ဆေးများ၊

ဓာတုသန့်စင်ဆေးများ၊ အစိုမပြန်အောင် ဓာတုဆေးများ စသည်တို့ဖြင့် ပြုပြင် သန့်စင်ထားသောကြောင့် ဆားကို မြောက်များစွာ ကြာရှည်သုံးဆောင်ပါက သွေးတိုးရောဓါ၊ နှလုံးရောဂါ၊

အဝလွန်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ အရိုးပွရောဂါ၊ စိတ်ကျရောဂါ၊ ဓာတ်မတည့်ခြင်း၊ ဖောရောင်ခြင်းနှင့် အိပ်ရေးပျက်ခြင်းတို့ကို ပိုမိုဖြစ်စေသည်။

အကျိုးအာနိသင်

ဟိမဝန္တာဆားအား လက်ဖက်ဇွန်းတစ်ဇွန်းကို ရေနွေးတစ်ခွက်နှင့် သောက်သုံးပါက စိတ်ကိုကြည်လင်ပေါ့ပါးစေသည်။ ထို့ပြင် အသက်ရှူလမ်းကြောင်းနှင့် အဆုတ်၏ လုပ်ဆောင်ချက်များကို ကူညီပံ့ပိုးပေးခြင်း၊

သွေးကြောများ၏ ဆဲလ်အတွင်းရှိရှိ ရေဓာတ်ကို ထိန်းညှိပေးခြင်း၊ ရေဓာတ်စုပ်ယူမှု အားကောင်းစေခြင်း၊ အရိုးများကို သန်မာစေခြင်း၊ နှလုံးရောဂါ၊ သွေးတိုးရောဂါနှင့် ဆီးချိုရောဂါတို့ကို ကာကွယ်ပေးပြီး သွေးလည်ပတ်မှုကို အားကောင်းစေခြင်း၊

ကြွက်သားများ နာကျင်စေမှုကို လျှော့ချပေးပြီး ခန္ဓာကိုယ်အတွင်းရှိ အဆိပ်အတောက်များကို သန့်စင်စေခြင်း၊ သွားကိုက်သွားနာခြင်းနှင့် သွားဖုံးရောဂါများကို သက်သာလျော့နည်းစေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိစေသည်။

ယခုအခါ ဟိမဝန္တာဆား တောင်ကြောကို နှစ်စဉ် ခရီးသွားဧည့်သည် လေးသောင်းကျော် လာရောက်လည်ပတ်နေကြပြီး ဆားမိုင်းအတွင်း၌ ဆားပုံဆောင်ခဲများဖြင့် လက်ရာမြောက်စွာ တည်ဆောက်ထားသော အဆောက်အအုံများကိုလည်း လေ့လာနိုင်သည်။

ယခုအခါ ဟိမဝန္တာဆားကို မြန်မာနိုင်ငံအတွင်း အမြို့မြို့အနယ်နယ်ရှိ စတိုးဆိုင်များတွင် ဝယ်ယူရရှိနိုင်သည်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ်ပေးပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*