သင့္ကား ဆီအရမ္းစားေနၿပီလား… ဒါဆိုရင္ ဘာေတြကို အဓိက စစ္ေဆးမလဲ..?

သင့္ကား ဆီအရမ္းစားေနၿပီလား... ဒါဆိုရင္ ဘာေတြကို အဓိက စစ္ေဆးမလဲ..?
သင့္ကား ဆီအရမ္းစားေနၿပီလား... ဒါဆိုရင္ ဘာေတြကို အဓိက စစ္ေဆးမလဲ..?

သင့္ကား ဆီအရမ္းစားေနၿပီလား… ဒါဆိုရင္ ဘာေတြကို အဓိက စစ္ေဆးမလဲ..?

ေမာ္ေတာ္ကားေတြရဲ႕ ဆီစားႏႈန္း သက္သာေအာင္ ရည္႐ြယ္ၿပီး အင္ဂ်င္အေသးစား တပ္ဆင္ထားတဲ့ ေမာ္ဒယ္ ေတြကို အသုံးျပဳမႈမ်ားေနေပမယ့္ အသုံးျပဳ ေမာင္းႏွင္မႈ နည္းစနစ္ မက်တဲ့အခါ ဆီအရမ္းစားလာပါတယ္။

အဲဒီလို ဆီအရမ္းစားလာတဲ့အခါ မိမိရဲ႕ ကားကို ျပန္လည္ စစ္ ေဆးဖို႔လိုတာမို႔ ဘယ္လို အခ်က္ေတြကို စစ္ေဆး ရမလဲဆိုတာကို ေဖာ္ျပလိုက္ပါတယ္။

(၁) Plug မေကာင္းတဲ့အတြက္ အင္ဂ်င္ေပါက္ကြဲခ်က္ မမွန္ဘဲ ဆီစားမ်ားေစႏိုင္ပါတယ္။ဒါဟာ စြမ္းအင္ ထြက္ရွိမႈ မမွန္တာေၾကာင့္ ဆီပိုမို အသုံးျပဳ ေမာင္းႏွင္ရေစတာလည္း ျဖစ္ပါတယ္။ဒီအတြက္ Plugကို ကီလို ၁၅၀၀ေမာင္းႏွင္ၿပီးတိုင္း ျဖစ္ေစ၊ တလတခါျဖစ္ေစ အနည္းဆုံး စစ္ေဆး လဲလွယ္သင့္ပါတယ္။

(၂) Air-Conလို အသုံးျပဳမႈေတြေၾကာင့္ အင္ဂ်င္ကို ပိုမို လည္ပတ္႐ုန္းကန္ေစတဲ့ အတြက္ ဆီစားမ်ား ေစႏိုင္ပါတယ္။သူကေတာ့ ခရီးေဝး ေမာင္းႏွင္မႈေတြမွာ ေလေအးေပးစနစ္ကို ပိတ္ၿပီး ေမာင္းႏွင္တာ အေကာင္းဆုံး ျဖစ္ၿပီး ၿမိဳ႕တြင္းသုံးမွာေတာ့ သိပ္မသိသာလွပါဘူး။

(၃) မွန္ကန္တဲ့ ဂီယာခ်က္ ေျပာင္းလဲ အသုံးျပဳမႈ မရွိတဲ့ အတြက္ ဆီစားမ်ားေစႏိုင္ပါတယ္။ Manualမွာေတာ့ ဂီယာခ်က္ ေျပာင္းလဲ အသုံး ျပဳမႈ မွားစရာမရွိေပမယ့္ Autoမွာေတာ့ လူအမ်ားစုက Dတစ္ခုတည္းကိုပဲ အသုံးျပဳ ေမာင္းႏွင္ေလ့ ရွိတာမ်ိဳးက လိုအပ္သလို ေျပာင္းလဲ အသုံးျပဳ ေမာင္းႏွင္မႈ အားနည္းေစတာ ျဖစ္ပါတယ္။

ဒီအတြက္ေၾကာင့္ လိုအပ္သည္ထက္ အင္ဂ်င္က ပိုမို ႐ုန္းကန္ရတာေတြ ရွိလာတတ္ၿပီး ဆီစားမ်ား ေစႏိုင္ပါတယ္။

(၄) အရည္အေသြးျပည့္ မရွိေတာ့တဲ့ အင္ဂ်င္ဝိုင္ (သက္တမ္းလြန္)ေနတဲ့ အတြက္ ဆီစားမ်ားေစႏိုင္ပါတယ္။အင္ဂ်င္ရဲ႕ ေသြးလို႔ ဆိုႏိုင္မယ့္ အင္ဂ်င္ဝိုင္ကို အၿမဲစစ္ေဆး၊ လဲလွယ္စီးနင္းဖို႔ သင့္ပါတယ္။ Plug စစ္ေဆးခ်ိန္တိုင္း တခါတည္း စစ္ေဆးလဲလွယ္သင့္ပါတယ္။

(၅) ဝန္ပိုတင္ေဆာင္ေမာင္းႏွင္တဲ့ အတြက္ ဆီစားမ်ားေစႏိုင္ပါတယ္။အင္ဂ်င္ကို မႏိုင္ဝန္ ထမ္းေစတာေၾကာင့္ စြမ္း အင္ထုတ္လုပ္ရမႈ ပိုမ်ားေစၿပီး ဆီစားမ်ားေစတာ ျဖစ္ပါတယ္။

(၆) ေလေပါင္ခ်ိန္ မျပည္တဲ့ ဘီးေတြနဲ႔ ေမာင္းႏွင္မႈေၾကာင့္ ဆီစားမ်ားေစႏိုင္ပါတယ္။ သတ္မွတ္ေလေပါင္ခ်ိန္ မျပည့္ပါက ကားရဲ႕ ေျပးအားက်သြားေစတာေၾကာင့္ အင္ဂ်င္ကို ပိုမို ႐ုန္းကန္ရေစႏိုင္တာ ျဖစ္ပါတယ္။

(၇) အင္ဂ်င္အ႐ြယ္ႀကီးမားတဲ့ (၃ ဒသမ ၀ လီတာသုံးနဲ႔အထက္) ေမာ္ဒယ္ေတြ အေနနဲ႔ ပြိဳင့္မိေနတဲ့ အခ်ိန္မ်ိဳးေတြမွာပါ အင္ဂ်င္ႏႈိးထားျခင္းက သိသာတဲ့ ဆီစားမ်ားျခင္းကို ျဖစ္ေစႏိုင္ပါတယ္။သူကေတာ့ ပြိဳင့္ႀကီးေတြမွာ အခ်ိန္ၾကာ မိေနတာမ်ိဳးေတြ အတြက္ စက္သတ္ထားတဲ့ ပုံစံမ်ိဳး လုပ္ေဆာင္သင့္ပါတယ္။

Credit – မူရင္း

Unicode

သင့်ကား ဆီအရမ်းစားနေပြီလား… ဒါဆိုရင် ဘာတွေကို အဓိက စစ်ဆေးမလဲ..?

မော်တော်ကားတွေရဲ့ ဆီစားနှုန်း သက်သာအောင် ရည်ရွယ်ပြီး အင်ဂျင်အသေးစား တပ်ဆင်ထားတဲ့ မော်ဒယ် တွေကို အသုံးပြုမှုများနေပေမယ့် အသုံးပြု မောင်းနှင်မှု နည်းစနစ် မကျတဲ့အခါ ဆီအရမ်းစားလာပါတယ်။

အဲဒီလို ဆီအရမ်းစားလာတဲ့အခါ မိမိရဲ့ ကားကို ပြန်လည် စစ် ဆေးဖို့လိုတာမို့ ဘယ်လို အချက်တွေကို စစ်ဆေး ရမလဲဆိုတာကို ဖော်ပြလိုက်ပါတယ်။

(၁) Plug မကောင်းတဲ့အတွက် အင်ဂျင်ပေါက်ကွဲချက် မမှန်ဘဲ ဆီစားများစေနိုင်ပါတယ်။ဒါဟာ စွမ်းအင် ထွက်ရှိမှု မမှန်တာကြောင့် ဆီပိုမို အသုံးပြု မောင်းနှင်ရစေတာလည်း ဖြစ်ပါတယ်။ဒီအတွက် Plugကို ကီလို ၁၅၀၀မောင်းနှင်ပြီးတိုင်း ဖြစ်စေ၊ တလတခါဖြစ်စေ အနည်းဆုံး စစ်ဆေး လဲလှယ်သင့်ပါတယ်။

(၂) Air-Conလို အသုံးပြုမှုတွေကြောင့် အင်ဂျင်ကို ပိုမို လည်ပတ်ရုန်းကန်စေတဲ့ အတွက် ဆီစားများ စေနိုင်ပါတယ်။သူကတော့ ခရီးဝေး မောင်းနှင်မှုတွေမှာ လေအေးပေးစနစ်ကို ပိတ်ပြီး မောင်းနှင်တာ အကောင်းဆုံး ဖြစ်ပြီး မြို့တွင်းသုံးမှာတော့ သိပ်မသိသာလှပါဘူး။

(၃) မှန်ကန်တဲ့ ဂီယာချက် ပြောင်းလဲ အသုံးပြုမှု မရှိတဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။ Manualမှာတော့ ဂီယာချက် ပြောင်းလဲ အသုံး ပြုမှု မှားစရာမရှိပေမယ့် Autoမှာတော့ လူအများစုက Dတစ်ခုတည်းကိုပဲ အသုံးပြု မောင်းနှင်လေ့ ရှိတာမျိုးက လိုအပ်သလို ပြောင်းလဲ အသုံးပြု မောင်းနှင်မှု အားနည်းစေတာ ဖြစ်ပါတယ်။

ဒီအတွက်ကြောင့် လိုအပ်သည်ထက် အင်ဂျင်က ပိုမို ရုန်းကန်ရတာတွေ ရှိလာတတ်ပြီး ဆီစားများ စေနိုင်ပါတယ်။

(၄) အရည်အသွေးပြည့် မရှိတော့တဲ့ အင်ဂျင်ဝိုင် (သက်တမ်းလွန်)နေတဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။အင်ဂျင်ရဲ့ သွေးလို့ ဆိုနိုင်မယ့် အင်ဂျင်ဝိုင်ကို အမြဲစစ်ဆေး၊ လဲလှယ်စီးနင်းဖို့ သင့်ပါတယ်။ Plug စစ်ဆေးချိန်တိုင်း တခါတည်း စစ်ဆေးလဲလှယ်သင့်ပါတယ်။

(၅) ဝန်ပိုတင်ဆောင်မောင်းနှင်တဲ့ အတွက် ဆီစားများစေနိုင်ပါတယ်။အင်ဂျင်ကို မနိုင်ဝန် ထမ်းစေတာကြောင့် စွမ်း အင်ထုတ်လုပ်ရမှု ပိုများစေပြီး ဆီစားများစေတာ ဖြစ်ပါတယ်။

(၆) လေပေါင်ချိန် မပြည်တဲ့ ဘီးတွေနဲ့ မောင်းနှင်မှုကြောင့် ဆီစားများစေနိုင်ပါတယ်။ သတ်မှတ်လေပေါင်ချိန် မပြည့်ပါက ကားရဲ့ ပြေးအားကျသွားစေတာကြောင့် အင်ဂျင်ကို ပိုမို ရုန်းကန်ရစေနိုင်တာ ဖြစ်ပါတယ်။

(၇) အင်ဂျင်အရွယ်ကြီးမားတဲ့ (၃ ဒသမ ၀ လီတာသုံးနဲ့အထက်) မော်ဒယ်တွေ အနေနဲ့ ပွိုင့်မိနေတဲ့ အချိန်မျိုးတွေမှာပါ အင်ဂျင်နှိုးထားခြင်းက သိသာတဲ့ ဆီစားများခြင်းကို ဖြစ်စေနိုင်ပါတယ်။သူကတော့ ပွိုင့်ကြီးတွေမှာ အချိန်ကြာ မိနေတာမျိုးတွေ အတွက် စက်သတ်ထားတဲ့ ပုံစံမျိုး လုပ်ဆောင်သင့်ပါတယ်။

Credit – မူရင်း

Be the first to comment

Leave a Reply

Your email address will not be published.


*