




















Credit

Unicode

စိတ်ညစ်လာတိုင်း မိန်းကလေးအများစုဟာ ဘာလို့ ဆံပင်ညှပ်တတ်ကြတာလဲ

မိန်းက လေးတွေ အသည်းကွဲလို့ပဲ ဖြစ်ဖြစ်၊ ကျရှုံးမှု တစ်ခုခု စိတ်ညစ်စရာ တစ်ခုခုနဲ့ ကြုံတွေ့လာရတဲ့အခါမှာ သူတို့ကို သူတို့ ပြောင်းလဲဖို့ ကြိုးစားလာတတ်ကြပါတယ် ။

အရင်ဆုံး သူတို့ကို သူတို့ ရုပ်ရည်သွင်ပြင်ကနေပြီးတော့ ပြောင်းလဲလိုက်ပြီး ဒီလိုပြောင်းလဲမှုက စိတ်ဓာတ်ပိုင်းကိုပါ ထိရောက်မှု ရှိတဲ့အတွက်ကြောင့်ပါ။

များသောအားဖြင့် မိန်းက လေးတွေဟာ စိတ်ညစ်စရာကြုံလာခဲ့ရင် ဆံပင်ညှပ်တတ်ကြပါတယ်။ ဆံပင်ညှပ်တာက သူတို့ကို ဘာတွေပြောင်းလဲသွားစေနိုင်လို့လဲ..

ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ ပုံစံပေါ်လို့

ဆံပင်တိုလေး ညှပ်လိုက်တာဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးလာစေတဲ့ အတွက်ကြောင့်ပါ၊ ကိုယ့်ရဲ့ဆံပင်ပုံစံပြောင်းလဲသွားသလိုပဲ ကိုယ့်ရဲ့ စိတ်တွေဟာလည်း ပြန်လည် အသစ်ဖြစ်လာစေပါတယ်၊

လူတစ်ယောက်ရဲ့ စိတ်ဟာ သူ့ရဲ့ ရုပ်ရည်သွင်ပြင်နဲ့ တိုက်ရိုက်အချိုးကျတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်၊ ဒါကြောင့် မိန်းကလေး တော်တော်များများက စိတ်ညစ်စရာကြုံလာတဲ့အချိန်မှာ ဆံပင်ညှပ်ဖို့ကို ဆုံးဖြတ်တတ်ကြပါတယ်၊

စိတ်ရှုပ်ထွေးမှုကို သက်သာစေလို့

ကိုယ့်ရဲ့ စိတ်ကိုအကောင်းဆုံး ကုစားတတ်ဖို့ဆိုတာက ကိုယ်ကိုယ်တိုင် လုပ်ယူရတဲ့ အရာပါ၊ ကိုယ်ပြိုလဲသွားတဲ့အခါ ကိုယ့်ကိုယ်ကိုပဲ ပြန်ထနိုင်ဖို့ ကြိုးစား တတ်ကြပါတယ်၊

ဒီလို စိတ်ပင်ပန်းမှုတွေကို ဖြေလျော့ဖို့ တစ်ခုခု လုပ်လိုက်မှ အဆင်ပြေမယ်ဆိုရင် ဒါဟာ ကိုယ့်ကိုယ်ကို ပြောင်းလဲခြင်းပါပဲ။

ဒါကြောင့် ကိုယ့်ရဲ့ ရှုပ်ထွေးနေတဲ့ စိတ်တွေကို ပြန်လည်ရှင်းဖို့အတွက် ပထမဆုံးအနေနဲ့ ဆံပင်တိုတိုလေး ညှပ်ခြင်းက စိတ်ကို အပြောင်းအလဲဖြစ်စေတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။

စိတ်ဓာတ်ပိုကြံ့ခိုင်လာတယ်လို့ ခံစားရလို့

ဆံပင်တိုတိုလေးညှပ်လိုက်တဲ့အခါ ဘယ်လိုမျိုး ခံစားမှုကို ဖြစ်ပေါ် စေလဲ၊ ကိုယ့်ရဲ့ ဆံပင်တွေကို နှမြောတွန့်တိုတဲ့စိတ်လား နိုး လုံးဝမဟုတ်ဘူးနော်.. ဒီခံစားမှုက အ ပေါ်ယံသာဖြစ်ပြီး တကယ့်ခံစားမှု အစစ်က ယုံကြည်မှုနဲ့ စိတ်ဓာတ်ခိုင်မာမှုတွေပါ။

မှန်ရှေ့မှာ ကိုယ့်ကိုယ်ကို ပြန်မြင်နေရတဲ့ ခံစားချက်တွေထဲမှာ စိတ်ဓာတ်ပိုကြံခိုင်လာမှုတွေကို မြင်ရတတ်ပါတယ်။

ဆံပင်တိုတိုလေးနဲ့ ကိုယ်ဟာ အရင်က ကိုယ်နဲ့ကွဲလွဲပြီး ရဲရင့်ခိုင်မာမှုကို ဖြစ်ပေါ်စေတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကို အရင်ကထက် ပိုဂရုစိုက်ချင်လို့

ကျရှုံးမှုတွေ၊ စိတ်ညစ်စရာတွေထဲကနေ ပြန်လည်ရုန်းကန်ရှင်သန်လာတဲ့အခါ ကိုယ့်ကိုယ်ကို အရင်ကထက် လှအောင်နေချင်တဲ့ စိတ်ကို မွေးမြူဖြစ်လာပါတယ်။

ဒါကြောင့် အရင်က ဖြစ်သလို ပစ်ထားခဲ့တဲ့ ဂရုစိုက်ရမှာ မေ့လျော့နေတဲ့ ကိုယ့်ကိုယ့်ကိုပိုဂရုစိုက်ချင်လာလို့ ဆံပင်တိုတိုလေး ညှပ်လိုက်တာ ဖြစ်ပါတယ်။

အသစ်က နေ ပြန်စတင်တဲ့အနေနဲ့ ကိုယ့်ရဲ့ဆံပင်တွေကို ပုံပြောင်းလိုက်တာဟာ ကိုယ့်ရဲ့ ယုံကြည်မှုနဲ့ ဆုံးရှုံးခြင်းတွေကို ပြန်ရယူဖို့ အစပြုလိုက်တာပါပဲ..။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*