တစ္ခ်က္ၾကည့္႐ုံနဲ႔ သနပ္ခါးကို အတု အစစ္ ခြဲျခားနည္း

တစ္ခ်က္ၾကည့္႐ုံနဲ႔ သနပ္ခါးကို အတု အစစ္ ခြဲျခားနည္း
တစ္ခ်က္ၾကည့္႐ုံနဲ႔ သနပ္ခါးကို အတု အစစ္ ခြဲျခားနည္း

တစ္ခ်က္ၾကည့္႐ုံနဲ႔ သနပ္ခါးကို အတု အစစ္ ခြဲျခားနည္း

ျမန္မာမေလးေတြမွန္ရင္ ျမန္မာ့သနပ္ခါး ေတာ့ ႀကိဳက္ၾက မွာပဲ။ သနပ္ခါးနံ႕ ေလးရဲ႕ သင္းရနံ႔ဟာ လူးတဲ့ သူကိုေရာ ေမႊးႀကိဳင္ေစသလို အနားက ျဖတ္သြားတဲ့ သူကိုေတာင္မွ အနံ႔ေလးရရင္ စိတ္ၾကည္လင္ ေစတယ္။

ဒါေပမယ့္ တခါတေလ သနပ္ခါးတုံး ဝယ္ၿပီးမွ သနပ္ခါးနံ႔ မရတာ၊ မေမႊးတာ၊ လိမ္းရင္ ညက္ညက္ေလး မျဖစ္တာေတြ ႀကဳံရတယ္။ ဘာလို႔လဲ။

သနပ္ခါး အတုျဖစ္တဲ့ သစ္ပုေလြတုံးေတြကို ဝယ္မိတာ မို႔လိုပါ။ သနပ္ခါးကလည္း သူ႔တန္ေၾကး နဲ႕
သူ ေဈးႀကီးတာ ပဲမို႔ သနပ္ခါး အတု သစ္ပုေလြကို ဝယ္မိရင္ ဝယ္လိုက္မိတဲ့ ပိုက္ဆံကို ႏွေမ်ာျပီး စိတ္တို ရၿပီေပါ့။

ဒီတစ္ခါမွာေတာ့ သနပ္ခါးနဲ႔ သစ္ပုေလြ ခြဲနည္းေလး ေျပာျပ ခ်င္တယ္။ သစ္ပုေလြ ဆိုတာ သနပ္ခါးနဲ႔ အင္မတန္မွ ခြၽတ္စြတ္ တူတယ္။

ပုံထဲမွာ သနပ္ခါးနဲ႔ သစ္ပုေလြ ခြဲျခား ႏိုင္ေအာင္ ျပထားပါတယ္။ ေသခ်ာၾကည့္ပါ။ အတြင္းထဲမွာ အရစ္အကြင္း ပါေသာ အတုံးေသးေတြက သစ္ပုေလြပါ။

သနပ္ခါးကေတာ့ အတြင္းသားမွာ အရစ္အကြင္း မပါဘူး။ ဒါမွ သနပ္ခါးစစ္စစ္ ပါ၊ စာဖတ္သူမ်ားလည္း ဒီလိုေလးခြဲျခား သိထားရင္ သနပ္ခါးဝယ္တဲ့ အခါ အညာမခံရေတာ့ဘူးေပါ့။ အတု အစစ္ခြဲျခားနည္းေလး ေသခ်ာ မွတ္သား ထားၾကပါ။Crd မူရင္းေရးသားသူ

Unicode

တစ်ချက်ကြည့်ရုံနဲ့ သနပ်ခါးကို အတု အစစ် ခွဲခြားနည်း

မြန်မာမလေးတွေမှန်ရင် မြန်မာ့သနပ်ခါး တော့ ကြိုက်ကြ မှာပဲ။ သနပ်ခါးနံ့ လေးရဲ့ သင်းရနံ့ဟာ လူးတဲ့ သူကိုရော မွှေးကြိုင်စေသလို အနားက ဖြတ်သွားတဲ့ သူကိုတောင်မှ အနံ့လေးရရင် စိတ်ကြည်လင် စေတယ်။

ဒါပေမယ့် တခါတလေ သနပ်ခါးတုံး ဝယ်ပြီးမှ သနပ်ခါးနံ့ မရတာ၊ မမွှေးတာ၊ လိမ်းရင် ညက်ညက်လေး မဖြစ်တာတွေ ကြုံရတယ်။ ဘာလို့လဲ။

သနပ်ခါး အတုဖြစ်တဲ့ သစ်ပုလွေတုံးတွေကို ဝယ်မိတာ မို့လိုပါ။ သနပ်ခါးကလည်း သူ့တန်ကြေး နဲ့
သူ ဈေးကြီးတာ ပဲမို့ သနပ်ခါး အတု သစ်ပုလွေကို ဝယ်မိရင် ဝယ်လိုက်မိတဲ့ ပိုက်ဆံကို နှမျောပြီး စိတ်တို ရပြီပေါ့။

ဒီတစ်ခါမှာတော့ သနပ်ခါးနဲ့ သစ်ပုလွေ ခွဲနည်းလေး ပြောပြ ချင်တယ်။ သစ်ပုလွေ ဆိုတာ သနပ်ခါးနဲ့ အင်မတန်မှ ချွတ်စွတ် တူတယ်။

ပုံထဲမှာ သနပ်ခါးနဲ့ သစ်ပုလွေ ခွဲခြား နိုင်အောင် ပြထားပါတယ်။ သေချာကြည့်ပါ။ အတွင်းထဲမှာ အရစ်အကွင်း ပါသော အတုံးသေးတွေက သစ်ပုလွေပါ။

သနပ်ခါးကတော့ အတွင်းသားမှာ အရစ်အကွင်း မပါဘူး။ ဒါမှ သနပ်ခါးစစ်စစ် ပါ၊ စာဖတ်သူများလည်း ဒီလိုလေးခွဲခြား သိထားရင် သနပ်ခါးဝယ်တဲ့ အခါ အညာမခံရတော့ဘူးပေါ့။ အတု အစစ်ခွဲခြားနည်းလေး သေချာ မှတ်သား ထားကြပါ။Crd မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*