“အေတြးကို ထိန္းခ်ဳပ္နည္း”

“အေတြးကို ထိန္းခ်ဳပ္နည္း”
“အေတြးကို ထိန္းခ်ဳပ္နည္း”

“အေတြးကို ထိန္းခ်ဳပ္နည္း”

၁။ ပထမနည္းက အာ႐ုံေျပာင္းတာ။

၂။ ဒုတိယနည္းက အျပစ္ကို ေတြးတာ။ ထပ္ၿပီးေတာ့ ကိုယ္ေတြးတဲ့ အေတြးရဲ႕ အျပစ္ကို ဆင္ျခင္သုံးသပ္တာ။

၃။ တတိယနည္းကို ျမတ္စြာဘုရားက ေပးတယ္။ တတိယနည္းက ေမ့ပစ္ရမယ္၊ စိတ္ထဲမွာ မထားနဲ႔။ဆက္မေတြးနဲ႔လို႔ ဆိုလိုတာ။ ကိုယ္ေတြးတဲ့အေတြး တစ္ခုဟာ ေဖ်ာက္လို႔မရဘူးဆိုရင္ ဆက္မေတြးဘဲ၊ စိတ္ထဲမွာကို ေပၚမလာေအာင္ ေမ့ထား။ အဲဒါက တတိယနည္း။

၄။ စတုတၳနည္းက ….. ဒီအေတြး ဘယ္ကစသလဲ ဆိုတဲ့ အေတြးရဲ႕အေျခအျမစ္ကို လိုက္ရွာတဲ့နည္းပဲ။ ဥပမာ ေလာဘနဲ႔ေတြးတဲ့အေတြးေတြ၊ ေဒါသ၊ ေမာဟ အေတြးေတြ ရန္လိုခ်င္တဲ့အေတြးေတြ ဘယ္က စေနတာတုံးဆိုတဲ့ အေတြးရဲ႕ အေျခအျမစ္ကို သိေအာင္ လိုက္ရမယ္။

ရွာရင္းရွာရင္းနဲ႔ ထြက္ေပါက္ ေတြ႕သြားလိမ့္မယ္။ အေတြးဟာ ေဖ်ာက္ၿပီးသား ျဖစ္သြားမယ္။အေၾကာင္းရွာရင္းနဲ႔ပဲ ထိုအေတြးရဲ႕ထြက္ေပါက္ကို ရသြားႏိုင္တယ္။
၅။ ေနာက္ဆုံး ပၪၥမနည္းက်ေတာ့ ျမတ္စြာဘုရားက မေကာင္းတဲ့အေတြးေတြဟာ သာမန္နဲ႔ေဖ်ာက္လို႔ မရဘူး။
(၁)။ အာ႐ုံေျပာင္းတဲ့စနစ္နဲ႔လည္း မေအာင္ျမင္ဘူး။
(၂)။ အျပစ္ကို ဆင္ျခင္ေတြးေတာတဲ့နည္းနဲ႔လည္း မေအာင္ျမင္ဘူး။
(၃)။ ေမ့လို႔လည္း မရဘူး။
(၄)။ အရင္းအျမစ္ကိုရွာလို႔လည္း မရဘူးဆိုရင္ …..

စိတ္ကို စိတ္နဲ႔ ဖိႏွိပ္ၿပီး မရရေအာင္ ႀကိဳးစားပါတဲ့။ ေနာက္ဆုံးကေတာ့ ဒါပဲ။ လက္ေလွ်ာ့ မေပးနဲ႔တဲ့။ ေနာက္ဆုံးက်ရင္ မရရေအာင္ လုပ္ပါ။

ျမတ္စြာဘုရား ဘယ္ေလာက္ ထိေအာင္ ေဟာထားတုန္းဆိုရင္ “ဒေႏၲဘိဒႏၲ မာဓာယ၊ ဇိဝွါယ တာလုံ အာဟစၥ”တဲ့။ အံႀကိတ္ၿပီးေတာ့ လုပ္ရမယ္တဲ့။

မေကာင္းတဲ့ အေတြးေတြးေနရင္

အဲဒီ အေတြးကို အံႀကိတ္ၿပီး ေျဖရွင္းရမယ္။ ေလာကလူေတြက အံေတာ့ ႀကိတ္ပါတယ္။ ဘာနဲ႔ ႀကိတ္တာတုံး။ မခံခ်င္တဲ့ စိတ္နဲ႔ ႀကိတ္တာ။ လူတေယာက္ကို မခံခ်င္ဘူးဆိုရင္ အဲဒီမခံခ်င္တဲ့စိတ္နဲ႔ အံႀကိတ္တာေနာ္။

“ဇိဝွါယ တာလုံ အာဟစၥ” ဆိုတာ လွ်ာနဲ႔ အာေခါင္ကိုေထာက္၊ တက္ေခါက္ၿပီးေတာ့ ဒါမ်ိဳး ငါ ျဖစ္ကို မျဖစ္ေစရဘူးဆိုၿပီး စိတ္ကို စိတ္နဲ႔ ဖိညႇစ္ကာ မေကာင္းတဲ့ အေတြးေတြကို ဖယ္ရွားပစ္ပါတဲ့။ ဒါက “ဝိတတၱ သဏၭာန” သုတ္မွာျမတ္စြာဘုရားက ေဟာတာေနာ္။

အဲေတာ့ စိတ္ရဲ႕ အေတြးေတြထဲက မေကာင္းတဲ့ အေတြးေတြကို ေဟာဒီနည္းစနစ္ငါးမ်ိဳး ျပန္ၿပီးေတာ့ ေျပာရေအာင္။

(၁) အာ႐ုံေျပာင္းၿပီးေတာ့ ေျဖရွင္းတဲ့နည္းစနစ္။
(၂) က အျပစ္ကို ဆင္ျခင္သုံးသပ္ၿပီး ေျဖရွင္းတဲ့နည္း။
(၃) က ေမ့ပစ္တဲ့နည္း။
(၄) က အရင္းအျမစ္ ရွာေဖြၿပီးေတာ့ ေျဖေဖ်ာက္တဲ့နည္း။
(၅) က စိတ္နဲ႔ ဖိညႇစ္ၿပီး မရရေအာင္ ႀကိဳးစားတဲ့နည္းတဲ့။

အဲဒီ (၅) မ်ိဳးနဲ႔ လုပ္ရင္ စိတ္ရဲ႕ အေတြးေတြ၊ မေကာင္းတဲ့အေတြးေတြဟာ လုံးဝ ကင္းသြားၿပီးေတာ့ အေတြးေပၚမွာ ပိုင္ႏိုင္မႈဆိုတဲ့ စြမ္းရည္တစ္ခု ရလာႏိုင္တယ္။ အဲဒီ့စြမ္းရည္က ကိုယ္ေတြးခ်င္တဲ့ အေတြးကို ေတြးႏိုင္တယ္။

ကိုယ္မေတြးခ်င္တဲ့ အေတြးကိုထိန္းခ်ဳပ္ႏိုင္တယ္။ ဘယ္ေလာက္ေကာင္းလဲ။ သာမန္အေျခအေနမွာမေတြးခ်င္တဲ့ အေတြးလည္း ေတြးေနရတယ္ မဟုတ္လား။ ဒီအေတြး မေကာင္းမွန္း သိေပမယ့္ ေတြးေနမိတယ္။

ဥပမာ သရဲေၾကာက္တတ္တဲ့လူက ညအခါ သရဲႀကီးလာတယ္ ၊ ေတြးေနမိတာပဲ။ ေၾကာက္စရာ အေတြးေတြလည္း ေတြးေနတာပဲ။ ဘာျဖစ္မွာ၊ညာျဖစ္မွာ ေတြးၿပီးေတာ့ေတြးေနတဲ့ အေတြးေတြက ကိုယ့္ကိုကိုယ္ ျပန္ေျခာက္ေနတာ။ ကိုယ္မေတြးခ်င္တာလည္း ေတြးေနရတာပဲ။

အခ်ိဳ႕မ်ား ေၾကာက္လြန္းအားႀကီးေတာ့ ….ေစာင္ေခါင္းမွီးၿခဳံအိပ္ ေခြၽးျပန္ရင္း မေတြးခ်င္တဲ့ အေတြးေတြ ေတြးမိၿပီးအေတြးရဲ႕ႏွိပ္စက္မႈကိုခံေနရတယ္။

“အေတြးကို ထိန္းခ်ဳပ္ႏိုင္ျခင္း အက်ိဳး”

မေတြးခ်င္တဲ့အေတြးေတြ ေတြးေနမိတဲ့အခါ ဒီနည္းစနစ္ေတြ က်င့္သုံးၿပီး အေတြးကို ပယ္ေဖ်ာက္ႏိုင္မယ္ဆိုရင္ အဲဒီပုဂၢိဳလ္ဟာ အေတြးေပၚမွာ …..စြမ္းရည္သတၱိေတြ ရသြားၿပီး ကိုယ္ေတြးခ်င္တဲ့ အေတြးကို ေတြးႏိုင္မယ္။

ကိုယ္မေတြးခ်င္တဲ့ အေတြးကို မေတြးဘဲေနလို႔ ရသြားလိမ့္မယ္တဲ့။ ေလ့က်င့္ၿပီး ယူၾကည့္ၾက။ အဲဒီလို ရသြားၿပီဆိုရင္ တဏွာကို တြယ္တာမႈေတြ အားလုံးဖယ္ရွားႏိုင္လိမ့္မယ္။သံေယာဇဥ္ေတြလည္း ကင္းသြားလိမ့္မယ္။

အထင္အျမင္ဆိုတဲ့ မာန္မာနေတြလည္း အားလုံးက်သြားၿပီး ေနာက္ဆုံးမွာ ဒုကၡဟူသမွ် လုံးဝကင္းလြတ္သြားလိမ့္မယ္။ ဒါ ျမတ္စြာဘုရားေဟာထားတာ ေနာက္ဆုံး ဒုကၡ အားလုံးက လြတ္သြားလိမ့္မယ္တဲ့။

ဒုကၡေတြ ဘယ္က ရေနတာတုံးဆိုရင္ ေဟာဒီ … အေတြးေတြကရေနတာ။ ေန႔စဥ္နဲ႔အမွ် လူေတြက ေတြးေနၾကတာ မဟုတ္လား?

အဲဒီအေတြးေတြေၾကာင့္ ဒုကၡေရာက္ေနတာ။ အဲဒီမေကာင္းတဲ့ အေတြးေတြကို ဖယ္ရွား ပစ္လိုက္ႏိုင္တာနဲ႔တစ္ၿပိဳင္နက္ တဏွာကိုလည္း ပယ္ရွားႏိုင္မယ္။ သံေယာဇဥ္ေတြကိုလည္းကင္းေအာင္လုပ္ႏိုင္သြားမယ္။ မာနေတြကိုလည္း ဖယ္ရွားပစ္ႏိုင္မယ္တဲ့။

အဲဒီတဏွာေတြ၊ မာနေတြ၊ သံေယာဇဥ္ေတြ ကင္းသြားၿပီဆိုရင္ လူ႔ေလာကမွာ ႀကဳံရတဲ့ ဒုကၡမွန္သမွ်၊ သံသရာထဲမွာ ႀကဳံရတဲ့ ဒုကၡ မွန္သမွ် လုံးဝအဆုံးသတ္သြားပါလိမ့္မယ္။

ဒါဟာ စိတ္၏အေတြးမ်ားနဲ႔ ပတ္သက္လို႔ ဗုဒၶျမတ္စြာ ေဟာၾကားတဲ့ “ဝိတကၠသဏၭာနသုတ္”လာ တရားေဒသနာ ျဖစ္ပါတယ္ ။

ပါေမာကၡခ်ဳပ္ဆရာေတာ္ေဒါက္တာအရွင္နႏၵမာလာဘိဝံသ

Unicode

“အတွေးကို ထိန်းချုပ်နည်း”

၁။ ပထမနည်းက အာရုံပြောင်းတာ။

၂။ ဒုတိယနည်းက အပြစ်ကို တွေးတာ။ ထပ်ပြီးတော့ ကိုယ်တွေးတဲ့ အတွေးရဲ့ အပြစ်ကို ဆင်ခြင်သုံးသပ်တာ။

၃။ တတိယနည်းကို မြတ်စွာဘုရားက ပေးတယ်။ တတိယနည်းက မေ့ပစ်ရမယ်၊ စိတ်ထဲမှာ မထားနဲ့။ဆက်မတွေးနဲ့လို့ ဆိုလိုတာ။ ကိုယ်တွေးတဲ့အတွေး တစ်ခုဟာ ဖျောက်လို့မရဘူးဆိုရင် ဆက်မတွေးဘဲ၊ စိတ်ထဲမှာကို ပေါ်မလာအောင် မေ့ထား။ အဲဒါက တတိယနည်း။

၄။ စတုတ္ထနည်းက ….. ဒီအတွေး ဘယ်ကစသလဲ ဆိုတဲ့ အတွေးရဲ့အခြေအမြစ်ကို လိုက်ရှာတဲ့နည်းပဲ။ ဥပမာ လောဘနဲ့တွေးတဲ့အတွေးတွေ၊ ဒေါသ၊ မောဟ အတွေးတွေ ရန်လိုချင်တဲ့အတွေးတွေ ဘယ်က စနေတာတုံးဆိုတဲ့ အတွေးရဲ့ အခြေအမြစ်ကို သိအောင် လိုက်ရမယ်။

ရှာရင်းရှာရင်းနဲ့ ထွက်ပေါက် တွေ့သွားလိမ့်မယ်။ အတွေးဟာ ဖျောက်ပြီးသား ဖြစ်သွားမယ်။အကြောင်းရှာရင်းနဲ့ပဲ ထိုအတွေးရဲ့ထွက်ပေါက်ကို ရသွားနိုင်တယ်။
၅။ နောက်ဆုံး ပဉ္စမနည်းကျတော့ မြတ်စွာဘုရားက မကောင်းတဲ့အတွေးတွေဟာ သာမန်နဲ့ဖျောက်လို့ မရဘူး။
(၁)။ အာရုံပြောင်းတဲ့စနစ်နဲ့လည်း မအောင်မြင်ဘူး။
(၂)။ အပြစ်ကို ဆင်ခြင်တွေးတောတဲ့နည်းနဲ့လည်း မအောင်မြင်ဘူး။
(၃)။ မေ့လို့လည်း မရဘူး။
(၄)။ အရင်းအမြစ်ကိုရှာလို့လည်း မရဘူးဆိုရင် …..

စိတ်ကို စိတ်နဲ့ ဖိနှိပ်ပြီး မရရအောင် ကြိုးစားပါတဲ့။ နောက်ဆုံးကတော့ ဒါပဲ။ လက်လျှော့ မပေးနဲ့တဲ့။ နောက်ဆုံးကျရင် မရရအောင် လုပ်ပါ။

မြတ်စွာဘုရား ဘယ်လောက် ထိအောင် ဟောထားတုန်းဆိုရင် “ဒန္တေဘိဒန္တ မာဓာယ၊ ဇိဝှါယ တာလုံ အာဟစ္စ”တဲ့။ အံကြိတ်ပြီးတော့ လုပ်ရမယ်တဲ့။

မကောင်းတဲ့ အတွေးတွေးနေရင်

အဲဒီ အတွေးကို အံကြိတ်ပြီး ဖြေရှင်းရမယ်။ လောကလူတွေက အံတော့ ကြိတ်ပါတယ်။ ဘာနဲ့ ကြိတ်တာတုံး။ မခံချင်တဲ့ စိတ်နဲ့ ကြိတ်တာ။ လူတယောက်ကို မခံချင်ဘူးဆိုရင် အဲဒီမခံချင်တဲ့စိတ်နဲ့ အံကြိတ်တာနော်။

“ဇိဝှါယ တာလုံ အာဟစ္စ” ဆိုတာ လျှာနဲ့ အာခေါင်ကိုထောက်၊ တက်ခေါက်ပြီးတော့ ဒါမျိုး ငါ ဖြစ်ကို မဖြစ်စေရဘူးဆိုပြီး စိတ်ကို စိတ်နဲ့ ဖိညှစ်ကာ မကောင်းတဲ့ အတွေးတွေကို ဖယ်ရှားပစ်ပါတဲ့။ ဒါက “ဝိတတ္တ သဏ္ဌာန” သုတ်မှာမြတ်စွာဘုရားက ဟောတာနော်။

အဲတော့ စိတ်ရဲ့ အတွေးတွေထဲက မကောင်းတဲ့ အတွေးတွေကို ဟောဒီနည်းစနစ်ငါးမျိုး ပြန်ပြီးတော့ ပြောရအောင်။

(၁) အာရုံပြောင်းပြီးတော့ ဖြေရှင်းတဲ့နည်းစနစ်။
(၂) က အပြစ်ကို ဆင်ခြင်သုံးသပ်ပြီး ဖြေရှင်းတဲ့နည်း။
(၃) က မေ့ပစ်တဲ့နည်း။
(၄) က အရင်းအမြစ် ရှာဖွေပြီးတော့ ဖြေဖျောက်တဲ့နည်း။
(၅) က စိတ်နဲ့ ဖိညှစ်ပြီး မရရအောင် ကြိုးစားတဲ့နည်းတဲ့။

အဲဒီ (၅) မျိုးနဲ့ လုပ်ရင် စိတ်ရဲ့ အတွေးတွေ၊ မကောင်းတဲ့အတွေးတွေဟာ လုံးဝ ကင်းသွားပြီးတော့ အတွေးပေါ်မှာ ပိုင်နိုင်မှုဆိုတဲ့ စွမ်းရည်တစ်ခု ရလာနိုင်တယ်။ အဲဒီ့စွမ်းရည်က ကိုယ်တွေးချင်တဲ့ အတွေးကို တွေးနိုင်တယ်။

ကိုယ်မတွေးချင်တဲ့ အတွေးကိုထိန်းချုပ်နိုင်တယ်။ ဘယ်လောက်ကောင်းလဲ။ သာမန်အခြေအနေမှာမတွေးချင်တဲ့ အတွေးလည်း တွေးနေရတယ် မဟုတ်လား။ ဒီအတွေး မကောင်းမှန်း သိပေမယ့် တွေးနေမိတယ်။

ဥပမာ သရဲကြောက်တတ်တဲ့လူက ညအခါ သရဲကြီးလာတယ် ၊ တွေးနေမိတာပဲ။ ကြောက်စရာ အတွေးတွေလည်း တွေးနေတာပဲ။ ဘာဖြစ်မှာ၊ညာဖြစ်မှာ တွေးပြီးတော့တွေးနေတဲ့ အတွေးတွေက ကိုယ့်ကိုကိုယ် ပြန်ခြောက်နေတာ။ ကိုယ်မတွေးချင်တာလည်း တွေးနေရတာပဲ။

အချို့များ ကြောက်လွန်းအားကြီးတော့ ….စောင်ခေါင်းမှီးခြုံအိပ် ချွေးပြန်ရင်း မတွေးချင်တဲ့ အတွေးတွေ တွေးမိပြီး အတွေးရဲ့နှိပ်စက်မှုကိုခံနေရတယ်။

“အတွေးကို ထိန်းချုပ်နိုင်ခြင်း အကျိုး”

မတွေးချင်တဲ့အတွေးတွေ တွေးနေမိတဲ့အခါ ဒီနည်းစနစ်တွေ ကျင့်သုံးပြီး အတွေးကို ပယ်ဖျောက်နိုင်မယ်ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ အတွေးပေါ်မှာ …..စွမ်းရည်သတ္တိတွေ ရသွားပြီး ကိုယ်တွေးချင်တဲ့ အတွေးကို တွေးနိုင်မယ်။

ကိုယ်မတွေးချင်တဲ့ အတွေးကို မတွေးဘဲနေလို့ ရသွားလိမ့်မယ်တဲ့။ လေ့ကျင့်ပြီး ယူကြည့်ကြ။ အဲဒီလို ရသွားပြီဆိုရင် တဏှာကို တွယ်တာမှုတွေ အားလုံးဖယ်ရှားနိုင်လိမ့်မယ်။သံယောဇဉ်တွေလည်း ကင်းသွားလိမ့်မယ်။

အထင်အမြင်ဆိုတဲ့ မာန်မာနတွေလည်း အားလုံးကျသွားပြီး နောက်ဆုံးမှာ ဒုက္ခဟူသမျှ လုံးဝကင်းလွတ်သွားလိမ့်မယ်။ ဒါ မြတ်စွာဘုရားဟောထားတာ နောက်ဆုံး ဒုက္ခ အားလုံးက လွတ်သွားလိမ့်မယ်တဲ့။

ဒုက္ခတွေ ဘယ်က ရနေတာတုံးဆိုရင် ဟောဒီ … အတွေးတွေကရနေတာ။ နေ့စဉ်နဲ့အမျှ လူတွေက တွေးနေကြတာ မဟုတ်လား?

အဲဒီအတွေးတွေကြောင့် ဒုက္ခရောက်နေတာ။ အဲဒီမကောင်းတဲ့ အတွေးတွေကို ဖယ်ရှား ပစ်လိုက်နိုင်တာနဲ့တစ်ပြိုင်နက် တဏှာကိုလည်း ပယ်ရှားနိုင်မယ်။ သံယောဇဉ်တွေကိုလည်းကင်းအောင်လုပ်နိုင်သွားမယ်။ မာနတွေကိုလည်း ဖယ်ရှားပစ်နိုင်မယ်တဲ့။

အဲဒီတဏှာတွေ၊ မာနတွေ၊ သံယောဇဉ်တွေ ကင်းသွားပြီဆိုရင် လူ့လောကမှာ ကြုံရတဲ့ ဒုက္ခမှန်သမျှ၊ သံသရာထဲမှာ ကြုံရတဲ့ ဒုက္ခ မှန်သမျှ လုံးဝအဆုံးသတ်သွားပါလိမ့်မယ်။

ဒါဟာ စိတ်၏အတွေးများနဲ့ ပတ်သက်လို့ ဗုဒ္ဓမြတ်စွာ ဟောကြားတဲ့ “ဝိတက္ကသဏ္ဌာနသုတ်”လာ တရားဒေသနာ ဖြစ်ပါတယ် ။

ပါမောက္ခချုပ်ဆရာတော်ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ

Be the first to comment

Leave a Reply

Your email address will not be published.


*