အိမ်ထောင်ရေး အဆင်မပြေမှုတွေကြားမှာ မိဘတွေကြောင့် ခလေးတွေကို မြေစာပင် အဖြစ်မခံပါနဲ့

အိမ်ထောင်ရေး အဆင်မပြေမှုတွေကြားမှာ မိဘတွေကြောင့် ခလေးတွေကို မြေစာပင် အဖြစ်မခံပါနဲ့
အိမ်ထောင်ရေး အဆင်မပြေမှုတွေကြားမှာ မိဘတွေကြောင့် ခလေးတွေကို မြေစာပင် အဖြစ်မခံပါနဲ့

အိမ်ထောင်ရေး အဆင်မပြေမှုတွေကြားမှာ မိဘတွေကြောင့် ခလေးတွေကို မြေစာပင် အဖြစ်မခံပါနဲ့

အိမ်ထောင်ရေး အဆင်မပြေ တဲ့ မိဘတွေကြောင့် ကိုယ့်သားသမီးလေးတွေ ကို မြေစာပင် အဖြစ်မခံပါနဲ့။လူတိုင်းကို မကောင်းဘူးလို့ မဆိုလိုပါဘူး။ ကောင်းတဲ့လူ ရှိသလို မကောင်းတဲ့ လူးလည်း ရှိကြပါတယ်။

သားသမီးလည်းမရှိ အကြောင်း အမျိုးမျိုးကြောင့် အိမ်ထောင်ရေး အဆင်မပြေဖြစ်လို့ တရားဝင်ကွဲသွားကြပြီး နောက်ထပ်အိမ်ထောင် ပြုသွားတဲ့ သူတွေကိုတော့ မဆိုလိုပါဘူး။ နောက်ထပ် အိမ်ထောင်ပြုဖို့ စဉ်းစားထားတယ်ဆိုရင်

ကိုယ်ရဲ့နောက်အိမ်ထောင်ဖက် အကြောင်းကို အချိန်ကြာကြာ လေ့လာစုံစမ်းပြီး ကိုယ့်အတွက် လုံလောက်တဲ့ယုံကြည်မှု အပြည့်အဝရမှ အိမ်ထောင်တစ်ခုတည်ထောင်ဖို့ ဆုံးဖြတ်သင့်ပါတယ်။

ကိုယ့်သားသမီးလေးတွေကို ကိုယ်တောင် မဆူရက် မရိုက်ရက်ပဲ နောက်အိမ်ထောင်ဖြစ်တဲ့ မိထွေး ပထွေးရဲ့ ရိုက်နှက်နှိပ်စက်ယုတ်မာမှုကို လုံးဝမခံစားရ လေအောင်မိဘတိုင်း မိမိရဲ့ မိသားစုဘဝကို ဖျတ်ဆီးတော့မယ်ဆိုရင် သေချာစဉ်းစား ဆင်ခြင်ဆုံးဖြတ်စေချင်ပါတယ်။

သားသမီး လေးတွေရှိပြီး ( အိမ်ထောင်ရေး အဆင်‌မပြေလို့ ကွဲသွားတာပဲဖြစ်ဖြစ် အိမ်ထောင်ဖက်က ဖေါက်ပြန်ပြီး မယားငယ် လင်ငယ် ယူသွားတာပဲဖြစ်ဖြစ်)ကွဲသွားကြတဲအခါ အချိန်ကြာလာတာနဲ့အမျှ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုတွေ့လာကြရမှာပါ။

(ဥပမာ)မိန်းကလေး တယောက်အိမ်ထောင်ဘက်နဲ့ ကွဲသွားပြီး သားသမီးလေးတွေနဲ့ ကျန်ခဲ့တဲ့အခါ စားဝတ်နေရေး အခက်အခဲကြောင့်သော်၎င်း ပက်ဝန်းကျင်မှာတခုလပ်ဆိုတဲ့နာမည်နဲ့ နေရခြင်းကြောင့် တချို့သော ယုတ်ညံ့တဲ့ ယောက်ျားယုတ်တွေရဲ့ နှမချင်းမစာနာပဲ ပြောဆိုမှု တွေကို ရင်မဆိုင်နိုင်ပဲ နောက်ထပ်အိမ်ထောင်ထူထောင်ဖို့ စဉ်းစားတက်ကြပါတယ်။

ယာက်ျားလေးဆိုရင်လည်း ထိုနည်းတူစွာပါပဲ။ သားသမီး လေးတွေနဲ့ကျန်ခဲ့တဲ့အခါ စားဝတ်နေရေး အတွက် အလုပ်လုပ်ကြရလို့ကလေးတွေကို ပြုစုယုယကြင်နာမှု တွေပေးဖို့အတွက် အချိန်နည်းသွား ပြီး သူတို့ အတွေးထဲမှာ ငါ မိန်းမယူလိုက်ရင် အားလုံး အဆင်ပြေ သွားမှာပဲ ဆိုတဲ့အတွေး ဝင်တက်လာကြပါတယ်။

သူတို့ စဉ်းစား ကြတာ မှန်ပါတယ်။ ဒါပေမဲ့ အဆိုးနဲ့အကောင်းကို တပြိုင်နက်တည်း စဉ်းစားတွေးတောပြီးမှ ကိုယ်ဖြစ်ချင်တာကိုလုပ်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မိရင်းဖရင်းတွတောင် သားသမီးတွေကို မခင်တွယ်ပဲ ချစ်ရကောင်းမှန်း သနားရကောင်းမှန်းမသိ သားသမီးလေးတွေရဲ့ စိတ်ခံစားမှုကိုဦးစားမပေးပဲ သူတို့ရဲ့စိတ်ဆန္ဒကို ဦးစားပေးတဲ့အတွက် အိမ်ထောင်ရေး ဖေါက်ပြန်တာ မျိုး‌တွေရှိကြပါယ်။

တချို့သော မိထွေး ပထွေး လူမဆန်စွာယုတ်မာတာက မဆန်းလောက်ပါဘူး။ သားသမီး လေးတွေ ရဲ့ မျက်နှာကို နဲနဲလေးမှ မငဲ့ကွဲ့ ပဲ တဏှာစိတ်ကိုဦးစားပေးပြီး မယားငယ် လင်ငယ် ယူသွားတဲ့ ကိုယ့်အိမ်ထောင်ဖက် တွေနဲ့ယှဉ်ပြီး

သူတို့တောင် ယူသေးတာပဲ ငါလည်း ယူမယ်ဆိုတဲ့စိတ် ရှိနေရင်တော့ အရင်ဦးဆုံ ကိုယ့်ရဲ့သားသမီးလေး တွေ မိမဲ့ ဖမဲ့ နေရရှာပြီး ပတ်ဝန်းကျင်မှာ မျက်နှာငယ်စွာ ရပ်တည်ရမှာကို မြင်ယောင်ကြည့်သင့်ပါတယ်။

အမှားအမှန် ကို ခွဲခြား ဝေဖန်တက်အောင် အရင်ဆုံး ကိုယ်ရဲ့နောက်အိမ်ထာင်ကို စိတ်ကူးနဲ့ တည်ဆောက်ကြည့်ပါ။ နောက်ထပ် ငါယူမဲ့ ငါ့အိမ်ထောင်ကရော ငါ့သားသမီးတွေအပေါ် ဘယ်လောက်ကောင်းနိုင် သည်းညည်းခံနိုင်မလဲဆိုတာ အရင်ဆုံး စဉ်းစား‌တွေးတောစေချင်ပါတယ်။

တချို့သော အိမ်ထောင်ရေး အဆင်မပြေလို့ ကွဲသွားကြပြီး နောက် အိမ်ထောင်ထူလိုက်တဲ့ သူတွေ ရဲ့ သားသမီး လေးတွေမှာ ယုတ်မာတဲ့ မိထွေး/ပထွေး ဆိုးတွေ နဲ့ တွေ့ကြုံ ရပြီး သူတို့ရဲ့အနိုင်ကျင့်နှိပ်စက် စော်ကားမှုဒဏ်တွေကို တကယ် လက်တွေ့မြင်ဖူးကြပါလိမ့်မယ်။

ခုခေတ် တဏှာနဲ့ပက်သက်တဲ့ ရာဇဝတ်မှု အမျိုးမျိုးaတွ ဖြစ်aနကြတာကိုလည်း ကြားသိကြ လောက်ရောပေါ့။ တကယ်ရှိလို့လဲ တကယ်ဖြစ်လာတာပါ။ တဏှာစိတ်ပြင်းပြလာရင် ကိုယ့်သမီး အရင်းဖြစ်တဲ့ လူမမယ်ကလေးကိုတောင် လူစိတ်ပျောက်ပြီး ခွေးစိတ်ဝင်ကာ စော်ကားမှု တွေ ရှိတဲ့အပြင်

တချို့‌သောလူတွေ အသက်ကြီးကြီး /ငယ်ငယ် လူယုတ်မာဆိုတာ(ဂျို)မပါပါဘူး။ ဘယ်လောက်ပဲ ရင်းနှီးနှီး ဘယ်လောက်ပဲ ဆွေမျိုးတော်တော် ဘယ်သူ့ကိုမှ ယုံကြည်စရာ မလိုပဲ ကိုယ့်သားသမီးကိုလည်း လက်လွတ်စပါယ် လုံးဝမထားဖို့ သတိပြု‌စေချင်ပါတယ်။

တချို့သော အိမ်ထောင်သစ် ထူထောင်လိုက်တဲ့ မိန်းမတွေရဲ့ နောက်အိမ်ထောင်ဖြစ်တဲ့ ပထွေးက သူအိပ်နေတဲ့အချိန် မှာပဲ ဖြစ်ဖြစ် ဈေးသွားနေတဲ့အချိန်ပဲဖြစ်ဖြစ်သူ့သမီး လေးကိုစော်ကားမှု ဖြစ်သွားတဲ့အခါ မိဘတွေရင်ထဲ မချိအောင် ခံစားနေရတာကို

ဥပမာယူပြီး မိမိရဲ့စိတ်ခံစားမှုကို ရှေ့တန်းမတင်ပဲ အိမ်ထောင်ရေးကို အတက်နိုင်ဆုံး မပြိုကွဲရအောင် ထိန်းသိမ်းစောင့်ရှောက်ရင်း သားသမီးလေးတွေရဲ့လူမှုဘဝတိုးတက်မြင့်မား ကောင်းစားဖို့အတွက်ကိုသာ ရှေးရှု၍ ပျော်ရွင်သောမိသားစုဘဝကို ရေရှည်တည်တံ့ခိုင်မြဲအောင် တည်ဆောက်နိုင်ကြပါစေ။

Original Writer

Be the first to comment

Leave a Reply

Your email address will not be published.


*