တစ္ကိုယ္တည္းဘ၀နဲ႕ ဘ၀ကို ႀကိဳးစား႐ုန္းကန္ေနရသူမ်ား အတြက္ အားေပးစကား ( ၅ ) ခြန္း

တစ္ကိုယ္တည္းဘ၀နဲ႕ ဘ၀ကို ႀကိဳးစား႐ုန္းကန္ေနရသူမ်ား အတြက္ အားေပးစကား ( ၅ ) ခြန္း
တစ္ကိုယ္တည္းဘ၀နဲ႕ ဘ၀ကို ႀကိဳးစား႐ုန္းကန္ေနရသူမ်ား အတြက္ အားေပးစကား ( ၅ ) ခြန္း

တစ္ကိုယ္တည္းဘ၀နဲ႕ ဘ၀ကို ႀကိဳးစား႐ုန္းကန္ေနရသူမ်ား အတြက္ အားေပးစကား ( ၅ ) ခြန္း

လူတိုင္းဟာ ေက်ာေထာက္ေနာက္ခံေကာင္း ရွိခ်င္မွရွိမယ္၊ တိုင္ပင္စရာလူ အားကိုးစရာလူ ရွိခ်င္မွရွိလိမ့္မယ္။

ဒီစာေလးဟာ ဘဝကို တစ္ကိုယ္တည္း႐ုန္းကန္ေနရတဲ့သူေတြ အားလုံးအတြက္ စိတ္ဓာတ္ခြန္အားျဖစ္ေစမယ္လို႔ ေမွ်ာ္လင့္မိပါတယ္။

(၁) စိတ္မေလွ်ာ့လိုက္ပါနဲ႔

တစ္ခါတေလ ဘဝမွာ အရႈံးေတြခ်ည္းပဲ ဆက္တိုက္ႀကဳံရတဲ့အခ်ိန္ေတြရွိတတ္ပါတယ္။ ဒါေပမယ့္ အဲလိုအခ်ိန္ေတြမွာ လုံးဝစိတ္မေလွ်ာ့လိုက္ပါနဲ႔။

ဒုကၡေတြဆိုတာ ခဏေလးဆိုမွ ခဏေလးပါပဲ။ ဒီတစ္ခါေက်ာ္လႊားႏိုင္လိုက္တာနဲ႔ ေအာင္ျမင္မႈ႕ေတြလာေတာ့မွာျဖစ္တာေၾကာင့္ စိတ္ေလွ်ာ့ဖို႔ လုံးဝမစဥ္းစားလိုက္ပါနဲ႔။

ေအာင္ျမင္မႈ႕ဆိုတာ ဆုံးရႈံးမႈ႕နဲ႔ လက္တစ္ကမ္းမွာပဲ ရွိတာေၾကာင့္ လက္တစ္ကမ္းအလိုမွာ ခဲေလသမွ် သဲေရက်ျဖစ္သြားမွာစိုးလို႔ပါ။

(၂) လဲရင္ျပန္ထပါ

ဘဝဆိုတာ အႀကိမ္ႀကိမ္လဲၿပီး အႀကိမ္ႀကိမ္ျပန္ထမွ ပိုၿပီး အဓိပၸါယ္ရွိသြားတာပါ။ မလဲဖူးတဲ့သူ တစ္ေယာက္မွ မရွိပါဘူး။

အခုျမင္ေတြ႕ေနရတဲ့ ေအာင္ျမင္ေနတဲ့၊ ထိပ္ကိုေရာက္ေနတဲ့သူေတြအားလုံးဟာ ေလာကဓံရဲ႕ အ႐ိုက္အပုတ္၊ အထုအေထာင္းေတြကို လွိမ့္ေနေအာင္ခံရၿပီးမွ

အဲလိုေနရာကို ေရာက္သြားၾကတာပါ။ လဲက်တိုင္းသာ သူတို႔ ျပန္မထခဲ့ဘူးဆိုရင္ အဲလိုေနရာေရာက္မွာ မဟုတ္ဘူးဆိုတာ သင္သိမွာပါ။

(၃) အရႈံးထဲကအျမတ္ယူပါ

ဘဝမွာ ခက္ခဲၾကမ္းတမ္းၿပီး ခါးသီးမႈ႕ေတြ အမ်ားႀကီးကို ရင္ဆိုင္ႀကဳံေတြ႕ရမွာပါ။ ဒါေပမယ့္ အဲလို အခ်ိန္မ်ိဳးမွာ သင္သိထားရမွာက အဆိုးတိုင္းမွာ အေကာင္းတစ္ခုခု အၿမဲ ဒြန္တြဲလ်က္ ရွိတယ္။

အနည္းဆုံးေတာ့ သင့္ကို အေတြ႕အႀကဳံသစ္တစ္ခုရေစသလို၊ ခံႏိုင္ရည္စြမ္းကိုလည္း ပိုျမင့္လာေစပါတယ္။

ဒါကိုက ျမတ္ေနၿပီမဟုတ္လား။ တျခားအျမတ္ေတြလည္း အမ်ားႀကီးရွိပါေသးတယ္။ ယူတတ္ေအာင္ယူပါ။

(၄) ေဝမွ်ပါ

သင့္ဘဝဟာ ဘယ္ေလာက္ပဲ ခက္ခဲေနပါေစ၊ သင့္ထက္ ပိုခက္ခဲတဲ့သူေတြ အမ်ားႀကီးရွိပါတယ္။ ဒါေၾကာင့္ သူတစ္ပါးကို ကူညီဖို႔၊ ေဝမွ်ဖို႔ အၿမဲတမ္းစဥ္းစားပါ။

နည္းတာမ်ားတာ အသာထား သူတစ္ပါးကို သင္တတ္ႏိုင္သေလာက္ေလး ကူညီၾကည့္ပါ။ သူတစ္ပါးအတြက္ စဥ္းစားၾကည့္ပါ၊

ဒါဆိုရင္ သင့္ကို ႀကိဳးစားခ်င္စိတ္ေတြ ပိုျဖစ္လာေစၿပီး သူတစ္ပါးကို စိတ္ႀကိဳက္ေပးႏိုင္ ကမ္းႏိုင္လာတဲ့အခါ မွ်ေဝလိုက္လို႔ ရလာတဲ့ ပီတိရဲ႕အရသာကို သင္ ေကာင္းေကာင္း နားလည္သြားမွာပါ။

(၅) စာဖတ္ပါ

ဘဝကို တစ္ေယာက္တည္း ႀကိဳးစား႐ုန္းကန္ၿပီး ကိုယ့္ထူးကိုယ္ခြၽန္ရတဲ့ သူေတြကို အေကာင္းဆုံး ပဲ့ကိုင္ေပးႏိုင္တာကေတာ့ စာအုပ္စာေပေတြပါပဲ။

ဒါေၾကာင့္ သင့္ကို အသိအလိမၼာတိုးေစမယ့္စာေတြ၊ ခြန္အားရွိေစမယ့္စာေတြ၊ လမ္းမွန္ကို ၫႊန္ျပေပးႏိုင္မယ့္ စာေတြကို အၿမဲတမ္းဖတ္ပါ၊ အခ်ိန္ေပးၿပီး ဖတ္ပါ။ ဒါဆိုရင္ က်ိန္းေသေပါက္ သင္ေအာင္ျမင္လာမွာပါ။

Unicode

တစ်ကိုယ်တည်းဘဝနဲ့ ဘဝကို ကြိုးစားရုန်းကန်နေရသူများ အတွက် အားပေးစကား ( ၅ ) ခွန်း

လူတိုင်းဟာ ကျောထောက်နောက်ခံကောင်း ရှိချင်မှရှိမယ်၊ တိုင်ပင်စရာလူ အားကိုးစရာလူ ရှိချင်မှရှိလိမ့်မယ်။

ဒီစာလေးဟာ ဘဝကို တစ်ကိုယ်တည်းရုန်းကန်နေရတဲ့သူတွေ အားလုံးအတွက် စိတ်ဓာတ်ခွန်အားဖြစ်စေမယ်လို့ မျှော်လင့်မိပါတယ်။

(၁) စိတ်မလျှော့လိုက်ပါနဲ့

တစ်ခါတလေ ဘဝမှာ အရှုံးတွေချည်းပဲ ဆက်တိုက်ကြုံရတဲ့အချိန်တွေရှိတတ်ပါတယ်။ ဒါပေမယ့် အဲလိုအချိန်တွေမှာ လုံးဝစိတ်မလျှော့လိုက်ပါနဲ့။

ဒုက္ခတွေဆိုတာ ခဏလေးဆိုမှ ခဏလေးပါပဲ။ ဒီတစ်ခါကျော်လွှားနိုင်လိုက်တာနဲ့ အောင်မြင်မှု့တွေလာတော့မှာဖြစ်တာကြောင့် စိတ်လျှော့ဖို့ လုံးဝမစဉ်းစားလိုက်ပါနဲ့။

အောင်မြင်မှု့ဆိုတာ ဆုံးရှုံးမှု့နဲ့ လက်တစ်ကမ်းမှာပဲ ရှိတာကြောင့် လက်တစ်ကမ်းအလိုမှာ ခဲလေသမျှ သဲရေကျဖြစ်သွားမှာစိုးလို့ပါ။

(၂) လဲရင်ပြန်ထပါ

ဘဝဆိုတာ အကြိမ်ကြိမ်လဲပြီး အကြိမ်ကြိမ်ပြန်ထမှ ပိုပြီး အဓိပ္ပါယ်ရှိသွားတာပါ။ မလဲဖူးတဲ့သူ တစ်ယောက်မှ မရှိပါဘူး။

အခုမြင်တွေ့နေရတဲ့ အောင်မြင်နေတဲ့၊ ထိပ်ကိုရောက်နေတဲ့သူတွေအားလုံးဟာ လောကဓံရဲ့ အရိုက်အပုတ်၊ အထုအထောင်းတွေကို လှိမ့်နေအောင်ခံရပြီးမှ

အဲလိုနေရာကို ရောက်သွားကြတာပါ။ လဲကျတိုင်းသာ သူတို့ ပြန်မထခဲ့ဘူးဆိုရင် အဲလိုနေရာရောက်မှာ မဟုတ်ဘူးဆိုတာ သင်သိမှာပါ။

(၃) အရှုံးထဲကအမြတ်ယူပါ

ဘဝမှာ ခက်ခဲကြမ်းတမ်းပြီး ခါးသီးမှု့တွေ အများကြီးကို ရင်ဆိုင်ကြုံတွေ့ရမှာပါ။ ဒါပေမယ့် အဲလို အချိန်မျိုးမှာ သင်သိထားရမှာက အဆိုးတိုင်းမှာ အကောင်းတစ်ခုခု အမြဲ ဒွန်တွဲလျက် ရှိတယ်။

အနည်းဆုံးတော့ သင့်ကို အတွေ့အကြုံသစ်တစ်ခုရစေသလို၊ ခံနိုင်ရည်စွမ်းကိုလည်း ပိုမြင့်လာစေပါတယ်။

ဒါကိုက မြတ်နေပြီမဟုတ်လား။ တခြားအမြတ်တွေလည်း အများကြီးရှိပါသေးတယ်။ ယူတတ်အောင်ယူပါ။

(၄) ဝေမျှပါ

သင့်ဘဝဟာ ဘယ်လောက်ပဲ ခက်ခဲနေပါစေ၊ သင့်ထက် ပိုခက်ခဲတဲ့သူတွေ အများကြီးရှိပါတယ်။ ဒါကြောင့် သူတစ်ပါးကို ကူညီဖို့၊ ဝေမျှဖို့ အမြဲတမ်းစဉ်းစားပါ။

နည်းတာများတာ အသာထား သူတစ်ပါးကို သင်တတ်နိုင်သလောက်လေး ကူညီကြည့်ပါ။ သူတစ်ပါးအတွက် စဉ်းစားကြည့်ပါ၊

ဒါဆိုရင် သင့်ကို ကြိုးစားချင်စိတ်တွေ ပိုဖြစ်လာစေပြီး သူတစ်ပါးကို စိတ်ကြိုက်ပေးနိုင် ကမ်းနိုင်လာတဲ့အခါ မျှဝေလိုက်လို့ ရလာတဲ့ ပီတိရဲ့အရသာကို သင် ကောင်းကောင်း နားလည်သွားမှာပါ။

(၅) စာဖတ်ပါ

ဘဝကို တစ်ယောက်တည်း ကြိုးစားရုန်းကန်ပြီး ကိုယ့်ထူးကိုယ်ချွန်ရတဲ့ သူတွေကို အကောင်းဆုံး ပဲ့ကိုင်ပေးနိုင်တာကတော့ စာအုပ်စာပေတွေပါပဲ။

ဒါကြောင့် သင့်ကို အသိအလိမ္မာတိုးစေမယ့်စာတွေ၊ ခွန်အားရှိစေမယ့်စာတွေ၊ လမ်းမှန်ကို ညွှန်ပြပေးနိုင်မယ့် စာတွေကို အမြဲတမ်းဖတ်ပါ၊ အချိန်ပေးပြီး ဖတ်ပါ။ ဒါဆိုရင် ကျိန်းသေပေါက် သင်အောင်မြင်လာမှာပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*