ညိဳမည္းေနတဲ့ မ်က္ဝန္းေတြကို သက္သာေပ်ာက္ကင္းေစဖို႔ သဘာဝနည္းလမ္းေကာင္းမ်ား

ညိဳမည္းေနတဲ့ မ်က္ဝန္းေတြကို သက္သာေပ်ာက္ကင္းေစဖို႔
ညိဳမည္းေနတဲ့ မ်က္ဝန္းေတြကို သက္သာေပ်ာက္ကင္းေစဖို႔

ညိဳမည္းေနတဲ့ မ်က္ဝန္းေတြကို သက္သာေပ်ာက္ကင္းေစဖို႔ သဘာဝနည္းလမ္းေကာင္းမ်ား

မ်က္လုံးေအာက္မွာ မ်က္ကြင္းညိဳရျခင္းရဲ႕ ေနာက္ကြယ္က အေၾကာင္းရင္းဟာ လူေပၚမူတည္ၿပီး ကြဲျပားပါတယ္။ သို႔ေသာ္ မ်က္လုံးေအာက္မွာ ဒီလိုအမည္းရိပ္ျဖစ္ရတဲ့ အေၾကာင္းရင္းတစ္ခုက hyperpigmentation ကို ျဖစ္ေပၚေစေသာ ေသြးေၾကာေတြမွာ အခမဲ့စီးဆင္းေနတဲ့ ေအာက္ဆီဂ်င္မရွိျခင္းေၾကာင့္ျဖစ္ေပၚပါတယ္။

Hyperpigmentation ကို မယ္လနင္လို႔ေခၚတဲ့ အမိုင္ႏိုအက္ဆစ္မွ ထုတ္လုပ္ပါတယ္။ မ်က္အိတ္ေတြလို႔ လူသိမ်ားတဲ့အရာက လူတစ္ေယာက္ရဲ႕ မ်က္လုံးေတြကို သတိလက္လြတ္ပြတ္ျခင္း၊ ေနေရာင္အလြန္အကြၽံထိေတြ႕ျခင္း (သို႔) အိပ္စက္မႈ မလုံေလာက္ျခင္း တို႔ေၾကာင့္ျဖစ္ႏိုင္ပါတယ္။

ၿပီးေတာ့ အိုမင္းျခင္းႏွင့္ မ်ိဳး႐ိုးဗီဇဆိုင္ရာ တျခားအခ်က္ေတြေၾကာင့္လည္း ျဖစ္ေပၚပါတယ္။ ဒါ့အျပင္ dark circles ေတြက အလာ့ဂ်စ္၊ ႏွင္းခူ၊ အေရျပားေရာင္ရမ္းျခင္းႏွင့္ ေသြးအားနည္းေရာဂါ စတဲ့က်န္းမာေရးအေျခအေနေၾကာင့္လည္း ျဖစ္ေပၚႏိုင္ပါတယ္။

သူတို႔ကို ဘယ္လိုတြန္းလွန္မလဲ? Melaninက ကြၽန္မတို႔ရဲ႕ အသားအေရ၊ ဆံပင္၊ မ်က္လုံးနဲ႔ ခႏၶာကိုယ္ရဲ႕ တစ္ခ်ိဳ႕အစိတ္အပိုင္းအေရာင္ေတြကို ျဖစ္ေပၚေစျခင္းအတြက္ တာဝန္ရွိေသာ ကြၽန္မတို႔ ကိုယ္ခႏၶာအတြင္းရွိ သဘာဝအညိဳေရာင္ (သို႔) အနက္ေရာင္ျခယ္ပစၥည္းျဖစ္ပါတယ္။

ဒါ့ေၾကာင့္ သင့္မ်က္လုံးေအာက္မွာ မယ္လနင္အလြန္အကြၽံ ဝင္ေရာက္ျခင္းကေန တားဆီးႏိုင္တဲ့ နည္းလမ္းအခ်ိဳ႕ကို ေအာက္မွာ ေဖာ္ျပေပးလိုက္ပါတယ္။

၁။ သင့္ေလ်ာ္တဲ့ အိပ္စက္ပုံအေနအထားကို ေလ့က်င့္ပါ

ေျဖာင့္မတ္တဲ့ အေနအထားနဲ႔ အိပ္ျခင္းက မို႔ေဖာင္းတာကို တားဆီးႏိုင္ပါတယ္။ သင္အိပ္ေပ်ာ္ေနစဥ္မွာ အထူးသျဖင့္ flat position အတိုင္းအိပ္တဲ့အခါ အရည္ေတြက မ်က္လုံးေအာက္မွာ စုေဆာင္းႏိုင္ပါတယ္။ ဦးေခါင္းကို အနည္းငယ္ျမႇင့္ထားျခင္းျဖင့္ ထိုအရည္ေတြ တည္ေဆာက္မႈကို တားဆီးႏိုင္ပါတယ္။ မနက္ခင္းမွာ ေကာင္းစြာ အနားယူထားတဲ့ မ်က္ႏွာအသြင္အျပင္မ်ိဳး က်န္ေနပါလိမ့္မယ္။

၂။ ေနေရာင္ျခည္ တိုက္႐ိုက္ထိေတြ႕တာ ေရွာင္ပါ

ဘယ္အေရျပားအထူးကုဆရာဝန္မဆို သင့္မ်က္ႏွာကို ေနေရာင္ျခည္နဲ႔ မထိေတြ႕ေစဖို႔ ေျပာပါလိမ့္မယ္။ ေနေရာင္ျခည္က ကြၽန္မတို႔အေရျပားကို ျမန္ျမန္အိုမင္းေစယုံသာမက အႏၲရာယ္ရွိေသာ ခရမ္းလြန္ေရာင္ျခည္ေတြက အေရျပားကို ပ်က္စီးေစပါတယ္။ အေရျပားအိုမင္းျခင္းက ေရာင္ရမ္းျခင္းႏွင့္ မ်က္ကြင္းေအာက္ အညိဳအမည္းေတြကို ျဖစ္ေပၚေစပါတယ္။ ေနပူထဲထြက္မယ္ဆိုရင sunscreen လိမ္းပါ။ ဦးထုပ္ေဆာင္းပါ။

၃။ သဘာဝပစၥည္းေတြနဲ႔ စမ္းၾကည့္ပါ

သခြားသီးႏွင့္ လက္ဖက္အိတ္လို အိမ္မွာအလြယ္ရွာေတြ႕ႏိုင္တဲ့ ပစၥည္းေတြက မ်က္အိတ္ ျဖစ္ေပၚျခင္းကို တိုက္ထုတ္ရာမွာ အက်ိဳးရွိပါတယ္။ သခြားသီးက ေအးျမျခင္းႏွင့္ ေရာင္ရမ္းျခင္းကို ဆန႔္က်င္တဲ့ ဂုဏ္သတၱိရွိၿပီး လက္ဖက္အိတ္မွာပါတဲ့ caffeine နဲ႔ tannins က အသားအေရကို တင္းက်ပ္မႈနဲ႔ ေရာင္ရမ္းမႈကို ေလွ်ာ့ခ်ေပးပါတယ္။ သခြားသီး (သို႔) လက္ဖက္အိတ္ေတြကို ၅ မိနစ္စီကပ္ေပးပါ။

၄။ ေရခဲကပ္ေပးပါ

သခြားသီးေအးေအးေလးနဲ႔ လက္ဖက္အိတ္ေတြ ကပ္တဲ့နည္းလိုပဲ ေရခဲတုံး၊ ေရခဲဝတ္ကပ္ေပးျခင္းက မ်က္အိတ္ေဖာင္းျခင္းႏွင့္ မ်က္ကြင္းညိဳျခင္းကို ေလ်ာ့ခ်ႏိုင္ပါတယ္။ ေရခဲလိမ္းေပးျခင္းက အေရျပားကုစားျခင္းကို ပိုမိုျမန္ဆန္ေစၿပီး အသားအေရကို အသစ္တဖန္ ျပန္လည္က်န္းမာလာေစပါတယ္။

၅။ အလုံအေလာက္အိပ္စက္ပါ

ကြၽန္မတို႔ခႏၶာကိုယ္ဟာ အိပ္စက္ျခင္းကင္းမဲ့တဲ့အခါ အသားအေရ ပိုျဖဴေရာ္လာပါတယ္။ မ်က္လုံးေအာက္မည္းျခင္းကို ပိုသိသာလာေစပါတယ္။ မ်က္လုံးေအာက္ရွိ အေရျပားက အရမ္းပါးလႊာတာေၾကာင့္ ပင္ပန္းႏြမ္းနယ္မႈကေန အလြယ္တကူ မည္းလာႏိုင္ပါတယ္၊ အ႐ြယ္ေရာက္သူေတြအေနနဲ႔ မ်က္ႏွာကို လ္းလန္းဆန္းျဖစ္ေစဖို႔ အနည္းဆုံး ၇နာရီမွ ၉နာရီအိပ္စက္ဖို႔ အေရးႀကီးပါတယ္။

၆။ moisturizers လိမ္းပါ

မ်က္ႏွာကို အဆီ၊ moisturizers ေတြနဲ႔ အစိုဓါတ္ျဖည့္ေပးျခင္းက လိုင္းေတြနဲ႔ အေရးအေၾကာင္းျဖစ္တာေတြကို တားဆီးေပးပါတယ္။ antioxidants ပါဝင္မႈျမင့္မားတဲ့ မ်က္ႏွာအလွကုန္ေတြကို ေ႐ြးခ်ယ္ပါ။

မ်က္ႏွာေပၚမွာ တစ္ခုခုလိမ္းတဲ့အခါ ႏွိပ္နယ္ေပးတဲ့ လႈပ္ရွားမႈက ေသြးလည္ပတ္မႈကို ပိုေကာင္းေစပါတယ္။ ေန႔စဥ္ moisturizers အတြက္ လူႀကိဳက္မ်ားတဲ့ ေ႐ြးခ်ယ္မႈေတြကVitamin E (သို႔) C cream ၊ ဗာဒံဆီနဲ႔ အုန္းဆီတို႔ျဖစ္ပါတယ္။

Unicode

ညိုမည်းနေတဲ့ မျက်ဝန်းတွေကို သက်သာပျောက်ကင်းစေဖို့ သဘာဝနည်းလမ်းကောင်းများ

မျက်လုံးအောက်မှာ မျက်ကွင်းညိုရခြင်းရဲ့ နောက်ကွယ်က အကြောင်းရင်းဟာ လူပေါ်မူတည်ပြီး ကွဲပြားပါတယ်။ သို့သော် မျက်လုံးအောက်မှာ ဒီလိုအမည်းရိပ်ဖြစ်ရတဲ့ အကြောင်းရင်းတစ်ခုက hyperpigmentation ကို ဖြစ်ပေါ်စေသော သွေးကြောတွေမှာ အခမဲ့စီးဆင်းနေတဲ့ အောက်ဆီဂျင်မရှိခြင်းကြောင့်ဖြစ်ပေါ်ပါတယ်။

Hyperpigmentation ကို မယ်လနင်လို့ခေါ်တဲ့ အမိုင်နိုအက်ဆစ်မှ ထုတ်လုပ်ပါတယ်။ မျက်အိတ်တွေလို့ လူသိများတဲ့အရာက လူတစ်ယောက်ရဲ့ မျက်လုံးတွေကို သတိလက်လွတ်ပွတ်ခြင်း၊ နေရောင်အလွန်အကျွံထိတွေ့ခြင်း (သို့) အိပ်စက်မှု မလုံလောက်ခြင်း တို့ကြောင့်ဖြစ်နိုင်ပါတယ်။

ပြီးတော့ အိုမင်းခြင်းနှင့် မျိုးရိုးဗီဇဆိုင်ရာ တခြားအချက်တွေကြောင့်လည်း ဖြစ်ပေါ်ပါတယ်။ ဒါ့အပြင် dark circles တွေက အလာ့ဂျစ်၊ နှင်းခူ၊ အရေပြားရောင်ရမ်းခြင်းနှင့် သွေးအားနည်းရောဂါ စတဲ့ကျန်းမာရေးအခြေအနေကြောင့်လည်း ဖြစ်ပေါ်နိုင်ပါတယ်။

သူတို့ကို ဘယ်လိုတွန်းလှန်မလဲ? Melaninက ကျွန်မတို့ရဲ့ အသားအရေ၊ ဆံပင်၊ မျက်လုံးနဲ့ ခန္ဓာကိုယ်ရဲ့ တစ်ချို့အစိတ်အပိုင်းအရောင်တွေကို ဖြစ်ပေါ်စေခြင်းအတွက် တာဝန်ရှိသော ကျွန်မတို့ ကိုယ်ခန္ဓာအတွင်းရှိ သဘာဝအညိုရောင် (သို့) အနက်ရောင်ခြယ်ပစ္စည်းဖြစ်ပါတယ်။

ဒါ့ကြောင့် သင့်မျက်လုံးအောက်မှာ မယ်လနင်အလွန်အကျွံ ဝင်ရောက်ခြင်းကနေ တားဆီးနိုင်တဲ့ နည်းလမ်းအချို့ကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

၁။ သင့်လျော်တဲ့ အိပ်စက်ပုံအနေအထားကို လေ့ကျင့်ပါ

ဖြောင့်မတ်တဲ့ အနေအထားနဲ့ အိပ်ခြင်းက မို့ဖောင်းတာကို တားဆီးနိုင်ပါတယ်။ သင်အိပ်ပျော်နေစဉ်မှာ အထူးသဖြင့် flat position အတိုင်းအိပ်တဲ့အခါ အရည်တွေက မျက်လုံးအောက်မှာ စုဆောင်းနိုင်ပါတယ်။ ဦးခေါင်းကို အနည်းငယ်မြှင့်ထားခြင်းဖြင့် ထိုအရည်တွေ တည်ဆောက်မှုကို တားဆီးနိုင်ပါတယ်။ မနက်ခင်းမှာ ကောင်းစွာ အနားယူထားတဲ့ မျက်နှာအသွင်အပြင်မျိုး ကျန်နေပါလိမ့်မယ်။

၂။ နေရောင်ခြည် တိုက်ရိုက်ထိတွေ့တာ ရှောင်ပါ

ဘယ်အရေပြားအထူးကုဆရာဝန်မဆို သင့်မျက်နှာကို နေရောင်ခြည်နဲ့ မထိတွေ့စေဖို့ ပြောပါလိမ့်မယ်။ နေရောင်ခြည်က ကျွန်မတို့အရေပြားကို မြန်မြန်အိုမင်းစေယုံသာမက အန္တရာယ်ရှိသော ခရမ်းလွန်ရောင်ခြည်တွေက အရေပြားကို ပျက်စီးစေပါတယ်။ အရေပြားအိုမင်းခြင်းက ရောင်ရမ်းခြင်းနှင့် မျက်ကွင်းအောက် အညိုအမည်းတွေကို ဖြစ်ပေါ်စေပါတယ်။ နေပူထဲထွက်မယ်ဆိုရင sunscreen လိမ်းပါ။ ဦးထုပ်ဆောင်းပါ။

၃။ သဘာဝပစ္စည်းတွေနဲ့ စမ်းကြည့်ပါ

သခွားသီးနှင့် လက်ဖက်အိတ်လို အိမ်မှာအလွယ်ရှာတွေ့နိုင်တဲ့ ပစ္စည်းတွေက မျက်အိတ် ဖြစ်ပေါ်ခြင်းကို တိုက်ထုတ်ရာမှာ အကျိုးရှိပါတယ်။ သခွားသီးက အေးမြခြင်းနှင့် ရောင်ရမ်းခြင်းကို ဆန့်ကျင်တဲ့ ဂုဏ်သတ္တိရှိပြီး လက်ဖက်အိတ်မှာပါတဲ့ caffeine နဲ့ tannins က အသားအရေကို တင်းကျပ်မှုနဲ့ ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။ သခွားသီး (သို့) လက်ဖက်အိတ်တွေကို ၅ မိနစ်စီကပ်ပေးပါ။

၄။ ရေခဲကပ်ပေးပါ

သခွားသီးအေးအေးလေးနဲ့ လက်ဖက်အိတ်တွေ ကပ်တဲ့နည်းလိုပဲ ရေခဲတုံး၊ ရေခဲဝတ်ကပ်ပေးခြင်းက မျက်အိတ်ဖောင်းခြင်းနှင့် မျက်ကွင်းညိုခြင်းကို လျော့ချနိုင်ပါတယ်။ ရေခဲလိမ်းပေးခြင်းက အရေပြားကုစားခြင်းကို ပိုမိုမြန်ဆန်စေပြီး အသားအရေကို အသစ်တဖန် ပြန်လည်ကျန်းမာလာစေပါတယ်။

၅။ အလုံအလောက်အိပ်စက်ပါ

ကျွန်မတို့ခန္ဓာကိုယ်ဟာ အိပ်စက်ခြင်းကင်းမဲ့တဲ့အခါ အသားအရေ ပိုဖြူရော်လာပါတယ်။ မျက်လုံးအောက်မည်းခြင်းကို ပိုသိသာလာစေပါတယ်။ မျက်လုံးအောက်ရှိ အရေပြားက အရမ်းပါးလွှာတာကြောင့် ပင်ပန်းနွမ်းနယ်မှုကနေ အလွယ်တကူ မည်းလာနိုင်ပါတယ်၊ အရွယ်ရောက်သူတွေအနေနဲ့ မျက်နှာကို လ်းလန်းဆန်းဖြစ်စေဖို့ အနည်းဆုံး ၇နာရီမှ ၉နာရီအိပ်စက်ဖို့ အရေးကြီးပါတယ်။

၆။ moisturizers လိမ်းပါ

မျက်နှာကို အဆီ၊ moisturizers တွေနဲ့ အစိုဓါတ်ဖြည့်ပေးခြင်းက လိုင်းတွေနဲ့ အရေးအကြောင်းဖြစ်တာတွေကို တားဆီးပေးပါတယ်။ antioxidants ပါဝင်မှုမြင့်မားတဲ့ မျက်နှာအလှကုန်တွေကို ရွေးချယ်ပါ။

မျက်နှာပေါ်မှာ တစ်ခုခုလိမ်းတဲ့အခါ နှိပ်နယ်ပေးတဲ့ လှုပ်ရှားမှုက သွေးလည်ပတ်မှုကို ပိုကောင်းစေပါတယ်။ နေ့စဉ် moisturizers အတွက် လူကြိုက်များတဲ့ ရွေးချယ်မှုတွေကVitamin E (သို့) C cream ၊ ဗာဒံဆီနဲ့ အုန်းဆီတို့ဖြစ်ပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*