
















Unicode

သားအိမ်ကင်ဆာတောင် ပျောက်တယ်ဆိုတဲ့ နည်း

တို့အမေအတွက် ဆေးတွေ အများကြီး ရောက်လာပါပြီ….

အမေက သားအိမ်ကင်ဆာကို နှစ်ရှည်လများ ခံစားနေရတာပါ….

ဆေးသွင်းလိုက် ဓာတ်ကင်လိုက်နဲ့ ဆေးရုံမပြတ် တက်လိုက် ဆင်းလိုက်နဲ့ ဆရာဝန်စုံအောင် ကုလာရင်းကပဲ ကင်ဆာရောဂါကတော့ တနေ့တခြား တတိတိနဲ့တိုး လာတာ …..

အခုတော့ အဆင့်လွန် ဆိုပီး သမားတော် ကလည်း ခီမို ထပ်သွင်းဖို့ တောင် လက်မခံတော့ပါဘူး ….

ဓာတ်ရောင်ခြည်လည်း တခေါက်ကို ၃၅ ကြိမ်စီ ၂ကြော့ပြန် ကင်ထားပီမို့ ထပ်ကင်လို့ လည်း မရတော့ဘူး တဲ့….

တိုင်းရင်းဆေးလေးတွေ သောက်ကြည့် သင်္ဘောရွက်ထောင်း သောက်ကြည့်ဖို့ အကြံပေးပြီး
အိပ်ဆေးနဲ့ သွေးတိတ်ဆေး နာကျင်ပျောက်ဆေးတွေပဲ ပေးပါတော့တယ်။

အဲ့လိုနဲ့ ဟိုမေးဒီမေး မေးကြရင်းက ပြည်က အမ တဝမ်းကွဲဆီက ကြားတဲ့ ဆေးက လယ်ပုဇွန်လုံး (ဂဏာန်းလုံး) ကို ပေါက်ပန်းဖြူရွက်နဲ့ ချက်စား ရမယ်။

ဇီးဖြူသီး ပြုတ်ရည် နဲ့ ဖန်ရေဆေးတာ ပြုတ်ရည်ထဲ ဝင်စိမ်တာ လုပ်ပေး ရမယ်တဲ့။

လက်တွေ့ ပျောက်သွားတဲ့ အမျိုးသမီးက ပေးလိုက် တဲ့ ဆေးနည်းပါ….

အဲဒါနဲ့ ချက်လဲစားရော ၃ရက်အတွင်း သွေးဆင်းတာ ရပ်သွားတာ အခုထိပါပဲ။ အရင်ကသွေးတိတ်ဆေး မပြတ် သောက်နေတာကို မရပ်လို့ သမားတော်က အစာအိမ်နဲ့ အူလမ်းကြောင်းဆရာဝန်ဆီသွား မှန်ပြောင်းကြည့် ဗိုက်ခွဲ ဆီးအိတ် ဝမ်းအိတ် ထုတ်ထားဖို့တောင် အကြံပြုနေပါပြီ။

ဇီးဖြူသီးပြုတ်ရည် ကလဲ ကောင်းပါတယ် အမေက မစိမ်နိုင်လို့ ရေချိုးတာ ဖန်ရေဆေးတာလေးတွေ လုပ်ရုံနဲ့ တောင် ဆယ်ရက်အတွင်း အကျိတ်တွေနဲ့ ရောင်ရမ်းပြီး အသားမာကြီး ဖြစ်နေတဲ့ ဗိုက်ကော ပေါင်တွေကော အကျိတ်တွေ ပျောက်ပြီးချပ်ရပ်သေးကျုံ့ပြီး ပျော့ဖတ်သွားပါပြီ ……

ခြေတွေလက်တွေ ဖောရောင်နေတာလဲ အကုန်ပျောက်ပြီး အသားအရေ စိုပြေလာပါပြီ။ အမေ့လိုပဲ ကင်ဆာရောဂါဝေဒနာသည်တွေ ဒီစာလေးဖတ်ပြီး အနာနဲ့ ဆေးတွေ့စေချင်လို့ fbပေါ်ဒီpostလေး ရေးတင် လိုက်တာပါ။

အမေကတော့ နောက်ဆုံးအဆင့် ရောက်တဲ့ အထိ ၆နှစ်ကြာမှ ဆေးတွေ့ရတော့ ပျောက်ဖို့တော့ သိပ် မမျှော်လင့် နိုင်ပါဘူး….

ရောဂါခံစားရ သက်သာပြီး အသက်ရှည်ရှည်လေး နေနိုင်ဖို့ပဲ အစွမ်းကုန်ု ကြိုးစား နေကြရတာ။ ဒါ ပေမဲ့ ရောဂါနုသူ ဆို လုံးဝ ပျောက်သွားမယ်လို့ ထင်ပါတယ်ရှင်…..။မူရင်းရေးသားသူကို ခရက်ဒစ်ပေးပါသည်။

 

Be the first to comment

Leave a Reply

Your email address will not be published.


*