လူတိုင္းသိသင့္တဲ့ မိဘဂုဏ္ (၁၃) ပါး

မိဘဂုဏ္ (၁၃) ပါး
မိဘဂုဏ္ (၁၃) ပါး

မိဘဂုဏ္ (၁၃) ပါး

မိဘေမတၱာ ေက်းဇူးတရားေတြကို ခိုင္းႏိူင္းတင္စား စာဖြဲ႕ၾကတာ ေလာကဥပမာ အမ်ိဳးမ်ိဳး အဖုံဖုံပါဘဲ။ တကယ္လဲ ႀကီးမားလွတဲ့ ခိုင္မာတဲ့ ေမတၱာရွင္မ်ား ျဖစ္ပါသည္။

မိဘႏွစ္ပါး၏ ဂုဏ္ေတာ္ (၁၃)ပါးရွိေလသည္။ ၄င္းတို႔မွာ

(၁) သုဟဒယ ဂုဏ္ ဆိုတဲ့ အ႐ိုး ၊ အေၾကာ ၊ အေသြးအသားထဲက စိမ့္ၿပီး သားသၼီးကိုခ်စ္ျခင္း။

(၂) ျဗဟၼာ ဂုဏ္ ဆိုတဲ့ ေမတၱာ၊ ဂ႐ုဏာ၊မုဒိတာ၊ဥေပကၡာ ေလးပါး ႏွင့္ ေစာင့္ေရွာက္ျခင္း။

( ၃) ဇေနတၱိ ဂုဏ္ ဆိုတဲ့ အသက္စြန္႔ၿပီး ေမြးေသာ အေမ၊ အသက္စြန္႔ၿပီး ရွာေကြၽးေသာ အေဖျဖစ္ျခင္း။

(၄) ေပါသက ဂုဏ္ ဆိုတဲ့ ေအးျမၿပီး သန္႔ရွင္းၾကည္လင္ေသာ မိဘ ႏွစ္ပါး၏ အရိပ္ရျခင္း။

(၅) ေပါသနႏၲိ ဂုဏ္ ဆိုတဲ့ ေလပူေနပူ အေအးဒဏ္မ်ိဳးစုံကို ကာကြယ္ၿပီး ျပဳစုေစာင့္ေရွာက္ေပးျခင္း။

(၆)ေဒႆတာရာ ဂုဏ္ ဆိုတဲ့ စကားေျပာသင္ျခင္းမွအစ ဘုရားရွိခိုး နည္း ၊ ဆြမ္းကပ္နည္း ၊ႀကီးသူကို ႐ိုေသ ငယ္သူကို ညႇာတာတတ္ေအာင္ သင္ၾကားေပးျခင္း။

(၇) အာပါဒကာ ဂုဏ္ ဆိုတဲ့ ေဘးရန္ကင္းေစရန္ အသက္စြန္႔ၿပီး ကာကြယ္ေစာင့္ေရွာက္ျခင္း။

(၈) ေတသယႏၲိ ဂုဏ္ ဆိုတဲ့ ေတးသီခ်င္းတို႔ျဖင့္ သံၿငိမ့္ညဴးရင္း ႏွစ္သိမ့္တတ္ျခင္း။

(၉) ပုဗၺာေဒ၀တာ ဂုဏ္ ဆိုတဲ့ အိမ္ဦးနတ္ ဖခင္၊မိခင္ျဖစ္ျခင္း။

(၁၀)ပုဗၺာစရိယ ဂုဏ္ ဆိုတဲ့ လက္ဦးဆရာ မည္ထိုက္စြာ စာရိတၱ မပ်က္စီးေစရန္ ဘာသာေရးႏွင့္
သိမ္းသြင္းျခင္း။

(၁၁)ေဂါပါယႏၲိ ဂုဏ္ ဆိုတဲ့ စား၀တ္ေနေရး၊ ပညာေရး မပူပင္ရ ေအာင္ လုပ္ေဆာင္ေပးေသာ
ေအးေသာ အရိပ္ေပးျခင္း။

(၁၂) အာယုေနယ် ဂုဏ္ ဆိုတဲ့ ပစၥည္းေလးပါးျဖင့္ ကန္ေတာ့ခံရသည့္ ပုဂၢိဳလ္ျဖစ္ျခင္း။

(၁၃)အနာမ႒ ဂုဏ္ ဆိုတဲ့ ရဟန္း ဆြမ္းမဘုဥ္းမေပးမီ မိဘႏွစ္ပါးအား အရင္ဆုံး ဆြမ္းစားေစျခင္း အခြင့္ရရွိေသာ မိဘႏွစ္ပါးျဖစ္ျခင္းတို႔ျဖစ္၏။ Credit. မူရင္းေရးသားပူေဇာ္သူ

Unicode

မိဘဂုဏ် (၁၃) ပါး

မိဘမေတ္တာ ကျေးဇူးတရားတွေကို ခိုင်းနိူင်းတင်စား စာဖွဲ့ကြတာ လောကဥပမာ အမျိုးမျိုး အဖုံဖုံပါဘဲ။ တကယ်လဲ ကြီးမားလှတဲ့ ခိုင်မာတဲ့ မေတ္တာရှင်များ ဖြစ်ပါသည်။

မိဘနှစ်ပါး၏ ဂုဏ်တော် (၁၃)ပါးရှိလေသည်။ ၄င်းတို့မှာ

(၁) သုဟဒယ ဂုဏ် ဆိုတဲ့ အရိုး ၊ အကြော ၊ အသွေးအသားထဲက စိမ့်ပြီး သားသ္မီးကိုချစ်ခြင်း။

(၂) ဗြဟ္မာ ဂုဏ် ဆိုတဲ့ မေတ္တာ၊ ဂရုဏာ၊မုဒိတာ၊ဥပေက္ခာ လေးပါး နှင့် စောင့်ရှောက်ခြင်း။

( ၃) ဇနေတ္တိ ဂုဏ် ဆိုတဲ့ အသက်စွန့်ပြီး မွေးသော အမေ၊ အသက်စွန့်ပြီး ရှာကျွေးသော အဖေဖြစ်ခြင်း။

(၄) ပေါသက ဂုဏ် ဆိုတဲ့ အေးမြပြီး သန့်ရှင်းကြည်လင်သော မိဘ နှစ်ပါး၏ အရိပ်ရခြင်း။

(၅) ပေါသနန္တိ ဂုဏ် ဆိုတဲ့ လေပူနေပူ အအေးဒဏ်မျိုးစုံကို ကာကွယ်ပြီး ပြုစုစောင့်ရှောက်ပေးခြင်း။

(၆)ဒေဿတာရာ ဂုဏ် ဆိုတဲ့ စကားပြောသင်ခြင်းမှအစ ဘုရားရှိခိုး နည်း ၊ ဆွမ်းကပ်နည်း ၊ကြီးသူကို ရိုသေ ငယ်သူကို ညှာတာတတ်အောင် သင်ကြားပေးခြင်း။

(၇) အာပါဒကာ ဂုဏ် ဆိုတဲ့ ဘေးရန်ကင်းစေရန် အသက်စွန့်ပြီး ကာကွယ်စောင့်ရှောက်ခြင်း။

(၈) တေသယန္တိ ဂုဏ် ဆိုတဲ့ တေးသီချင်းတို့ဖြင့် သံငြိမ့်ညူးရင်း နှစ်သိမ့်တတ်ခြင်း။

(၉) ပုဗ္ဗာဒေ၀တာ ဂုဏ် ဆိုတဲ့ အိမ်ဦးနတ် ဖခင်၊မိခင်ဖြစ်ခြင်း။

(၁၀)ပုဗ္ဗာစရိယ ဂုဏ် ဆိုတဲ့ လက်ဦးဆရာ မည်ထိုက်စွာ စာရိတ္တ မပျက်စီးစေရန် ဘာသာရေးနှင့်
သိမ်းသွင်းခြင်း။

(၁၁)ဂေါပါယန္တိ ဂုဏ် ဆိုတဲ့ စား၀တ်နေရေး၊ ပညာရေး မပူပင်ရ အောင် လုပ်ဆောင်ပေးသော
အေးသော အရိပ်ပေးခြင်း။

(၁၂) အာယုနေယျ ဂုဏ် ဆိုတဲ့ ပစ္စည်းလေးပါးဖြင့် ကန်တော့ခံရသည့် ပုဂ္ဂိုလ်ဖြစ်ခြင်း။

(၁၃)အနာမဋ္ဌ ဂုဏ် ဆိုတဲ့ ရဟန်း ဆွမ်းမဘုဉ်းမပေးမီ မိဘနှစ်ပါးအား အရင်ဆုံး ဆွမ်းစားစေခြင်း အခွင့်ရရှိသော မိဘနှစ်ပါးဖြစ်ခြင်းတို့ဖြစ်၏။ Credit. မူရင်းရေးသားပူဇော်သူ

Be the first to comment

Leave a Reply

Your email address will not be published.


*