ဆရာဝန္တစ္ေယာက္ေျပာျပတဲ့ ထိတ္လန႔္စရာ “က်ားေဖာင္”အေၾကာင္း

ဆရာဝန္တစ္ေယာက္ေျပာျပတဲ့ ထိတ္လန႔္စရာ “က်ားေဖာင္”အေၾကာင္း

တကယ္ေတာ့ က်ားေဖာင္ဆိုတာ က်မ ဖ်ာပုံ နဲ႔ က်ဳံကဒြန္းတိုက္နယ္ေဆး႐ုံမွာ တာဝန္က်ထဲက နမည္ဆိုးနဲ႔ေက်ာ္ၾကားလြန္းလို႔ မၾကားခ်င္မျမင္ခ်င္မွ အဆုံးၾကားခဲ့ျမင္ခဲ့ရတယ့္အရာ။

အဲ့ေဒသက လူေတြက ကေလးေတြဆိုးရင္ ေျပာမရရင္ေတာင္ က်ားေဖာင္ေပၚတင္ေပးလိုက္ရမလားလို႔ ေျပာတာ ၾကားဖူးေနၾက။ ေဆး႐ုံကို ပင္လယ္က ျပန္လာလို႔ လာျပရင္ လုပ္သားေတြကိုယ္မွာ ဒဏ္ရာဒဏ္ခ်က္ အျပည့္နဲ႔။ ၿပီးေတာ့ လုပ္သားေလးေတြက လူငယ္ေလးေတြ။

ေမးလိုက္ရင္ မေတာ္တဆ ထိမိတယ္ ဆိုတာခ်ည္းပဲ။ တခါတခါ ေဒါၿငိမ္းအပိုင္က ရန္ျဖစ္လို႔ ဆိုၿပီးေရာက္လာရင္ ျမင္ရတဲ့ဒဏ္ရာေတြက ေတာ္႐ုံေသြးနဲတယ့္ ဆရာဝန္ဆို မူးေမ့ေလာက္တယ္။ ငွက္ႀကီးေတာင္ဓါးနဲ႔ ေခါင္းဟက္တက္ခုတ္ထားတာ။

ၾကည့္မလား။ မ်က္ႏွာကို ဓါးနဲ႔ဖ်က္လွီးထားလို႔ မ်က္လုံးထြက္ေနတာ ၾကည့္မလား။ ဖ်ာပုံကို အကုန္လႊဲရတာ။ အဲ့ဘက္က လာတယ့္လူနာဆို ကိုယ့္မွာ ေၾကာက္လြန္းလို႔။အဲ့တုန္းက 2009ေလာက္ေပါ့။ ဖ်ာပုံဟာ ျမန္မာျပည္မွာ HIV ေရာဂါကူးစက္ခံရသူ အမ်ားဆုံးျဖစ္ဖူးတယ္။

အေၾကာင္းက ၿမိဳ႕ေပၚမွာ ေရာဂါသည္မ်ားတာ မဟုတ္ပဲ။ အဲ့ေတာဘက္နဲ႔ ေဒၚၿငိမ္းအပိုင္ ေရလုပ္သားေတြနဲ႔ သူတို႔မိသားစုဝင္ေတြမွာ ေရာဂါသည္မ်ားတာ။ ေနာက္က် အမ်ိဳးသမီးလူနာေတြကို ေမးၾကည့္ေတာ့ သူတို႔လင္ေတြက ေရလုပ္သားေတြ။ ေရထဲမွာ ၾကာၾကာေနႏိုင္ေအာင္ လုပ္ငန္းရွင္ေတြက အေပ်ာ္မယ္ ေလးေတြကိုပါ ေဖာင္ေပၚတင္ေပးလိုက္တာ။

အဲ့ အေပ်ာ္မယ္ ေလးေတြ အသက္ရွင္ရက္ ျပန္ပါလာလား မလာလား ဘယ္သူမွ မသိဘူးရယ္။အဲ့ေရလုပ္သားဦးစီးဆိုတာေတြက လက္ရဲဇက္ရဲ လူသတ္သမားေတြ။ က်ားေဖာင္က ဦးစီးဆိုရင္ ေဒၚၿငိမ္းက လူတိုင္းရွိန္တယ္။ အလုပ္ျဖစ္ေတာ့ လုပ္ငန္းရွင္ေတြက ဒင္းတို႔ကို မ်ိဳးမ်ိဳးျမက္ျမက္ေပးထားတယ္။ ဒီေတာ့ သူတို႔မိန္းမေတြကလဲ အႀကိဳက္ပဲ။

ေနာက္က် ပင္လယ္ထဲ အကာအကြယ္မဲ့ အေပ်ာ္မယ္ တစ္ေယာက္ ႏွစ္ေယာက္ကို ေဖာင္ေပၚပါတယ့္ လူစုံသုံးၾကေတာ့ ေရာဂါက အကုန္ကူး။ အိမ္ျပန္ေရာက္ေတာ့ မိန္းမဆီေရာဂါကေရာက္။ ဒါေတာင္ အငယ္အေႏွာင္းေတြက ပါေသး။ လုပ္ငန္းရွင္ဆိုတာေတြက ၿမိဳ႕ေပၚဇိမ္နဲ႔ေနတာ။

သူတို႔လုပ္ငန္းေတြနဲ႔ ခုလို လူငယ္ေတြကို ကြၽန္ျပဳတာ ဟိုးထဲက ရွိေနတာ။ အစိုးရပိုင္းဆိုင္ရာက အတိအက်မသိေတာင္ ရိပ္စားမိၾကမွာပဲ။ လုပ္ငန္းရွင္ေတြ ေပးတာေကြၽးတာ စားထားေတာ့ အဲ့ေခတ္က ဘယ္သူမွ အေရးမလုပ္ခဲ့ၾကတာ။ ကိုယ္ေဒေတာင္ သိတယ္ဆိုေပမယ့္ ဘယ့္သူ႔ေမးၿပီး ဘယ့္သူ႔သြားတိုင္ရမယ္မွန္း သိတာမဟုတ္ဘူး။ ဒါက ကိုယ့္ျပည္တြင္းက လူခ်င္းကြၽန္ျပဳတာ။

တခါ ထိုင္ဝမ္ငါးဖမ္းလုပ္ငန္းမွာ လုပ္ဖို႔ဆိုၿပီး ျပည္တြင္းက လူငယ္ေတြကို ပို႔ေပးေနတယ့္ agentေတြ။ ဒင္းတို႔လဲ တရားဝင္လိုင္စင္ရမရ မသိေပမယ့္ လုပ္နည္းခ်င္းတူတူပဲ။ အလုပ္လက္မဲ့ ကေလးေလးေတြ ကိုယ့္ပတ္ဝန္းက်င္မွာ လခေလး တစ္လသုံးသိန္းရမယ္ဆိုလို႔ လိုက္သြားတယ္။

ဗီဇာတို႔ ပတ္ပိုစ့္တို႔ စသျဖင့္ လုပ္ရမယ္ဆိုၿပီး ဆယ္သိန္းေပးရတယ္။ ဟိုက် က်ားေဖာင္ေလာက္ မဆိုးေပမယ့္ မေသ႐ုံတမယ္ေကြၽးၿပီး အေသခိုင္းတယ္။ကေလးတစ္ေယာက္ဆို လက္နဲ႔ပိုက္ညိၿပီး ကြဲထြက္သြားတာကိုေတာင္ မကုေပးပဲ ဆက္ခိုင္းတယ္။ ကိုယ့္အသိထဲက ျပန္လာတယ့္ ကေလးေလး တကိုယ္လုံးအနာအျပည့္နဲ႔ ဆယ္လလုံး ေရမခ်ိဳးခဲ့ရဘူး။

မေသ႐ုံေလး စားခဲ့ရတယ္။ လက္က ဒဏ္ရာေၾကာင့္ ခုထိ အေက်ာထိၿပီး ဘာမွ မဆုပ္ကိုင္ႏိုင္ဘူး။ တီဘီပါျဖစ္ၿပီး ႏွစ္ႏွစ္ကုရတယ္။ မိဘဆင္းရဲေတာ့ ဆယ္လထိေတာ့င့္ခံလုပ္ၿပီး ျပန္လာတာေတာင္ ေအးဂ်င့္က ထပ္ေခါင္းပုံျဖတ္တယ္။ ဒါေတြလဲ ေခတ္သစ္ကြၽန္ျပဳေနတာေတြပဲေလ။ က်မတို႔ဆီမွာ စီးပြားေရးနဲ႔ပတ္သက္ၿပီး ခြၽတ္ၿခဳံက်လြန္းေတာ့ ေအာက္ေျခလူတန္းစားမွာ မခ်ိေအာင္ခံေနရတာေတြ ပုံလို႔။

တိုင္းျပည္ကို ဆင္းရဲတြင္းက ကယ္ဖို႔ဆိုတာ စစ္ပြဲေတြရပ္မွ၊ စီးပြားေရးနဲ႔ပတ္သက္တယ့္ မူဝါဒေတြ ခိုင္ခိုင္မာမာရွိမွ အဲ့ဒါေတြမရွိပဲ ျပည္ပရင္းႏွီးျမဳပ္ႏွံဖို႔ လက္ခံျပန္ေတာ့လဲ ကိုယ့္စီလာ လုပ္စားသြားတာပဲ ရွိမယ္။ ဒါ့ေၾကာင့္ ျပည္သူေတြကို ေျပာခ်င္တာ သူမ်ားေယာင္တိုင္း လိုက္ေယာင္ၿပီး

ကိုယ္ဘာမွ မလုပ္ေပးႏိုင္မွာေတြကို အာ႐ုံစိုက္ရင္း မ်ိဳးခ်စ္ျပေနတာထက္ ကိုယ္ႏိုင္တဲ့ဘက္က တတ္ႏိုင္သေလာက္ က်ားေဖာင္ကိစၥလို ဟာမ်ိဳးမွာ အသံထုတ္သင့္တယ္။ လာမယ့္ေ႐ြးေကာက္ပြဲမွာလဲ ပညာရွင္ေတြ လူမွန္ေနရာမွန္ ေရာက္ႏိုင္ေရးကို ေရွးရႈမဲေပးသင့္တယ္။

မဟုတ္ရင္ ေသာက္တလြဲေတြ ေပၚပင္ေတြေျပာရင္း မဲခ်ဴမဲ့ဟာေတြလက္ထဲ ေနာက္ငါးႏွစ္ ေနရတာပဲ အဖတ္တင္လိမ့္မယ္။

Credit MarOo

===

Unicode

ဆရာဝန်တစ်ယောက်ပြောပြတဲ့ ထိတ်လန့်စရာ “ကျားဖောင်”အကြောင်း

တကယ်တော့ ကျားဖောင်ဆိုတာ ကျမ ဖျာပုံ နဲ့ ကျုံကဒွန်းတိုက်နယ်ဆေးရုံမှာ တာဝန်ကျထဲက နမည်ဆိုးနဲ့ကျော်ကြားလွန်းလို့ မကြားချင်မမြင်ချင်မှ အဆုံးကြားခဲ့မြင်ခဲ့ရတယ့်အရာ။

အဲ့ဒေသက လူတွေက ကလေးတွေဆိုးရင် ပြောမရရင်တောင် ကျားဖောင်ပေါ်တင်ပေးလိုက်ရမလားလို့ ပြောတာ ကြားဖူးနေကြ။ ဆေးရုံကို ပင်လယ်က ပြန်လာလို့ လာပြရင် လုပ်သားတွေကိုယ်မှာ ဒဏ်ရာဒဏ်ချက် အပြည့်နဲ့။ ပြီးတော့ လုပ်သားလေးတွေက လူငယ်လေးတွေ။

မေးလိုက်ရင် မတော်တဆ ထိမိတယ် ဆိုတာချည်းပဲ။ တခါတခါ ဒေါငြိမ်းအပိုင်က ရန်ဖြစ်လို့ ဆိုပြီးရောက်လာရင် မြင်ရတဲ့ဒဏ်ရာတွေက တော်ရုံသွေးနဲတယ့် ဆရာဝန်ဆို မူးမေ့လောက်တယ်။ ငှက်ကြီးတောင်ဓါးနဲ့ ခေါင်းဟက်တက်ခုတ်ထားတာ။

ကြည့်မလား။ မျက်နှာကို ဓါးနဲ့ဖျက်လှီးထားလို့ မျက်လုံးထွက်နေတာ ကြည့်မလား။ ဖျာပုံကို အကုန်လွှဲရတာ။ အဲ့ဘက်က လာတယ့်လူနာဆို ကိုယ့်မှာ ကြောက်လွန်းလို့။အဲ့တုန်းက 2009လောက်ပေါ့။ ဖျာပုံဟာ မြန်မာပြည်မှာ HIV ရောဂါကူးစက်ခံရသူ အများဆုံးဖြစ်ဖူးတယ်။

အကြောင်းက မြို့ပေါ်မှာ ရောဂါသည်များတာ မဟုတ်ပဲ။ အဲ့တောဘက်နဲ့ ဒေါ်ငြိမ်းအပိုင် ရေလုပ်သားတွေနဲ့ သူတို့မိသားစုဝင်တွေမှာ ရောဂါသည်များတာ။ နောက်ကျ အမျိုးသမီးလူနာတွေကို မေးကြည့်တော့ သူတို့လင်တွေက ရေလုပ်သားတွေ။ ရေထဲမှာ ကြာကြာနေနိုင်အောင် လုပ်ငန်းရှင်တွေက အပျော်မယ် လေးတွေကိုပါ ဖောင်ပေါ်တင်ပေးလိုက်တာ။

အဲ့ အပျော်မယ် လေးတွေ အသက်ရှင်ရက် ပြန်ပါလာလား မလာလား ဘယ်သူမှ မသိဘူးရယ်။အဲ့ရေလုပ်သားဦးစီးဆိုတာတွေက လက်ရဲဇက်ရဲ လူသတ်သမားတွေ။ ကျားဖောင်က ဦးစီးဆိုရင် ဒေါ်ငြိမ်းက လူတိုင်းရှိန်တယ်။ အလုပ်ဖြစ်တော့ လုပ်ငန်းရှင်တွေက ဒင်းတို့ကို မျိုးမျိုးမြက်မြက်ပေးထားတယ်။ ဒီတော့ သူတို့မိန်းမတွေကလဲ အကြိုက်ပဲ။

နောက်ကျ ပင်လယ်ထဲ အကာအကွယ်မဲ့ အပျော်မယ် တစ်ယောက် နှစ်ယောက်ကို ဖောင်ပေါ်ပါတယ့် လူစုံသုံးကြတော့ ရောဂါက အကုန်ကူး။ အိမ်ပြန်ရောက်တော့ မိန်းမဆီရောဂါကရောက်။ ဒါတောင် အငယ်အနှောင်းတွေက ပါသေး။ လုပ်ငန်းရှင်ဆိုတာတွေက မြို့ပေါ်ဇိမ်နဲ့နေတာ။

သူတို့လုပ်ငန်းတွေနဲ့ ခုလို လူငယ်တွေကို ကျွန်ပြုတာ ဟိုးထဲက ရှိနေတာ။ အစိုးရပိုင်းဆိုင်ရာက အတိအကျမသိတောင် ရိပ်စားမိကြမှာပဲ။ လုပ်ငန်းရှင်တွေ ပေးတာကျွေးတာ စားထားတော့ အဲ့ခေတ်က ဘယ်သူမှ အရေးမလုပ်ခဲ့ကြတာ။ ကိုယ်ဒေတောင် သိတယ်ဆိုပေမယ့် ဘယ့်သူ့မေးပြီး ဘယ့်သူ့သွားတိုင်ရမယ်မှန်း သိတာမဟုတ်ဘူး။ ဒါက ကိုယ့်ပြည်တွင်းက လူချင်းကျွန်ပြုတာ။

တခါ ထိုင်ဝမ်ငါးဖမ်းလုပ်ငန်းမှာ လုပ်ဖို့ဆိုပြီး ပြည်တွင်းက လူငယ်တွေကို ပို့ပေးနေတယ့် agentတွေ။ ဒင်းတို့လဲ တရားဝင်လိုင်စင်ရမရ မသိပေမယ့် လုပ်နည်းချင်းတူတူပဲ။ အလုပ်လက်မဲ့ ကလေးလေးတွေ ကိုယ့်ပတ်ဝန်းကျင်မှာ လခလေး တစ်လသုံးသိန်းရမယ်ဆိုလို့ လိုက်သွားတယ်။

ဗီဇာတို့ ပတ်ပိုစ့်တို့ စသဖြင့် လုပ်ရမယ်ဆိုပြီး ဆယ်သိန်းပေးရတယ်။ ဟိုကျ ကျားဖောင်လောက် မဆိုးပေမယ့် မသေရုံတမယ်ကျွေးပြီး အသေခိုင်းတယ်။ကလေးတစ်ယောက်ဆို လက်နဲ့ပိုက်ညိပြီး ကွဲထွက်သွားတာကိုတောင် မကုပေးပဲ ဆက်ခိုင်းတယ်။ ကိုယ့်အသိထဲက ပြန်လာတယ့် ကလေးလေး တကိုယ်လုံးအနာအပြည့်နဲ့ ဆယ်လလုံး ရေမချိုးခဲ့ရဘူး။

မသေရုံလေး စားခဲ့ရတယ်။ လက်က ဒဏ်ရာကြောင့် ခုထိ အကျောထိပြီး ဘာမှ မဆုပ်ကိုင်နိုင်ဘူး။ တီဘီပါဖြစ်ပြီး နှစ်နှစ်ကုရတယ်။ မိဘဆင်းရဲတော့ ဆယ်လထိတော့င့်ခံလုပ်ပြီး ပြန်လာတာတောင် အေးဂျင့်က ထပ်ခေါင်းပုံဖြတ်တယ်။ ဒါတွေလဲ ခေတ်သစ်ကျွန်ပြုနေတာတွေပဲလေ။ ကျမတို့ဆီမှာ စီးပွားရေးနဲ့ပတ်သက်ပြီး ချွတ်ခြုံကျလွန်းတော့ အောက်ခြေလူတန်းစားမှာ မချိအောင်ခံနေရတာတွေ ပုံလို့။

တိုင်းပြည်ကို ဆင်းရဲတွင်းက ကယ်ဖို့ဆိုတာ စစ်ပွဲတွေရပ်မှ၊ စီးပွားရေးနဲ့ပတ်သက်တယ့် မူဝါဒတွေ ခိုင်ခိုင်မာမာရှိမှ အဲ့ဒါတွေမရှိပဲ ပြည်ပရင်းနှီးမြုပ်နှံဖို့ လက်ခံပြန်တော့လဲ ကိုယ့်စီလာ လုပ်စားသွားတာပဲ ရှိမယ်။ ဒါ့ကြောင့် ပြည်သူတွေကို ပြောချင်တာ သူများယောင်တိုင်း လိုက်ယောင်ပြီး

ကိုယ်ဘာမှ မလုပ်ပေးနိုင်မှာတွေကို အာရုံစိုက်ရင်း မျိုးချစ်ပြနေတာထက် ကိုယ်နိုင်တဲ့ဘက်က တတ်နိုင်သလောက် ကျားဖောင်ကိစ္စလို ဟာမျိုးမှာ အသံထုတ်သင့်တယ်။ လာမယ့်ရွေးကောက်ပွဲမှာလဲ ပညာရှင်တွေ လူမှန်နေရာမှန် ရောက်နိုင်ရေးကို ရှေးရှုမဲပေးသင့်တယ်။

မဟုတ်ရင် သောက်တလွဲတွေ ပေါ်ပင်တွေပြောရင်း မဲချူမဲ့ဟာတွေလက်ထဲ နောက်ငါးနှစ် နေရတာပဲ အဖတ်တင်လိမ့်မယ်။

Credit MarOo

===

Be the first to comment

Leave a Reply

Your email address will not be published.


*