ဖတ်ဖူးတာကြာခဲ့ပေမဲ့မရိုးနိုင်တဲ့သင်္ခန်းစာလေးပါ…

ဖတ်ဖူးတာကြာခဲ့ပေမဲ့မရိုးနိုင်တဲ့သင်္ခန်းစာလေးပါ…
ဖတ်ဖူးတာကြာခဲ့ပေမဲ့မရိုးနိုင်တဲ့သင်္ခန်းစာလေးပါ…

ဖတ်ဖူးတာကြာခဲ့ပေမဲ့မရိုးနိုင်တဲ့သင်္ခန်းစာလေးပါ…

အိမ်ထောင်ရေးဖောက်ပြန်ခြင်း (ဖတ်ဖူးတာကြာခဲ့ပေမဲ့မရိုးနိုင်တဲ့သင်္ခန်းစာလေးပါ)

အမျိုးသား – ကျွန်တော်ကအိမ်ထောင်ရှိပါတယ်

ဒါပေမဲ့ အခြားမိန်းကလေးတစ်ယောက်ကိုရူးရူးမူးမူး ချစ်မိနေတယ်။ အဲဒါဘယ်လိုလုပ်ရမလဲ။

အကြံပေး – ဒီမိန်းကလေးဟာ သင့်ဘဝအတွက် နောက်ဆုံး ချစ်နိုင်တဲ့မိန်းကလေးဆိုတာ သင်သေချာလား။

အမျိုးသား – ဟုတ်ပါတယ်။

အကြံပေး – ကွာရှင်းပြီး ခုမင်းချစ်နေတဲ့ တစ်ယောက်ကို ယူလိုက်။

အမျိုးသား – ဒါပေမဲ့ ခုလက်ရှိမိန်းမက နားလည်ပေးတယ် သည်းခံတယ် တော်တယ်။ကျွန်တော်ဒီလို လုပ်ရင် သူ့အတွက် ရက်စက်ရာကျမလား။

အတိုင်ပင်ခံ – အိမ်ထောင်ရေးဆိုတာ တရားတယ် ရက်စက်တယ်လို့ ဆိုတာတွေ မရှိပါဘူး။

ခုမင်းချစ်နေတာက တခြားမိန်းကလေးဖြစ်နေပြီ။

အမျိုးသား – ဒါပေမဲ့ ကျွန်တော့် မိန်းမက ကျွန်တော့်ကို အရမ်းချစ်တာ။

အကြံပေး – ဒါဆို သူက ပေးဆပ်မှုနဲ့ ပျော်ရွှင်နေတယ်။

အမျိုးသား – ကွာရှင်းပြီး တခြားမိန်းကလေးကို လက်ထက်လိုက်ရင်သူနာကျင်ခံစားရလိမ့်မယ်။

အကြံပေး– အိမ်ထောင်အရပြောရရင် မင်းကို ချစ်နေတဲ့ အချစ်ကို သူမပိုင်ဆိုင်နေမယ်။

ဒါပေမဲ့ ဒီအိမ်ထောင် မှာ မင်းက သူ့ကို ချစ်တဲ့ အချစ် မင်းမှာမရှိတော့ဘူး။

မင်းက တခြားတစ်ယောက်ကို မင်းရဲ့အချစ်တွေပေးလိုက်လို့

မင်း သူ့ကိုမချစ်တော့တဲ့ အတွက် မင်းဆုံးရှုံးနေတာ နာကျင်မှာ မင်းပဲ။

အမျိုးသား – ကျွန်တော် နောက်တစ်ယောက်နဲ့ ပျော်ရွှင်တဲ့ အိမ်ထောင်သစ်ကိုအစပြုတော့မှာ။ သူ့ ကျွန်တော့်ကို ဆုံးရှုံးတာ။

အကြံပေး– မင်းမှားနေပြီ။ သူမ က ဒီအိမ်ထောင်မှာ ဒီအချစ်စစ် တစ်ခုနဲ့သူလျှောက်လှမ်းနေတာ။

သူ့ရဲ့ အချစ်စစ်ကို သူပေးဆပ်တယ်။ သူ ပျော်တယ်။

မင်းသာမင်းကို အချစ်စစ်နဲ့ ချစ်နေတဲ့သူကို မင်းလက်လွတ်ဆုံးရှုံးရမှာ။

အမျိုးသား – သူမပြောဖူးတယ်။ သူမက ကျွန်တော်ကလွဲပြီး တခြားတစ်ယောက်ကိုမချစ်နိုင်တော့ဘူးတဲ့။

အကြံပေး – ဒီလို စကား မင်းကော ပြောဖူးသလား။

အမျိုးသား – ကျွန်တော်………..

အတိုင်ပင်ခံ – မင်းရှေ့ကဖယောင်းတိုင် ၃ တိုင်ကို ကြည့်လိုက်။ ဘယ်ဟာအလင်းဆုံးလဲ။

အမျိုးသား – မသိပါဘူး။

အကြံပေး – ဒီဖယောင်းတိုင် ၃ တိုင်သာ မိန်းကလေး ၃ ယောက်ကိုကိုယ်စားပြုနေမယ်ဆိုရင် ဒီ လူ့လောကမှာ မရေမတွက်နိုင်တဲ့ မိန်းကလေးတွေရှိတယ်။

ဒီ ၃ တိုင်တောင် ဘယ်တိုင်က ပို လင်းပြီး တောက်ပ နေတယ်ဆိုတာ မင်းမပြောနိုင်ဘူး။

အခု မင်းချစ်နေတဲ့ တစ်ယောက်က မင်းရဲ့ နောက်ဆုံးချစ်နိုင်တဲ့ မိန်းကလေးဆိုတာကိုမင်း ပြောနိုင်လား။

အမျိုးသား – ကျွန်တော်……

အကြံပေး– မင်း အခု ဖယောင်းတိုင်တစ်တိုင်ကို မင်းယူလိုက်။

မင်းစိတ်နဲ့ကြည့်လိုက် ဘယ်အတိုင် အလင်းဆုံးလဲ။

အမျိုးသား – ကျွန်တော် ကိုင်ထားတဲ့ အတိုင်ပေါ့ဗျာ။

အကြံပေး – ကယ် နဂိုနေရာပြန်ထားလိုက်။ ဘယ်အတိုင် အလင်းဆုံးလဲ။

အမျိုးသား – မသိတော့ဘူး။

အကြံပေး– မင်းခုနက ယူလိုက်တဲ့ ဖယောင်းတိုင်က မင်းလက်ရှိ မိန်းမကို

ကိုယ်စားပြုမယ်ဆိုရင် အချစ်ဆိုတာ ရင်ထဲက ဖြစ်လာတဲ့ အတွက် မင်း သူ့ကို ချစ်နေရင်

မင်းစိတ်ထဲမှာ သူဟာအလင်းဆုံး မင်းသာ သူ့ကို စိတ်ထဲမှာ မထားဘူး

နဂိုနေရာမှာဆိုရင် မင်းစိတ်ထဲကို မထည့်တဲ့ အတွက် အလင်းဆုံးကို မင်းတွေ့မှာ

မဟုတ်ဘူး။ ချစ်တယ် မချစ်တယ် ဆိုတာ မင်းရဲ့ စိတ်ပါပဲ။

အမျိုးသား – အော်။ ကျွန်တော်နားလည်ပါပြီ။ တကယ်ကွာရှင်းခိုင်းတာမဟုတ်ပါဘူးလား။

လမ်းမှန်ကို ရောက်အောင် လမ်းညွန်ပြနေတာပါလား။

အကြံပေး– ကယ် နားလည်ပြီဆိုရင် မင်းရဲ့ စိတ်နဲ့ အလင်းဆုံးဖယောင်းတိုင်တစ်တိုင်ကို မင်းစိတ်နဲ့ သွားရှာတော့…..

အမျိုးသား – ကျွန်တော် ရင်ထဲမှာ ဘယ်သူအလင်းဆုံးလဲ ဆိုတာ ကျွန်တော်သိပြီ။

ကျွန်တော့် မိန်းမပါ။

ဒီ လူ့လောကကြီးမှာ အိမ်ထောင်ရေးဆိုတဲ့ တံတိုင်းကြီးပေါ့… တံတိုင်းထဲ နဲ့တံတိုင်းပြင် ပေါ့။

အပြင်မှာ ရှိနေတဲ့ သူတွေက အထဲဝင်ချင် အထဲမှာရှိတဲ့ သူက အပြင်ထွက်ချင်။

အထဲမှာရှိတဲ့ သူတွေကလဲ အပြင်ဘက်က ရူ့ခင်းတွေကို ကြည့်ချင်။

ရထားပိုင်ဆိုင်ထားတာတွေနဲ့ မကျေနပ်ကြဘူး။ မရောင့်ရဲကြဘူး။

မိုးပေါ်ကကြယ်လေးတွေလင်းလက်နေတာကို မက်မောကြတယ်

ကိုယ့်ရဲ့ အိမ်မှာ နွေးထွေးတဲ့ ဟင်းနဲ့စောင့်နေတာကို မမြင်ကြဘူး။

သာမာန်ရိုးကျ နေ့စဉ်လုပ်ရပ်တွေကို ငြီးငွေ့လာတယ်။အချစ်သစ်ရဲ့ စိတ်လှုပ်ရှားမှုတွေကို မက်မောလာတယ်။

ကိုယ့်ရဲ့ပျော်ရွှင်မှုတွေကိုအဝေးမှာပဲ ထင်ပြီး နောက်တစ်ယောက် လာခေါ်ဆောင်မှုကို စောင့်စားနေတယ်။.

နောက်တစ်ယောက်ကြောင့် ဘဝဟာ စိုပြေလာတယ်လို့ ထင်လာတယ်….

ဒါကို သင်ကကျေနပ်နေမိတယ်….

တစ်ချို့အရာတွေက မသိစိတ်ကနေ စိတ်ထဲမှာ ဖြစ်ပေါ်လာတယ်…

စိတ်ထဲမှာ ဖြစ်လာတဲ့အတိုင်း လုပ်ကြတယ်….. ဒီလိုနဲ့ ပဲ ဖေါက်ပြန်မှုတွေက များပြားလာတော့တာပေါ့…….

Credit:

Be the first to comment

Leave a Reply

Your email address will not be published.


*