မုန္႔ဟင္းခါးၾကိဳက္တဲ့သူေတြအတြက္ အိမ္ခ်က္ မုန္႔ဟင္းခါး ခ်က္နည္း

အိမ္ခ်က္ မုန္႔ဟင္းခါး ခ်က္နည္း
အိမ္ခ်က္ မုန္႔ဟင္းခါး ခ်က္နည္း

မုန္႔ဟင္းခါးၾကိဳက္တဲ့သူေတြအတြက္ အိမ္ခ်က္ မုန္႔ဟင္းခါး ခ်က္နည္း

မုန္႔ဟင္းခါး ခ်က္နည္းမ်ားစြာရွိတဲ့အထဲက ကြၽန္ေတာ္ကိုယ္တိုင္ အိမ္မွာခ်က္စားျဖစ္တဲ့ အလြယ္ကူဆုံး ကုလားပဲနဲ႔ မုန္႔ဟင္းခါး ခ်က္နည္းတစ္မ်ိဳးကိုေျပာျပပါမယ္။

မုန္႔ဟင္းခါးခ်က္တဲ့အခါ လိုအပ္တာေတြက ငါးဆီသတ္ပါ၊ ကုလားပဲျပဳတ္ၿပီးေထာင္းပါ(သို႔)blenderႏွင့္ႀကိတ္ထားပါ၊ ဆန္ေလွာ္မႈန္႔ ေရေဖ်ာ္ထားပါ၊ ဌက္ေပ်ာအူ အရင့္မ်ားဖယ္ၿပီ

အႏုမ်ားကို ပါးပါးလွီးၿပီးလွ်င္ဆႏြင္း(လက္ဖက္ရည္ဇြန္း ၁ဇြန္း)ထည့္ကာ ေရေရာ စိမ္ထားေပးပါ။ မွတ္ခ်က္ နႏြင္းစိမ္ျခင္းမွာ ဌက္ေပ်ာအူမ်ား မမဲသြားရန္ျဖစ္သည္။

ငါးဆီသတ္ဖို႔ အရင္ဦးဆုံး ငါးျပဳတ္ၾကရေအာင္။ ငါးေလးဆယ္သားကို ( ငါးၾကင္း ) ထန္းလ်က္ ၃ ခဲ၊ စပါးလင္ ၃ပင္ ထုေထာင္းေခြထည့္၊ င႐ုတ္ပြေျခာက္ ၄ ေတာင့္၊ ငံျပာရည္ထည့္နယ္ၿပီး ေရကိုငါးျမဳပ္သည့္အထိထည့္ၿပီး ႏူးေအာင္ျပဳတ္၍ အသားႏႊင္ထားပါ။

ငါးျပဳတ္ရည္ကို ခြက္တစ္ခုထဲ စစ္ထည့္ထားပါ။ ၾကက္သြန္ျဖဴ(ေထာင္း)၊ ၾကက္သြန္နီ(ပါးပါးလွီး)၊ ခ်င္း(ေထာင္း)၊ စပါးလင္၃ပင္ (ႏႈတ္ႏႈတ္စဥ္း)၊ င႐ုတ္သီးအစိမ္းမႈန္႔ ၊ နႏြင္းမႈန္႔အနည္းငယ္နဲ႔

႐ြေနေအာင္ဆီသတ္ၿပီး ႏႊင္ထားတဲ့ငါးအသားကို ထည့္ေမႊပါ။ မွတ္ခ်က္ ၾကက္သြန္ျဖဴ ၊ ခ်င္း၊စပါးလင္(blender ျဖင့္ႀကိတ္လွ်င္ ပိုေကာင္းပါသည္။)ၾကက္သြန္နီထည့္မႀကိတ္ရပါ။

ငါးအသားနဲ႔ ဆီသတ္မ်ားေရာၿပီးငါးသားအနည္းငယ္ေျခာက္လာလွ်င္ ငါးျပဳတ္ရည္ ေရတစ္ဖန္ခြက္ခန္႔ တစ္ခြက္ထည့္ပါ။ ငါးကို ေပ်ာ့ေပ်ာ့အိအိ အေနအထားေလးမွာခ်ထားပါ။ အရမ္းမႂကြပ္ပါေစႏွင့္။

ကုလားပဲ ေလးဆယ္သားကို ( ဆီ၁ ဇြန္း, နႏြင္းအနဲငယ္, ခ်င္းလက္ငါးလုံးခန္႔ ) နဲ႔ႏူးအိေနေအာင္ျပဳတ္ပီး ညက္ေနေအာင္ေထာင္းပါ။

(သို႔) blenderထဲသို႔ပဲျပဳတ္ေရအနည္းငယ္ထည့္၍ႀကိတ္ပါ။ မွတ္ခ်က္ ကုလားပဲကို အရသာအနည္းငယ္ထည့္ျပဳတ္ပါ။(ပဲျပဳတ္ေရမ်ားကို ခြက္တစ္ခုထဲ ထည့္ထားပါ)

မုန္႔ဟင္းခါး စ ခ်က္ပါေတာ့မယ္

ေရေႏြးအိုးတည္ထားပါ။ ေရေႏြးပြက္လွ်င္ကုလားပဲ ျပဳတ္ရည္ႏွင့္ငါးျပဳတ္ရည္ ေရာထည့္ပါ။ စပါးလင္ထုေခြပီး ၂ ပင္ ထည့္ပါ ငွက္ေပ်ာအူပါးပါးလွီးၿပီးသားထည့္ပါ။

ဆန္ေလွာ္မႈန္႔ေရေဖ်ာ္ၿပီး ဟင္းေရကို ဇြန္းနဲ႔ေမႊရင္း ေလာင္းထည့္ပါ။(တစ္ေနရာထဲ သြန္ထည့္လိုက္လွ်င္ အခဲႀကီးျဖစ္ေနတတ္သည္။)

ထိုအရည္ထဲသို႔ဆီေမႊးသတ္ၿပီးသားငါးကိုေလာင္းထည့္ပါ။ အရသာကို အခ်ိဳမႈန္႔, ငံျပာရည္ မိမိလိုသလို ၾကည့္ထည့္ပါ။

အိုးဘဲဥလုပ္ရန္ ဘဲဥျပဳတ္ (သို႔) ၾကက္ဥျပဳတ္ကို အခြံခြာထည့္ပါ။ ၾကက္ဥ ေဖာက္ထည့္ၿပီးေမႊေပးပါ။ ဟင္းရည္ေပၚ ဆီမ်ား ေဝ့လာသည္အထိမီးေအးေအးျဖင့္တည္ေပးပါ။

ဟင္းရည္ အပ်စ္ အက်ဲကို မိမိစိတ္ႀကိဳက္ ၾကည့္၍ ခ်ိန္ပါ။ အခ်ိဳ႕က အပ်စ္ႀကိဳက္၍ အခ်ိဳ႕က အက်ဲႀကိဳက္တာေၾကာင့္ပါ။ ၾကက္သြန္နီဥေသးေလးမ်ားထည့္ပါ။ အိုးခ်ခါနီး င႐ုတ္ေကာင္း အနည္းငယ္ခတ္ေပးပါ။

မုန္႔ဟင္းခါးက်က္လွ်င္ေတာ့ မိမိတို႔ ႀကိဳက္ႏွစ္သက္ရာ နံနံပင္၊ သံပုရာသီး ၊ ငံျပာရည္ ၊ ပဲသီး၊ ပဲေသြး၊ ဘူးသီးေၾကာ္၊ ပဲေၾကာ္၊ ငါးဖယ္၊ အိုးဘဲဥ ၊ င႐ုတ္သီးအေၾကာ္မႈန္႔ ထည့္ၿပီးစားသုံးႏိုင္ပါၿပီ။

Credit

Unicode

မုန့်ဟင်းခါးကြိုက်တဲ့သူတွေအတွက် အိမ်ချက် မုန့်ဟင်းခါး ချက်နည်း

မုန့်ဟင်းခါး ချက်နည်းများစွာရှိတဲ့အထဲက ကျွန်တော်ကိုယ်တိုင် အိမ်မှာချက်စားဖြစ်တဲ့ အလွယ်ကူဆုံး ကုလားပဲနဲ့ မုန့်ဟင်းခါး ချက်နည်းတစ်မျိုးကိုပြောပြပါမယ်။

မုန့်ဟင်းခါးချက်တဲ့အခါ လိုအပ်တာတွေက ငါးဆီသတ်ပါ၊ ကုလားပဲပြုတ်ပြီးထောင်းပါ(သို့)blenderနှင့်ကြိတ်ထားပါ၊ ဆန်လှော်မှုန့် ရေဖျော်ထားပါ၊ ဌက်ပျောအူ အရင့်များဖယ်ပြီ

အနုများကို ပါးပါးလှီးပြီးလျှင်ဆနွင်း(လက်ဖက်ရည်ဇွန်း ၁ဇွန်း)ထည့်ကာ ရေရော စိမ်ထားပေးပါ။ မှတ်ချက် နနွင်းစိမ်ခြင်းမှာ ဌက်ပျောအူများ မမဲသွားရန်ဖြစ်သည်။

ငါးဆီသတ်ဖို့ အရင်ဦးဆုံး ငါးပြုတ်ကြရအောင်။ ငါးလေးဆယ်သားကို ( ငါးကြင်း ) ထန်းလျက် ၃ ခဲ၊ စပါးလင် ၃ပင် ထုထောင်းခွေထည့်၊ ငရုတ်ပွခြောက် ၄ တောင့်၊ ငံပြာရည်ထည့်နယ်ပြီး ရေကိုငါးမြုပ်သည့်အထိထည့်ပြီး နူးအောင်ပြုတ်၍ အသားနွှင်ထားပါ။

ငါးပြုတ်ရည်ကို ခွက်တစ်ခုထဲ စစ်ထည့်ထားပါ။ ကြက်သွန်ဖြူ(ထောင်း)၊ ကြက်သွန်နီ(ပါးပါးလှီး)၊ ချင်း(ထောင်း)၊ စပါးလင်၃ပင် (နှုတ်နှုတ်စဉ်း)၊ ငရုတ်သီးအစိမ်းမှုန့် ၊ နနွင်းမှုန့်အနည်းငယ်နဲ့

ရွနေအောင်ဆီသတ်ပြီး နွှင်ထားတဲ့ငါးအသားကို ထည့်မွှေပါ။ မှတ်ချက် ကြက်သွန်ဖြူ ၊ ချင်း၊စပါးလင်(blender ဖြင့်ကြိတ်လျှင် ပိုကောင်းပါသည်။)ကြက်သွန်နီထည့်မကြိတ်ရပါ။

ငါးအသားနဲ့ ဆီသတ်များရောပြီးငါးသားအနည်းငယ်ခြောက်လာလျှင် ငါးပြုတ်ရည် ရေတစ်ဖန်ခွက်ခန့် တစ်ခွက်ထည့်ပါ။ ငါးကို ပျော့ပျော့အိအိ အနေအထားလေးမှာချထားပါ။ အရမ်းမကြွပ်ပါစေနှင့်။

ကုလားပဲ လေးဆယ်သားကို ( ဆီ၁ ဇွန်း, နနွင်းအနဲငယ်, ချင်းလက်ငါးလုံးခန့် ) နဲ့နူးအိနေအောင်ပြုတ်ပီး ညက်နေအောင်ထောင်းပါ။

(သို့) blenderထဲသို့ပဲပြုတ်ရေအနည်းငယ်ထည့်၍ကြိတ်ပါ။ မှတ်ချက် ကုလားပဲကို အရသာအနည်းငယ်ထည့်ပြုတ်ပါ။(ပဲပြုတ်ရေများကို ခွက်တစ်ခုထဲ ထည့်ထားပါ)

မုန့်ဟင်းခါး စ ချက်ပါတော့မယ်

ရေနွေးအိုးတည်ထားပါ။ ရေနွေးပွက်လျှင်ကုလားပဲ ပြုတ်ရည်နှင့်ငါးပြုတ်ရည် ရောထည့်ပါ။ စပါးလင်ထုခွေပီး ၂ ပင် ထည့်ပါ ငှက်ပျောအူပါးပါးလှီးပြီးသားထည့်ပါ။

ဆန်လှော်မှုန့်ရေဖျော်ပြီး ဟင်းရေကို ဇွန်းနဲ့မွှေရင်း လောင်းထည့်ပါ။(တစ်နေရာထဲ သွန်ထည့်လိုက်လျှင် အခဲကြီးဖြစ်နေတတ်သည်။)

ထိုအရည်ထဲသို့ဆီမွှေးသတ်ပြီးသားငါးကိုလောင်းထည့်ပါ။ အရသာကို အချိုမှုန့်, ငံပြာရည် မိမိလိုသလို ကြည့်ထည့်ပါ။

အိုးဘဲဥလုပ်ရန် ဘဲဥပြုတ် (သို့) ကြက်ဥပြုတ်ကို အခွံခွာထည့်ပါ။ ကြက်ဥ ဖောက်ထည့်ပြီးမွှေပေးပါ။ ဟင်းရည်ပေါ် ဆီများ ဝေ့လာသည်အထိမီးအေးအေးဖြင့်တည်ပေးပါ။

ဟင်းရည် အပျစ် အကျဲကို မိမိစိတ်ကြိုက် ကြည့်၍ ချိန်ပါ။ အချို့က အပျစ်ကြိုက်၍ အချို့က အကျဲကြိုက်တာကြောင့်ပါ။ ကြက်သွန်နီဥသေးလေးများထည့်ပါ။ အိုးချခါနီး ငရုတ်ကောင်း အနည်းငယ်ခတ်ပေးပါ။

မုန့်ဟင်းခါးကျက်လျှင်တော့ မိမိတို့ ကြိုက်နှစ်သက်ရာ နံနံပင်၊ သံပုရာသီး ၊ ငံပြာရည် ၊ ပဲသီး၊ ပဲသွေး၊ ဘူးသီးကြော်၊ ပဲကြော်၊ ငါးဖယ်၊ အိုးဘဲဥ ၊ ငရုတ်သီးအကြော်မှုန့် ထည့်ပြီးစားသုံးနိုင်ပါပြီ။

Credit

Be the first to comment

Leave a Reply

Your email address will not be published.


*