ျမက္ေျခာက္ ေကြၽးရတာအားနာလို႔၊ ျမက္စိမ္းအျဖစ္ျမင္ရမယ့္ မ်က္မွန္ေတြကို ႏြားေတြမွာတပ္ေပး

ျမက္ေျခာက္ ေကြၽးရတာအားနာလို႔၊ ျမက္စိမ္းအျဖစ္ျမင္ရမယ့္ မ်က္မွန္ေတြကို ႏြားေတြမွာတပ္ေပး

ျမက္ေျခာက္ ေကြၽးရတာအားနာလို႔၊ ျမက္စိမ္းအျဖစ္ျမင္ရမယ့္ မ်က္မွန္ေတြကို ႏြားေတြမွာတပ္ေပး

႐ုရွားႏိုင္ငံက ေမြးျမဴေရးေတာင္သူေတြဟာ ႏြားေတြကို ျမက္ေျခာက္ေကြၽးရတာ အားနာလြန္းလို႔၊ ျမက္စိမ္းအျဖစ္ ျမင္ေတြ႕ရမယ့္မ်က္မွန္ေတြကို ႏြားေတြမွာတပ္ဆင္ေပးခဲ့ေၾကာင္း သိရပါတယ္။ အဲဒီမ်က္မွန္ေတြကို တိရစာၦန္ကုဆရာဝန္ေတြက စမ္းသပ္ထုပ္လုပ္ခဲ့တာပါ။

Virtual reality glasses လို႔ အလြယ္ေျပာလို႔ရၿပီး၊ ႏြားေတြအေနနဲ႔ ျမက္ေျခာက္ေတြကို စားေနရျခင္းမွ စိတ္သက္သာရာရေစမယ္လို႔ ဆိုပါတယ္။ ဒီမ်က္မွန္ေတြရဲ႕အစြမ္းေၾကာင့္ ေျခာက္ေသြ႕ေနတဲ့မ်က္ခင္းေတြဟာ သူတို႔အျမင္မွာ စိမ္းေန႐ုံသာမက ေဆာင္းလိုရာသီမ်ိဳးမွာ ေနကို ျမင္ႏိုင္မယ္လို႔ ဆိုပါတယ္။

ဒီမ်က္မွန္ေတြကို ေမာ္စကိုျပင္ပက ႏို႔စားႏြားေမြးျမဴေရးလုပ္ငန္းေတြမွာ စတင္စမ္းသပ္ေအာင္ျမင္ခဲ့ၿပီး၊ ဒီမ်က္မွန္ေတြကို တပ္ျခင္းအားျဖင့္ ႏြားေတြဟာ နဂိုကထက္ ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္အစာအစားႏႈန္း ပိုတက္လာခဲ့တယ္လို႔ ဆိုပါတယ္။ ေနာက္ၿပီး ႏို႔ထြက္အားလည္း ေကာင္းလာပါသတဲ့။

ေမာ္စကိုက စိုက္ပ်ိဳးေမြးျမဴေရးဝန္ႀကီးက ” ဒီလိုမ်က္မွန္ေတြက ႏြားေတြကို ေႏြရာသီမ်က္ခင္းမ်ိဳး အထင္ေရာက္ေစမွာ ျဖစ္ပါတယ္ … ဒီအတြက္လည္း မ်ားျပားလွတဲ့ သုေတသနေတြ ျပဳလုပ္ထားပါတယ္ … ႏြားေတြဟာ ေရာင္စဥ္(၇)ႏွစ္မ်ိဳးမွာ အနီေရာင္ကို အစိမ္းထက္ ပိုၿပီးျမင္ႏိုင္ၾကပါတယ္ … “လို႔ ေျပာပါတယ္။

အေမရိကန္မွာေတာ့ အလိုအေလွ်ာက္အလုပ္လုပ္တဲ့ ပြတ္တံ(Brush)ေတြနဲ႔ ႏြားေတြကို ႏွိပ္နယ္ေပးတဲ့စနစ္ကို ေအာင္ျမင္စြာအသုံးျပဳေနၿပီျဖစ္ၿပီး၊ ေမာ္စကိုမွာေတာ့ ႏြားေတြကို ဂႏၳဝင္သီခ်င္းေတြ ဖြင့္ေပးျခင္းအားျဖင့္ ႏြားေတြရဲ႕အိပ္စက္မႈနဲ႔ ေပ်ာ္႐ႊင္မႈက ပိုၿပီးတိုးလာတယ္လို႔ ေလ့လာမႈတစ္ရပ္က ေျပာပါတယ္။

Unicode

မြက်ခြောက် ကျွေးရတာအားနာလို့၊ မြက်စိမ်းအဖြစ်မြင်ရမယ့် မျက်မှန်တွေကို နွားတွေမှာတပ်ပေး

ရုရှားနိုင်ငံက မွေးမြူရေးတောင်သူတွေဟာ နွားတွေကို မြက်ခြောက်ကျွေးရတာ အားနာလွန်းလို့၊ မြက်စိမ်းအဖြစ် မြင်တွေ့ရမယ့်မျက်မှန်တွေကို နွားတွေမှာတပ်ဆင်ပေးခဲ့ကြောင်း သိရပါတယ်။ အဲဒီမျက်မှန်တွေကို တိရစ္ဆာန်ကုဆရာဝန်တွေက စမ်းသပ်ထုပ်လုပ်ခဲ့တာပါ။

Virtual reality glasses လို့ အလွယ်ပြောလို့ရပြီး၊ နွားတွေအနေနဲ့ မြက်ခြောက်တွေကို စားနေရခြင်းမှ စိတ်သက်သာရာရစေမယ်လို့ ဆိုပါတယ်။ ဒီမျက်မှန်တွေရဲ့အစွမ်းကြောင့် ခြောက်သွေ့နေတဲ့မျက်ခင်းတွေဟာ သူတို့အမြင်မှာ စိမ်းနေရုံသာမက ဆောင်းလိုရာသီမျိုးမှာ နေကို မြင်နိုင်မယ်လို့ ဆိုပါတယ်။

ဒီမျက်မှန်တွေကို မော်စကိုပြင်ပက နို့စားနွားမွေးမြူရေးလုပ်ငန်းတွေမှာ စတင်စမ်းသပ်အောင်မြင်ခဲ့ပြီး၊ ဒီမျက်မှန်တွေကို တပ်ခြင်းအားဖြင့် နွားတွေဟာ နဂိုကထက် ပျော်ပျော်ရွှင်ရွှင်အစာအစားနှုန်း ပိုတက်လာခဲ့တယ်လို့ ဆိုပါတယ်။ နောက်ပြီး နို့ထွက်အားလည်း ကောင်းလာပါသတဲ့။

မော်စကိုက စိုက်ပျိုးမွေးမြူရေးဝန်ကြီးက ” ဒီလိုမျက်မှန်တွေက နွားတွေကို နွေရာသီမျက်ခင်းမျိုး အထင်ရောက်စေမှာ ဖြစ်ပါတယ် … ဒီအတွက်လည်း များပြားလှတဲ့ သုတေသနတွေ ပြုလုပ်ထားပါတယ် … နွားတွေဟာ ရောင်စဉ်(၇)နှစ်မျိုးမှာ အနီရောင်ကို အစိမ်းထက် ပိုပြီးမြင်နိုင်ကြပါတယ် … “လို့ ပြောပါတယ်။

အမေရိကန်မှာတော့ အလိုအလျှောက်အလုပ်လုပ်တဲ့ ပွတ်တံ(Brush)တွေနဲ့ နွားတွေကို နှိပ်နယ်ပေးတဲ့စနစ်ကို အောင်မြင်စွာအသုံးပြုနေပြီဖြစ်ပြီး၊ မော်စကိုမှာတော့ နွားတွေကို ဂန္ထဝင်သီချင်းတွေ ဖွင့်ပေးခြင်းအားဖြင့် နွားတွေရဲ့အိပ်စက်မှုနဲ့ ပျော်ရွှင်မှုက ပိုပြီးတိုးလာတယ်လို့ လေ့လာမှုတစ်ရပ်က ပြောပါတယ်။

Be the first to comment

Leave a Reply

Your email address will not be published.


*