၀က္သားတုတ္ထိုး လုပ္နည္းႏွင့္ အခ်ဥ္ရည္ေဖ်ာ္စပ္နည္း

ဝက္သားတုတ္ထိုး
ဝက္သားတုတ္ထိုး

၀က္သားတုတ္ထိုး လုပ္နည္းႏွင့္ အခ်ဥ္ရည္ေဖ်ာ္စပ္နည္း

၀က္သားတုတ္ထိုး လုပ္ရန္ အတြက္ အူမႀကီး၊အူခ်ိဳ၊ အူပိတ္၊အသည္း၊ေက်ာက္ကပ္၊ႏွလုံး၊နား႐ြက္၊ဝက္ပါး၊မ်က္လုံး၊လွ်ာ အားလုံး တို႔ကို မက်ည္းသီးမွည့္ အနည္းငယ္ျဖင့္ ေရအထပ္ထပ္ေဆးထားပါ။

ဝက္သားတုတ္ ထိုးထဲမွာ ဝက္အူပိတ္က စားရတာ အရသာရွိၿပီး လုပ္နည္းက အနည္းငယ္လက္ဝင္ပါတယ္။အထပ္ထပ္ အရစ္ ေလးေ တြျ ဖစ္ ေအာင္ အူပိတ္ကို အတြင္းဖက္သို႔လွန္ကာ ရွာလကာရည္ျဖင့္ ေရေသခ်ာေဆးပါ။ေရေဆးရာ၌ ရွာလကာရည္မ်ားသြားလွ်င္ ဝက္အူမ်ားေပါက္ၿပဲတက္ပါသည္။အနည္းငယ္သာ သုံးပါ။

အတြင္းသားကို အျပင္ဖက္သို႔ ႏွစ္ထပ္ျဖစ္သည္အထိ ျပန္လွန္ၿပီး အတြင္းထဲကို ထိုးထည့္ေပးရပါတယ္။ ဥပမာ ၁၀ လက္ မေလာက္ရွိတဲ့ အူပိတ္ဟာ အတြင္းဘက္ကေန အျပင္ ဘက္ ကိုျပန္လွန္သည့္ အတြက္ႏွစ္ထပ္ျဖစ္ကာ ၅ လက္မေလာက္ပဲ အရွည္ရွိပါေတာ့တယ္။

ခ်က္ျပုတ္ရန္

ခ်က္မည့္ အိုးထဲသို႔ဆီပါတယ္ ဆို႐ုံသာထည့္ ပါ။ သၾကားကို ဝက္ကလီစားမ်ားေပၚ မူတည္ၿပီး အခ်ိန္အဆမွန္း၍ အသင့္အတင့္ကို ေၾကာ္ပါ။ ေက်ာက္ကပ္မွလြဲ၍ က်န္ကလီဇာမ်ား အားလုံးကိုထည့္ ၿပီးေၾကာ္ေပးပါ။

ႏွံ႔ေအာင္ေမႊၿပီးလွ်င္ ဓားျပား႐ိုက္ထားေသာ ဂ်င္း၊ၾကက္သြန္ျဖဴ ႏွင့္ ေရ၊ဆား၊ပဲငံျပာရည္အပ်စ္၊နာနတ္ပြင့္ အသင့္အတင့္ ထည့္ၿပီး ႏူးေအာင္ တည္ထားပါ။ ျပဳတ္လွ်င္ ရွာလကာရည္ထည့္ စရာမလိုပါ။ ႏူးၿပဲကုန္ပါ လိမ့္ မည္။

အုန္းစိမ္းေရ အနည္းငယ္ ထည့္လွ်င္ ဝက္အူပိတ္၊အူခ်ိဳ ႏွင့္ကလီဇာမ်ား ေပ်ာ့အိအိမျဖစ္ပဲ ေတာင့္ေတာင့္ တင္းတင္းေလးျဖစ္ကာ ဝက္အညႇီနံ႔ ကို လုံး ဝေပ်ာက္ပါတယ္။ အရသာလည္း ကြာပါတယ္။အုန္းစိမ္းေရ မထည့္ လွ်င္ ဝက္အူပိတ္၊အူခ်ိဳမ်ား ေပ်ာ့အိအိျဖစ္ၿပီး စားမေကာင္းျဖစ္တက္ပါတယ္။

ဓားျပား႐ိုက္ထားေသာ ဂ်င္း၊ၾကက္သြန္ျဖဴ ႏွင့္ ေရ၊ဆား၊ပဲငံျပာရည္အပ်စ္၊နာနတ္ပြင့္တို႔ျဖင့္ ေက်ာက္ကပ္ကို သက္သက္ခြဲၿပီး က်က္ေအာင္ ျပဳတ္ပါ။ ျပဳတ္ၿပီးသား က်ာက္ကပ္မ်ားကို ပြက္ပြက္ဆူေနေသာ ဝက္သား တုတ္ ထိုးအိုးထဲသို႔ ထည့္၍ မိနစ္အနည္းငယ္ခန႔္ထည့္ျပဳတ္ၿပီး ျပန္ဆယ္ထားပါ။

ဝက္ကလီဇာ မ်ား အားလုံး ႏူးလွ်င္ ႀကိဳက္ႏွစ္သက္သလို လွီး၍ တုတ္ထိုးအခ်ဥ္ခ်ဥ္ ရည္ေလးျဖင့္တြဲဖက္၍ သုံးေဆာင္ႏိုင္ပါတယ္ရွင္။

အခ်ဥ္ရည္ျပုလုပ္ရန္

မက်ည္းသီးမွည့္ ကိုေရေႏြးျဖင့္ ၁ နာရီ ေလာက္ ႀကိဳစိမ္ထားပါ။ မက်ည္းရည္ထဲ သို႔ ငံျပာရည္၊င႐ုတ္ဆီအခ်ဥ္ ထည့္ပါ။ ထန္းညက္ခဲ အသင့္အတင့္ကို ေရေႏြးျဖင့္ က်ိဳၿပီးထည့္ပါ။

ညက္ေအာင္ ေထာင္းထားေသာ ဂ်င္း၊ၾကက္ သြန္ျဖဴ၊င႐ုတ္ သီးစိမ္း၊င ႐ုတ္သီးအေရာင္တင္မႈန႔္၊နံနံပင္ တို႔ကို မက်ည္းရည္ ထဲသို႔ ႏွံ႔ေအာင္ ေရာေမႊေပးပါ။

အ ေပါ့အငံျမည္းၾကည့္ၿပီး လိုအပ္မွ ဆားထည့္ပါ။

Credit ေဒၚပုလက္ရာ
Credit All photos

Unicode

၀က်သားတုတ်ထိုး လုပ်နည်းနှင့် အချဉ်ရည်ဖျော်စပ်နည်း

ဝက်သားတုတ်ထိုး လုပ်ရန် အတွက် အူမကြီး၊အူချို၊ အူပိတ်၊အသည်း၊ကျောက်ကပ်၊နှလုံး၊နားရွက်၊ဝက်ပါး၊မျက်လုံး၊လျှာ အားလုံး တို့ကို မကျည်းသီးမှည့် အနည်းငယ်ဖြင့် ရေအထပ်ထပ်ဆေးထားပါ။

ဝက်သားတုတ် ထိုးထဲမှာ ဝက်အူပိတ်က စားရတာ အရသာရှိပြီး လုပ်နည်းက အနည်းငယ်လက်ဝင်ပါတယ်။အထပ်ထပ် အရစ် လေးေ တွြ ဖစ် အောင် အူပိတ်ကို အတွင်းဖက်သို့လှန်ကာ ရှာလကာရည်ဖြင့် ရေသေချာဆေးပါ။ရေဆေးရာ၌ ရှာလကာရည်များသွားလျှင် ဝက်အူများပေါက်ပြဲတက်ပါသည်။အနည်းငယ်သာ သုံးပါ။

အတွင်းသားကို အပြင်ဖက်သို့ နှစ်ထပ်ဖြစ်သည်အထိ ပြန်လှန်ပြီး အတွင်းထဲကို ထိုးထည့်ပေးရပါတယ်။ ဥပမာ ၁၀ လက် မလောက်ရှိတဲ့ အူပိတ်ဟာ အတွင်းဘက်ကနေ အပြင် ဘက် ကိုပြန်လှန်သည့် အတွက်နှစ်ထပ်ဖြစ်ကာ ၅ လက်မလောက်ပဲ အရှည်ရှိပါတော့တယ်။

ချက်ပြုတ်ရန်

ချက်မည့် အိုးထဲသို့ဆီပါတယ် ဆိုရုံသာထည့် ပါ။ သကြားကို ဝက်ကလီစားများပေါ် မူတည်ပြီး အချိန်အဆမှန်း၍ အသင့်အတင့်ကို ကြော်ပါ။ ကျောက်ကပ်မှလွဲ၍ ကျန်ကလီဇာများ အားလုံးကိုထည့် ပြီးကြော်ပေးပါ။

နှံ့အောင်မွှေပြီးလျှင် ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့် အသင့်အတင့် ထည့်ပြီး နူးအောင် တည်ထားပါ။ ပြုတ်လျှင် ရှာလကာရည်ထည့် စရာမလိုပါ။ နူးပြဲကုန်ပါ လိမ့် မည်။

အုန်းစိမ်းရေ အနည်းငယ် ထည့်လျှင် ဝက်အူပိတ်၊အူချို နှင့်ကလီဇာများ ပျော့အိအိမဖြစ်ပဲ တောင့်တောင့် တင်းတင်းလေးဖြစ်ကာ ဝက်အညှီနံ့ ကို လုံး ဝပျောက်ပါတယ်။ အရသာလည်း ကွာပါတယ်။အုန်းစိမ်းရေ မထည့် လျှင် ဝက်အူပိတ်၊အူချိုများ ပျော့အိအိဖြစ်ပြီး စားမကောင်းဖြစ်တက်ပါတယ်။

ဓားပြားရိုက်ထားသော ဂျင်း၊ကြက်သွန်ဖြူ နှင့် ရေ၊ဆား၊ပဲငံပြာရည်အပျစ်၊နာနတ်ပွင့်တို့ဖြင့် ကျောက်ကပ်ကို သက်သက်ခွဲပြီး ကျက်အောင် ပြုတ်ပါ။ ပြုတ်ပြီးသား ကျာက်ကပ်များကို ပွက်ပွက်ဆူနေသော ဝက်သား တုတ် ထိုးအိုးထဲသို့ ထည့်၍ မိနစ်အနည်းငယ်ခန့်ထည့်ပြုတ်ပြီး ပြန်ဆယ်ထားပါ။

ဝက်ကလီဇာ များ အားလုံး နူးလျှင် ကြိုက်နှစ်သက်သလို လှီး၍ တုတ်ထိုးအချဉ်ချဉ် ရည်လေးဖြင့်တွဲဖက်၍ သုံးဆောင်နိုင်ပါတယ်ရှင်။

အချဉ်ရည်ပြုလုပ်ရန်

မကျည်းသီးမှည့် ကိုရေနွေးဖြင့် ၁ နာရီ လောက် ကြိုစိမ်ထားပါ။ မကျည်းရည်ထဲ သို့ ငံပြာရည်၊ငရုတ်ဆီအချဉ် ထည့်ပါ။ ထန်းညက်ခဲ အသင့်အတင့်ကို ရေနွေးဖြင့် ကျိုပြီးထည့်ပါ။

ညက်အောင် ထောင်းထားသော ဂျင်း၊ကြက် သွန်ဖြူ၊ငရုတ် သီးစိမ်း၊င ရုတ်သီးအရောင်တင်မှုန့်၊နံနံပင် တို့ကို မကျည်းရည် ထဲသို့ နှံ့အောင် ရောမွှေပေးပါ။

အ ပေါ့အငံမြည်းကြည့်ပြီး လိုအပ်မှ ဆားထည့်ပါ။

Credit ဒေါ်ပုလက်ရာ
Credit All photos

Be the first to comment

Leave a Reply

Your email address will not be published.


*