
ဆံပင္မသန္တဲ့ မိန္းကေလးေတြအတြက္ ဆံပင္အျမန္ဆုံး ရွည္လာေစမယ့္ နည္းလမ္း(၄)သြယ္
မိန္းကေလးေတြအေနနဲ႔ မ်က္ႏွာအလွအပက အေရးႀကီးသလို ဆံေကသာအလွကလည္း အလြန္ကို အေရးႀကီးပါတယ္။
ဆံပင္မသန္စြမ္းတာ အရွည္ေႏွးတာ ဆံပင္ပ်က္စီးတာေတြ ျဖစ္ေနရင္ မ်က္ႏွာေလး ဘယ္ေလာက္လွေအာင္ ျပင္ထားထား အလွက မျပည့္စုံႏိုင္ပါဘူး။
ဒါေၾကာင့္ ဆံပင္နဲ႔ ပတ္သက္တဲ့ျပႆနာေတြကို ႀကဳံေတြ႕ေနရတဲ့ ပ်ိဳေမတို႔အတြက္ ဆံပင္သန္ၿပီး ျမန္ျမန္ရွည္လြယ္မယ့္ သဘာဝနည္းလမ္းေကာင္းေလးေတြ ကို ေဖာ္ျပေပးလိုက္ပါတယ္။
(၁) ေခါင္းမေလွ်ာ္ခင္ ဦးေရျပားကို ေသြးလွည့္ပတ္မႈ ေကာင္းေအာင္ လုပ္ပါ။ ဆံပင္ရွည္လြယ္ဖို႔ဆံပင္ေကာင္းဖို႔ အတြက္ဆိုရင္ ေခါင္းေလွ်ာ္တဲ့ နည္းလမ္းက အလြန္အေရးႀကီးပါတယ္။
ေခါင္းမေလွ်ာ္ခင္မွာ ဦးေရျပားကို ေႏြးသြားေအာင္ လုပ္ေပးဖို႔ ဆံပင္အရင္းနားေလးေတြကိုလက္ဖ်ားေလးေတြနဲ႔ ထိုးဖြေပးပါ။ လက္ဝါးႏွစ္ဖက္ကို ပူေႏြးလာေအာင္ ပြတ္တိုက္ၿပီး ဦးေရျပားမွာကပ္ေပးပါ။
အဲ့ဒီလိုမ်ိဳး ၅ မိနစ္ေလာက္ လုပ္ေပးၿပီးမွ ေခါင္းေလွ်ာ္ေပးလိုက္ရင္ ဆံသားကို ပိုေကာင္းေစၿပီး ျမန္ျမန္ ရွည္လာေစပါတယ္။
(၂) အိႏၵိယ႐ိုးရာႏွိပ္နည္းသုံးပါ။
ဆံပင္အရင္းေတြကို လက္ႏွစ္ဖက္နဲ႔ ဆုပ္ကိုင္ၿပီး ျဖည္းျဖည္းခ်င္း ဆြဲေပးပါ။ ၿပီးရင္ လက္မကိုသုံးၿပီး ဦးေခါင္းေနာက္ျခမ္းကို ႏွိပ္ပါ။ လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ လည္ပင္း ေနာက္ဘက္တေလွ်ာက္ႏွိပ္ေပးပါ။
ေနာက္ဆုံးမွ နဖူးဆံစပ္တေလွ်ာက္ကို လက္ဝါးနဲ႔ ပြတ္တိုက္ေပးပါ။ ဒီနည္းလမ္းက အိႏၵိယလူမ်ိဳးအမ်ိဳးသမီးေတြ ဆံပင္သန္ဖို႔ သုံးၾကတဲ့ ႐ိုးရာနည္းတစ္ခုျဖစ္ပါတယ္။
(၃) ဦးေရျပားကို ေအာက္စီဂ်င္ရေအာင္ လုပ္ေပးပါ။ ဆံပင္သန္ဖို႔၊ ဆံပင္ျမန္ျမန္ရွည္ဖို႔ဆိုရင္ ဦးေရျပားက ေအာက္စီဂ်င္ရဖို႔လိုပါတယ္။ ဦးေရျပား ေအာက္စီဂ်င္ရေအာင္ ဦးေခါင္းေသြးလွည့္ပတ္မႈေကာင္းေအာင္လုပ္ေပးရမွာပါ။
ဦးေခါင္းေသြးလွည့္ပတ္မႈ ေကာင္းဖို႔အတြက္ ဦးေခါင္းကို အိပ္ရာအစြန္ဘက္မွာ ၁၀မိနစ္ေလာက္ ေနာက္ျပန္ လွန္ထားေပးရပါမယ္။
၄။ ၾကက္ဥနဲ႔ အၿမဲ ေပါင္းတင္ေပးပါ။ ၾကက္ဥရဲ႕ ပ႐ိုတင္းဓာတ္က ဆံပင္ျမန္ျမန္ရွည္ဖို႔ အေကာင္းဆုံးလိုအပ္ခ်က္တစ္ခုပါ။ ဒါေၾကာင့္ ဆံပင္ေပါင္းတင္တဲ့ တျခားနည္းလမ္းေတြ မလုပ္ျဖစ္ရင္ေတာင္ ကၾကက္ဥနဲ႔ေတာ့ တစ္ပတ္တစ္ခါ ပုံမွန္ ေပါင္းတင္ေပးပါ။
ၾကက္ဥတစ္လုံးလုံးကို သံလြင္ဆီတစ္ဇြန္းနဲ႔ ေရာၿပီး တစ္ေခါင္းလုံး အႏွံ႔လိမ္းၿပီး ၁၅မိနစ္ၾကာရင္ ေခါင္းေလွ်ာ္ေပးပါ။ ဒီအတိုင္းေပါင္းတင္ေပးတာက ဆံပင္ကို သိသိသာသာ ရွည္လာေစပါတယ္ …။
Credit
Unicode
ဆံပင်မသန်တဲ့ မိန်းကလေးတွေအတွက် ဆံပင်အမြန်ဆုံး ရှည်လာစေမယ့် နည်းလမ်း(၄)သွယ်
မိန်းကလေးတွေအနေနဲ့ မျက်နှာအလှအပက အရေးကြီးသလို ဆံကေသာအလှကလည်း အလွန်ကို အရေးကြီးပါတယ်။
ဆံပင်မသန်စွမ်းတာ အရှည်နှေးတာ ဆံပင်ပျက်စီးတာတွေ ဖြစ်နေရင် မျက်နှာလေး ဘယ်လောက်လှအောင် ပြင်ထားထား အလှက မပြည့်စုံနိုင်ပါဘူး။
ဒါကြောင့် ဆံပင်နဲ့ ပတ်သက်တဲ့ပြဿနာတွေကို ကြုံတွေ့နေရတဲ့ ပျိုမေတို့အတွက် ဆံပင်သန်ပြီး မြန်မြန်ရှည်လွယ်မယ့် သဘာဝနည်းလမ်းကောင်းလေးတွေ ကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ခေါင်းမလျှော်ခင် ဦးရေပြားကို သွေးလှည့်ပတ်မှု ကောင်းအောင် လုပ်ပါ။ ဆံပင်ရှည်လွယ်ဖို့ဆံပင်ကောင်းဖို့ အတွက်ဆိုရင် ခေါင်းလျှော်တဲ့ နည်းလမ်းက အလွန်အရေးကြီးပါတယ်။
ခေါင်းမလျှော်ခင်မှာ ဦးရေပြားကို နွေးသွားအောင် လုပ်ပေးဖို့ ဆံပင်အရင်းနားလေးတွေကိုလက်ဖျားလေးတွေနဲ့ ထိုးဖွပေးပါ။ လက်ဝါးနှစ်ဖက်ကို ပူနွေးလာအောင် ပွတ်တိုက်ပြီး ဦးရေပြားမှာကပ်ပေးပါ။
အဲ့ဒီလိုမျိုး ၅ မိနစ်လောက် လုပ်ပေးပြီးမှ ခေါင်းလျှော်ပေးလိုက်ရင် ဆံသားကို ပိုကောင်းစေပြီး မြန်မြန် ရှည်လာစေပါတယ်။
(၂) အိန္ဒိယရိုးရာနှိပ်နည်းသုံးပါ။
ဆံပင်အရင်းတွေကို လက်နှစ်ဖက်နဲ့ ဆုပ်ကိုင်ပြီး ဖြည်းဖြည်းချင်း ဆွဲပေးပါ။ ပြီးရင် လက်မကိုသုံးပြီး ဦးခေါင်းနောက်ခြမ်းကို နှိပ်ပါ။ လက်ချောင်းထိပ်လေးတွေနဲ့ လည်ပင်း နောက်ဘက်တလျှောက်နှိပ်ပေးပါ။
နောက်ဆုံးမှ နဖူးဆံစပ်တလျှောက်ကို လက်ဝါးနဲ့ ပွတ်တိုက်ပေးပါ။ ဒီနည်းလမ်းက အိန္ဒိယလူမျိုးအမျိုးသမီးတွေ ဆံပင်သန်ဖို့ သုံးကြတဲ့ ရိုးရာနည်းတစ်ခုဖြစ်ပါတယ်။
(၃) ဦးရေပြားကို အောက်စီဂျင်ရအောင် လုပ်ပေးပါ။ ဆံပင်သန်ဖို့၊ ဆံပင်မြန်မြန်ရှည်ဖို့ဆိုရင် ဦးရေပြားက အောက်စီဂျင်ရဖို့လိုပါတယ်။ ဦးရေပြား အောက်စီဂျင်ရအောင် ဦးခေါင်းသွေးလှည့်ပတ်မှုကောင်းအောင်လုပ်ပေးရမှာပါ။
ဦးခေါင်းသွေးလှည့်ပတ်မှု ကောင်းဖို့အတွက် ဦးခေါင်းကို အိပ်ရာအစွန်ဘက်မှာ ၁၀မိနစ်လောက် နောက်ပြန် လှန်ထားပေးရပါမယ်။
၄။ ကြက်ဥနဲ့ အမြဲ ပေါင်းတင်ပေးပါ။ ကြက်ဥရဲ့ ပရိုတင်းဓာတ်က ဆံပင်မြန်မြန်ရှည်ဖို့ အကောင်းဆုံးလိုအပ်ချက်တစ်ခုပါ။ ဒါကြောင့် ဆံပင်ပေါင်းတင်တဲ့ တခြားနည်းလမ်းတွေ မလုပ်ဖြစ်ရင်တောင် ကကြက်ဥနဲ့တော့ တစ်ပတ်တစ်ခါ ပုံမှန် ပေါင်းတင်ပေးပါ။
ကြက်ဥတစ်လုံးလုံးကို သံလွင်ဆီတစ်ဇွန်းနဲ့ ရောပြီး တစ်ခေါင်းလုံး အနှံ့လိမ်းပြီး ၁၅မိနစ်ကြာရင် ခေါင်းလျှော်ပေးပါ။ ဒီအတိုင်းပေါင်းတင်ပေးတာက ဆံပင်ကို သိသိသာသာ ရှည်လာစေပါတယ် …။
Credit
Leave a Reply