မိဘတိုင္း သိထားသင့္တဲ့ ကေလးေတြရဲ႕ အမူအယာ (17) ခ်က္
မိဘေတြက ကေလးေတြရဲ႕ က်န္းမာေရးကို ငယ္ငယ္ေလးတည္းက အေသးအဖြဲကစၿပီး စိုးရိမ္တတ္ၾကပါတယ္။ ကေလးေတြ ဘာျဖစ္ခ်င္သလဲ၊ ဘာအဆင္မေျပလဲ ဆိုတာကို မိဘေတြက သိခ်င္ၾကပါတယ္။ဒါေပမယ့္ သင့္မွာ ကေလး မရွိရင္ ဒါေတြ နားမလည္ႏိုင္ပါဘူး။ မိဘေတြနဲ႔ ကေလးေတြၾကား ဆက္သြယ္လို႔ရမယ့္ အခ်က္ 3 ခ်က္ကို ကြၽမ္းက်င္သူေတြက ေဖာ္ျပေပးထားပါတယ္။
ကေလး ငိုပုံငိုနည္း
ကေလးေတြရဲ႕အသက္ ပထမ 4 လမွာ သူတို႔ လိုခ်င္တာကို ငိုၿပီးေတာ့ ေဖာ္ျပပါတယ္။ ဒါေပမယ့္ မိဘေတြက ကေလးေတြ ဗိုက္ဆာလို႔ ငိုတာလား၊ နာလို႔ငိုတာလား၊ တစ္ခုခုျဖစ္လို႔ ငိုတာလားဆိုတာ မသိႏိုင္ပါဘူး။
1. မိဘေတြကို ေခၚသည့္ ငိုနည္း
ကေလးေတြက တစ္ေယာက္တည္း ျဖစ္ေနၿပီဆိုရင္ မိဘေတြကို လာခ်ီေစခ်င္ပါတယ္။ ကေလးေတြက 5 စကၠန႔္ 6 စကၠန႔္ေလာက္ ငိုပါတယ္။ ၿပီးေတာ မိဘေတြမ်ား လာခ်ီမလား ဆိုၿပီး ေစာင့္တဲ့သေဘာနဲ႔ 20 စကၠန႔္ေလာက္ အငိုရပ္ပါတယ္။ မိဘေတြက လာမခ်ီေသးဘူး ဆိုရင္ ငိုလိုက္၊ ရပ္လိုက္ လုပ္ေနဦးမွာပါပဲ။
2. ဗိုက္ဆာ၍ ငိုျခင္း
ကေလးေတြက ဗိုက္ဆာေနရင္၊ မိဘေတြကလည္း လာမခ်ီဘူး ဆိုရင္ သံကုန္ျခစ္ၿပီး ငိုပါတယ္။ ဗိုက္ဆာတဲအခါ ေခါင္းကို လွည့္ၿပီး ပါးစပ္ကလည္း ႁပြတ္ကနဲ ျမည္ေအာင္ လုပ္တတ္ပါေသးတယ္။
3. နာ၍ငိုျခင္း
အနာတစ္ခုခု ျဖစ္ေနၿပီ ဆိုရင္ ထပ္ခါထပ္ခါ ရႈိက္ၿပီး ငိုသံက ပိုက်ယ္ပါတယ္။ ငယ္သံပါေအာင္ အာေခါင္ျခစ္ၿပီး ငိုျခင္းက သူတို႔နာက်င္တာ ပိုခံစားလာရေၾကာင္း ျပတာပါ။ ကေလးေတြ ဖ်ားတဲ့အခါလည္း ငိုပါတယ္။ အားမရွိေတာ့ အသံက်ယ္က်ယ္ေတာ့ မငိုႏိုင္ပါဘူး။
4. ခႏၶာကိုယ္က အခ်က္ျပ၍ ငိုျခင္း
ကေလးေတြက ရႉးေပါက္ခ်ထားတဲ့အခါ၊ အနာတစ္ခုခု ျဖစ္တဲ့အခါ ငိုပါတယ္။ ငိုသံက စူးစူးဝါးဝါး ပါပဲ။
5. အိပ္ခ်င္၍ ငိုျခင္း
ကေလးေတြက အိပ္ခ်င္ေပမယ့္ တစ္ခုခုေၾကာင့္ အိပ္မေပ်ာ္တဲ့အခါ စိတ္အေႏွာင့္အယွက္ျဖစ္ေလာက္ေအာင္ ငိုပါတယ္။ မ်က္လုံးနဲ႔ နား႐ြက္ေတြကို လက္နဲ႔ပြတ္ ပါလိမ့္မယ္။
6. သက္ေတာင့္သက္သာမရွိ၍ ငိုျခင္း
ဒီငိုသံက ျပတ္ေတာင္း ျပတ္ေတာင္းနဲ႔ပါ။ တစ္ခါတေလမွာ ၿငိမ္ၿငိမ္မေနဘဲ ေျခေတြလက္ေတြကိုလည္း ယက္ကန္ယက္ကန္ လုပ္တတ္ပါတယ္။အဲဒီအခါဆိုရင္ ကေလးေတြရဲ႕ဒိုင္ပါကို ၾကည့္ေပးဖို႔ လိုပါတယ္။ သူတို႔ အဝတ္အစားေတြ အရမ္း ပူတဲ့အခါ၊ ေအးတဲ့အခါလည္း ငိုပါတယ္။ ဒါ့အျပင္ အရမ္းငယ္ေသးတဲ့ ကေလးေတြက တစ္ေနရာထဲမွာ ေနရတာ ပ်င္းလာတဲ့အခါ ငိုတတ္ပါတယ္။
ကေလးေတြ လုပ္တတ္တဲ့အသံ
ဩစေတးလ် ကေလးအထူးကု ဆရာဝန္ ေဒါက္တာ Priscilla Dunstanက 3 လကေန 4 လအ႐ြယ္ ကေလးေတြရဲ႕ အသံကို ႏွစ္ 20 ၾကာ သုေတသနျပဳခဲ့ပါတယ္။ သူမရဲ႕ သုေတသနထဲမွာ လူမ်ိဳးေပါင္းစုံ ကေလးေတြ တစ္ေထာင္ေက်ာ္ ပါဝင္ပါတယ္။ အသက္ 4 လအ႐ြယ္ကေလးေတြက သူတို႔လိုခ်င္တာကို အသံနဲ႔ေဖာ္ျပၾကပါတယ္။ Priscilla က ကေလးေတြအေၾကာင္းကို မိဘေတြနားလည္ႏိုင္ဖို႔ ေက်ာင္းဖြင့္ထားပါတယ္။
1. ‘နာ့’ ဆိုတဲ့ အသံက ဗိုက္ဆာတယ္ လို႔ ေျပာတာပါ။ ကေလးေတြကို ဒီအသံကို လွ်ာကို အာေခါင္ေရွ႕ကို ထိၿပီး လုပ္တတ္ပါတယ္။
2. ‘အာ့’ ဆိုတဲ့ အသံက ေလတက္ခ်င္တဲ့ အသံပါ။ ကေလးေတြရဲ႕ အစာႁပြန္ထဲကေန ေလထြက္ခ်င္တဲ့အခါ ဒီလို အသံထြက္ပါတယ္။
3. ‘အို႔’ ဆိုတဲ့ အသံက အိပ္ခ်င္လာၿပီ လို႔ ေျပာခ်င္တာပါ။ ကေလးေတြက သမ္းေဝျခင္း မျပဳခင္မွာ ႏႈတ္ခမ္းကို ပိတ္ၿပီး လုပ္ျပတတ္ပါတယ္။
4. ‘ဟာ့’ ဆိုတဲ့ အသံက ေနရထိုင္ရ အဆင္မေျပဘူး ဆိုတဲ့ သေဘာပါ။ ကေလးေတြမွာ အထိအေတြ႕ တစ္ခုခုက အဆင္မေျပဘူး ဆိုရင္ ေျခေတြလက္ေတြကို ဆတ္ခနဲ လႈပ္ျပတတ္ပါတယ္။ ဒီလိုလုပ္ရင္းနဲ႔ ပါးစပ္ကလည္း ‘ဟာ့’ ဆိုတဲ့အသံ ထြက္လာတတ္ပါတယ္။
5. ကေလးေတြ ဗိုက္ထဲမွာ မအီမသာ ျဖစ္ေနရင္ ‘အဲ့အာ’ ဆိုတဲ့အသံ ထြက္ပါတယ္။ ကေလးေတြရဲ႕ဗိုက္ထဲမွာ ေနလို႔မေကာင္းရင္ ညည္းတြားရင္းနဲ႔ ထြက္လာတဲ့အသံပါ။
ကေလးေတြရဲ႕ လႈပ္ရွားတတ္တဲ့ အမူအရာေတြကလည္း ကေလးေတြ အေၾကာင္းကို ေျပာျပပါတယ္။
1. ခႏၶာကိုယ္ကို တြန႔္လိမ္ျခင္း
ႏွစ္လေအာက္ ကေလးေတြက ေလထိုးေလေအာင့္တဲ့အခါ ခႏၶာကိုယ္ကို တြန႔္လိမ္ျပတတ္ပါတယ္။ ထမင္းစားၿပီးတဲ့အခါ ခႏၶာကိုယ္ကို တြန႔္လိမ္ျပရင္ ဗိုက္ျပည့္ေနတဲ့ သေဘာပါ။ ထမင္းစားေနတဲ့ အခ်ိန္မွာ တြန႔္လိမ္ျပရင္ အစာမေၾကတဲ့ သေဘာပါ။ 2 လထက္ေက်ာ္တဲ့ကေလးေတြက ခႏၶာကိုယ္ကို တြန႔္လိမ္ျပရင္ ပင္ပန္းၿပီး အိပ္ခ်င္တယ္ လို႔ ေျပာခ်င္တာပါ။
2. ေခါင္းကို လွည့္ျပျခင္း
ဒါကေတာ့ ကေလးေတြအတြက္ ေအးေအးေဆးေဆး ျဖစ္ေနတယ္ ဆိုတာ ျပတာပါ။ သူတို႔အိပ္မေပ်ာ္ခင္မွာလည္း ေခါင္းကို လွည့္တတ္ပါတယ္။ ေဘးနားမွာ သူတို႔မသိတဲ့သူ ရွိရင္လည္း ေခါင္းကို လွည့္ၿပီး ၾကည့္တတ္ပါေသးတယ္။
3. နား႐ြက္ကိုင္ျခင္း
ကေလးေတြက သူတို႔ ခႏၶာကိုယ္ကို စူးစမ္းတဲ့အေနနဲ႔ နား႐ြက္ကို ကိုင္တတ္ ၾကပါတယ္။ ကေလးေတ္ပ ငိုရင္းနဲ႔ နား႐ြက္ကို ခဏခဏ ကိုင္ေနရင္ေတာ့ ဆရာဝန္နဲ႔ ျပသင့္ပါတယ္။
4. လက္သီးဆုပ္ျခင္း
လက္သီးဆုပ္ ျပတာက ဗိုက္ဆာေနၿပီ လို႔ ေျပာတာပါ။ ကေလးေတြ လက္သီးဆုပ္ျပတာကို အခ်ိန္မီ သတိထားမိရင္ ဗိုက္ဆာၿပီး မငိုေတာ့ပါဘူး။
5. ေျခေထာက္ ေျမာက္ျပျခင္း
ကေလးက ေျခေထာက္ကို ေျမာက္ျပရင္ ေလထိုးေလေအာင့္ေနတယ္ လို႔ ေျပာတာပါ။ နာက်င္မႈကို သက္သာေအာင္လို႔ ေျခေထာက္ကို ေျမာက္ျပပါတယ္။
6. လက္ကို ဆတ္ခနဲ ဆတ္ခနဲ ေျမာက္ျခင္း
ကေလးေတြက လက္ကို ဆတ္ခနဲ ဆတ္ခနဲေျမာက္ရင္ သူတို႔ ေၾကာက္ေနတာလို႔ ေျပာတာပါ။ ဆူညံသံေတြ၊ မီးေရာင္စူးစူးေတြ၊ ႐ုတ္တရက္ အိပ္ယာႏိုးလာတာေတြက ကေလးေတြကို လန႔္ေစပါတယ္။ အဲဒီအခါမွာ ကေလး အေၾကာက္အလန႔္ေျပသြားေအာင္ လုပ္ေပးဖို႔ လိုပါတယ္။
ကေလးေတြက သူတို႔ ပတ္ဝန္းက်င္မွာ ဘာေတြျဖစ္ေနလဲ ဆိုတာ မသိေပမယ့္ အမူအရာေတြမဲ့ ျပတတ္တယ္လို႔ ကေလးအထူးကု ဆရာဝန္ေတြက ေျပာပါတယ္။ ေျခဟန္လက္ဟန္ အမူအရာျပျခင္းက မိဘနဲ႔ ကေလးၾကား ဆက္သြယ္မႈကို တိုးေစၿပီး ကေလးရဲ႕ ဖြံ႕ၿဖိဳးမႈအတြက္လည္း ေကာင္းေစပါတယ္။
Ref – Brightside (Zombie(Loveshortnotes)
Unicode
မိဘတိုင်း သိထားသင့်တဲ့ ကလေးတွေရဲ့ အမူအယာ (17) ချက်
မိဘတွေက ကလေးတွေရဲ့ ကျန်းမာရေးကို ငယ်ငယ်လေးတည်းက အသေးအဖွဲကစပြီး စိုးရိမ်တတ်ကြပါတယ်။ ကလေးတွေ ဘာဖြစ်ချင်သလဲ၊ ဘာအဆင်မပြေလဲ ဆိုတာကို မိဘတွေက သိချင်ကြပါတယ်။ဒါပေမယ့် သင့်မှာ ကလေး မရှိရင် ဒါတွေ နားမလည်နိုင်ပါဘူး။ မိဘတွေနဲ့ ကလေးတွေကြား ဆက်သွယ်လို့ရမယ့် အချက် 3 ချက်ကို ကျွမ်းကျင်သူတွေက ဖော်ပြပေးထားပါတယ်။
ကလေး ငိုပုံငိုနည်း
ကလေးတွေရဲ့အသက် ပထမ 4 လမှာ သူတို့ လိုချင်တာကို ငိုပြီးတော့ ဖော်ပြပါတယ်။ ဒါပေမယ့် မိဘတွေက ကလေးတွေ ဗိုက်ဆာလို့ ငိုတာလား၊ နာလို့ငိုတာလား၊ တစ်ခုခုဖြစ်လို့ ငိုတာလားဆိုတာ မသိနိုင်ပါဘူး။
1. မိဘတွေကို ခေါ်သည့် ငိုနည်း
ကလေးတွေက တစ်ယောက်တည်း ဖြစ်နေပြီဆိုရင် မိဘတွေကို လာချီစေချင်ပါတယ်။ ကလေးတွေက 5 စက္ကန့် 6 စက္ကန့်လောက် ငိုပါတယ်။ ပြီးတော မိဘတွေများ လာချီမလား ဆိုပြီး စောင့်တဲ့သဘောနဲ့ 20 စက္ကန့်လောက် အငိုရပ်ပါတယ်။ မိဘတွေက လာမချီသေးဘူး ဆိုရင် ငိုလိုက်၊ ရပ်လိုက် လုပ်နေဦးမှာပါပဲ။
2. ဗိုက်ဆာ၍ ငိုခြင်း
ကလေးတွေက ဗိုက်ဆာနေရင်၊ မိဘတွေကလည်း လာမချီဘူး ဆိုရင် သံကုန်ခြစ်ပြီး ငိုပါတယ်။ ဗိုက်ဆာတဲအခါ ခေါင်းကို လှည့်ပြီး ပါးစပ်ကလည်း ပြွတ်ကနဲ မြည်အောင် လုပ်တတ်ပါသေးတယ်။
3. နာ၍ငိုခြင်း
အနာတစ်ခုခု ဖြစ်နေပြီ ဆိုရင် ထပ်ခါထပ်ခါ ရှိုက်ပြီး ငိုသံက ပိုကျယ်ပါတယ်။ ငယ်သံပါအောင် အာခေါင်ခြစ်ပြီး ငိုခြင်းက သူတို့နာကျင်တာ ပိုခံစားလာရကြောင်း ပြတာပါ။ ကလေးတွေ ဖျားတဲ့အခါလည်း ငိုပါတယ်။ အားမရှိတော့ အသံကျယ်ကျယ်တော့ မငိုနိုင်ပါဘူး။
4. ခန္ဓာကိုယ်က အချက်ပြ၍ ငိုခြင်း
ကလေးတွေက ရှူးပေါက်ချထားတဲ့အခါ၊ အနာတစ်ခုခု ဖြစ်တဲ့အခါ ငိုပါတယ်။ ငိုသံက စူးစူးဝါးဝါး ပါပဲ။
5. အိပ်ချင်၍ ငိုခြင်း
ကလေးတွေက အိပ်ချင်ပေမယ့် တစ်ခုခုကြောင့် အိပ်မပျော်တဲ့အခါ စိတ်အနှောင့်အယှက်ဖြစ်လောက်အောင် ငိုပါတယ်။ မျက်လုံးနဲ့ နားရွက်တွေကို လက်နဲ့ပွတ် ပါလိမ့်မယ်။
6. သက်တောင့်သက်သာမရှိ၍ ငိုခြင်း
ဒီငိုသံက ပြတ်တောင်း ပြတ်တောင်းနဲ့ပါ။ တစ်ခါတလေမှာ ငြိမ်ငြိမ်မနေဘဲ ခြေတွေလက်တွေကိုလည်း ယက်ကန်ယက်ကန် လုပ်တတ်ပါတယ်။အဲဒီအခါဆိုရင် ကလေးတွေရဲ့ဒိုင်ပါကို ကြည့်ပေးဖို့ လိုပါတယ်။ သူတို့ အဝတ်အစားတွေ အရမ်း ပူတဲ့အခါ၊ အေးတဲ့အခါလည်း ငိုပါတယ်။ ဒါ့အပြင် အရမ်းငယ်သေးတဲ့ ကလေးတွေက တစ်နေရာထဲမှာ နေရတာ ပျင်းလာတဲ့အခါ ငိုတတ်ပါတယ်။
ကလေးတွေ လုပ်တတ်တဲ့အသံ
ဩစတေးလျ ကလေးအထူးကု ဆရာဝန် ဒေါက်တာ Priscilla Dunstanက 3 လကနေ 4 လအရွယ် ကလေးတွေရဲ့ အသံကို နှစ် 20 ကြာ သုတေသနပြုခဲ့ပါတယ်။ သူမရဲ့ သုတေသနထဲမှာ လူမျိုးပေါင်းစုံ ကလေးတွေ တစ်ထောင်ကျော် ပါဝင်ပါတယ်။ အသက် 4 လအရွယ်ကလေးတွေက သူတို့လိုချင်တာကို အသံနဲ့ဖော်ပြကြပါတယ်။ Priscilla က ကလေးတွေအကြောင်းကို မိဘတွေနားလည်နိုင်ဖို့ ကျောင်းဖွင့်ထားပါတယ်။
1. ‘နာ့’ ဆိုတဲ့ အသံက ဗိုက်ဆာတယ် လို့ ပြောတာပါ။ ကလေးတွေကို ဒီအသံကို လျှာကို အာခေါင်ရှေ့ကို ထိပြီး လုပ်တတ်ပါတယ်။
2. ‘အာ့’ ဆိုတဲ့ အသံက လေတက်ချင်တဲ့ အသံပါ။ ကလေးတွေရဲ့ အစာပြွန်ထဲကနေ လေထွက်ချင်တဲ့အခါ ဒီလို အသံထွက်ပါတယ်။
3. ‘အို့’ ဆိုတဲ့ အသံက အိပ်ချင်လာပြီ လို့ ပြောချင်တာပါ။ ကလေးတွေက သမ်းဝေခြင်း မပြုခင်မှာ နှုတ်ခမ်းကို ပိတ်ပြီး လုပ်ပြတတ်ပါတယ်။
4. ‘ဟာ့’ ဆိုတဲ့ အသံက နေရထိုင်ရ အဆင်မပြေဘူး ဆိုတဲ့ သဘောပါ။ ကလေးတွေမှာ အထိအတွေ့ တစ်ခုခုက အဆင်မပြေဘူး ဆိုရင် ခြေတွေလက်တွေကို ဆတ်ခနဲ လှုပ်ပြတတ်ပါတယ်။ ဒီလိုလုပ်ရင်းနဲ့ ပါးစပ်ကလည်း ‘ဟာ့’ ဆိုတဲ့အသံ ထွက်လာတတ်ပါတယ်။
5. ကလေးတွေ ဗိုက်ထဲမှာ မအီမသာ ဖြစ်နေရင် ‘အဲ့အာ’ ဆိုတဲ့အသံ ထွက်ပါတယ်။ ကလေးတွေရဲ့ဗိုက်ထဲမှာ နေလို့မကောင်းရင် ညည်းတွားရင်းနဲ့ ထွက်လာတဲ့အသံပါ။
ကလေးတွေရဲ့ လှုပ်ရှားတတ်တဲ့ အမူအရာတွေကလည်း ကလေးတွေ အကြောင်းကို ပြောပြပါတယ်။
1. ခန္ဓာကိုယ်ကို တွန့်လိမ်ခြင်းနှစ်လအောက် ကလေးတွေက လေထိုးလေအောင့်တဲ့အခါ ခန္ဓာကိုယ်ကို တွန့်လိမ်ပြတတ်ပါတယ်။ ထမင်းစားပြီးတဲ့အခါ ခန္ဓာကိုယ်ကို တွန့်လိမ်ပြရင် ဗိုက်ပြည့်နေတဲ့ သဘောပါ။ ထမင်းစားနေတဲ့ အချိန်မှာ တွန့်လိမ်ပြရင် အစာမကြေတဲ့ သဘောပါ။ 2 လထက်ကျော်တဲ့ကလေးတွေက ခန္ဓာကိုယ်ကို တွန့်လိမ်ပြရင် ပင်ပန်းပြီး အိပ်ချင်တယ် လို့ ပြောချင်တာပါ။
2. ခေါင်းကို လှည့်ပြခြင်းဒါကတော့ ကလေးတွေအတွက် အေးအေးဆေးဆေး ဖြစ်နေတယ် ဆိုတာ ပြတာပါ။ သူတို့အိပ်မပျော်ခင်မှာလည်း ခေါင်းကို လှည့်တတ်ပါတယ်။ ဘေးနားမှာ သူတို့မသိတဲ့သူ ရှိရင်လည်း ခေါင်းကို လှည့်ပြီး ကြည့်တတ်ပါသေးတယ်။
3. နားရွက်ကိုင်ခြင်းကလေးတွေက သူတို့ ခန္ဓာကိုယ်ကို စူးစမ်းတဲ့အနေနဲ့ နားရွက်ကို ကိုင်တတ် ကြပါတယ်။ ကလေးတေ်ပ ငိုရင်းနဲ့ နားရွက်ကို ခဏခဏ ကိုင်နေရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။
4. လက်သီးဆုပ်ခြင်းလက်သီးဆုပ် ပြတာက ဗိုက်ဆာနေပြီ လို့ ပြောတာပါ။ ကလေးတွေ လက်သီးဆုပ်ပြတာကို အချိန်မီ သတိထားမိရင် ဗိုက်ဆာပြီး မငိုတော့ပါဘူး။
5. ခြေထောက် မြောက်ပြခြင်းကလေးက ခြေထောက်ကို မြောက်ပြရင် လေထိုးလေအောင့်နေတယ် လို့ ပြောတာပါ။ နာကျင်မှုကို သက်သာအောင်လို့ ခြေထောက်ကို မြောက်ပြပါတယ်။
6. လက်ကို ဆတ်ခနဲ ဆတ်ခနဲ မြောက်ခြင်း
ကလေးတွေက လက်ကို ဆတ်ခနဲ ဆတ်ခနဲမြောက်ရင် သူတို့ ကြောက်နေတာလို့ ပြောတာပါ။ ဆူညံသံတွေ၊ မီးရောင်စူးစူးတွေ၊ ရုတ်တရက် အိပ်ယာနိုးလာတာတွေက ကလေးတွေကို လန့်စေပါတယ်။ အဲဒီအခါမှာ ကလေး အကြောက်အလန့်ပြေသွားအောင် လုပ်ပေးဖို့ လိုပါတယ်။
ကလေးတွေက သူတို့ ပတ်ဝန်းကျင်မှာ ဘာတွေဖြစ်နေလဲ ဆိုတာ မသိပေမယ့် အမူအရာတွေမဲ့ ပြတတ်တယ်လို့ ကလေးအထူးကု ဆရာဝန်တွေက ပြောပါတယ်။ ခြေဟန်လက်ဟန် အမူအရာပြခြင်းက မိဘနဲ့ ကလေးကြား ဆက်သွယ်မှုကို တိုးစေပြီး ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက်လည်း ကောင်းစေပါတယ်။
Ref – Brightside (Zombie(Loveshortnotes))
Leave a Reply