ဂ်ပန္ႏိုင္ငံက ျမန္မာႏိုင္ငံတြင္ ဘိုးဘြားရိပ္သာတစ္ခု လာေရာက္တည္ေထာင္မည္ျဖစ္ေၾကာင္း သိရိွရသည္။

ဂ်ပန္ႏိုင္ငံက ျမန္မာႏိုင္ငံတြင္ ဘိုးဘြားရိပ္သာတစ္ခု လာေရာက္တည္ေထာင္မည္ျဖစ္ေၾကာင္း သိရိွရသည္။

ဂ်ပန္ႏိုင္ငံက ျမန္မာႏိုင္ငံတြင္ ဘိုးဘြားရိပ္သာတစ္ခု လာေရာက္တည္ေထာင္မည္ျဖစ္ေၾကာင္း သိရိွရသည္။

“ကြၽန္ေတာ္တို႔ ျမန္မာႏိုင္ငံမွာ စနစ္တက်ရွိတဲ့ ဘိုးဘြားရိပ္သာေတြ အားနည္းေနတဲ့အတြက္ ဂ်ပန္ႏိုင္ငံက ကူညီပံ့ပိုးေပးခ်င္လို႔ ကမ္းလွမ္းလာတာပါ။

သူတို႔ႏိုင္ငံက ျမန္မာႏိုင္ငံအတြက္ဆို အၿမဲကူညီေဆာင္႐ြက္ေပးနဲ႔ ႏိုင္ငံတစ္ခုျဖစ္ပါတယ္။ ဂ်ပန္ႏိုင္ငံ သက္ႀကီး႐ြယ္အို ျပဳစု ေစာင့္ေရွာက္ေရးအသင္းက ကြၽန္ေတာ္တို႔မာသာထရီဇာသူနာျပဳဝန္ေဆာင္မႈလုပ္ငန္းနဲ႔ ခ်ိတ္ဆက္ၿပီး ဘိုးဘြားရိပ္သာတစ္ခု တည္ေဆာက္ေပးဖို႔ ပေရာဂ်က္ခ်ေပးတာပါ ဟု မာသာထရီဇာသူနာျပဳဝန္ေဆာင္မႈလုပ္ငန္းဥကၠ႒ ဦးစိုင္းဂႏၶလႈိင္ကေျပာသည္။

ေအာက္တိုဘာ ၁၈ ရက္ေန႔တြင္ျပဳလုပ္ေသာ ေဆးဝါးကြၽမ္းက်င္ႏွင့္ သူနာျပဳအကူသင္တန္း အပတ္ စဥ္ ၃၆ ေက်ာင္းဆင္းအခမ္းအနားတြင္ ၎ကသတင္းမီဒီယာမ်ားကိုေျပာၾကားခဲ့ျခင္းျဖစ္သည္။

“အခုက ဒဂုံအေရွ႕ပိုင္းမွာ ၂ ဧကေက်ာ္က်ယ္တဲ့ ေျမေနရာရထားၿပီးပါၿပီ။ အေဆာက္အဦ တည္ေဆာက္ေရးလုပ္ငန္းေတြလုပ္ဖို႔စျပင္ဆင္ေနပါတယ္။ ဘိုးဘြားရိပ္သာ တည္ေထာင္ခြင့္ရဖို႔လည္း သက္ဆိုင္ရာ ဌာနေတြကို ခြင့္ျပဳခ်က္ေတာင္းထားပါတယ္ ဟု ၎ကဆိုသည္။

ဘိုးဘြားရိပ္သာတည္ေဆာက္ၿပီးပါက ဂ်ပန္ႏိုင္ငံမွ ပညာရွင္မ်ားႏွင့္ ျပည္တြင္းပညာရွင္ဦးစီးလည္ပတ္မည္ျဖစ္ၿပီး

စနစ္သုံးမ်ိဳးျဖင့္ေဆာင္႐ြက္သြားမည္ျဖစ္သည္။ ေငြးေၾကးခ်ိဳ႕တဲ့သူမ်ားကို အခမဲ့ျပဳစုေစာင့္ေရွာက္မႈေဆာင္႐ြက္ေပးမည္ျဖစ္ကာ၊ ေငြေၾကးတတ္ႏိုင္သူမ်ားအတြက္ ဝန္ေဆာင္ခရယူေဆာင္႐ြက္မည္ ျဖစ္ေၾကာင္းသိရသည္။

“အသက္ ၇၀ နဲ႔အထက္အဖိုးအဖြားေတြကို ျပဳစုေစာင့္ေရွာက္ေပးမွာပါ၊ ေနထိုင္စားေသာက္စရာ စီစဥ္ေပးမႈ အျပင္ က်န္းမာေရးေစာင့္ေရွာက္မႈေတြလည္း ပါဝင္မွာပါ။

ေငြေၾကးတတ္ႏိုင္တဲ့သူေတြဆီက ဝန္ေဆာင္ခယူတယ္ဆိုတာလည္း ဘိုးဘြားရိပ္သာႀကီး ေရရွည္ရပ္တည္ႏိုင္ဖို႔ပါ” ဟု ဦးစိုင္းဂႏၶလႈိင္ကေျပာသည္။

ယင္းအျပင္ အဆိုပါဘိုးဘြားရိပ္သာတြင္ ေငြေၾကးခ်မ္းသားသူမ်ားအတြက္ ျပည္ပခရီးထြက္ျခင္းစသည့္ အေၾကာင္းကိစၥမ်ားေၾကာင့္ မိမိတို႔မိဘဘိုးဘြားမ်ားကို မေစာင့္ေရွာက္ႏိုင္ပါကလည္း ယာယီဝန္ေဆာင္မႈေပးသည့္

စနစ္ကိုလည္း ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းသိရသည္။ “သူတို႔ တပတ္ေနမလား၊ တစ္လေနမလား ဒါက ေငြေၾကးနဲ႔ဝန္ေဆာင္မႈေပးမယ့္ အစီအစဥ္တစ္ခုပါ” ဟု ဦးစိုင္းဂႏၶလႈိင္ကေျပာသည္။

မာသာထရီသူနာျပဳဝန္ေဆာင္မႈလုပ္ငန္းအေနျဖင့္ သူနာျပဳအကူ ၂၀၀၀ေက်ာ္ေမြးထုတ္ေပးခဲ့ၿပီး ဂ်ပန္ႏိုင္ငံသို႔ သူနာျပဳအကူ ၃၀၀ ေက်ာ္ေစလြတ္ထားေၾကာင္းသိရသည္။

Credit to ေေဇေဝယံ

Unicode

ဂျပန်နိုင်ငံက မြန်မာနိုင်ငံတွင် ဘိုးဘွားရိပ်သာတစ်ခု လာရောက်တည်ထောင်မည်ဖြစ်ကြောင်း သိရှိရသည်။

“ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စနစ်တကျရှိတဲ့ ဘိုးဘွားရိပ်သာတွေ အားနည်းနေတဲ့အတွက် ဂျပန်နိုင်ငံက ကူညီပံ့ပိုးပေးချင်လို့ ကမ်းလှမ်းလာတာပါ။

သူတို့နိုင်ငံက မြန်မာနိုင်ငံအတွက်ဆို အမြဲကူညီဆောင်ရွက်ပေးနဲ့ နိုင်ငံတစ်ခုဖြစ်ပါတယ်။ ဂျပန်နိုင်ငံ သက်ကြီးရွယ်အို ပြုစု စောင့်ရှောက်ရေးအသင်းက ကျွန်တော်တို့မာသာထရီဇာသူနာပြုဝန်ဆောင်မှုလုပ်ငန်းနဲ့ ချိတ်ဆက်ပြီး ဘိုးဘွားရိပ်သာတစ်ခု တည်ဆောက်ပေးဖို့ ပရောဂျက်ချပေးတာပါ ဟု မာသာထရီဇာသူနာပြုဝန်ဆောင်မှုလုပ်ငန်းဥက္ကဋ္ဌ ဦးစိုင်းဂန္ဓလှိုင်ကပြောသည်။

အောက်တိုဘာ ၁၈ ရက်နေ့တွင်ပြုလုပ်သော ဆေးဝါးကျွမ်းကျင်နှင့် သူနာပြုအကူသင်တန်း အပတ် စဉ် ၃၆ ကျောင်းဆင်းအခမ်းအနားတွင် ၎င်းကသတင်းမီဒီယာများကိုပြောကြားခဲ့ခြင်းဖြစ်သည်။

“အခုက ဒဂုံအရှေ့ပိုင်းမှာ ၂ ဧကကျော်ကျယ်တဲ့ မြေနေရာရထားပြီးပါပြီ။ အဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းတွေလုပ်ဖို့စပြင်ဆင်နေပါတယ်။ ဘိုးဘွားရိပ်သာ တည်ထောင်ခွင့်ရဖို့လည်း သက်ဆိုင်ရာ ဌာနတွေကို ခွင့်ပြုချက်တောင်းထားပါတယ် ဟု ၎င်းကဆိုသည်။

ဘိုးဘွားရိပ်သာတည်ဆောက်ပြီးပါက ဂျပန်နိုင်ငံမှ ပညာရှင်များနှင့် ပြည်တွင်းပညာရှင်ဦးစီးလည်ပတ်မည်ဖြစ်ပြီး

စနစ်သုံးမျိုးဖြင့်ဆောင်ရွက်သွားမည်ဖြစ်သည်။ ငွေးကြေးချို့တဲ့သူများကို အခမဲ့ပြုစုစောင့်ရှောက်မှုဆောင်ရွက်ပေးမည်ဖြစ်ကာ၊ ငွေကြေးတတ်နိုင်သူများအတွက် ဝန်ဆောင်ခရယူဆောင်ရွက်မည် ဖြစ်ကြောင်းသိရသည်။

“အသက် ၇၀ နဲ့အထက်အဖိုးအဖွားတွေကို ပြုစုစောင့်ရှောက်ပေးမှာပါ၊ နေထိုင်စားသောက်စရာ စီစဉ်ပေးမှု အပြင် ကျန်းမာရေးစောင့်ရှောက်မှုတွေလည်း ပါဝင်မှာပါ။

ငွေကြေးတတ်နိုင်တဲ့သူတွေဆီက ဝန်ဆောင်ခယူတယ်ဆိုတာလည်း ဘိုးဘွားရိပ်သာကြီး ရေရှည်ရပ်တည်နိုင်ဖို့ပါ” ဟု ဦးစိုင်းဂန္ဓလှိုင်ကပြောသည်။

ယင်းအပြင် အဆိုပါဘိုးဘွားရိပ်သာတွင် ငွေကြေးချမ်းသားသူများအတွက် ပြည်ပခရီးထွက်ခြင်းစသည့် အကြောင်းကိစ္စများကြောင့် မိမိတို့မိဘဘိုးဘွားများကို မစောင့်ရှောက်နိုင်ပါကလည်း ယာယီဝန်ဆောင်မှုပေးသည့်

စနစ်ကိုလည်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းသိရသည်။ “သူတို့ တပတ်နေမလား၊ တစ်လနေမလား ဒါက ငွေကြေးနဲ့ဝန်ဆောင်မှုပေးမယ့် အစီအစဉ်တစ်ခုပါ” ဟု ဦးစိုင်းဂန္ဓလှိုင်ကပြောသည်။

မာသာထရီသူနာပြုဝန်ဆောင်မှုလုပ်ငန်းအနေဖြင့် သူနာပြုအကူ ၂၀၀၀ကျော်မွေးထုတ်ပေးခဲ့ပြီး ဂျပန်နိုင်ငံသို့ သူနာပြုအကူ ၃၀၀ ကျော်စေလွတ်ထားကြောင်းသိရသည်။

Credit to ေဇေဝေယံ

Be the first to comment

Leave a Reply

Your email address will not be published.


*