အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္ (AMPHAN)ႏွင့္ပတ္သက္၍ ျပည္သူသို႔ အသိေပးႏႈိးေဆာ္ခ်က္

အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္ (AMPHAN)ႏွင့္ပတ္သက္၍ ျပည္သူသို႔ အသိေပးႏႈိးေဆာ္ခ်က္
အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္ (AMPHAN)ႏွင့္ပတ္သက္၍ ျပည္သူသို႔ အသိေပးႏႈိးေဆာ္ခ်က္

အလြန႔္အလြန္အားေကာင္းေသာ ဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္ (AMPHAN)ႏွင့္ပတ္သက္၍ ျပည္သူသို႔ အသိေပးႏႈိးေဆာ္ခ်က္

၁၈-၅-၂၀၂၀

မိုးေလဝသႏွင့္ ဇလေဗဒၫႊန္ၾကားမႈဉီးစီးဌာန၏ (၁၈-၅-၂၀၂၀)ေန႔ (၁၄:၀၀)အခ်ိန္ ထုတ္ျပန္သည့္ စူပါ ဆိုင္ကလုန္းမုန္တိုင္း သတင္း အမွတ္စဥ္ (၁၄/၂၀၂၀)အရ လည္းေကာင္း၊ လူမႈဝန္ထမ္း၊ ကယ္ ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနရွိ အေရးေပၚအေျခ အေနစီမံခန႔္ခြဲမႈ ဗဟိုဌာနမွ ေလ့လာဆန္းစစ္ ေတြ႕ရွိခ်က္မ်ားအရ လည္းေကာင္း ဘဂၤလားပင္လယ္ေအာ္ ေတာင္ပိုင္းႏွင့္ ယင္းႏွင့္ ဆက္စပ္လ်က္ရွိေသာ ဘဂၤလားပင္လယ္ေအာ္ အေနာက္အလယ္ပိုင္း တို႔တြင္ ျဖစ္ေပၚေနေသာ စူပါဆိုင္ကလုန္းမုန္တိုင္း (Super Cyclonic Storm) အမ္ဖန္ (AMPHAN)၏ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံ ဘက္သို႔ ဦးတည္ေ႐ြ႕လ်ားမည့္အေျခအေန မရွိဘဲ အိႏၵိယႏိုင္ငံ၊ အေနာက္ဘဂၤလားျပည္ နယ္ ႏွင့္ ဘဂၤလားေဒ့ရွ႕္ႏိုင္ငံ ကမ္းေျခေဒသမ်ားကို ျဖတ္ေက်ာ္ဝင္ေရာက္ႏိုင္ ေၾကာင္း သိရွိရပါ သည္။

အဆိုပါ အဖ်က္စြမ္းအားႀကီးမားေသာ စူပါဆိုင္ကလုန္းမုန္တိုင္း အမ္ဖန္(AMPHAN)သည္ ျမန္မာ ႏိုင္ငံဘက္သို႔ ဦးတည္ေ႐ြ႕လ်ားႏိုင္ဖြယ္ မရွိေသာ္လည္း မုန္တိုင္း၏အရွိန္ေၾကာင့္ (၁၈-၅-၂၀၂၀) ေန႔မွ (၂၁-၅-၂၀၂၀၂၀) ေန႔အတြင္း ျမန္မာႏိုင္ငံတစ္ဝန္း ေနရာက်ဲက်ဲမွ ေနရာစိပ္စိပ္ မိုးထစ္ခ်ဳန္း႐ြာ ႏိုင္ေၾကာင္း၊ ခန႔္မွန္း(၂၀-၅-၂၀၂၀)ေန႔တြင္ စစ္ကိုင္းတိုင္းေဒသႀကီး (ေအာက္ပိုင္း) စစ္ကိုင္း၊ မုံ႐ြာ၊ ေ႐ႊဘို၊ ေရဦး၊ ကန႔္ဘလူၿမိဳ႕တို႔ႏွင့္ မေကြးတိုင္းေဒသႀကီး (အထက္ပိုင္း) ပခုကၠဴ၊ ေဆာ၊ ဂန႔္ေဂါ၊ ေပါက္၊ ထီးလင္း၊ ေက်ာက္ထု၊ ေခ်ာက္၊ ၿမိဳင္ႏွင့္ ေရစႀကိဳ ၿမိဳ႕နယ္မ်ားတြင္ တစ္နာရီေလတိုက္ႏႈန္း (၃၀-၃၅)မိုင္ႏႈန္းျဖင့္လည္း ေကာင္း၊ ရခိုင္ျပည္နယ္၊ စစ္ေတြ၊ မင္းျပား၊ ေျမာက္ဦး၊ ရေသ့ေတာင္၊ ေက်ာက္ေတာ္၊ ဘူးသီးေတာင္၊ ေမာင္ေတာ ၿမိဳ႕နယ္မ်ားႏွင့္ ခ်င္းျပည္နယ္ ဖလမ္းႏွင့္ တီးတိန္ၿမိဳ႕တို႔တြင္ တစ္နာရီေလတိုက္ႏႈန္း (၄၀-၄၅)မိုင္ႏႈန္း ျဖင့္လည္းေကာင္း၊ ခ်င္းျပည္နယ္၊ ပလက္ဝ၊ မတူပီႏွင့္ ဟားခါးၿမိဳ႕တို႔တြင္ တစ္နာရီေလတိုက္ႏႈန္း (၅၀-၆၀)မိုင္ႏႈန္းျဖင့္လည္းေကာင္း တိုက္ခတ္ႏိုင္ေၾကာင္း ေလ့လာခန႔္မွန္းလ်က္ရွိပါသည္။

ယခင္ ၂၀၁၀ ျပည့္ႏွစ္၊ ေအာက္တိုဘာလ (၁၉)ရက္ေန႔တြင္ ရခိုင္ကမ္း႐ိုးတန္းသို႔ ျဖတ္ေက်ာ္ဝင္ေရာက္ ခဲ့သည့္ ဂီရိဆိုင္ကလုန္းမုန္တိုင္းေၾကာင့္ ရခိုင္ျပည္နယ္တြင္ ေရႀကီး၊ ေျမၿပိဳမႈမ်ားလည္း ရွိခဲ့ကာ လူ(၃၅)ဦးေသဆုံး၊ (၁၀)ဦး ေပ်ာက္ဆုံးခဲ့သည့္အျပင္ မႏၲေလးတိုင္းေဒသႀကီးႏွင့္ မေကြးတိုင္းေဒသႀကီးတို႔တြင္ ေလျပင္းတိုက္ခတ္မႈႏွင့္ ေခ်ာင္းေရတြင္ေမ်ာပါမႈေၾကာင့္ ေသဆုံးသူ (၉)ဦးႏွင့္ ေပ်ာက္ဆုံးသူ (၃)ဦး ရွိခဲ့ပါသည္။

ထို႔အျပင္ ၂၀၁၁ ခုႏွစ္၊ ေအာက္တိုဘာလ (၁၉)ရက္ေန႔တြင္ ျမန္မာႏိုင္ငံ၊ ေမာင္ေတာၿမိဳ႕ႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ စစ္တေကာင္းၿမိဳ႕ၾကားမွ ျဖတ္ေက်ာ္ဝင္ေရာက္ခဲ့သည့္ O2B မုန္တိုင္း၏ အရွိန္ေၾကာင့္ ကုန္းတြင္းပိုင္းေဒသမ်ားျဖစ္ေသာ မေကြးတိုင္းေဒသႀကီး၊ ခ်င္းျပည္နယ္၊ စစ္ကိုင္းတိုင္းေဒသႀကီးတို႔တြင္ မိုးသည္းထန္စြာ႐ြာသြန္းခဲ့ၿပီး ပခုကၠဴၿမိဳ႕နယ္၊ ေပါက္ၿမိဳ႕နယ္၊ ဆိပ္ျဖဴၿမိဳ႕နယ္၊ ၿမိဳင္ၿမိဳ႕နယ္တို႔ရွိ ေယာေခ်ာင္း၊ ေ႐ႊေခ်ာင္းႏွင့္ အျခားသဲေခ်ာင္းမ်ား၌ ေခ်ာင္းေရမ်ား အဆမတန္က်ဆင္း လာခဲ့ရာမွ လွ်ပ္တျပက္ေရႀကီးျခင္းျဖစ္ပြားခဲ့ၿပီး နံနက္(၄)နာရီအခ်ိန္ခန႔္တြင္ ႐ုတ္တရက္ ျဖစ္ေပၚျခင္းလည္းျဖစ္သျဖင့္ ေရွာင္တိမ္းခ်ိန္မရျခင္းႏွင့္ ေခ်ာင္းဧရိယာအတြင္း သဲေသာင္မ်ား၌ စိုက္ပ်ိဳးေရးလုပ္ကိုင္ၿပီး ယာယီေနထိုင္ၾကသူမ်ားလည္းရွိသျဖင့္ ေသဆုံးသူ(၄၆)ဦး၊ ေပ်ာက္ဆုံး သူ(၁၁၅)ဦး ရွိခဲ့ၿပီး ဆုံးရႈံးမႈႀကီးမားခဲ့ပါသည္။

မုန္တိုင္းေၾကာင့္မဟုတ္ေသာ္လည္း ၂၀၁၈ ခုႏွစ္ ေရေဘးကာလအတြင္း၊ ဩဂုတ္လတြင္ မြန္ျပည္နယ္၊ ေပါင္ၿမိဳ႕နယ္၌ အခ်ိန္တိုအတြင္း မိုးေရခ်ိန္မ်ားစြာ႐ြာသြန္းမႈေၾကာင့္ မလတ္ေတာင္ၿပိဳမႈ ျဖစ္ပြားခဲ့ရာ လူ(၇၃)ဦးေသဆုံးၿပီး (၆၃)ဦးဒဏ္ရာရရွိခဲ့ပါသည္။

သို႔ျဖစ္ရာ ယခုျဖစ္ေပၚလ်က္ရွိသည့္ အမ္ဖန္(AMPHAN) စူပါဆိုင္ကလုန္းမုန္တိုင္း ဒဏ္ကို တိုက္႐ိုက္မခံစားရသျဖင့္ ယာယီခိုလႈံရာစခန္းမ်ားသို႔ ေ႐ႊ႕ေျပာင္းရန္ မလိုႏိုင္ေသာ္လည္း မုန္တိုင္းႏွင့္ ဆက္စပ္ျဖစ္ေပၚတတ္သည့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ ေျမၿပိဳျခင္း၊ ေတာင္က်ေခ်ာင္းမ်ားတြင္ ေရမ်ား႐ုတ္တရက္က်ဆင္းျခင္း၊ လွ်ပ္တျပက္ေရႀကီးျခင္းမ်ားျဖစ္ေပၚတတ္ ေၾကာင္းကို ကမ္း႐ိုးတန္းေဒသမ်ားသာမက ကုန္းတြင္းပိုင္းေဒသေန ျပည္သူမ်ားအေနျဖင့္လည္း သတိျပဳ ႀကိဳတင္ျပင္ဆင္ ေနထိုင္ရန္လိုအပ္ၿပီး ေအာက္ေဖာ္ျပပါအခ်က္မ်ားကို ဂ႐ုျပဳလိုက္နာႏိုင္ပါရန္ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာနက အႀကံျပဳအပ္ပါသည္-

(၁) ေနအိမ္အေဆာက္အဦမ်ား၏ ႀကံ့ခိုင္မႈကိုစစ္ေဆး၍ ေလဒဏ္၊ မိုးဒဏ္ခံႏိုင္ေစရန္ ျပဳျပင္ေဆာင္႐ြက္ပါ။ အိမ္ေပၚသို႔ က်ိဳးက်ႏိုင္ေသာ သစ္ပင္၊ သစ္ကိုင္းမ်ားကို ႀကိဳတင္ခုတ္ထြင္ ရွင္းလင္းထားပါ။

(၂) ေလျပင္းတိုက္ခတ္ခ်ိန္ႏွင့္ မိုးသည္းထန္စြာ႐ြာသြန္းခ်ိန္တို႔တြင္ သစ္ပင္၊ သစ္ကိုင္းမ်ား၊ လွ်ပ္စစ္မီးတိုင္မ်ား၊ တယ္လီဖုန္းတိုင္မ်ား က်ိဳးက်ႏိုင္ျခင္း၊ လဲၿပိဳႏိုင္ျခင္း၊ ေလျပင္းႏွင့္အတူ လြင့္ပါလာသည့္ သြပ္ႏွင့္ အျခားအရာဝတၱဳမ်ားေၾကာင့္ ထိခိုက္ႏိုင္ျခင္း၊ မိုးႀကိဳးပစ္ျခင္းမ်ား ျဖစ္ပြားႏိုင္သျဖင့္ တတ္ႏိုင္ပါက အေဆာက္အဦ အျပင္ဘက္သို႔ မထြက္ပါႏွင့္။ ဖုန္းမ်ားအသုံးမျပဳပါႏွင့္။ လွ်ပ္စစ္ပစၥည္းမ်ား အသုံးမျပဳပါႏွင့္။

(၃) ေလတိုက္ႏႈန္း တစ္နာရီ မိုင္ (၅၀၊ ၆၀)ခန႔္သည္ တဲအိမ္ငယ္မ်ား ၿပိဳလဲႏိုင္ျခင္း၊ ေနအိမ္မ်ား အမိုး၊ အကာ လန္ျခင္းမ်ားလည္း ျဖစ္ပြားႏိုင္သျဖင့္ မိမိအိမ္သည္ ေလျပင္း ဒဏ္ ခံႏိုင္ရည္အားနည္းသည္ဟု ယူဆပါက ခိုင္ခံသည့္ နီးစပ္ရာ အိမ္မ်ား၊ အေဆာက္ အဉီမ်ားသို႔ ႀကိဳတင္ေရွာင္ရွားေနထိုင္ပါ။

(၄) မိုးသည္းထန္စြာ႐ြာသြန္းရာမွ လွ်ပ္တျပက္ေရႀကီးျခင္းမ်ား ျဖစ္ေပၚႏိုင္ၿပီး လွ်ပ္တျပက္ ေရႀကီးျခင္းသည္ ေရွာင္တိမ္းရန္ အခ်ိန္အလြန္နည္းပါသည္။ ညအခ်ိန္မ်ားတြင္ ပိုမို ဂ႐ုျပဳ ေနထိုင္ပါ။

(၅) အႏၲရာယ္ရွိသည့္ ျမစ္ေခ်ာင္းမ်ား၊ ေတာင္က်ေခ်ာင္းမ်ား၊ ေတာင္ေျခမ်ား၊ ေတာင္ေစာင္းမ်ား စသည့္ ေျမၿပိဳ၊ ေတာင္ၿပိဳမႈမ်ားျဖစ္ ေပၚႏိုင္သည့္ေနရာမ်ားတြင္ေနထိုင္သူမ်ား အထူးသတိျပဳေနထိုင္ပါ။ လိုအပ္ပါက ေခတၱ ေရွာင္ရွားေနထိုင္ပါ။

(၆) မိုးထစ္ခ်ဳန္း႐ြာသြန္းေနခ်ိန္ ေတာင္က်ေခ်ာင္းမ်ားအတြင္း ေမာ္ေတာ္ကား၊ ေမာ္ေတာ္ဆိုင္ကယ္၊ ႏြားလွည္းမ်ား၊ လူမ်ား မျဖတ္သန္းပါႏွင့္။ ႐ုတ္တရက္ ေရမ်ားအရွိန္ျဖင့္ စီးဆင္းလာႏိုင္ၿပီး အႏၲရာယ္ရွိႏိုင္ပါသည္။

(၇) ေလျပင္းတိုက္ခတ္ျခင္း၊ မိုးထစ္ခ်ဳန္း႐ြာသြန္းျခင္းမ်ား ၿပီးစီး၍ အျပင္ထြက္ပါက လွ်ပ္စစ္မီးႀကိဳး၊ လွ်ပ္စစ္မီးတိုင္မ်ားႏွင့္ တတ္ႏိုင္သမွ်ေဝးေဝးေနပါ။ ေႁမြႏွင့္ အဆိပ္ရွိေသာ တိရစာၦန္မ်ား၏ အႏၲရာယ္ကို သတိျပဳပါ။ ေတာင္ေစာင္းမ်ား၊ ျမစ္ေခ်ာင္းမ်ား၊ ေတာင္က် ေခ်ာင္းမ်ားအနီးသို႔မသြားပါႏွင့္။

(၈) မိမိတို႔ရပ္႐ြာအတြင္း ေလျပင္းဒဏ္ခံႏိုင္သည့္ နီးစပ္ရာ အိမ္မ်ား၊ အေဆာက္အဉီမ်ားသို႔ ေခတၱေရွာင္ရွားေနထိုင္သည္ျဖစ္ေစ၊ သတ္မွတ္ထားသည့္ ေဘးလြတ္ကင္းရာ ေနရာမ်ားသို႔ ေ႐ႊ႕ေျပာင္းသည္ျဖစ္ေစ COVID–19 ကူးစက္ေရာဂါဆိုင္ရာ လိုက္နာရမည့္ ၫႊန္ၾကားခ်က္မ်ားကို တိက်စြာလိုက္နာပါ။

ျပည္သူလူထုအေနျဖင့္ သဘာဝေဘးအႏၲရာယ္မ်ားႏွင့္ပတ္သက္၍ လူမႈ ၀န္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး၀န္ႀကီးဌာနတြင္ (၂၄)နာရီဖြင့္လွစ္ထားရွိေသာ Hot-line ဖုန္းမ်ားျဖစ္ သည့္ ၀၆၇-၃၄၀၄၆၆၆ ႏွင့္ ၀၆၇-၃၄၀၄၇၇၇ တို႔သို႔ အခ်ိန္မေ႐ြး ဆက္သြယ္ သတင္းရယူ၊ အကူအညီ ေတာင္းခံႏိုင္ပါေၾကာင္း အသိေပးႏႈိးေဆာ္အပ္ပါသည္။

လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္
ျပန္လည္ေနရာခ်ထားေရးဝန္ႀကီးဌာန။

Crd

Unicode

အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် (AMPHAN)နှင့်ပတ်သက်၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်

၁၈-၅-၂၀၂၀

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဉီးစီးဌာန၏ (၁၈-၅-၂၀၂၀)နေ့ (၁၄:၀၀)အချိန် ထုတ်ပြန်သည့် စူပါ ဆိုင်ကလုန်းမုန်တိုင်း သတင်း အမှတ်စဉ် (၁၄/၂၀၂၀)အရ လည်းကောင်း၊ လူမှုဝန်ထမ်း၊ ကယ် ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရှိ အရေးပေါ်အခြေ အနေစီမံခန့်ခွဲမှု ဗဟိုဌာနမှ လေ့လာဆန်းစစ် တွေ့ရှိချက်များအရ လည်းကောင်း ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း တို့တွင် ဖြစ်ပေါ်နေသော စူပါဆိုင်ကလုန်းမုန်တိုင်း (Super Cyclonic Storm) အမ်ဖန် (AMPHAN)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ ဘက်သို့ ဦးတည်ရွေ့လျားမည့်အခြေအနေ မရှိဘဲ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလားပြည် နယ် နှင့် ဘင်္ဂလားဒေ့ရှ့်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်နိုင် ကြောင်း သိရှိရပါ သည်။

အဆိုပါ အဖျက်စွမ်းအားကြီးမားသော စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန်(AMPHAN)သည် မြန်မာ နိုင်ငံဘက်သို့ ဦးတည်ရွေ့လျားနိုင်ဖွယ် မရှိသော်လည်း မုန်တိုင်း၏အရှိန်ကြောင့် (၁၈-၅-၂၀၂၀) နေ့မှ (၂၁-၅-၂၀၂၀၂၀) နေ့အတွင်း မြန်မာနိုင်ငံတစ်ဝန်း နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာ နိုင်ကြောင်း၊ ခန့်မှန်း(၂၀-၅-၂၀၂၀)နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး (အောက်ပိုင်း) စစ်ကိုင်း၊ မုံရွာ၊ ရွှေဘို၊ ရေဦး၊ ကန့်ဘလူမြို့တို့နှင့် မကွေးတိုင်းဒေသကြီး (အထက်ပိုင်း) ပခုက္ကူ၊ ဆော၊ ဂန့်ဂေါ၊ ပေါက်၊ ထီးလင်း၊ ကျောက်ထု၊ ချောက်၊ မြိုင်နှင့် ရေစကြို မြို့နယ်များတွင် တစ်နာရီလေတိုက်နှုန်း (၃၀-၃၅)မိုင်နှုန်းဖြင့်လည်း ကောင်း၊ ရခိုင်ပြည်နယ်၊ စစ်တွေ၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်များနှင့် ချင်းပြည်နယ် ဖလမ်းနှင့် တီးတိန်မြို့တို့တွင် တစ်နာရီလေတိုက်နှုန်း (၄၀-၄၅)မိုင်နှုန်း ဖြင့်လည်းကောင်း၊ ချင်းပြည်နယ်၊ ပလက်ဝ၊ မတူပီနှင့် ဟားခါးမြို့တို့တွင် တစ်နာရီလေတိုက်နှုန်း (၅၀-၆၀)မိုင်နှုန်းဖြင့်လည်းကောင်း တိုက်ခတ်နိုင်ကြောင်း လေ့လာခန့်မှန်းလျက်ရှိပါသည်။

ယခင် ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းသို့ ဖြတ်ကျော်ဝင်ရောက် ခဲ့သည့် ဂီရိဆိုင်ကလုန်းမုန်တိုင်းကြောင့် ရခိုင်ပြည်နယ်တွင် ရေကြီး၊ မြေပြိုမှုများလည်း ရှိခဲ့ကာ လူ(၃၅)ဦးသေဆုံး၊ (၁၀)ဦး ပျောက်ဆုံးခဲ့သည့်အပြင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့တွင် လေပြင်းတိုက်ခတ်မှုနှင့် ချောင်းရေတွင်မျောပါမှုကြောင့် သေဆုံးသူ (၉)ဦးနှင့် ပျောက်ဆုံးသူ (၃)ဦး ရှိခဲ့ပါသည်။

ထို့အပြင် ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်နေ့တွင် မြန်မာနိုင်ငံ၊ မောင်တောမြို့နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စစ်တကောင်းမြို့ကြားမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည့် O2B မုန်တိုင်း၏ အရှိန်ကြောင့် ကုန်းတွင်းပိုင်းဒေသများဖြစ်သော မကွေးတိုင်းဒေသကြီး၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး ပခုက္ကူမြို့နယ်၊ ပေါက်မြို့နယ်၊ ဆိပ်ဖြူမြို့နယ်၊ မြိုင်မြို့နယ်တို့ရှိ ယောချောင်း၊ ရွှေချောင်းနှင့် အခြားသဲချောင်းများ၌ ချောင်းရေများ အဆမတန်ကျဆင်း လာခဲ့ရာမှ လျှပ်တပြက်ရေကြီးခြင်းဖြစ်ပွားခဲ့ပြီး နံနက်(၄)နာရီအချိန်ခန့်တွင် ရုတ်တရက် ဖြစ်ပေါ်ခြင်းလည်းဖြစ်သဖြင့် ရှောင်တိမ်းချိန်မရခြင်းနှင့် ချောင်းဧရိယာအတွင်း သဲသောင်များ၌ စိုက်ပျိုးရေးလုပ်ကိုင်ပြီး ယာယီနေထိုင်ကြသူများလည်းရှိသဖြင့် သေဆုံးသူ(၄၆)ဦး၊ ပျောက်ဆုံး သူ(၁၁၅)ဦး ရှိခဲ့ပြီး ဆုံးရှုံးမှုကြီးမားခဲ့ပါသည်။

မုန်တိုင်းကြောင့်မဟုတ်သော်လည်း ၂၀၁၈ ခုနှစ် ရေဘေးကာလအတွင်း၊ ဩဂုတ်လတွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အချိန်တိုအတွင်း မိုးရေချိန်များစွာရွာသွန်းမှုကြောင့် မလတ်တောင်ပြိုမှု ဖြစ်ပွားခဲ့ရာ လူ(၇၃)ဦးသေဆုံးပြီး (၆၃)ဦးဒဏ်ရာရရှိခဲ့ပါသည်။

သို့ဖြစ်ရာ ယခုဖြစ်ပေါ်လျက်ရှိသည့် အမ်ဖန်(AMPHAN) စူပါဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကို တိုက်ရိုက်မခံစားရသဖြင့် ယာယီခိုလှုံရာစခန်းများသို့ ရွှေ့ပြောင်းရန် မလိုနိုင်သော်လည်း မုန်တိုင်းနှင့် ဆက်စပ်ဖြစ်ပေါ်တတ်သည့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြေပြိုခြင်း၊ တောင်ကျချောင်းများတွင် ရေများရုတ်တရက်ကျဆင်းခြင်း၊ လျှပ်တပြက်ရေကြီးခြင်းများဖြစ်ပေါ်တတ် ကြောင်းကို ကမ်းရိုးတန်းဒေသများသာမက ကုန်းတွင်းပိုင်းဒေသနေ ပြည်သူများအနေဖြင့်လည်း သတိပြု ကြိုတင်ပြင်ဆင် နေထိုင်ရန်လိုအပ်ပြီး အောက်ဖော်ပြပါအချက်များကို ဂရုပြုလိုက်နာနိုင်ပါရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက အကြံပြုအပ်ပါသည်-

(၁) နေအိမ်အဆောက်အဦများ၏ ကြံ့ခိုင်မှုကိုစစ်ဆေး၍ လေဒဏ်၊ မိုးဒဏ်ခံနိုင်စေရန် ပြုပြင်ဆောင်ရွက်ပါ။ အိမ်ပေါ်သို့ ကျိုးကျနိုင်သော သစ်ပင်၊ သစ်ကိုင်းများကို ကြိုတင်ခုတ်ထွင် ရှင်းလင်းထားပါ။

(၂) လေပြင်းတိုက်ခတ်ချိန်နှင့် မိုးသည်းထန်စွာရွာသွန်းချိန်တို့တွင် သစ်ပင်၊ သစ်ကိုင်းများ၊ လျှပ်စစ်မီးတိုင်များ၊ တယ်လီဖုန်းတိုင်များ ကျိုးကျနိုင်ခြင်း၊ လဲပြိုနိုင်ခြင်း၊ လေပြင်းနှင့်အတူ လွင့်ပါလာသည့် သွပ်နှင့် အခြားအရာဝတ္တုများကြောင့် ထိခိုက်နိုင်ခြင်း၊ မိုးကြိုးပစ်ခြင်းများ ဖြစ်ပွားနိုင်သဖြင့် တတ်နိုင်ပါက အဆောက်အဦ အပြင်ဘက်သို့ မထွက်ပါနှင့်။ ဖုန်းများအသုံးမပြုပါနှင့်။ လျှပ်စစ်ပစ္စည်းများ အသုံးမပြုပါနှင့်။

(၃) လေတိုက်နှုန်း တစ်နာရီ မိုင် (၅၀၊ ၆၀)ခန့်သည် တဲအိမ်ငယ်များ ပြိုလဲနိုင်ခြင်း၊ နေအိမ်များ အမိုး၊ အကာ လန်ခြင်းများလည်း ဖြစ်ပွားနိုင်သဖြင့် မိမိအိမ်သည် လေပြင်း ဒဏ် ခံနိုင်ရည်အားနည်းသည်ဟု ယူဆပါက ခိုင်ခံသည့် နီးစပ်ရာ အိမ်များ၊ အဆောက် အဉီများသို့ ကြိုတင်ရှောင်ရှားနေထိုင်ပါ။

(၄) မိုးသည်းထန်စွာရွာသွန်းရာမှ လျှပ်တပြက်ရေကြီးခြင်းများ ဖြစ်ပေါ်နိုင်ပြီး လျှပ်တပြက် ရေကြီးခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမို ဂရုပြု နေထိုင်ပါ။

(၅) အန္တရာယ်ရှိသည့် မြစ်ချောင်းများ၊ တောင်ကျချောင်းများ၊ တောင်ခြေများ၊ တောင်စောင်းများ စသည့် မြေပြို၊ တောင်ပြိုမှုများဖြစ် ပေါ်နိုင်သည့်နေရာများတွင်နေထိုင်သူများ အထူးသတိပြုနေထိုင်ပါ။ လိုအပ်ပါက ခေတ္တ ရှောင်ရှားနေထိုင်ပါ။

(၆) မိုးထစ်ချုန်းရွာသွန်းနေချိန် တောင်ကျချောင်းများအတွင်း မော်တော်ကား၊ မော်တော်ဆိုင်ကယ်၊ နွားလှည်းများ၊ လူများ မဖြတ်သန်းပါနှင့်။ ရုတ်တရက် ရေများအရှိန်ဖြင့် စီးဆင်းလာနိုင်ပြီး အန္တရာယ်ရှိနိုင်ပါသည်။

(၇) လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာသွန်းခြင်းများ ပြီးစီး၍ အပြင်ထွက်ပါက လျှပ်စစ်မီးကြိုး၊ လျှပ်စစ်မီးတိုင်များနှင့် တတ်နိုင်သမျှဝေးဝေးနေပါ။ မြွေနှင့် အဆိပ်ရှိသော တိရစ္ဆာန်များ၏ အန္တရာယ်ကို သတိပြုပါ။ တောင်စောင်းများ၊ မြစ်ချောင်းများ၊ တောင်ကျ ချောင်းများအနီးသို့မသွားပါနှင့်။

(၈) မိမိတို့ရပ်ရွာအတွင်း လေပြင်းဒဏ်ခံနိုင်သည့် နီးစပ်ရာ အိမ်များ၊ အဆောက်အဉီများသို့ ခေတ္တရှောင်ရှားနေထိုင်သည်ဖြစ်စေ၊ သတ်မှတ်ထားသည့် ဘေးလွတ်ကင်းရာ နေရာများသို့ ရွှေ့ပြောင်းသည်ဖြစ်စေ COVID–19 ကူးစက်ရောဂါဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာပါ။

ပြည်သူလူထုအနေဖြင့် သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတွင် (၂၄)နာရီဖွင့်လှစ်ထားရှိသော Hot-line ဖုန်းများဖြစ် သည့် ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ အချိန်မရွေး ဆက်သွယ် သတင်းရယူ၊ အကူအညီ တောင်းခံနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေးဝန်ကြီးဌာန။

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*