လူတုိင္းမွာ အခက္အခဲ ကုိယ္စီနဲ႔

လူတုိင္းမွာ အခက္အခဲ ကုိယ္စီနဲ႔
လူတုိင္းမွာ အခက္အခဲ ကုိယ္စီနဲ႔

လူတုိင္းမွာ အခက္အခဲ ကုိယ္စီနဲ႔

” ပုံေလးကို ေသခ်ာၾကည့္ရင္း အေတြးေပါင္းမ်ားစြာ ေျပးထြက္လာခဲ့တယ္ ဆိုပါေတာ့ ”

” ငါလဲ မင္းလိုပဲ ဘဝတူခ်င္းေပါ့ မင္းမွာ …အခက္အခဲေတြ မ်ားစြာရွိသလို ငါ့မွာလဲ အဲဒီလိုအခက္အခဲေတြ ရွိေနမွာပဲေလ … ”

” မင္းမွာလဲ မိသားစု အတြက္ ႐ုန္းကန္ရွာေဖြရင္း အခက္ေတြ႕ေနသလို … ငါ့မွာေရာ မိသားစုအတြက္ ႐ုန္းကန္ကာ ရွာေဖြရင္း အၾကပ္႐ိုက္ကာ ႏြမ္းလ်ေနမယ္ဆိုတာ … မင္းသိႏိုင္ေကာင္းပါရဲ႕ … ေလ ”

” မင္းမသိတဲ့ အခက္အခဲေတြ ငါေျဖရွင္းေနရင္း ဘဝတိုက္ပြဲေတြ ပါဝင္ကာဆင္ႏြဲ ေနရသလို ငါမသိေသးတဲ့ မင္းဘဝရဲ႕အခက္အခဲေတြကို စြမ္းႏိုင္သမ်ေျဖရွင္းရင္း မင္းဘဝ တိုက္ပြဲေတြ တိုင္းအတြက္ ျပင္ဆင္ တည္ေဆာက္ေနမယ္ ဆိုတာ ငါနားလည္ေပးႏိုင္ပါတယ္ကြ ာ” ” ႀကိဳမသိနိင္တဲ့ အနာဂတ္ေတြ ကိုယ္စီရွိေပမယ့္ … ေ႐ြ႕လ်ားမႈေတြ ကြဲျပားျခားနားရင္း ဘဝေနဝင္ခ်ိန္ ဆည္းဆာက ေရာင္နီေတြေတာင္သန္းလာၿပီေနာ္ .… ”

” ခါးသီးတဲ့ အေတြ႕အႀကဳံေတြနဲ႔ ရင္ဆိုင္ကာျဖတ္သန္းရင္ ေက်ာခိုင္းထားခဲ့တဲ့ ေက်ာ္ျဖတ္မႈေတြဟာ မင္းဘဝထဲမွာ မနည္းဘူး ဆိုတာလည္း ငါလက္ခံႏိုင္ပါတယ္ …” ” ယိုစီးက်လာတဲ့ မ်က္ရည္စက္ေတြကိုေတာင္ အားတင္းၿပီး အန္တုလို႔ ရပ္တန္႔ေစခဲ့တဲ့ အစြမ္းသတၱိေတြ မင္းဘဝထဲမွာ ရွိခဲ့ဖူးတာမို႔ …
ငါေလးစားခဲ့မိေသးတယ္ ”

“ေကြကြင္းခဲ့ရတဲ့ ရင္နင့္မဆန္႔ေအာင္ ခံစားခ်က္ေပါင္းမ်ားစြာကို မ်ိဳသိပ္မႈေပါင္းမ်ားစြာနဲ႔ သံေယာဇဥ္ရွင္းတမ္းေတြ ရွိခဲ့ဖူးေပမယ့္…ဆင္ျခင္တုန္းတရားဆိုတဲ့ အသိဥာဏ္နဲ႔ မင္း ေက်ာ္ျဖတ္ႏိုင္ခဲ့တာေလးကိုလည္း ဂုဏ္ယူေနမိတယ္”

“မွတ္တမ္းေတြခ်ေရးလိုက္တိုင္း အေလးထားမခံရတဲ့ မိသားစုရဲ႕ ေလာင္းရိပ္ေအာက္မွာ လူလားေျမာက္ခဲ့ရတာကိုလည္း ငါကိုယ္ခ်င္းစာမိခဲ့ေသးတယ္…” “မင္းႀကိဳးစားသမ် အရာမထင္ခဲ့တဲ့ ေန႔ရက္ေတြကို ဆက္တိုက္ဆိုသလို ေက်ာ္ျဖတ္ရင္း…နာက်င္မႈေတြ မင္းရင္ထဲမွာ ခံရသိပ္ခက္ေနမယ္ဆိုတာေလးလဲ ငါေတြးမိေသးတယ္…”

” မင္းယုံၾကည္ထားသမွ် အရာေတြ မွန္သမွ်တိုင္းကို အယုံၾကည္ရဆုံးလူေတြရဲ႕ အနင္းေျခခံလိုက္ရတာေတာင္ စိတ္ဓာတ္ခြန္အားရွိသမွ်ေလးနဲ႔ လူ႔ေလာကနယ္ပယ္ထဲမွာ ဆက္လက္ၿပီး မင္းရပ္တည္ျပႏိုင္လို႔လည္း ေလးစားေနမိတယ္…””ေနရာတကာမွာ ပညာတတ္မွလူရာဝင္တယ္ဆိုတဲ့ အေတြးအေခၚေတြကို စိန္ေခၚၿပီး ေလာကနယ္ပယ္ထဲမွာ ပညာမဲ့ေပမယ့္ ဂုဏ္သိကၡာရွိရွိ ျဖတ္သန္းျပလိုက္တဲ့အတြက္လည္း မင္းကိုငါအားက်တယ္…”

“မာနဆိုတာ လမ္းေဘး တံဆိပ္လို ေဘးခ်ိတ္ၿပီး ဘဝကႏၲာရ ေႏြလိုပူျခင္းမ်ားကို မၿငီးျငဴတမ္း ျဖတ္သန္းခဲ့တာေလးေတြကို ငါ့အတြက္ေတာ့…’စံ’ထားၿပီး အတုယူစရာေကာင္းေနမိတယ္…”

သူငယ္ခ်င္း … . ေရ။

#Crd

Unicode

လူတိုင်းမှာ အခက်အခဲ ကိုယ်စီနဲ့

” ပုံလေးကို သေချာကြည့်ရင်း အတွေးပေါင်းများစွာ ပြေးထွက်လာခဲ့တယ် ဆိုပါတော့ ”

” ငါလဲ မင်းလိုပဲ ဘဝတူချင်းပေါ့ မင်းမှာ …အခက်အခဲတွေ များစွာရှိသလို ငါ့မှာလဲ အဲဒီလိုအခက်အခဲတွေ ရှိနေမှာပဲလေ … ”

” မင်းမှာလဲ မိသားစု အတွက် ရုန်းကန်ရှာဖွေရင်း အခက်တွေ့နေသလို … ငါ့မှာရော မိသားစုအတွက် ရုန်းကန်ကာ ရှာဖွေရင်း အကြပ်ရိုက်ကာ နွမ်းလျနေမယ်ဆိုတာ … မင်းသိနိုင်ကောင်းပါရဲ့ … လေ ”

” မင်းမသိတဲ့ အခက်အခဲတွေ ငါဖြေရှင်းနေရင်း ဘဝတိုက်ပွဲတွေ ပါဝင်ကာဆင်နွဲ နေရသလို ငါမသိသေးတဲ့ မင်းဘဝရဲ့အခက်အခဲတွေကို စွမ်းနိုင်သမျဖြေရှင်းရင်း မင်းဘဝ တိုက်ပွဲတွေ တိုင်းအတွက် ပြင်ဆင် တည်ဆောက်နေမယ် ဆိုတာ ငါနားလည်ပေးနိုင်ပါတယ်ကွ ာ” ” ကြိုမသိနိင်တဲ့ အနာဂတ်တွေ ကိုယ်စီရှိပေမယ့် … ရွေ့လျားမှုတွေ ကွဲပြားခြားနားရင်း ဘဝနေဝင်ချိန် ဆည်းဆာက ရောင်နီတွေတောင်သန်းလာပြီနော် .… ”

” ခါးသီးတဲ့ အတွေ့အကြုံတွေနဲ့ ရင်ဆိုင်ကာဖြတ်သန်းရင် ကျောခိုင်းထားခဲ့တဲ့ ကျော်ဖြတ်မှုတွေဟာ မင်းဘဝထဲမှာ မနည်းဘူး ဆိုတာလည်း ငါလက်ခံနိုင်ပါတယ် …” ” ယိုစီးကျလာတဲ့ မျက်ရည်စက်တွေကိုတောင် အားတင်းပြီး အန်တုလို့ ရပ်တန့်စေခဲ့တဲ့ အစွမ်းသတ္တိတွေ မင်းဘဝထဲမှာ ရှိခဲ့ဖူးတာမို့ …
ငါလေးစားခဲ့မိသေးတယ် ”

“ကွေကွင်းခဲ့ရတဲ့ ရင်နင့်မဆန့်အောင် ခံစားချက်ပေါင်းများစွာကို မျိုသိပ်မှုပေါင်းများစွာနဲ့ သံယောဇဉ်ရှင်းတမ်းတွေ ရှိခဲ့ဖူးပေမယ့်…ဆင်ခြင်တုန်းတရားဆိုတဲ့ အသိဉာဏ်နဲ့ မင်း ကျော်ဖြတ်နိုင်ခဲ့တာလေးကိုလည်း ဂုဏ်ယူနေမိတယ်”

“မှတ်တမ်းတွေချရေးလိုက်တိုင်း အလေးထားမခံရတဲ့ မိသားစုရဲ့ လောင်းရိပ်အောက်မှာ လူလားမြောက်ခဲ့ရတာကိုလည်း ငါကိုယ်ချင်းစာမိခဲ့သေးတယ်…” “မင်းကြိုးစားသမျ အရာမထင်ခဲ့တဲ့ နေ့ရက်တွေကို ဆက်တိုက်ဆိုသလို ကျော်ဖြတ်ရင်း…နာကျင်မှုတွေ မင်းရင်ထဲမှာ ခံရသိပ်ခက်နေမယ်ဆိုတာလေးလဲ ငါတွေးမိသေးတယ်…”

” မင်းယုံကြည်ထားသမျှ အရာတွေ မှန်သမျှတိုင်းကို အယုံကြည်ရဆုံးလူတွေရဲ့ အနင်းခြေခံလိုက်ရတာတောင် စိတ်ဓာတ်ခွန်အားရှိသမျှလေးနဲ့ လူ့လောကနယ်ပယ်ထဲမှာ ဆက်လက်ပြီး မင်းရပ်တည်ပြနိုင်လို့လည်း လေးစားနေမိတယ်…””နေရာတကာမှာ ပညာတတ်မှလူရာဝင်တယ်ဆိုတဲ့ အတွေးအခေါ်တွေကို စိန်ခေါ်ပြီး လောကနယ်ပယ်ထဲမှာ ပညာမဲ့ပေမယ့် ဂုဏ်သိက္ခာရှိရှိ ဖြတ်သန်းပြလိုက်တဲ့အတွက်လည်း မင်းကိုငါအားကျတယ်…”

“မာနဆိုတာ လမ်းဘေး တံဆိပ်လို ဘေးချိတ်ပြီး ဘဝကန္တာရ နွေလိုပူခြင်းများကို မငြီးငြူတမ်း ဖြတ်သန်းခဲ့တာလေးတွေကို ငါ့အတွက်တော့…’စံ’ထားပြီး အတုယူစရာကောင်းနေမိတယ်…”

သူငယ်ချင်း … . ရေ။

#Crd

Be the first to comment

Leave a Reply

Your email address will not be published.


*