ေလထုညစ္ညမ္းေၾကာင့္ လူေသဆံုးေသာအမ်ားဆုံးႏိုင္ငံမ်ား

ေလထုညစ္ညမ္းေၾကာင့္ လူေသဆံုးမွုအမ်ားဆုံးႏိုင္ငံမ်ား
ေလထုညစ္ညမ္းေၾကာင့္ လူေသဆံုးမွုအမ်ားဆုံးႏိုင္ငံမ်ား

ေလထုညစ္ညမ္းေၾကာင့္ လူေသဆံုးမွုအမ်ားဆုံးႏိုင္ငံမ်ား

လထုညစ္ညမ္းမႈဟာ လူသားေတြရဲ႕က်န္းမာေရးကိုဆိုး႐ြားစြာထိခိုက္ေစႏိုင္ၿပီးမ်ားစြာ ေသာေရာဂါဘယတို႔ရဲ႕သေႏၶတည္ရာေနရာလည္းျဖစ္ပါတယ္။ ယခုကာလမွာ ေတာ့ ေလထုညစ္ညစ္မႈ အပါအဝင္ပတ္ဝန္းက်င္ အျခားညစ္ညမ္းမႈေတြေၾကာင့္ လူသားေတြဟာသက္တမ္းေစ့ေနႏိုင္ျခင္းမရွိပဲ အသက္ရႉလမ္းေၾကာင္းဆိုင္ရာေရာဂါေတြအျပင္ မ်ားစြာေသာေရာဂါေတြေၾကာင့္ ေသဆုံးေနရပါတယ္။ ဒီေနရာမွာမွ်ေဝေပး ခ်င္တာကေတာ့ ေလထုညစ္ညစ္မႈနဲ႔ဆက္ႏြယ္ၿပီး လူေသဆုံးမႈအမ်ားဆုံးျဖစ္ပြားေနတဲ့ ကမာၻ႔ႏိုင္ငံေတြရဲ႕ အေၾကာင္းအရာအခ်ိဳ႕ပဲျဖစ္ပါတယ္။

ေလထုညစ္ညမ္းျခင္းဟာလူသားေတြရဲ႕လုပ္ရပ္ေၾကာင့္သာျဖစ္ၿပီး ေဘးဒဏ္သင့္ခဲ့ရတာက သက္ရွိတိုင္းအတြက္ကိုျဖစ္ေစခဲ့ပါတယ္။ ေလထုညစ္ညမ္းမႈ၊ပတ္ဝန္းက်င္ညစ္ညမ္း မႈေတြေၾကာင့္ လူသားေတြဟာ allergies (ဓာတ္မတည့္တဲ့ေရာဂါ) ၊ ကူးစက္ေရာဂါပိုး မႊားေပါင္းစုံကိုခံစားရႏိုင္ၿပီး အသက္ပါဆုံးရႈံးသြားရႏိုင္တဲ့အေျခအေနကို ရင္ဆိုင္ရႏိုင္ပါတယ္။ ယင္းညစ္ညမ္းမႈေတြကပဲ ပတ္ဝန္းက်င္မွာရွိတဲ့အပင္နဲ႔ တိရိစာၦန္ေတြအေပၚအဆိုး ဘက္ကေန သက္ေရာက္မႈေတြျဖစ္ႏိုင္ၿပီး ေဂဟစနစ္ႀကီးတစ္ခုလုံးေတာင္ပ်က္စီးသြား ႏိုင္တဲ့အေျခအေနကိုျဖစ္ေစႏိုင္ပါတယ္။ ေလ့လာသူပညာရွင္ေတြရဲ႕အခ်က္အလက္ေတြ မွာေတာ့ ေလထုညစ္ညမ္းမႈေၾကာင့္ေသဆုံးရသူ ကမာၻလူဦးေရဟာ ႏွစ္စဥ္သန္းနဲခ်ီရွိေနတယ္လို႔သိရပါတယ္။ ဥပမာအားျဖင့္ (၂၀၁၄)ခုႏွစ္မွာထုတ္ျပန္တဲ့ WHO ရဲ႕စာရင္းေတြ အရဆိုရင္ ယင္းႏွစ္ထဲမွာပဲ လူ(၇)သန္းေလာက္ဟာ ေလထုညစ္ညမ္းမႈနဲ႔ဆက္စပ္တဲ့ ေရာဂါေတြခံစားရၿပီးေသဆုံးခဲ့ပါတယ္လို႔ အေျဖထြက္ခဲ့ပါတယ္။

ယခုေဖာ္ျပမယ့္ ကိန္းဂဏန္းစာရင္းေတြဟာ WHO ရဲ႕ထုတ္ျပန္ေၾကျငာခ်က္ေတြကိုသာ အေျခခံပါတယ္။ အခ်က္အလက္ေတြအရေတာ့ အာဖရိကတိုက္ကဆူဒန္ႏိုင္ငံဟာ ကမာၻေပၚမွာေလထုအညစ္ညမ္းဆုံးေသာႏိုင္ငံအျဖစ္ရွိေနၿပီး ႏိုင္ငံရဲ႕လူဦးေရ(၁၀၀၀၀၀)မွာဆိုရင္ (၁၂၄) ေယာက္ဟာ ေလထုညစ္ညမ္းမႈေၾကာင့္ႏွစ္စဥ္ေသဆုံးေနရပါတယ္။ ယင္းေနာက္မွာ ေတာ့ ဥေရာပကဘူေဂးရီးယားႏိုင္ငံက(၁၂၁)ေယာက္၊ေဂ်ာ္ဂ်ီယာႏိုင္ငံက (၁၁၉)ေယာက္၊ အာဖရိကတိုက္ ခ်က္ႏိုင္ငံ၊ ဟန္ေဂရီနဲ႔လစ္ဗီး ယားႏိုင္ငံ(ဥေရာပ) တို႔က (၈၃)ေယာက္စီနဲ႔ အစဥ္အတိုင္းရပ္တည္ေနၾကတာကိုေတြပါတယ္။

(၁) ဆူဒန္

အာဖရိက အေရွ႕ပိုင္းက ဆူဒန္ဟာ စတုရန္းကီလိုမီတာ (၁.၈၈)သန္းေလာက္က်ယ္ဝန္းၿပီး ႏိုင္ငံတြင္းျဖစ္ေပၚခဲ့တဲ့ ျပည္တြင္းစစ္ေတြေၾကာင့္ပဲ ဆင္းရဲမြဲေတျခင္းဒဏ္ကိုခံခဲ့ရပါတယ္။ ယင္းေနာက္မွာေတာ့ ေနာက္ဆက္တြဲဆိုးက်ိဳးေတြျဖစ္တဲ့ က်န္းမာေရးေစာင့္ေရွာက္မႈ၊ ပညာရပ္ဆိုင္ရာအသိပညာေပးေနာက္က်မႈေတြနဲ႔အတူ အစိုးရရဲ႕ထိန္းခ်ဳပ္မႈအားနည္းမႈ ေတြေၾကာင့္ ဆူဒန္ဟာေလထုညစ္ႏြမ္းတဲ့ၿမိဳ႕ျပဧရိယာအေတာ္မ်ားမ်ားကိုပိုင္ဆိုင္ခဲ့ပါ တယ္။

အထူးသျဖင့္ ဓာတုေဗဒပစၥည္းထုတ္စက္႐ုံေတြ ေျမၾသဇာထုတ္လုပ္တဲ့စက္႐ုံ ေတြ နဲ႔ေက်ာက္မီးေသြးစက္႐ုံေတြေၾကာင့္ ဆူဒန္ရဲ႕ေလထုေနရာအမ်ားစုဟာ ကာဗြန္ဒိုင္ ေအာက္ဆိုဒ္ဓာတ္ေငြ႕ေတြဖုံးလႊမ္းထားသလိုျဖစ္ေနခဲ့ရတာျဖစ္ပါတယ္။ ဒါအျပင္ ဓာတ္ေငြ႕ထုတ္လုပ္ျခင္းအျပင္ အျခာေသာသယံဇာတထုတ္ယူေရးလုပ္ငန္းေတြေၾကာင့္ပဲ ႏွစ္စဥ္ဆူဒန္ႏိုင္ငံရဲ႕လူဦးေရ (၁၀၀၀၀၀)မွာဆိုရင္ (၁၂၄)ေယာက္ေလာက္ဟာ ေလထု ညစ္ညမ္းမႈနဲ႔ဆက္စပ္တဲ့ေရာဂါေတြနဲ႔ ကြယ္လြန္ေနခဲ့ရပါတယ္။

(၂)ယူကရိန္း

(၁၉)ရာစုေနာက္ပိုင္းကာလကေနစတင္ၿပီးတိုးခ်ဲ႕လာခဲ့တဲ့စက္မႈလုပ္ငန္းေတြေၾကာင့္ ေလထုညစ္ညမ္းခဲ့ရတဲ့ ဥေရာပႏိုင္ငံစာရင္းမွာေတာ့ ယူကရိန္းဟာတစ္ခုအပါအဝင္ ျဖစ္ ပါတယ္။ အထူးသျဖင့္ Donetsk ၊ Zaporizhia ၊ Kharkivနဲ႔ ယူကရိန္းေတာင္ဘက္ျခမ္း ကစက္မႈၿမိဳ႕ေတာ္ႀကီးအမ်ားအျပားေပၚထြက္လာျခင္းဟာ ႏိုင္ငံကိုအဆိုးဆုံးေသာေလထုအညစ္ညမ္းဆုံးႏိုင္ငံစာရင္းကို တြန္းပို႔ခဲ့တာျဖစ္ပါတယ္။

ဒါအျပင္ယူကရိန္းႏိုင္ငံတြင္း က ေက်ာက္မီးေသြးစက္႐ုံေတြ၊ ေမာ္ေတာ္ယာဥ္ေတြ၊ဓာတ္တူးေဖာ္ေရးလုပ္ငန္းေတြက ေနထြက္ရွိတဲ့ တန္နဲ႔ခ်ီတဲ့အဆိပ္ေငြ႕ေတြဟာ ေလထုအတြင္းျပန႔္ႏွံ႔ေရာက္ရွိခဲ့ၿပီး အထူး သျဖင့္ၿမိဳ႕ေတာ္ေနလူဦးေရကို ဆိုးက်ိဳးမ်ားစြာျဖစ္ေပၚေစခဲ့တာျဖစ္ပါတယ္။ ယူကရိန္း ဟာေလထုသာမက ေရထုညစ္ညမ္းမႈကပ္ကိုလည္းရင္ဆိုင္ေနရၿပီး အဓိကကေတာ့ တိုးပြားလာတဲ့လူဦးေရကိုအေျခခံတဲ့ စြန႔္ပစ္ပစၥည္းေတြေၾကာင့္ျဖစ္ၿပီးသဘာဝပတ္ဝန္း က်င္ထိန္းသိမ္းေရးဥပေဒပိုင္းမွာ အားနည္းလြန္းလွတဲ့ ယူကရိန္းအစိုးရရဲ႕ႏိုင္ငံေရးေပၚလ စီေတြေၾကာင့္လည္းျဖစ္ပါတယ္။

(၃) ေဂ်ာ္ဂ်ီယာ

ႏိုင္ငံတကာစြမ္းအင္ေအဂ်င္စီ (International Energy Agency) ရဲ႕အဆိုအရေတာ့ ေဂ်ာ္ဂ်ီယာဟာ ေလထုညစ္ညမ္းမႈေၾကာင့္လူေသဆုံးမႈအမ်ားဆုံးကမာၻထိပ္တန္းႏိုင္ငံစာရင္းမွာပါဝင္ေနတယ္လို႔သိရပါတယ္။ အခ်က္အလက္ေတြအရ ေဂ်ာ္ဂ်ီယာႏိုင္ငံသား (၁၈၀၀၀)ေလာက္ဟာ ေလထုညစ္ညမ္းမႈေၾကာင့္ ေန႔စဥ္ေသဆုံးေနရတယ္လို႔သိရပါ တယ္။ ေဂ်ာ္ဂ်ီယာႏိုင္ငံဟာ ကိုယ္ပိုင္ေမာ္ေတာ္ယာဥ္သုံးစြဲမႈအမ်ားဆုံးႏိုင္ငံေတြထဲက တစ္ႏိုင္ငံျဖစ္ၿပီးယင္းျဖစ္ရပ္ေတြကပဲ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ပမာဏမ်ားစြာဟာ ေဂ်ာ္ဂ်ီ ယာရဲ႕ေလထုအတြင္းေနရာယူလ်က္ရွိေနတာျဖစ္ပါတယ္။

အထူးသျဖင့္ဒီဇယ္အင္ဂ်င္၊မ်ားစြာအသုံးျပဳေနမႈ၊ဓာတ္သတၳဳတူးေဖာ္ေရးလုပ္ငန္းေတြ ေၾကာင့္ ေဂ်ာ္ဂ်ီယာရဲ႕ေလထုညစ္ညမ္းမႈေၾကာင့္ႏွစ္စဥ္ေသဆုံးတဲ့လူဦးေရဟာႏွစ္စဥ္ လူတစ္သိန္းမွာဆိုရင္ (၁၁၉)ေယာက္အထိေသဆုံးေနရပါတယ္။ ယင္းပမာဏဟာ ေဂ်ာ္ဂ်ီယာႏိုင္ငံတြင္း ယာဥ္တိုက္မႈ၊အဆုတ္တီဘီေရာဂါနဲ႔ HIV/AIDS ေရာဂါစုစုေပါင္း ေသဆုံးသူေတြထက္ မ်ားစြာမ်ားျပားလို႔ေနတာျဖစ္ပါ တယ္။

(၄) ဘူေဂးရီးယား

ေနာက္ပိုင္းႏွစ္ေတြမွာေတာ့ ဥေရာပက ဘူေဂးရီးယားႏိုင္ငံဟာ သိသိသာသာေလထု ညစ္ညမ္းမႈမ်ားလာတဲ့ႏိုင္ငံျဖစ္ပါတယ္။ မူလရာခိုင္ႏႈန္းထက္ (၂)ဆအထိတက္လာတဲ့ ဘူေဂးရီးယားမွာဆိုရင္ ႏွစ္စဥ္ လူတစ္သိန္းမွာ (၁၂၁)ေယာက္ေလာက္ဟာ ေလထုညစ္ ညမ္မႈနဲ႔ဆက္ႏြယ္တဲ့ေရာဂါေတြနဲ႔ ေသဆုံးေနရတာျဖစ္ပါတယ္။ ႏိုင္ငံရဲ႕ေလထုကိုအဓိ ကညစ္ႏြမ္းေစတာကေတာ့ စိုက္ခင္းမီးရႈိမႈေတြ၊ ဓာတ္ဆီကဲ့သို႔ေလာင္စာေတြကိုအသုံး ျပဳတဲ့ေမာ္ေတာ္ကားအေရအတြက္မ်ားျပားမႈေတြ၊ေက်ာက္မီးေသြးစက္႐ုံေတြနဲ႔ ဓာတ္သတၳဳတူးေဖာ္ေရးလုပ္ငန္းေတြေၾကာင့္ျဖစ္ပါတယ္။ ဒါအျပင္ဘူေဂးရီးယားအစိုးရရဲ႕ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ ထိန္းသိမ္းေစာင့္ေရွာက္ေရးေပၚလစီေတြကလည္း အားနည္းလြန္းလွတာကိုေတြ႕ရပါတယ္။

ကမာၻေလထုကိုအဓိကညစ္ႏြမ္းေစတဲ့အဆိပ္ဓာတ္တြဟာ လူသားေတြရဲ႕လိုအပ္ခ်က္ကိုျမႇင္ တင္တဲ့ရည္႐ြယ္ခ်က္ကေနပဲျဖစ္ေပၚလာေနရတာျဖစ္ ပါတယ္။ ယင္းပစၥည္းေတြဟာ အစိုင္အခဲ၊အရည္၊အေငြ႕ေတြအထိပါဝင္ေနတာျဖစ္ၿပီး ေလထုကို အညစ္ညမ္းေစဆုံးဓာတ္ေတြကေတာ့ ကာဗြန္ဒိုင္ေအာက္ဆိုဒ္၊ ဆာဖာေအာက္ဆိုဒ္( sulfur oxides)၊ ႏိုက္ထ႐ိုဂ်င္ေအာက္ဆိုဒ္နဲ႔ ကာဗြန္မိုႏိုေအာက္ ဆိုဒ္စတဲ့ အဆိပ္ဓာတ္ေငြ႕ေတြေၾကာင့္ျဖစ္ပါတယ္။ WHO ရဲ႕ အခ်က္အလက္ေတြအရ ျမန္မာႏိုင္ငံမွာ လထုညစ္ညမ္းမႈေၾကာင့္ လူ ၁သိန္းမွာ ၄၈ ေယာက္ ေသဆုံးေနရတယ္လို႔ သိရပါတယ္

Source burmanews

Crd

Unicode

လေထုညစ်ညမ်းကြောင့် လူသေဆုံးမှုအများဆုံးနိုင်ငံများ

လထုညစ်ညမ်းမှုဟာ လူသားတွေရဲ့ကျန်းမာရေးကိုဆိုးရွားစွာထိခိုက်စေနိုင်ပြီးများစွာ သောရောဂါဘယတို့ရဲ့သန္ဓေတည်ရာနေရာလည်းဖြစ်ပါတယ်။ ယခုကာလမှာ တော့ လေထုညစ်ညစ်မှု အပါအဝင်ပတ်ဝန်းကျင် အခြားညစ်ညမ်းမှုတွေကြောင့် လူသားတွေဟာသက်တမ်းစေ့နေနိုင်ခြင်းမရှိပဲ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတွေအပြင် များစွာသောရောဂါတွေကြောင့် သေဆုံးနေရပါတယ်။ ဒီနေရာမှာမျှဝေပေး ချင်တာကတော့ လေထုညစ်ညစ်မှုနဲ့ဆက်နွယ်ပြီး လူသေဆုံးမှုအများဆုံးဖြစ်ပွားနေတဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ အကြောင်းအရာအချို့ပဲဖြစ်ပါတယ်။

လေထုညစ်ညမ်းခြင်းဟာလူသားတွေရဲ့လုပ်ရပ်ကြောင့်သာဖြစ်ပြီး ဘေးဒဏ်သင့်ခဲ့ရတာက သက်ရှိတိုင်းအတွက်ကိုဖြစ်စေခဲ့ပါတယ်။ လေထုညစ်ညမ်းမှု၊ပတ်ဝန်းကျင်ညစ်ညမ်း မှုတွေကြောင့် လူသားတွေဟာ allergies (ဓာတ်မတည့်တဲ့ရောဂါ) ၊ ကူးစက်ရောဂါပိုး မွှားပေါင်းစုံကိုခံစားရနိုင်ပြီး အသက်ပါဆုံးရှုံးသွားရနိုင်တဲ့အခြေအနေကို ရင်ဆိုင်ရနိုင်ပါတယ်။ ယင်းညစ်ညမ်းမှုတွေကပဲ ပတ်ဝန်းကျင်မှာရှိတဲ့အပင်နဲ့ တိရိစ္ဆာန်တွေအပေါ်အဆိုး ဘက်ကနေ သက်ရောက်မှုတွေဖြစ်နိုင်ပြီး ဂေဟစနစ်ကြီးတစ်ခုလုံးတောင်ပျက်စီးသွား နိုင်တဲ့အခြေအနေကိုဖြစ်စေနိုင်ပါတယ်။ လေ့လာသူပညာရှင်တွေရဲ့အချက်အလက်တွေ မှာတော့ လေထုညစ်ညမ်းမှုကြောင့်သေဆုံးရသူ ကမ္ဘာလူဦးရေဟာ နှစ်စဉ်သန်းနဲချီရှိနေတယ်လို့သိရပါတယ်။ ဥပမာအားဖြင့် (၂၀၁၄)ခုနှစ်မှာထုတ်ပြန်တဲ့ WHO ရဲ့စာရင်းတွေ အရဆိုရင် ယင်းနှစ်ထဲမှာပဲ လူ(၇)သန်းလောက်ဟာ လေထုညစ်ညမ်းမှုနဲ့ဆက်စပ်တဲ့ ရောဂါတွေခံစားရပြီးသေဆုံးခဲ့ပါတယ်လို့ အဖြေထွက်ခဲ့ပါတယ်။

ယခုဖော်ပြမယ့် ကိန်းဂဏန်းစာရင်းတွေဟာ WHO ရဲ့ထုတ်ပြန်ကြေငြာချက်တွေကိုသာ အခြေခံပါတယ်။ အချက်အလက်တွေအရတော့ အာဖရိကတိုက်ကဆူဒန်နိုင်ငံဟာ ကမ္ဘာပေါ်မှာလေထုအညစ်ညမ်းဆုံးသောနိုင်ငံအဖြစ်ရှိနေပြီး နိုင်ငံရဲ့လူဦးရေ(၁၀၀၀၀၀)မှာဆိုရင် (၁၂၄) ယောက်ဟာ လေထုညစ်ညမ်းမှုကြောင့်နှစ်စဉ်သေဆုံးနေရပါတယ်။ ယင်းနောက်မှာ တော့ ဥရောပကဘူဂေးရီးယားနိုင်ငံက(၁၂၁)ယောက်၊ဂျော်ဂျီယာနိုင်ငံက (၁၁၉)ယောက်၊ အာဖရိကတိုက် ချက်နိုင်ငံ၊ ဟန်ဂေရီနဲ့လစ်ဗီး ယားနိုင်ငံ(ဥရောပ) တို့က (၈၃)ယောက်စီနဲ့ အစဉ်အတိုင်းရပ်တည်နေကြတာကိုတွေပါတယ်။

(၁) ဆူဒန်

အာဖရိက အရှေ့ပိုင်းက ဆူဒန်ဟာ စတုရန်းကီလိုမီတာ (၁.၈၈)သန်းလောက်ကျယ်ဝန်းပြီး နိုင်ငံတွင်းဖြစ်ပေါ်ခဲ့တဲ့ ပြည်တွင်းစစ်တွေကြောင့်ပဲ ဆင်းရဲမွဲတေခြင်းဒဏ်ကိုခံခဲ့ရပါတယ်။ ယင်းနောက်မှာတော့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရပ်ဆိုင်ရာအသိပညာပေးနောက်ကျမှုတွေနဲ့အတူ အစိုးရရဲ့ထိန်းချုပ်မှုအားနည်းမှု တွေကြောင့် ဆူဒန်ဟာလေထုညစ်နွမ်းတဲ့မြို့ပြဧရိယာအတော်များများကိုပိုင်ဆိုင်ခဲ့ပါ တယ်။

အထူးသဖြင့် ဓာတုဗေဒပစ္စည်းထုတ်စက်ရုံတွေ မြေသြဇာထုတ်လုပ်တဲ့စက်ရုံ တွေ နဲ့ကျောက်မီးသွေးစက်ရုံတွေကြောင့် ဆူဒန်ရဲ့လေထုနေရာအများစုဟာ ကာဗွန်ဒိုင် အောက်ဆိုဒ်ဓာတ်ငွေ့တွေဖုံးလွှမ်းထားသလိုဖြစ်နေခဲ့ရတာဖြစ်ပါတယ်။ ဒါအပြင် ဓာတ်ငွေ့ထုတ်လုပ်ခြင်းအပြင် အခြာသောသယံဇာတထုတ်ယူရေးလုပ်ငန်းတွေကြောင့်ပဲ နှစ်စဉ်ဆူဒန်နိုင်ငံရဲ့လူဦးရေ (၁၀၀၀၀၀)မှာဆိုရင် (၁၂၄)ယောက်လောက်ဟာ လေထု ညစ်ညမ်းမှုနဲ့ဆက်စပ်တဲ့ရောဂါတွေနဲ့ ကွယ်လွန်နေခဲ့ရပါတယ်။

(၂)ယူကရိန်း

(၁၉)ရာစုနောက်ပိုင်းကာလကနေစတင်ပြီးတိုးချဲ့လာခဲ့တဲ့စက်မှုလုပ်ငန်းတွေကြောင့် လေထုညစ်ညမ်းခဲ့ရတဲ့ ဥရောပနိုင်ငံစာရင်းမှာတော့ ယူကရိန်းဟာတစ်ခုအပါအဝင် ဖြစ် ပါတယ်။ အထူးသဖြင့် Donetsk ၊ Zaporizhia ၊ Kharkivနဲ့ ယူကရိန်းတောင်ဘက်ခြမ်း ကစက်မှုမြို့တော်ကြီးအများအပြားပေါ်ထွက်လာခြင်းဟာ နိုင်ငံကိုအဆိုးဆုံးသောလေထုအညစ်ညမ်းဆုံးနိုင်ငံစာရင်းကို တွန်းပို့ခဲ့တာဖြစ်ပါတယ်။

ဒါအပြင်ယူကရိန်းနိုင်ငံတွင်း က ကျောက်မီးသွေးစက်ရုံတွေ၊ မော်တော်ယာဉ်တွေ၊ဓာတ်တူးဖော်ရေးလုပ်ငန်းတွေက နေထွက်ရှိတဲ့ တန်နဲ့ချီတဲ့အဆိပ်ငွေ့တွေဟာ လေထုအတွင်းပြန့်နှံ့ရောက်ရှိခဲ့ပြီး အထူး သဖြင့်မြို့တော်နေလူဦးရေကို ဆိုးကျိုးများစွာဖြစ်ပေါ်စေခဲ့တာဖြစ်ပါတယ်။ ယူကရိန်း ဟာလေထုသာမက ရေထုညစ်ညမ်းမှုကပ်ကိုလည်းရင်ဆိုင်နေရပြီး အဓိကကတော့ တိုးပွားလာတဲ့လူဦးရေကိုအခြေခံတဲ့ စွန့်ပစ်ပစ္စည်းတွေကြောင့်ဖြစ်ပြီးသဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဥပဒေပိုင်းမှာ အားနည်းလွန်းလှတဲ့ ယူကရိန်းအစိုးရရဲ့နိုင်ငံရေးပေါ်လ စီတွေကြောင့်လည်းဖြစ်ပါတယ်။

(၃) ဂျော်ဂျီယာ

နိုင်ငံတကာစွမ်းအင်အေဂျင်စီ (International Energy Agency) ရဲ့အဆိုအရတော့ ဂျော်ဂျီယာဟာ လေထုညစ်ညမ်းမှုကြောင့်လူသေဆုံးမှုအများဆုံးကမ္ဘာထိပ်တန်းနိုင်ငံစာရင်းမှာပါဝင်နေတယ်လို့သိရပါတယ်။ အချက်အလက်တွေအရ ဂျော်ဂျီယာနိုင်ငံသား (၁၈၀၀၀)လောက်ဟာ လေထုညစ်ညမ်းမှုကြောင့် နေ့စဉ်သေဆုံးနေရတယ်လို့သိရပါ တယ်။ ဂျော်ဂျီယာနိုင်ငံဟာ ကိုယ်ပိုင်မော်တော်ယာဉ်သုံးစွဲမှုအများဆုံးနိုင်ငံတွေထဲက တစ်နိုင်ငံဖြစ်ပြီးယင်းဖြစ်ရပ်တွေကပဲ ကာဗွန်ဒိုင်အောက်ဆိုဒ်ပမာဏများစွာဟာ ဂျော်ဂျီ ယာရဲ့လေထုအတွင်းနေရာယူလျက်ရှိနေတာဖြစ်ပါတယ်။

အထူးသဖြင့်ဒီဇယ်အင်ဂျင်၊များစွာအသုံးပြုနေမှု၊ဓာတ်သတ္ထုတူးဖော်ရေးလုပ်ငန်းတွေ ကြောင့် ဂျော်ဂျီယာရဲ့လေထုညစ်ညမ်းမှုကြောင့်နှစ်စဉ်သေဆုံးတဲ့လူဦးရေဟာနှစ်စဉ် လူတစ်သိန်းမှာဆိုရင် (၁၁၉)ယောက်အထိသေဆုံးနေရပါတယ်။ ယင်းပမာဏဟာ ဂျော်ဂျီယာနိုင်ငံတွင်း ယာဉ်တိုက်မှု၊အဆုတ်တီဘီရောဂါနဲ့ HIV/AIDS ရောဂါစုစုပေါင်း သေဆုံးသူတွေထက် များစွာများပြားလို့နေတာဖြစ်ပါ တယ်။

(၄) ဘူဂေးရီးယား

နောက်ပိုင်းနှစ်တွေမှာတော့ ဥရောပက ဘူဂေးရီးယားနိုင်ငံဟာ သိသိသာသာလေထု ညစ်ညမ်းမှုများလာတဲ့နိုင်ငံဖြစ်ပါတယ်။ မူလရာခိုင်နှုန်းထက် (၂)ဆအထိတက်လာတဲ့ ဘူဂေးရီးယားမှာဆိုရင် နှစ်စဉ် လူတစ်သိန်းမှာ (၁၂၁)ယောက်လောက်ဟာ လေထုညစ် ညမ်မှုနဲ့ဆက်နွယ်တဲ့ရောဂါတွေနဲ့ သေဆုံးနေရတာဖြစ်ပါတယ်။ နိုင်ငံရဲ့လေထုကိုအဓိ ကညစ်နွမ်းစေတာကတော့ စိုက်ခင်းမီးရှိုမှုတွေ၊ ဓာတ်ဆီကဲ့သို့လောင်စာတွေကိုအသုံး ပြုတဲ့မော်တော်ကားအရေအတွက်များပြားမှုတွေ၊ကျောက်မီးသွေးစက်ရုံတွေနဲ့ ဓာတ်သတ္ထုတူးဖော်ရေးလုပ်ငန်းတွေကြောင့်ဖြစ်ပါတယ်။ ဒါအပြင်ဘူဂေးရီးယားအစိုးရရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိန်းသိမ်းစောင့်ရှောက်ရေးပေါ်လစီတွေကလည်း အားနည်းလွန်းလှတာကိုတွေ့ရပါတယ်။

ကမ္ဘာလေထုကိုအဓိကညစ်နွမ်းစေတဲ့အဆိပ်ဓာတ်တွဟာ လူသားတွေရဲ့လိုအပ်ချက်ကိုမြှင် တင်တဲ့ရည်ရွယ်ချက်ကနေပဲဖြစ်ပေါ်လာနေရတာဖြစ် ပါတယ်။ ယင်းပစ္စည်းတွေဟာ အစိုင်အခဲ၊အရည်၊အငွေ့တွေအထိပါဝင်နေတာဖြစ်ပြီး လေထုကို အညစ်ညမ်းစေဆုံးဓာတ်တွေကတော့ ကာဗွန်ဒိုင်အောက်ဆိုဒ်၊ ဆာဖာအောက်ဆိုဒ်( sulfur oxides)၊ နိုက်ထရိုဂျင်အောက်ဆိုဒ်နဲ့ ကာဗွန်မိုနိုအောက် ဆိုဒ်စတဲ့ အဆိပ်ဓာတ်ငွေ့တွေကြောင့်ဖြစ်ပါတယ်။ WHO ရဲ့ အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ လထုညစ်ညမ်းမှုကြောင့် လူ ၁သိန်းမှာ ၄၈ ယောက် သေဆုံးနေရတယ်လို့ သိရပါတယ်

Source burmanews

Crd

Be the first to comment

Leave a Reply

Your email address will not be published.


*