credit
Unicode
အမျိုးသမီးများ၏ ရယ်စရာကောင်းသော အလေ့အထလေးများ
၁။ ကျွန်မတို့အမျိုးသမီးတွေက နိုးစက်ပေးရင် လိုတာထက်ပိုပြီး (၁၀)မိနစ်စောပေးလေ့ရှိကြတယ်။ (၁၀)မိနစ်စောပေးတာကလည်း နိုးစက်မြည်ရင် ပြန်ပိတ်ပြီး (၁၀)မိနစ်အိပ်ဖို့လေ။
၂။ ကျွန်မတို့ မျက်တောင်ကော့တဲ့အခါ ပါးစပ်ကသူ့အလိုလိုပွင့်လာပါတယ်။ ဒီလို mood ထည့်ပြီးပါးစပ်ဟောင်းလောင်းနဲ့ မျက်တောင်ကော့နေတော့လည်း ကိုယ့်ပုံကရယ်စရာကောင်းနေပြန်ရော။ ဒါနဲ့ပွင့်နေတဲ့ပါးစပ်ကလေးကို အာရုံစိုက်ပြီးပြန်ပိတ်လိုက်တဲ့အခါ မျက်တောင်ကော့ဆေးတွေ ပွကုန်ပါလေရော။
၃။ အမျိုးသမီးတွေကဖုန်းဆိုရင် လက်ကိုင်အိပ်ထဲပစ်ထည့်လိုက်တာပဲ။ ဖုန်းသံမြည်လာပြီဆိုတဲ့အခါမှ ပျာယာတွေခပ်ပြီး လက်ကိုင်အိပ်ကြီးထဲ မွှေနှောက်ရှာဖွေပါတော့တယ်။
၄။ အမျိုးသမီးတွေရဲ့ လက်ကိုင်အိတ်ထဲကိုဖွင့်ကြည့်ရင် အသုံးအဆောင်ပစ္စည်းများစွာ ထည့်ထားတာကိုတွေ့ရမှာပါ။ ဒါတွေကိုအလေးခံပြီးထည့်ထားတာ အသုံးလိုလို့လားဆိုတော့လည်းမဟုတ်ပါဘူး။ တစ်ချိန်ကျရင် အသုံးများဝင်မလားဆိုပြီးထည့်ထားခြင်းဖြစ်ပါတယ်။
၅။ အမျိုးသမီးတွေကထားတတ်သိုတတ်တဲ့နေရာမှာအလွန်ကျွမ်းကျင်ကြပါတယ်။ ခက်တာကထားတဲ့နေရာကိုမေ့နေခြင်းပါပဲ။
၆။ မျက်မှန်ကိုခေါင်းပေါ်တင်ထားပြီး မျက်မှန်ပျောက်လို့ လိုက်ရှာနေတတ်တာအမျိုးသမီးတွေပါပဲ။ ဤဆောင်းပါးကို ဂန္တဝင် မဂ္ဂဇင်းမှ ရေးသားတင်ဆက်ခြင်း ဖြစ်သည်။
၇။ မှန်ကြည့်တဲ့အချိန်အခါတိုင်း စဉ်းစားနေမိတတ်ကြတာကတော့ ဒီလိုမျက်နှာပုံစံအနေအထားလေးနဲ့ ဓာတ်ပုံရိုက်ရင် သိပ်လှမှာပဲတဲ့။
၈။ လောလောလောလောနဲ့ သော့ကိုကောက်ကိုင်ပြီး ကိုင်ထားတဲ့သော့ကို ပျောက်တယ်ထင်ပြီး လိုက်ရှာနေတတ်တာဟာလည်း အမျိုးသမီးတွေပါ။
၉။ အမျိုးသမီးတွေရဲ့ ရေချိုးခန်းတိုင်းမှာတူတဲ့အချက်ကလေးတစ်ခုရှိတယ်။ အဲဒါကတော့ ခေါင်းလျှော်ရည် နဲ့ ကွန်ဒီရှင်နာ (conditioner) ကိုတံဆိပ်နှစ်မျိုးသုံးမျိုးဝယ်ထားကြတာပါပဲ။
၁၀။ အမျိုးသမီးတွေကအိမ်ပြင်ထွက်တော့မယ်ဆိုတာနဲ့ အပြေးအလွှားမှန်သွားကြည့်ရပါတယ်။
၁၁။ အမျိုးသမီးတွေရဲ့ အဝတ်ဘီရိုထဲကို ကြည့်လိုက်မယ်ဆိုရင် အဝတ်အစားများစွာနဲ့ ပြည့်နက်နေပါတယ်။ ဒါပေမယ့် အပြင်ထွက်တော့မယ်ဆိုရင် ဝတ်စရာရှာမတွေ့ကြပါဘူး။
၁၂။ အမျိုးသမီးတွေ အလှကြိုက်ချက်ကတော့ အိပ်ယာမဝင်ခင် ခေါင်းဖြီးလိုက်ပါသေးတယ်။
၁၃။ အမျိုးသမီးတွေ သန့်စင်ခန်းသွားမယ်ဆိုရင် အဖော်စပ်ပြီးတူတူသွားကြပါတယ်။ ဘာကြောင့်လည်းဆိုတော့ အတင်းလေးဘာလေးပြောရအောင်လို့ပေါ့။
၁၄။ အမျိုးသမီးတွေအတွက်တော့ ဘီယာတွေအားလုံးကအရသာတူတူပါပဲ။
၁၅။ အမျိုးသမီးတွေကအိမ်နားကဈေးဆိုင်ကိုသွားတာဖြစ်ဖြစ်၊ အမှိုက်ပြစ်တာပဲဖြစ်ဖြစ် အိမ်ပြင်ထွက်ပြီဆိုတာနဲ့အလှပြင်၊ မိတ်ကပ်လိမ်းပြီးမှ ထွက်လေ့ရှိပါတယ်။
၁၆။ အမျိုးသမီးတွေကသူ့ချစ်သူကို “ရပါတယ်” “အဆင်ပြေပါတယ်” “ဘာမှမဖြစ်ပါဘူး” စသဖြင့်ပြောလာတယ်ဆိုရင် အမှန်တကယ်ကတစ်ခုခုဖြစ်နေလို့ပါပဲ။
၁၇။ ကျွန်မတို့တွေကခရီးတစ်ခုသွားရင် ရှည်ရှည်ဝေးဝေးကွေ့ဝိုက်ပြီးသွားတတ်ကြတယ်။ နီးနီးနားလမ်းတွေ၊ ဖြတ်လမ်းတွေကနေသွားရမှာမဝံ့ရဲလို့ပါ။
၁၈။ ကျွန်မတို့တွေကကိုယ်ချစ်တဲ့လူကို ကိုယ်ငိုနေတာမြင်စေချင်ကြပြီး ကိုယ့်ကိုထွေးပွေ့ထားစေချင်ပါတယ်။
၁၉။ ဖျော်ဖြေရေးအစီအစဉ်တွေကြည့်ပြီး အမျိုးသားတွေက လက်တွေ့ဘဝပင်ပန်းတာတွေကနေ ခဏတာလွတ်မြောက်ဖို့ အပန်းဖြေကြပါတယ်။ အမျိုးသမီးတွေကတော့ ဒီဖျော်ဖြေရေးတွေထဲမှာ လက်တွေ့ကိုယ့်ဘဝနဲ့တိုက်ဆိုင်တာတွေကို ရှာဖွေပြီးခံစားတတ်ကြပါတယ်။
၂၀။ ကျွန်မတို့အမျိုးသမီးတွေအားလုံးကပိုးကောင်၊ ပင့်ကူ။ ပိုးဟပ်နဲ့ ကြွက်တွေကိုကြောက်ကြပါတယ်။
၂၁။ အမျိုးသမီးတွေက (၃)ရက်ကြာမယ့် ခရီးတစ်ခုအတွက် အဝတ်အစား (၇)စုံ ပြင်ဆင်လေ့ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘာဝတ်ရမလဲဆိုတာစဉ်းစားရွေးချယ်ရအောင်လို့ပါ။
အမျိုးသမီးတွေရဲ့ ရယ်စရာကောင်းတဲ့ အလေ့အထလေးတွေကို ကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ပါတယ်။ အားလုံးရယ်မောနိုင်လိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။အမျိုးသမီးတွေရဲ့ရယ်စရာအပြုအမူတွေကိုအောက်ဖော်ပြပါ comment section ကနေလွတ်လပ်စွာ မျှဝေနိုင်ပါတယ်။
အတွေးအခေါ်များကို မျှဝေပေးတယ်ဆိုတာ ဂရုစိုက်လို့ပါပဲ။ အောက်ပါ Facebook SHARE button လေးကို တစ်ချက်နှိပ်ပြီး သူငယ်ချင်းတွေကို ဘယ်လောက်ဂရုစိုက်တယ်ဆိုတာ ဖော်ပြလိုက်ပါ။ LIKE လုပ်ရန်လည်းမမေ.ပါနဲ.နော်။
credit
Be the first to comment
Leave a Reply
Your email address will not be published.
*