





ဝက်ခြံ အမာရွတ်၊ အချိုင့်အခွက် ပျောက်ကင်းစေမဲ့ သခွါးသီး ကုထုံး1





ဝက်ခြံ အမာရွတ်၊ အချိုင့်အခွက် ပျောက်ကင်းစေမဲ့ သခွါးသီး ကုထုံး2


Credit: Myawady Health

Unicode

မျက်နှာမှာရှိတဲ့ အညို အမည်းစက်တွေနဲ့ ဝက်ခြံ အမာရွတ်၊ အချိုင့်အခွက် ပျောက်ကင်းစေမဲ့ သခွါးသီး ကုထုံး

မျက်နှာ အညို အမည်းစက်တွေနဲ့ ဝက်ခြံ အမာရွတ်၊ အချိုင့်အခွက် အပါအဝင် အရေးပြားရဲ့ အောက်ဆုံးလွှာဖြစ်တဲ့ dermis ဆိုတဲ့ တစ်သျှူးစ ပျက်စီးမှုတွေကို သဘာဝပစ္စည်းနဲ့ ပြန်လည် ပြုပြင်မယ်ဆို သခွားသီး ကုထုံးကိုပဲ လှပျိုဖြူတို့ ရွေးချယ်လိုက်ပါ။

(၁) သံပုရာသီး တစိတ်ကို ပန်းကန်ပြားထဲ အရည်ညှစ်ပါ။ ဂွမ်းလုံးလေးနဲ့ သံပုရာရည်ကို အမာရွတ်ပေါ် တို့လိမ်း၊ ၁၅ မိနစ်ထားပြီး ရေနဲ့ သန့်စင်ပါ။ ဒါဟာ ဘက်တီးရီးယားကို သေစေတဲ့ သဘာဝ ပိုးသတ်နည်းပါပဲ။

(၂) ဇလုံတစ်ခုမှာ မုန့်ဖုတ်ဆော်ဒါ ၂ ဇွန်းကို ရေ ၂ ဇွန်းနဲ့ သမအောင် ရောမွှေလို့ ရလာတဲ့ အနှစ်ကို လက်ဖျားလေးနဲ့ စက်ဝိုင်းပုံ နှိပ်ပြီး ဖိသိပ်ပေးပါ။

ဝက်ခြံ အမာရွတ်၊ အချိုင့်အခွက် ပျောက်ကင်းစေမဲ့ သခွါးသီး ကုထုံ3း

၁၀မိနစ်ထားပြီး မျက်နှာသစ်ပါ။ အရေပြားကို ပြုပြင်ပေးပါတယ်။ နာမည်ကြီးဆိုင်တွေက ဘာမှုန့်တွေမှန်း ကိုယ်မသိလိုက်ပဲ ပြုလုပ်လိုက်တာ ဒီနည်းပါ။

(၃) သခွားသီးကို နုပ်နုပ်စင်းပြီး အရည်ထွက်အောင် ခြေပါ။ အရည် အဖတ်ရောတဲ့ အနှစ်ကို မျက်နှာပေါ် ဖွဖွလေး နှိပ်ထပ်တင်ပြီး မိနစ် ၂၀ ထားပါ။

ပြီးရင် ရေအေးနဲ့ ဆေးပါ။ ရောင်ရမ်းတာကို သက်သာစေတဲ့အပြင် အရေပြား တင်းရင်းသွားပြီး ပိုမိုဝင်းပလာပါမယ်။

(၄) နောက်ဆုံးအဆင့် Moisturizer အနေနဲ့ သံလွင်ဆီ ခပ်ပါးပါးကို စိမ့်ဝင်အောင် လိမ်းပါ။ သံလွင်ဆီက သန့်ရှင်းထားတဲ့ ချွေးပေါက်ထဲ စိမ့်ဝင်ပြီး အပေါ်ယံ အရေပြားအလွှာကို ပြုပြင်ပေးပါတယ်။

ဝက်ခြံ အမာရွတ်၊ အချိုင့်အခွက် ပျောက်ကင်းစေမဲ့ သခွါးသီး ကုထုံး4

ဒီလိုကာလမျိုးမှာ Beauty Sloon သွားချိန် ပေးစရာမလိုပဲ ငွေကုန် ကြေးကျလည်း အလွန် သက်သာတော့ ပျိုမေတို့ လှတစ်မျက်နှာအတွက် အကျိုးများတဲ့ Skin Care မို့ ဖော်ပြပေးလိုက်ပါတယ်…

Credit: Myawady Health

Be the first to comment

Leave a Reply

Your email address will not be published.


*