ေျပာင္လက္ေတာက္ပေနတဲ့ဆံေကသာရဖို႔ အထိေရာက္ဆံုးနည္းလမ္း (၄) ခု

ေျပာင္လက္ေတာက္ပေနတဲ့ဆံေကသာရဖို႔ အထိေရာက္ဆံုးနည္းလမ္း (၄) ခု

ေျပာင္လက္ေတာက္ပေနတဲ့ဆံေကသာရဖို႔ အထိေရာက္ဆံုးနည္းလမ္း (၄) ခု

ဆံသားေျပာင္လက္ေတာက္ပေနဖုိ႕ဆုိတာ အဓိကအခ်က္က ဆံသားေကာင္းေနမွရပါမယ္။ ဆံသားေကာင္းဖုိ႔အတြက္ဆုိရင္ ဆံသားဟာ အာဟာရအျပည့္ရွိေနဖုိ႔လုိပါတယ္။

အာဟာရရွိေစတဲ့ သဘာ၀ပစၥည္းေတြနဲ႕ ဆံပင္ကို ပံုမွန္ေပါင္းေပးမယ္ဆုိရင္ေတာ့ ေျပာင္လက္ေတာက္ပေနတဲ့ ဆံေကသားကိုပုိင္ဆုိင္ႏုိင္မွာပါ။ သိသာတဲ့ရလဒ္ကုိရခ်င္ရင္ တစ္ပတ္ကုိ (၁) ႀကိမ္ ဒီပါ၀င္ပစၥည္းေတြနဲ႕ ဆံပင္ေပါင္းတင္ၾကည့္ပါလား။

(၁) ရွားေစာင္းလက္ပပ္

ရွားေစာင္းလက္ပပ္ မွာ ေရဓာတ္ (၉၅%) ေလာက္ပါ၀င္တာေၾကာင့္ ဆံသားကိုစုိေျပေစပါတယ္။ ေဗာက္ထတာေတြသက္သာေစၿပီ ၊ ဆံပင္ရွည္ျမန္ေစပါတယ္။

ရွားေစာင္းလက္ပပ္ပင္ကေန အႏွစ္ (၁ ခြက္) ကိုယူၿပီး ၾကက္ဆူဆီ (စားပဲြတင္ဇြန္း ၁ ဇြန္း) ကို ေရာေပးပါ။ ရလာတဲ့အေရာနဲ႕ ဆံသားကိုလိမ္းေပးၿပီး (၄၅) မိနစ္ေလာက္ေပါင္းတင္ေပးပါ။

(၂) ၾကက္ဥ

ၾကက္ဥမွာ ပရုိတင္းဓာတ္ေတြ ပါ၀င္ပါတယ္။ ၾကက္ဥနဲ႕ ဆံပင္ေပါင္းမယ္ဆုိရင္ေတာ့ အာဟာရျပည့္ေစၿပီး ဆံသားေျပာင္လက္ေတာက္ပလာေစႏုိင္မွာပါ။

ၾကက္ဥ (၁လုံး) ၊ ပ်ားရည္ (လက္ဖက္ရည္ဇြန္း ၂ ဇြန္း) ၊ almond အဆီ (လက္ဖက္ရည္ဇြန္း ၁ ဇြန္း) ကိုေရာေပးၿပီး ဆံသားေပၚ လိမ္းေပးပါ။

(၃) ေထာပတ္သီး

ထာပတ္သီးမွာ ဗီတာမင္ A ၊ B ၊ E နဲ႕ အာဟာရဓာတ္ေတြပါ၀င္ပါတယ္။ ခႏၶာကုိယ္မွာ ရွိတဲ့ collagen ကိုျမွင့္တင္ေပးပါတယ္။ collagen ကေတာ့ ဆံပင္ရွည္ျမန္ေစဖုိ႕ မရွိမျဖစ္လုိအပ္ၿပီး ပ်က္ဆီးေနတဲ့ဆံသား ေတြနဲ႕ ႏွစ္ခြျဖစ္ေနတာေတြကို ျပဳျပင္ေပးပါတယ္။ ေထာပတ္သီးတစ္လုံးကို ႀကိတ္ေခ်ေပးၿပီး ဆံသားေပၚ လိမ္းေပးပါ။

(၄) သေဘာၤသီး

သေဘာၤသီးက ပ်က္ဆီးေနတဲ့ ဆံသားေတြကို ေျပာင္လက္ေတာက္ပသြားေအာင္ ၊ ေပ်ာ႕ေပ်ာင္းသြားေအာင္ လုပ္ေပးႏုိင္ပါတယ္။ ဓာတုပစၥည္းေတြပါ၀င္တဲ့ hair product ေတြထက္စာရင္ သဘာအသီးျဖစ္တဲ့သေဘာၤသီးက ပုိေကာင္းပါတယ္။ သေဘာၤသီး(၁ ခြက္) စာကို အခံြႏႊာ ၊ အေစ႔ထုတ္ၿပီး ႀကိတ္ေပးပါ။ ဒိန္ခ်ဥ္ (ခြက္တစ္၀က္) ကိုထည့္ေမြေပးၿပီး ဆံသားေပၚလိမ္းေပးပါ။ (၃၀) မိနစ္ၿပီးရင္ ေခါင္းေလွ်ာ္ေပးပါ။

Unicode

ပြောင်လက်တောက်ပနေတဲ့ဆံကေသာရဖို့ အထိရောက်ဆုံးနည်းလမ်း (၄) ခု

ဆံသားပြောင်လက်တောက်ပနေဖို့ဆိုတာ အဓိကအချက်က ဆံသားကောင်းနေမှရပါမယ်။ ဆံသားကောင်းဖို့အတွက်ဆိုရင် ဆံသားဟာ အာဟာရအပြည့်ရှိနေဖို့လိုပါတယ်။

အာဟာရရှိစေတဲ့ သဘာဝပစ္စည်းတွေနဲ့ ဆံပင်ကို ပုံမှန်ပေါင်းပေးမယ်ဆိုရင်တော့ ပြောင်လက်တောက်ပနေတဲ့ ဆံကေသားကိုပိုင်ဆိုင်နိုင်မှာပါ။ သိသာတဲ့ရလဒ်ကိုရချင်ရင် တစ်ပတ်ကို (၁) ကြိမ် ဒီပါဝင်ပစ္စည်းတွေနဲ့ ဆံပင်ပေါင်းတင်ကြည့်ပါလား။

(၁) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ် မှာ ရေဓာတ် (၉၅%) လောက်ပါဝင်တာကြောင့် ဆံသားကိုစိုပြေစေပါတယ်။ ဗောက်ထတာတွေသက်သာစေပြီ ၊ ဆံပင်ရှည်မြန်စေပါတယ်။

ရှားစောင်းလက်ပပ်ပင်ကနေ အနှစ် (၁ ခွက်) ကိုယူပြီး ကြက်ဆူဆီ (စားပွဲတင်ဇွန်း ၁ ဇွန်း) ကို ရောပေးပါ။ ရလာတဲ့အရောနဲ့ ဆံသားကိုလိမ်းပေးပြီး (၄၅) မိနစ်လောက်ပေါင်းတင်ပေးပါ။

(၂) ကြက်ဥ

ကြက်ဥမှာ ပရိုတင်းဓာတ်တွေ ပါဝင်ပါတယ်။ ကြက်ဥနဲ့ ဆံပင်ပေါင်းမယ်ဆိုရင်တော့ အာဟာရပြည့်စေပြီး ဆံသားပြောင်လက်တောက်ပလာစေနိုင်မှာပါ။ ကြက်ဥ (၁လုံး) ၊ ပျားရည် (လက်ဖက်ရည်ဇွန်း ၂ ဇွန်း) ၊ almond အဆီ (လက်ဖက်ရည်ဇွန်း ၁ ဇွန်း) ကိုရောပေးပြီး ဆံသားပေါ် လိမ်းပေးပါ။

(၃) ထောပတ်သီး

ထာပတ်သီးမှာ ဗီတာမင် A ၊ B ၊ E နဲ့ အာဟာရဓာတ်တွေပါဝင်ပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ collagen ကိုမြှင့်တင်ပေးပါတယ်။ collagen ကတော့ ဆံပင်ရှည်မြန်စေဖို့ မရှိမဖြစ်လိုအပ်ပြီး ပျက်ဆီးနေတဲ့ဆံသား တွေနဲ့ နှစ်ခွဖြစ်နေတာတွေကို ပြုပြင်ပေးပါတယ်။ ထောပတ်သီးတစ်လုံးကို ကြိတ်ချေပေးပြီး ဆံသားပေါ် လိမ်းပေးပါ။

(၄) သဘောၤသီး

သဘောၤသီးက ပျက်ဆီးနေတဲ့ ဆံသားတွေကို ပြောင်လက်တောက်ပသွားအောင် ၊ ပျော့ပျောင်းသွားအောင် လုပ်ပေးနိုင်ပါတယ်။ ဓာတုပစ္စည်းတွေပါဝင်တဲ့ hair product တွေထက်စာရင် သဘာအသီးဖြစ်တဲ့သဘောၤသီးက ပိုကောင်းပါတယ်။ သဘောၤသီး(၁ ခွက်) စာကို အခွံနွှာ ၊ အစေ့ထုတ်ပြီး ကြိတ်ပေးပါ။ ဒိန်ချဉ် (ခွက်တစ်ဝက်) ကိုထည့်မွေပေးပြီး ဆံသားပေါ်လိမ်းပေးပါ။ (၃၀) မိနစ်ပြီးရင် ခေါင်းလျှော်ပေးပါ။

Be the first to comment

Leave a Reply

Your email address will not be published.


*