မ်က္ႏွာမွာရွိတဲ့ ဝက္ၿခံအဆီအဖုေတြ ေပ်ာက္ေစမယ့္ကိုယ္တိုင္သုံးေနတဲ့ ေထာပတ္ေစ့ ေဆးနည္းေလး မွ်ေဝေပးလိုက္ပါတယ္ေနာ္

မ်က္ႏွာမွာရွိတဲ့ ဝက္ၿခံအဆီအဖုေတြ ေပ်ာက္ေစမယ့္ကိုယ္တိုင္သုံးေနတဲ့ ေထာပတ္ေစ့ ေဆးနည္းေလး မွ်ေဝေပးလိုက္ပါတယ္ေနာ္

မ်က္ႏွာမွာရွိတဲ့ ဝက္ၿခံအဆီအဖုေတြ ေပ်ာက္ေစမယ့္ကိုယ္တိုင္သုံးေနတဲ့ ေထာပတ္ေစ့ ေဆးနည္းေလး မွ်ေဝေပးလိုက္ပါတယ္ေနာ္

Zawgyi
မေန႔ က ကိုယ့္အကိုတစ္ေယာက္နဲ႔ video callေျပာရင္း ဒီပို႔စ္ေလးေရးဖို႔စိတ္ကူးရတယ္ဆိုပါေတာ့…..ကိုယ့္အကိုအမေတြကို ကိုယ့္လိုလွေစခ်င္တဲ့ေစတနာကေတာ့အဓိကေပါ့ေနာ္။

ကိုယ့္သူငယ္ခ်င္းေတြနဲ႔ ကိုယ့္အကိုအမေတြထဲမွာ မ်က္ႏွာမွာ အဆီဖုေလးေတြ တင္းတိပ္ မွဲ႔ေျခာက္ ဝက္ၿခံ နဲ႔မ်က္ႏွာအေရးအေၾကာင္းထင္တာေတြ ေတာ္ေတာ္မ်ားမ်ားေတြ႕ရလို႔ပါ။

ေထာပတ္ေစ့အေၾကာင္းေလးမေျပာခင္ ကိုယ့္အေၾကာင္းကို အရင္ေျပာပါေစ။ကိုယ္ကေတာသူပီပီ နယ္မွာေနတဲ့တေလ်ာက္လုံးသနပ္ခါးပဲလိမ္းပါတယ္ ။ရန္ကုန္ေရာက္ၿပီး၃ႏွစ္ေက်ာ္ကာလေလးအတြင္းမွာ ကိုယ္ပိုင္ Cosmetics ဝယ္လိမ္းဖူးတာဆိုလို႔ Bellaေပၚၿပီးတဲ့ေနာက္မွ စုစုေပါင္း၂ႀကိမ္ရယ္ပါ။

ဝယ္ျဖစ္ခဲ့တဲ့အေၾကာင္းရင္းကလဲ ခရီးသြားတဲ့အခါ ေပါ့ေပါ့ပါးပါးသယ္ရတာအဆင္ေျပလို႔ပါ။က်န္တဲ့႐ုံးခ်ိန္ေတြမွာေတာ့ သနပ္ခါးပဲအမ်ားဆုံးလိမ္းျဖစ္ၿပီးပြဲေတြရွိတဲ့အခါနဲ႔စိတ္ရတဲ့အခါက်ရင္ ကိုယ့္အမရဲ႕ Cosmetics ေတြယူလိမ္းပါတယ္ ။

သနပ္ခါးပဲလိမ္းလိမ္း မိတ္ကပ္ပဲလိမ္းလိမ္း ညဘက္အိမ္ျပန္ေရာက္တဲ့အခါ ေရခ်ိဳးၿပီးတာနဲ႔အၿမဲလိမ္းျဖစ္တဲ့အရာ ေထာပတ္ေစ့ရယ္ပါ ။ဝယ္ရတာလဲလြယ္ကူသလို အကုန္အက်လဲနဲတာမို႔ေန႔တိုင္းလိုလိုလိမ္းျဖစ္ပါတယ္ ။

ဘယ္လိုလုပ္ၿပီးလိမ္းရလဲဆိုေတာ့ ကိုယ္တို႔ေထာပတ္သီးစားၾကတဲ့အခါအတြင္းသားေလးေတြယူလိုက္ရင္ အထဲကအေစ့ေလးက်န္ပါမယ္ ။

လူအမ်ားစုက ဒီေထာပတ္ေစ့ေတြကို ဘယ္ေဈးႀကီးတဲ့ Cosmetics မွဝယ္သုံးစရာမလိုပဲကိုယ္တို႔မ်က္ႏွာကိုအမ်ားႀကီးလွသြားေအာင္လုပ္ေပးႏိုင္တယ္ဆိုတာ မသိေတာ့ အလြယ္တကူလြင့္ပစ္တတ္ၾကတယ္။

အဲဒီအေစ့ကို မလြင့္ပစ္ပဲ အရင္ဆုံးအေစ့ေပၚကေထာပတ္သီးအစေလးေတြကို စင္ေအာင္ေရေဆးေပးရပါတယ္ၿပီးရင္သူ႔ကိုေနလွမ္းထားလိုက္ပါ ။

၂ရက္ေလာက္လွမ္းထားၿပီးရင္ ေထာပတ္ေစ့ေပၚကအေပၚခြံေလးႂကြလာတဲ့အခါ ဖယ္ပစ္လိုက္ပါ ။ဘယ္ေလာက္ထိလွမ္းရလဲဆိုရင္ ေထာပတ္ေစ့ေလးအလယ္၂ျခမ္းကြဲပီး သံေခ်းေရာင္ထၿပီး အရမ္းကြၽတ္ဆတ္ဆတ္ေလာက္ျဖစ္ေနၿပီဆိုရင္လိမ္းလို႔ရပါၿပီ။

၃ပတ္နဲ႔ ၄ပတ္ဝန္းက်င္ေလာက္လွမ္းရမယ္ထင္တယ္။တခါတေလ အေပၚခြံသံေခ်းေရာင္ျဖစ္ေနေပမဲ့ အတြင္းအစိုဓာတ္မကုန္ေသးရင္ လိမ္းလို႔မရေသးပါဘူး။လုံးဝေျခာက္သြားၿပီဆိုရင္ေတာ့ ညတိုင္းအိပ္ခါနီးတိုင္း ခပ္ပါးပါးေလးေသြးလိမ္းလို႔ရၿပီ။

သူ႔မွာ သနပ္ခါးနဲ႔တူတာတခုက ကိုယ္တို႔သနပ္ခါးတုံးမွာ အေပၚကအေပြးေတြေသြးလိမ္းၾကတဲ့အခါ အတြင္းေခါက္ထက္ပိုၿပီးဝါဝါေလးနဲ႔လွသလို ေထာပတ္ေစ့မွာလဲ သူ႔အေပၚယံေဘးသားေတြက အတြင္းသားထက္ အသားကိုပိုေခ်ာၿပီးဝင္းေျပာင္ေစတယ္။ကိုယ္တခါတေလအိပ္ေရးပ်က္တဲ့အခါမ်ိဳးမွာ အဖုေလးေတြထြက္ရင္ အေပၚယံေလးေတြခ်ည္းေသြးလိမ္းရင္ ေနာက္ေန႔မနက္ထရင္လုံးဝေပ်ာက္သြားပါတယ္။

ယုံမလားေတာ့မသိဘူး ။အရမ္းသိသာတာတခုကအဆီဖုေလးေတြပါ။ကိုယ္ကသနပ္ခါးလိမ္းတာမ်ားေပမဲ့ တခါတေလအဆီဖုေလးေတြ ထြက္တတ္ပါတယ္။

ကိုယ္ေတာ့ေထာပတ္ေစ့အားကိုးနဲ႔ မ်က္ႏွာကို တျခားဘာပစၥည္းမွ ေထြေထြထူးထူးခုထိဝယ္မသုံးဖူးပါဘူး။ကိုယ္မ်က္ႏွာမွာ ထြက္သမွ်ဘာပဲလာလာ ေထာပတ္ေစ့ပဲေသြးလိမ္းပါတယ္။ပုံမွန္ဆို အတြင္းသားကိုေသြးလိမ္းၿပီး ခရီးသြားလို႔ အသားအရည္အရမ္းပ်က္စီးတဲ့အခါ အျပင္သားေတြခ်ည္းေသြးလိမ္းပါတယ္။လိမ္းၿပီး ေနာက္ေန႔မနက္မ်က္ႏွာသစ္တာနဲ႔ သိသိသာသာေျပာင္းလဲတာပါ။

အသိအမတေယာက္ကို သူ႔မ်က္ႏွာမွာ တင္းတိပ္ေတြေတြ႕လို႔ကိုယ္ၫႊန္းလိုက္ေတာ့အေရးအေၾကာင္းေတြပါ ေတာ္ေတာ္သက္သာတယ္လို႔ေျပာတယ္။

အကိုတေယာက္ကေတာ့ ဝက္ၿခံေတြသက္သာတယ္လို႔ေျပာတယ္။ကိုယ့္ရဲ႕ ကိုယ္ေတြ႕ကေတာ့ အဆီဖုေလးေတြ လုံးဝေပ်ာက္သြားတယ္။ေနာက္တခုက ေန႔တိုင္းလိမ္းပါမ်ားလာရင္ အသားအရည္ေလးေတြတင္းၿပီး ပါးေလးေတြဝင္းဝင္းေျပာင္ေျပာင္ေလးျဖစ္လာတယ္အသားအရည္ေလးၾကည္ၿပီး ဘာမွလိမ္းမထားရင္ေတာင္ အလိုလိုၾကည့္ေကာင္းေနတာရယ္။

တျခားသဘာဝပစၥည္းေတြလဲလိုင္းေပၚမွာ မၾကာခဏေတြ႕ေပမဲ့ ဒီတခုကေတာ့ ကိုယ့္ကိုယ္ေတြ႕မို႔ကိုယ့္အကိုအမေတြကို ခုလိုပိုက္ဆံအကုန္အက်သက္သာၿပီး ဘာside effectမွမရွိပဲ သဘာဝအသီးေတြနဲ႔ လွရေအာင္ေထာပတ္ေစ့ေလးကို စမ္းလိမ္းၾကည့္ပါလို႔အႀကံျပဳပါရေစေနာ္။

Credit:Nant Kyi Phyu Aye

Unicode

မျက်နှာမှာရှိတဲ့ ဝက်ခြံအဆီအဖုတွေ ပျောက်စေမယ့်ကိုယ်တိုင်သုံးနေတဲ့ ထောပတ်စေ့ ဆေးနည်းလေး မျှဝေပေးလိုက်ပါတယ်နော်

မနေ့ က ကိုယ့်အကိုတစ်ယောက်နဲ့ video callပြောရင်း ဒီပို့စ်လေးရေးဖို့စိတ်ကူးရတယ်ဆိုပါတော့…..ကိုယ့်အကိုအမတွေကို ကိုယ့်လိုလှစေချင်တဲ့စေတနာကတော့အဓိကပေါ့နော်။

ကိုယ့်သူငယ်ချင်းတွေနဲ့ ကိုယ့်အကိုအမတွေထဲမှာ မျက်နှာမှာ အဆီဖုလေးတွေ တင်းတိပ် မှဲ့ခြောက် ဝက်ခြံ နဲ့မျက်နှာအရေးအကြောင်းထင်တာတွေ တော်တော်များများတွေ့ရလို့ပါ။

ထောပတ်စေ့အကြောင်းလေးမပြောခင် ကိုယ့်အကြောင်းကို အရင်ပြောပါစေ။ကိုယ်ကတောသူပီပီ နယ်မှာနေတဲ့တလျောက်လုံးသနပ်ခါးပဲလိမ်းပါတယ် ။ရန်ကုန်ရောက်ပြီး၃နှစ်ကျော်ကာလလေးအတွင်းမှာ ကိုယ်ပိုင် Cosmetics ဝယ်လိမ်းဖူးတာဆိုလို့ Bellaပေါ်ပြီးတဲ့နောက်မှ စုစုပေါင်း၂ကြိမ်ရယ်ပါ။

ဝယ်ဖြစ်ခဲ့တဲ့အကြောင်းရင်းကလဲ ခရီးသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသယ်ရတာအဆင်ပြေလို့ပါ။ကျန်တဲ့ရုံးချိန်တွေမှာတော့ သနပ်ခါးပဲအများဆုံးလိမ်းဖြစ်ပြီးပွဲတွေရှိတဲ့အခါနဲ့စိတ်ရတဲ့အခါကျရင် ကိုယ့်အမရဲ့ Cosmetics တွေယူလိမ်းပါတယ် ။

သနပ်ခါးပဲလိမ်းလိမ်း မိတ်ကပ်ပဲလိမ်းလိမ်း ညဘက်အိမ်ပြန်ရောက်တဲ့အခါ ရေချိုးပြီးတာနဲ့အမြဲလိမ်းဖြစ်တဲ့အရာ ထောပတ်စေ့ရယ်ပါ ။ဝယ်ရတာလဲလွယ်ကူသလို အကုန်အကျလဲနဲတာမို့နေ့တိုင်းလိုလိုလိမ်းဖြစ်ပါတယ် ။

ဘယ်လိုလုပ်ပြီးလိမ်းရလဲဆိုတော့ ကိုယ်တို့ထောပတ်သီးစားကြတဲ့အခါအတွင်းသားလေးတွေယူလိုက်ရင် အထဲကအစေ့လေးကျန်ပါမယ် ။

လူအများစုက ဒီထောပတ်စေ့တွေကို ဘယ်ဈေးကြီးတဲ့ Cosmetics မှဝယ်သုံးစရာမလိုပဲကိုယ်တို့မျက်နှာကိုအများကြီးလှသွားအောင်လုပ်ပေးနိုင်တယ်ဆိုတာ မသိတော့ အလွယ်တကူလွင့်ပစ်တတ်ကြတယ်။

အဲဒီအစေ့ကို မလွင့်ပစ်ပဲ အရင်ဆုံးအစေ့ပေါ်ကထောပတ်သီးအစလေးတွေကို စင်အောင်ရေဆေးပေးရပါတယ်ပြီးရင်သူ့ကိုနေလှမ်းထားလိုက်ပါ ။

၂ရက်လောက်လှမ်းထားပြီးရင် ထောပတ်စေ့ပေါ်ကအပေါ်ခွံလေးကြွလာတဲ့အခါ ဖယ်ပစ်လိုက်ပါ ။ဘယ်လောက်ထိလှမ်းရလဲဆိုရင် ထောပတ်စေ့လေးအလယ်၂ခြမ်းကွဲပီး သံချေးရောင်ထပြီး အရမ်းကျွတ်ဆတ်ဆတ်လောက်ဖြစ်နေပြီဆိုရင်လိမ်းလို့ရပါပြီ။

၃ပတ်နဲ့ ၄ပတ်ဝန်းကျင်လောက်လှမ်းရမယ်ထင်တယ်။တခါတလေ အပေါ်ခွံသံချေးရောင်ဖြစ်နေပေမဲ့ အတွင်းအစိုဓာတ်မကုန်သေးရင် လိမ်းလို့မရသေးပါဘူး။လုံးဝခြောက်သွားပြီဆိုရင်တော့ ညတိုင်းအိပ်ခါနီးတိုင်း ခပ်ပါးပါးလေးသွေးလိမ်းလို့ရပြီ။

သူ့မှာ သနပ်ခါးနဲ့တူတာတခုက ကိုယ်တို့သနပ်ခါးတုံးမှာ အပေါ်ကအပွေးတွေသွေးလိမ်းကြတဲ့အခါ အတွင်းခေါက်ထက်ပိုပြီးဝါဝါလေးနဲ့လှသလို ထောပတ်စေ့မှာလဲ သူ့အပေါ်ယံဘေးသားတွေက အတွင်းသားထက် အသားကိုပိုချောပြီးဝင်းပြောင်စေတယ်။ကိုယ်တခါတလေအိပ်ရေးပျက်တဲ့အခါမျိုးမှာ အဖုလေးတွေထွက်ရင် အပေါ်ယံလေးတွေချည်းသွေးလိမ်းရင် နောက်နေ့မနက်ထရင်လုံးဝပျောက်သွားပါတယ်။

ယုံမလားတော့မသိဘူး ။အရမ်းသိသာတာတခုကအဆီဖုလေးတွေပါ။ကိုယ်ကသနပ်ခါးလိမ်းတာများပေမဲ့ တခါတလေအဆီဖုလေးတွေ ထွက်တတ်ပါတယ်။

ကိုယ်တော့ထောပတ်စေ့အားကိုးနဲ့ မျက်နှာကို တခြားဘာပစ္စည်းမှ ထွေထွေထူးထူးခုထိဝယ်မသုံးဖူးပါဘူး။ကိုယ်မျက်နှာမှာ ထွက်သမျှဘာပဲလာလာ ထောပတ်စေ့ပဲသွေးလိမ်းပါတယ်။ပုံမှန်ဆို အတွင်းသားကိုသွေးလိမ်းပြီး ခရီးသွားလို့ အသားအရည်အရမ်းပျက်စီးတဲ့အခါ အပြင်သားတွေချည်းသွေးလိမ်းပါတယ်။လိမ်းပြီး နောက်နေ့မနက်မျက်နှာသစ်တာနဲ့ သိသိသာသာပြောင်းလဲတာပါ။

အသိအမတယောက်ကို သူ့မျက်နှာမှာ တင်းတိပ်တွေတွေ့လို့ကိုယ်ညွှန်းလိုက်တော့အရေးအကြောင်းတွေပါ တော်တော်သက်သာတယ်လို့ပြောတယ်။

အကိုတယောက်ကတော့ ဝက်ခြံတွေသက်သာတယ်လို့ပြောတယ်။ကိုယ့်ရဲ့ ကိုယ်တွေ့ကတော့ အဆီဖုလေးတွေ လုံးဝပျောက်သွားတယ်။နောက်တခုက နေ့တိုင်းလိမ်းပါများလာရင် အသားအရည်လေးတွေတင်းပြီး ပါးလေးတွေဝင်းဝင်းပြောင်ပြောင်လေးဖြစ်လာတယ်အသားအရည်လေးကြည်ပြီး ဘာမှလိမ်းမထားရင်တောင် အလိုလိုကြည့်ကောင်းနေတာရယ်။

တခြားသဘာဝပစ္စည်းတွေလဲလိုင်းပေါ်မှာ မကြာခဏတွေ့ပေမဲ့ ဒီတခုကတော့ ကိုယ့်ကိုယ်တွေ့မို့ကိုယ့်အကိုအမတွေကို ခုလိုပိုက်ဆံအကုန်အကျသက်သာပြီး ဘာside effectမှမရှိပဲ သဘာဝအသီးတွေနဲ့ လှရအောင်ထောပတ်စေ့လေးကို စမ်းလိမ်းကြည့်ပါလို့အကြံပြုပါရစေနော်။

Credit:Nant Kyi Phyu Aye

Be the first to comment

Leave a Reply

Your email address will not be published.


*