သိပၸံပညာရွင္ေတြ အၿမဲေျပာေလ့ေျပာထရွိတဲ့ စကားတစ္ခြန္း ရွိပါတယ္။ အသက္ႀကီးသူေတြ – “မိနစ္ဝက္ (၃) မ်ိဳး၊ နာရီဝက္ (၃) မ်ိဳးကို သတိျပဳပါ” တဲ့။

သိပၸံပညာရွင္ေတြ အၿမဲေျပာေလ့ေျပာထရွိတဲ့ စကားတစ္ခြန္း ရွိပါတယ္။ အသက္ႀကီးသူေတြ – “မိနစ္ဝက္ (၃) မ်ိဳး၊ နာရီဝက္ (၃) မ်ိဳးကို သတိျပဳပါ” တဲ့။

သိပၸံပညာရွင္ေတြ အၿမဲေျပာေလ့ေျပာထရွိတဲ့ စကားတစ္ခြန္း ရွိပါတယ္။ အသက္ႀကီးသူေတြ – “မိနစ္ဝက္ (၃) မ်ိဳး၊ နာရီဝက္ (၃) မ်ိဳးကို သတိျပဳပါ” တဲ့။

မိနစ္ဝက္ (၃) မ်ိဳးဆိုတဲ့ စကားလုံးဟာ တစ္ျပားတစ္ခ်ပ္မွ ကုန္က်စရာမလိုဘဲ အသက္ေပါင္းမ်ားစြာကို ကယ္တင္ႏိုင္တယ္။ လူအေတာ္မ်ားမ်ားဟာ ေန႔ခင္းေန႔လည္မွာ အေကာင္း၊ ေန႔ခင္းမွာ ဘာမွမျဖစ္ဘူး။ ညက်ေတာ့ ဆုံးၿပီတဲ့။ ဟင္ မေန႔ကမွ သူ႔ကို ေတြ႕ခဲ့ေသးတယ္။ ဘယ္ႏွယ့္ဆုံးၿပီလဲ။ ညဥ့္နက္မွာ အိမ္သာသြားဖို႔ ႐ုတ္တရက္ ထလိုက္ရာမွာ အမေလး ဦးေႏွာက္တြင္း ေသြးေလ်ာ့သြားတယ္။

ခႏၶာကိုယ္အေနအထားေၾကာင့္ ျဖစ္ရတဲ့ ေသြးတိုးနိမ့္က်သြားမႈေၾကာင့္ ဦးေႏွာက္တြင္း ေသြးဝင္နည္းၿပီး မူးလဲသြားတာ၊ တခ်ိဳ႕လဲက်ၿပီး ေခါင္းခြံကြဲေၾကသြားမယ္။ တခ်ိဳ႕ ႏွလုံး ႐ုတ္တရက္ ရပ္သြားမယ္။ ဒါဆိုရင္ သိပၸံပညာရွင္ေတြ ဘာျဖစ္လို႔ မိနစ္ဝက္ (၃)မ်ိဳး ဆိုတာကို အႀကံျပဳၾကတာလဲ။

ကြၽန္ေတာ္တို႔က ႏွလုံးခုန္ႏႈန္းတိုင္းတာ မွတ္တမ္းျပဳစက္ (ECG) နဲ႔ ဂ႐ုတစိုက္ ေလ့လာလိုက္ေတာ့ ေတြ႕ရွိရတာက ေန႔ခင္းေန႔လည္ေတြမွာ ႏွလုံးခုန္ႏႈန္းဟာ ပုံမွန္ပဲ၊ ညပိုင္းက်ေတာ့ လူေတာ္ေတာ္မ်ားမ်ားမွာ ႐ုတ္တရက္ ႏွလုံးမွာ ေသြးအားေလ်ာ့နည္းသြားတာ ေတြ႕ရတယ္။ ႏွလုံးက်ဳံ႕မႈ ေစာေနတယ္။ ဘယ္လိုအေၾကာင္းေၾကာင့္ ျဖစ္ရတာလဲ။

ေအာ္… သူ ႐ုတ္တရက္ ကုတင္က ထလိုက္ေတာ့ ခ်က္ခ်င္းပဲ ေသြးဖိအား က်ဆင္းသြားတယ္။ ဦးေႏွာက္တြင္း ေသြးေလ်ာ့နည္း ခ်ိဳ႕တဲ့သြားမယ္။ ႏွလုံးခုန္ရပ္သြားမယ္။ ဒါေၾကာင့္ သိပၸံပညာရွင္ေတြက မိနစ္ဝက္ (၃)မ်ိဳးကို အႀကံျပဳတာ ျဖစ္ပါတယ္။

မိနစ္ဝက္ (၃) မ်ိဳး

ႏိုးႏိုးခ်င္း ကုတင္ေပၚက မထပါနဲ႔။ မိနစ္ဝက္ ဆက္လွဲေနပါ။
မိနစ္ဝက္ျပည့္ရင္ ထထိုင္ပါ။ မိနစ္ဝက္ ထိုင္ပါ။
ၿပီးမွ ေျခေထာက္တြဲေလာင္းခ်ၿပီး မိနစ္ဝက္ ေနပါ။
မိနစ္ဝက္ သုံးမ်ိဳးၿပီးမွ လိုရာထသြားပါ။

(မွတ္ခ်က္။ တစ္ညလုံး ညသိပ္ထားေသာ ေမာ္ေတာ္ကားလို မနက္ခ်က္ခ်င္းစက္ႏႈိးၿပီး ေမာင္းသြား၍ မရပါ။ စက္ကို ပူေအာင္ raise လုပ္ရပါတယ္။ ထို႔အတူ လူႀကီးမ်ားသည္ ႏိုးႏိုးခ်င္းခ်င္း ႐ုတ္တရက္ ခ်က္ခ်င္းထသြားက မသင့္ေလ်ာ္ဟူေသာ အဓိပၸါယ္ျဖစ္ပါသည္။ မိနစ္ဝက္ဆိုသည္မွာ တစ္မွ သုံးဆယ္ထိ ေရတြက္လွ်င္ မိနစ္ဝက္ျဖစ္ပါသည္။ )

မိနစ္ဝက္ (၃) မ်ိဳးကို လိုက္နာက်င့္သုံးတာ တစ္ျပားတစ္ခ်ပ္မွ မကုန္ဘူး။ ဦးေႏွာက္တြင္း ေသြးယုတ္ေလ်ာ့ က်ဆင္းတာလည္း မျဖစ္ေတာ့ဘူး။ ႏွလုံးလည္း ဘာမွမျဖစ္ဘူး။ မလိုလားအပ္တဲ့ လဲက်ကြဲေၾက ေသဆုံးရမႈေတြ အမ်ားႀကီး ေလ်ာ့နည္းသြားမယ္။ မလိုလားအပ္တဲ့ ႏွလုံးေသြးေၾကာပိတ္ေရာဂါတို႔၊ ေလျဖတ္တာတို႔ မျဖစ္ေတာ့ဘူး။

နာရီဝက္ (၃) မ်ိဳး

(၁) မနက္အိပ္ရာထၿပီးတဲ့ေနာက္ နာရီဝက္ ကိုယ္လက္လႈပ္ရွား အားကစားလုပ္ပါ။ အေႏွးေျပးတာမ်ိဳး လုပ္ေပးပါ။ အနည္းဆုံး သုံးကီလိုမီတာ (၂ မိုင္နီးပါး) ေအာက္ မေလ်ာ့ပါေစနဲ႔။ ဒါမွမဟုတ္ တျခား ကိုယ္လက္လႈပ္ရွားမႈ တစ္ခုခုလုပ္ပါ။

(၂) ေန႔လည္ပိုင္းမွာ နာရီဝက္ အိပ္ပါ။ ဒါကေတာ့ လူ႔ခႏၶာကိုယ္ရဲ႕ ဇီဝအခ်ိန္ဇယားအရ လိုအပ္ခ်က္ ျဖစ္ပါတယ္။ ေန႔လည္ နာရီဝက္ အိပ္ျခင္းျဖင့္ တစ္ညေနလုံး လန္းဆန္းေနပါလိမ့္မယ္။ သက္ႀကီး႐ြယ္အိုေတြ ပိုလို႔ေတာင္ လိုအပ္ပါေသးတယ္။

ဘာျဖစ္လို႔လဲဆိုေတာ့ သက္ႀကီး႐ြယ္အိုေတြက ည-ညေတြမွာ ေစာစာအိပ္ ေစာစာထေတာ့ အအိပ္အေန နည္းတယ္။ ဒါေၾကာင့္ ေန႔လည္ပိုင္းမွာ ျဖည့္စြက္အိပ္စက္ အနားယူသင့္တယ္။

(၃) ညေနဘက္ ၆ နာရီ ၇ နာရီေလာက္မွာ နာရီဝက္ ျဖည္းျဖည္းလမ္းေလွ်ာက္ေပးျခင္းအားျဖင့္ ညည အိပ္လို႔ ပိုေကာင္းမယ္။ ႏွလုံးေသြးေၾကာပိတ္ေရာဂါနဲ႔ ေသြးတိုးေရာဂါ ျဖစ္ပြားႏႈန္း ေလ်ာ့နည္းေစတယ္။

ဆရာ ေမာင္ေမာင္လႈိင္ (အပ္စိုက္ကု) ရဲ႕ က်န္းက်န္းမာမာ အသက္ (၁၀၀) စာအုပ္မွ

Credit # Thutazone

Unicode

သိပ္ပံပညာရှင်တွေ အမြဲပြောလေ့ပြောထရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ အသက်ကြီးသူတွေ – “မိနစ်ဝက် (၃) မျိုး၊ နာရီဝက် (၃) မျိုးကို သတိပြုပါ” တဲ့။

မိနစ်ဝက် (၃) မျိုးဆိုတဲ့ စကားလုံးဟာ တစ်ပြားတစ်ချပ်မှ ကုန်ကျစရာမလိုဘဲ အသက်ပေါင်းများစွာကို ကယ်တင်နိုင်တယ်။ လူအတော်များများဟာ နေ့ခင်းနေ့လည်မှာ အကောင်း၊ နေ့ခင်းမှာ ဘာမှမဖြစ်ဘူး။ ညကျတော့ ဆုံးပြီတဲ့။ ဟင် မနေ့ကမှ သူ့ကို တွေ့ခဲ့သေးတယ်။ ဘယ်နှယ့်ဆုံးပြီလဲ။ ညဉ့်နက်မှာ အိမ်သာသွားဖို့ ရုတ်တရက် ထလိုက်ရာမှာ အမလေး ဦးနှောက်တွင်း သွေးလျော့သွားတယ်။

ခန္ဓာကိုယ်အနေအထားကြောင့် ဖြစ်ရတဲ့ သွေးတိုးနိမ့်ကျသွားမှုကြောင့် ဦးနှောက်တွင်း သွေးဝင်နည်းပြီး မူးလဲသွားတာ၊ တချို့လဲကျပြီး ခေါင်းခွံကွဲကြေသွားမယ်။ တချို့ နှလုံး ရုတ်တရက် ရပ်သွားမယ်။ ဒါဆိုရင် သိပ္ပံပညာရှင်တွေ ဘာဖြစ်လို့ မိနစ်ဝက် (၃)မျိုး ဆိုတာကို အကြံပြုကြတာလဲ။

ကျွန်တော်တို့က နှလုံးခုန်နှုန်းတိုင်းတာ မှတ်တမ်းပြုစက် (ECG) နဲ့ ဂရုတစိုက် လေ့လာလိုက်တော့ တွေ့ရှိရတာက နေ့ခင်းနေ့လည်တွေမှာ နှလုံးခုန်နှုန်းဟာ ပုံမှန်ပဲ၊ ညပိုင်းကျတော့ လူတော်တော်များများမှာ ရုတ်တရက် နှလုံးမှာ သွေးအားလျော့နည်းသွားတာ တွေ့ရတယ်။ နှလုံးကျုံ့မှု စောနေတယ်။ ဘယ်လိုအကြောင်းကြောင့် ဖြစ်ရတာလဲ။

အော်… သူ ရုတ်တရက် ကုတင်က ထလိုက်တော့ ချက်ချင်းပဲ သွေးဖိအား ကျဆင်းသွားတယ်။ ဦးနှောက်တွင်း သွေးလျော့နည်း ချို့တဲ့သွားမယ်။ နှလုံးခုန်ရပ်သွားမယ်။ ဒါကြောင့် သိပ္ပံပညာရှင်တွေက မိနစ်ဝက် (၃)မျိုးကို အကြံပြုတာ ဖြစ်ပါတယ်။

မိနစ်ဝက် (၃) မျိုး

နိုးနိုးချင်း ကုတင်ပေါ်က မထပါနဲ့။ မိနစ်ဝက် ဆက်လှဲနေပါ။
မိနစ်ဝက်ပြည့်ရင် ထထိုင်ပါ။ မိနစ်ဝက် ထိုင်ပါ။
ပြီးမှ ခြေထောက်တွဲလောင်းချပြီး မိနစ်ဝက် နေပါ။
မိနစ်ဝက် သုံးမျိုးပြီးမှ လိုရာထသွားပါ။

(မှတ်ချက်။ တစ်ညလုံး ညသိပ်ထားသော မော်တော်ကားလို မနက်ချက်ချင်းစက်နှိုးပြီး မောင်းသွား၍ မရပါ။ စက်ကို ပူအောင် raise လုပ်ရပါတယ်။ ထို့အတူ လူကြီးများသည် နိုးနိုးချင်းချင်း ရုတ်တရက် ချက်ချင်းထသွားက မသင့်လျော်ဟူသော အဓိပ္ပါယ်ဖြစ်ပါသည်။ မိနစ်ဝက်ဆိုသည်မှာ တစ်မှ သုံးဆယ်ထိ ရေတွက်လျှင် မိနစ်ဝက်ဖြစ်ပါသည်။ )

မိနစ်ဝက် (၃) မျိုးကို လိုက်နာကျင့်သုံးတာ တစ်ပြားတစ်ချပ်မှ မကုန်ဘူး။ ဦးနှောက်တွင်း သွေးယုတ်လျော့ ကျဆင်းတာလည်း မဖြစ်တော့ဘူး။ နှလုံးလည်း ဘာမှမဖြစ်ဘူး။ မလိုလားအပ်တဲ့ လဲကျကွဲကြေ သေဆုံးရမှုတွေ အများကြီး လျော့နည်းသွားမယ်။ မလိုလားအပ်တဲ့ နှလုံးသွေးကြောပိတ်ရောဂါတို့၊ လေဖြတ်တာတို့ မဖြစ်တော့ဘူး။

နာရီဝက် (၃) မျိုး

(၁) မနက်အိပ်ရာထပြီးတဲ့နောက် နာရီဝက် ကိုယ်လက်လှုပ်ရှား အားကစားလုပ်ပါ။ အနှေးပြေးတာမျိုး လုပ်ပေးပါ။ အနည်းဆုံး သုံးကီလိုမီတာ (၂ မိုင်နီးပါး) အောက် မလျော့ပါစေနဲ့။ ဒါမှမဟုတ် တခြား ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။

(၂) နေ့လည်ပိုင်းမှာ နာရီဝက် အိပ်ပါ။ ဒါကတော့ လူ့ခန္ဓာကိုယ်ရဲ့ ဇီဝအချိန်ဇယားအရ လိုအပ်ချက် ဖြစ်ပါတယ်။ နေ့လည် နာရီဝက် အိပ်ခြင်းဖြင့် တစ်ညနေလုံး လန်းဆန်းနေပါလိမ့်မယ်။ သက်ကြီးရွယ်အိုတွေ ပိုလို့တောင် လိုအပ်ပါသေးတယ်။

ဘာဖြစ်လို့လဲဆိုတော့ သက်ကြီးရွယ်အိုတွေက ည-ညတွေမှာ စောစာအိပ် စောစာထတော့ အအိပ်အနေ နည်းတယ်။ ဒါကြောင့် နေ့လည်ပိုင်းမှာ ဖြည့်စွက်အိပ်စက် အနားယူသင့်တယ်။

(၃) ညနေဘက် ၆ နာရီ ၇ နာရီလောက်မှာ နာရီဝက် ဖြည်းဖြည်းလမ်းလျှောက်ပေးခြင်းအားဖြင့် ညည အိပ်လို့ ပိုကောင်းမယ်။ နှလုံးသွေးကြောပိတ်ရောဂါနဲ့ သွေးတိုးရောဂါ ဖြစ်ပွားနှုန်း လျော့နည်းစေတယ်။

ဆရာ မောင်မောင်လှိုင် (အပ်စိုက်ကု) ရဲ့ ကျန်းကျန်းမာမာ အသက် (၁၀၀) စာအုပ်မှ

Be the first to comment

Leave a Reply

Your email address will not be published.


*