သၾကၤန္ျဖစ္ေပၚလာပုံ အေၾကာင္း

သၾကၤန္ျဖစ္ေပၚလာပုံ အေၾကာင္း

သၾကၤန္ျဖစ္ေပၚလာပုံ အေၾကာင္း

သိပ္မၾကာခင္ကာလမွာေတာ့ ျမန္မာတို႔ရဲ႕႐ိုးရာအစဥ္အလာမပ်က္ က်င္းပခဲ့ၾကတဲ့ သၾကၤန္အခါသမယကို ေရာက္ရွိေတာ့မွာပဲ ျဖစ္ပါတယ္။ သၾကၤန္ေရာက္ေတာ့မွာဆိုေတာ့ သၾကၤန္ပြဲကို ဘာေၾကာင့္က်င္းပရသလဲဆိုတဲ့သိခ်င္စိတ္ကေလးကလည္းျဖစ္ေပၚလာမိတယ္။ ဆိုေတာ့ သိခ်င္တဲ့အေၾကာင္းအရာကို သိရဖို႔ စာအုပ္ေတြ လွန္ေလွာ ဖတ္ရျပန္တာေပါ့ခင္ဗ်ာ။

သၾကၤန္ ဆိုတဲ့စကားဟာ ပါဋိဘာသာနဲ႔ သကၠတဘာသာကေန ဆင္းသက္လာတာျဖစ္ၿပီး ကူးေျပာင္းျခင္းလို႔အဓိပၸါယ္ ရပါတယ္တဲ့။ ျမန္မာတို႔ရဲ႕ ႏွစ္အရ တေပါင္းလမွာ ႏွစ္တႏွစ္ ကုန္ဆုံးၿပီး တန္ခူးလမွာ ႏွစ္တစ္ႏွစ္ရဲ႕ အသစ္ျပန္စတာျဖစ္ပါတယ္။

အဲဒီလို အကူးအေျပာင္းကာလမွာ ႏွစ္ေဟာင္းက အညစ္အေၾကးေတြ ႏွစ္သစ္ဆီသို႔ ပါမသြားေစရန္ ေရျဖင့္ေဆးေၾကာေစျခင္း ဆိုတဲ့ အဓိပၸါယ္အေနနဲ႔ ႐ိုးရာ သၾကၤန္ပြဲ (ေရကစားပြဲ) မ်ားက်င္းပခဲ့ၾကတယ္လို႔ မွတ္သားရပါတယ္။

သၾကၤန္ပြဲ ျဖစ္ေပၚလာမႈကို ဆက္လက္ေလ့လာၾကည့္တဲ့အခါမွာ ျဖစ္ေပၚလာရတဲ့ အေၾကာင္းႏွစ္ခု ကြဲေနတာကို ေတြ႕ရွိရပါတယ္။

ပထမ တစ္ခုကေတာ့ ဟိႏၵဴ အယူဝါဒမွ ဆင္းသက္လာတာကို ေတြ႕ရပါတယ္။ ဟိႏၵဴအယူဝါဒမွာ ဘယ္လိုဆိုထားသလဲဆိုရင္ သိၾကားမင္းနဲ႔ ျဗဟၼာ မင္းတို႔ အေၾကာင္းအရာတစ္ခုအတြက္ ေခါင္းျဖတ္ေၾကး အျငင္းပြားၾကတယ္လို႔ ဆိုပါတယ္။

ထိုအျငင္းပြားပြဲမွာ သိၾကားမင္းက အႏိုင္ရၿပီး ျဗဟၼာမင္းႀကီးရဲ႕ ဦးေခါင္းေတာ္ကို ရရွိခဲ့တယ္လို႔ဆိုပါတယ္။

ျဗဟၼာမင္းႀကီးက တန္ခိုးႀကီးလြန္းေလေတာ့ ဦးေခါင္းေတာ္ကို ပင္လယ္သမုဒၵရာထဲ ပစ္ခ်လွ်င္ ေရခန္းမွာ စိုးရပါတယ္။ ေျမႀကီးေပၚပစ္ခ်လွ်င္လည္း မီးေလာင္ပ်က္စီးရမယ္လို႔ ဆိုပါတယ္။

အဲဒီလိုျဖစ္မွာ စိုးတဲ့အတြက္ သိၾကားမင္းက သတၱဝါေတြရဲ႕ အက်ိဳးကိုၾကည့္ၿပီး မည္သည့္ေနရာကိုမွ် မထားလိုတဲ့အတြက္ နတ္ျပည္က နတ္သားေတြကို တစ္ႏွစ္နတ္သားတစ္ပါး ႏႈန္းႏွင့္ ျဗဟၼာႀကီးရဲ႕ ဦးေခါင္းကို ကိုင္ထားေစခဲ့တယ္လို႔ ဆိုပါတယ္။

ဦးေခါင္းကိုင္တဲ့ နတ္သားတစ္ပါးႏွင့္ တစ္ပါး အလႊဲအေျပာင္းလုပ္ခ်ိန္ကို သကၤႏၲ ဟုေခၚဆိုၿပီး ႏွစ္တစ္ႏွစ္ျပည့္ေၾကာင္း သတ္မွတ္ျခင္းျဖစ္ပါတယ္။

ထိုအခ်ိန္ကာလမွာေတာ့ သိၾကားမင္းက လူ႔ျပည္သို႔ ဆင္းသက္ေလ့ရွိၿပီး ကုသိုလ္ေကာင္းမႈျပဳလုပ္သူ မျပဳလုပ္သူမ်ားကို မွတ္တမ္းမွတ္ရာနဲ႔ တကြ ျပဳလုပ္တယ္လို႔ဆိုၾကပါတယ္။

ဤသို႔ ျဗဟၼာဦးေခါင္းကို နတ္သား တစ္ပါးနဲ႔တစ္ပါး အေျပာင္းအလဲလုပ္၍ ကိုင္ၾကေသာ အခ်ိန္ သိၾကားမင္း လူ႔ျပည္သို႔ ဆင္း၍မွတ္တမ္းယူေသာ အခ်ိန္ကာလကို သကၤႏၲ ဟူေသာ စကားမွေန သၾကၤန္ ဟူ၍ ကာလရွည္ၾကာေသာအခါ အေခၚအေဝၚ ေျပာင္းလဲ လာခဲ့ပါတယ္။

အခုတင္ျပခဲ့ေသာ အေၾကာင္းအရာသည္ ဟိႏၵဴ အယူဝါဒ ဆင္းသက္လာေသာ သၾကၤန္၏ အေၾကာင္းပင္ ျဖစ္ေလသည္။

ဆက္လက္ၿပီး ဗုဒၶက်မ္းဂန္မ်ား အလိုရ ဆက္လက္ေလ့လာၾကည့္ေသာအခါတြင္ ဤသို႔ ေတြ႕ရေသးသည္။ ရာသီၿဂိဳလ္ခြင္ မ်ားအရ ယခုလ တန္ခူးလသည္ မိန္ရာသီမွမိႆရာသီသို႔ ကူးေျပာင္းေသာ ကာလျဖစ္ေပသည္။ အလြန္ပူအိုက္ေသာ အခ်ိန္ကာလလည္း ျဖစ္ေပသည္။

ဤသို႔ ပူအိုက္ေသာ ရာသီသို႔ အကူးအေျပာင္းတြင္ ဘုရားရွင္၏မယ္ေတာ္ မာယာေဒဝီ၏အမ်ိဳးမ်ားျဖစ္ၾကေသာ ေဒဝဒဟ တိုင္းျပည္ရွိ မင္းညီမင္းသားမ်ား ႏွင့္ ျပည္သူလုထုပါ မက်န္ အပူဒဏ္ကို တြန္းလွန္ႏိုင္ရန္ ေရကစားပြဲမ်ား က်င္းပခဲ့ၾကသည္ဟု ဆိုပါသည္။

ထိုက်မ္းဂန္မ်ား အဆိုရမူ သၾကၤန္ေရကစားပြဲသည္ ဘုရားရွင္ မတိုင္ခင္တည္းကပင္ ရွိေနခဲ့သည္ဟု မွတ္ယူရမည္ျဖစ္ပါသည္။

အထက္ပါအေၾကာင္းရာမ်ားဟာ စာအုပ္စာေပမ်ားထဲမွ ရရွိေသာ သၾကၤန္ျဖစ္ေပၚလာပုံ ကို ဗဟုသုတ ရရွိေစရန္ ျပန္လည္မွ်ေဝျခင္းသာျဖစ္ပါသည္။

မၾကာခင္ ၾကေရာက္လာေတာ့မည့္ ႏွစ္သစ္ရက္ျမတ္ သၾကၤန္အခါသမယတြင္ ဥပုဒ္သီလ ေဆာက္တည္ၾကမည့္ ရဟန္းရွင္လူမ်ားအေနျဖင့္ ေကာင္စြာ ေဆာက္တည္ႏိုင္ၾကၿပီးလွ်င္ ေပ်ာ္ပါးၾကမည့္ လူငယ္ေမာင္မယ္မ်ားသည္လည္း ေဘးအႏၲရာယ္ကင္းရွင္းစြာ ေပ်ာ္ပါးႏိုင္ၾကပါေစေၾကာင္း ဆုမြန္ေကာင္းေတာင္းလိုက္ရေပသည္။

#ဗုဒၶဝင္စာေပမ်ား ဟိႏၵဴယဥ္ေက်းမႈ စာေပမ်ားမွ မွီျငမ္းေရးသားပါသည္။

Credit # Ko Aung Zaw Htwe (Steemit)

Unicode

သင်္ကြန်ဖြစ်ပေါ်လာပုံ အကြောင်း

သိပ်မကြာခင်ကာလမှာတော့ မြန်မာတို့ရဲ့ရိုးရာအစဉ်အလာမပျက် ကျင်းပခဲ့ကြတဲ့ သင်္ကြန်အခါသမယကို ရောက်ရှိတော့မှာပဲ ဖြစ်ပါတယ်။ သင်္ကြန်ရောက်တော့မှာဆိုတော့ သင်္ကြန်ပွဲကို ဘာကြောင့်ကျင်းပရသလဲဆိုတဲ့သိချင်စိတ်ကလေးကလည်းဖြစ်ပေါ်လာမိတယ်။ ဆိုတော့ သိချင်တဲ့အကြောင်းအရာကို သိရဖို့ စာအုပ်တွေ လှန်လှော ဖတ်ရပြန်တာပေါ့ခင်ဗျာ။

သင်္ကြန် ဆိုတဲ့စကားဟာ ပါဋိဘာသာနဲ့ သက္ကတဘာသာကနေ ဆင်းသက်လာတာဖြစ်ပြီး ကူးပြောင်းခြင်းလို့အဓိပ္ပါယ် ရပါတယ်တဲ့။ မြန်မာတို့ရဲ့ နှစ်အရ တပေါင်းလမှာ နှစ်တနှစ် ကုန်ဆုံးပြီး တန်ခူးလမှာ နှစ်တစ်နှစ်ရဲ့ အသစ်ပြန်စတာဖြစ်ပါတယ်။

အဲဒီလို အကူးအပြောင်းကာလမှာ နှစ်ဟောင်းက အညစ်အကြေးတွေ နှစ်သစ်ဆီသို့ ပါမသွားစေရန် ရေဖြင့်ဆေးကြောစေခြင်း ဆိုတဲ့ အဓိပ္ပါယ်အနေနဲ့ ရိုးရာ သင်္ကြန်ပွဲ (ရေကစားပွဲ) များကျင်းပခဲ့ကြတယ်လို့ မှတ်သားရပါတယ်။

သင်္ကြန်ပွဲ ဖြစ်ပေါ်လာမှုကို ဆက်လက်လေ့လာကြည့်တဲ့အခါမှာ ဖြစ်ပေါ်လာရတဲ့ အကြောင်းနှစ်ခု ကွဲနေတာကို တွေ့ရှိရပါတယ်။

ပထမ တစ်ခုကတော့ ဟိန္ဒူ အယူဝါဒမှ ဆင်းသက်လာတာကို တွေ့ရပါတယ်။ ဟိန္ဒူအယူဝါဒမှာ ဘယ်လိုဆိုထားသလဲဆိုရင် သိကြားမင်းနဲ့ ဗြဟ္မာ မင်းတို့ အကြောင်းအရာတစ်ခုအတွက် ခေါင်းဖြတ်ကြေး အငြင်းပွားကြတယ်လို့ ဆိုပါတယ်။

ထိုအငြင်းပွားပွဲမှာ သိကြားမင်းက အနိုင်ရပြီး ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းတော်ကို ရရှိခဲ့တယ်လို့ဆိုပါတယ်။

ဗြဟ္မာမင်းကြီးက တန်ခိုးကြီးလွန်းလေတော့ ဦးခေါင်းတော်ကို ပင်လယ်သမုဒ္ဒရာထဲ ပစ်ချလျှင် ရေခန်းမှာ စိုးရပါတယ်။ မြေကြီးပေါ်ပစ်ချလျှင်လည်း မီးလောင်ပျက်စီးရမယ်လို့ ဆိုပါတယ်။

အဲဒီလိုဖြစ်မှာ စိုးတဲ့အတွက် သိကြားမင်းက သတ္တဝါတွေရဲ့ အကျိုးကိုကြည့်ပြီး မည်သည့်နေရာကိုမျှ မထားလိုတဲ့အတွက် နတ်ပြည်က နတ်သားတွေကို တစ်နှစ်နတ်သားတစ်ပါး နှုန်းနှင့် ဗြဟ္မာကြီးရဲ့ ဦးခေါင်းကို ကိုင်ထားစေခဲ့တယ်လို့ ဆိုပါတယ်။

ဦးခေါင်းကိုင်တဲ့ နတ်သားတစ်ပါးနှင့် တစ်ပါး အလွှဲအပြောင်းလုပ်ချိန်ကို သင်္ကန္တ ဟုခေါ်ဆိုပြီး နှစ်တစ်နှစ်ပြည့်ကြောင်း သတ်မှတ်ခြင်းဖြစ်ပါတယ်။

ထိုအချိန်ကာလမှာတော့ သိကြားမင်းက လူ့ပြည်သို့ ဆင်းသက်လေ့ရှိပြီး ကုသိုလ်ကောင်းမှုပြုလုပ်သူ မပြုလုပ်သူများကို မှတ်တမ်းမှတ်ရာနဲ့ တကွ ပြုလုပ်တယ်လို့ဆိုကြပါတယ်။

ဤသို့ ဗြဟ္မာဦးခေါင်းကို နတ်သား တစ်ပါးနဲ့တစ်ပါး အပြောင်းအလဲလုပ်၍ ကိုင်ကြသော အချိန် သိကြားမင်း လူ့ပြည်သို့ ဆင်း၍မှတ်တမ်းယူသော အချိန်ကာလကို သင်္ကန္တ ဟူသော စကားမှနေ သင်္ကြန် ဟူ၍ ကာလရှည်ကြာသောအခါ အခေါ်အဝေါ် ပြောင်းလဲ လာခဲ့ပါတယ်။

အခုတင်ပြခဲ့သော အကြောင်းအရာသည် ဟိန္ဒူ အယူဝါဒ ဆင်းသက်လာသော သင်္ကြန်၏ အကြောင်းပင် ဖြစ်လေသည်။

ဆက်လက်ပြီး ဗုဒ္ဓကျမ်းဂန်များ အလိုရ ဆက်လက်လေ့လာကြည့်သောအခါတွင် ဤသို့ တွေ့ရသေးသည်။ ရာသီဂြိုလ်ခွင် များအရ ယခုလ တန်ခူးလသည် မိန်ရာသီမှမိဿရာသီသို့ ကူးပြောင်းသော ကာလဖြစ်ပေသည်။ အလွန်ပူအိုက်သော အချိန်ကာလလည်း ဖြစ်ပေသည်။

ဤသို့ ပူအိုက်သော ရာသီသို့ အကူးအပြောင်းတွင် ဘုရားရှင်၏မယ်တော် မာယာဒေဝီ၏အမျိုးများဖြစ်ကြသော ဒေဝဒဟ တိုင်းပြည်ရှိ မင်းညီမင်းသားများ နှင့် ပြည်သူလုထုပါ မကျန် အပူဒဏ်ကို တွန်းလှန်နိုင်ရန် ရေကစားပွဲများ ကျင်းပခဲ့ကြသည်ဟု ဆိုပါသည်။

ထိုကျမ်းဂန်များ အဆိုရမူ သင်္ကြန်ရေကစားပွဲသည် ဘုရားရှင် မတိုင်ခင်တည်းကပင် ရှိနေခဲ့သည်ဟု မှတ်ယူရမည်ဖြစ်ပါသည်။

အထက်ပါအကြောင်းရာများဟာ စာအုပ်စာပေများထဲမှ ရရှိသော သင်္ကြန်ဖြစ်ပေါ်လာပုံ ကို ဗဟုသုတ ရရှိစေရန် ပြန်လည်မျှဝေခြင်းသာဖြစ်ပါသည်။

မကြာခင် ကြရောက်လာတော့မည့် နှစ်သစ်ရက်မြတ် သင်္ကြန်အခါသမယတွင် ဥပုဒ်သီလ ဆောက်တည်ကြမည့် ရဟန်းရှင်လူများအနေဖြင့် ကောင်စွာ ဆောက်တည်နိုင်ကြပြီးလျှင် ပျော်ပါးကြမည့် လူငယ်မောင်မယ်များသည်လည်း ဘေးအန္တရာယ်ကင်းရှင်းစွာ ပျော်ပါးနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ရပေသည်။

#ဗုဒ္ဓဝင်စာပေများ ဟိန္ဒူယဉ်ကျေးမှု စာပေများမှ မှီငြမ်းရေးသားပါသည်။

Credit # Ko Aung Zaw Htwe (Steemit)

Be the first to comment

Leave a Reply

Your email address will not be published.


*