အခုရက္ပိုင္း ဩစေတးလ်က ေကြဒန္ေဘးလပ္ ဆိုတဲ့ ခ်ာတိတ္ေလး အေၾကာင္း ႏိုင္ငံတကာ လူမႈကြန္ရက္ ေတြေပၚမွာ ပ်ံ႕ႏွံ႔ေနတယ္

အခုရက္ပိုင္း ဩစေတးလ်က ေကြဒန္ေဘးလပ္ ဆိုတဲ့ ခ်ာတိတ္ေလး အေၾကာင္း ႏိုင္ငံတကာ လူမႈကြန္ရက္ ေတြေပၚမွာ ပ်ံ႕ႏွံ႔ေနတယ္

အခုရက္ပိုင္း ဩစေတးလ်က ေကြဒန္ေဘးလပ္ ဆိုတဲ့ ခ်ာတိတ္ေလး အေၾကာင္း ႏိုင္ငံတကာ လူမႈကြန္ရက္ ေတြေပၚမွာ ပ်ံ႕ႏွံ႔ေနတယ္

အခုရက္ပိုင္း ဩစေတးလ်က ေကြဒန္ေဘးလပ္ ဆိုတဲ့ ခ်ာတိတ္ေလးအေၾကာင္း ႏိုင္ငံတကာလူမႈကြန္ရက္ေတြေပၚမွာ ပ်ံ႕ႏွံ႔ေနတယ္။ အသက္ ၉ ႏွစ္ပဲ ရွိတဲ့ အဲဒီကေလးငယ္ဟာ Achondroplasia ဆိုတဲ့ ေရာဂါတစ္မ်ိဳးေၾကာင့္ လူစဥ္မမီဘဲ ပုကြ ေသးငယ္ေန တာပါ။

အဲဒီကေလးဟာ သူ႔ရဲ႕ပုံသ႑ာန္မမွန္တဲ့ ခႏၶာကိုယ္ေၾကာင့္ ေက်ာင္းမွာ မၾကာခဏေလွာင္ေျပာင္ အႏိုင္က်င့္တာ ခံေနရပါသတဲ့။ တစ္ရက္မွာ ေက်ာင္းကျပန္လာေတာ့ အႏိုင္က်င့္ခံရတာေတြကို ဆက္သည္းမခံႏိုင္ေတာ့လို႔ ကိုယ့္ကိုယ္ကို သတ္ေသခ်င္တဲ့အေၾကာင္း ငိုယိုၿပီး ေျပာေနရွာတဲ့ ဗီဒီယိုဖိုင္ကို သူ႔အေမက လိုင္းေပၚတင္လိုက္တာကေန အခုလိုလူသိမ်ားလာတာျဖစ္ပါတယ္။

“သားအခုပဲ ေသလိုက္မယ္။ သားကိုဓားတစ္ေခ်ာင္းေပးပါ။ ကိုယ့္ကိုယ္ကိုယ္ သတ္ေသမလို႔။ သားကို အခုပဲဓားေပးရင္ ႏွလုံးတည့္တည့္ကို စိုက္ခ်လိုက္ေတာ့မွာ။အေမ ၾကည့္ေန။ ကြၽန္ေတာ္ ေသခ်င္တယ္”ဆိုၿပီး ငိုယိုေျပာေနရွာတဲ့ ကေလးရဲ႕ဗီဒီယိုဖိုင္ကို လူမႈကြန္ရက္ အသုံးျပဳၾကသူေတြဟာ စိတ္မေကာင္းစြာနဲ႔ျဖန႔္ေဝေနၾကပါတယ္။

သူ႔အေမကလည္း အခုလို သူ႔သား အႏိုင္က်င့္ခံေနရတာေတြကို ကိုယ္တိုင္ ျမင္ေတြ႕ ခဲ့ရတယ္လို႔ ဆိုၿပီး အႏိုင္က်င့္ခံရလို႔ ကေလးချမာ ဘယ္ေလာက္ေတာင္ စိတ္ဒဏ္ရာရေနရွာတယ္ ဆိုတာကို သက္ဆိုင္တဲ့ သူေတြ အားလုံး သိေစခ်င္တဲ့အေၾကာင္း ဒီဗီဒီယိုဖိုင္မွာ ေျပာထားပါတယ္။

ဒီျဖစ္ရပ္ဟာ တစ္ကမာၻလုံးကို ဂ႐ုဏာသက္ေစခဲ့တာေၾကာင့္ မင္းသား Hugh Jackmanတို႔လို နာမည္ႀကီးအႏုပညာရွင္ေတြ၊ အစီအစဥ္ တင္ဆက္သူေတြ၊ NRL ေဘာလုံးအသင္းလို အားကစား အသင္းအဖြဲ႕ေတြနဲ႔ တျခားနာမည္ေက်ာ္ အမ်ားအျပားက လူမႈကြန္ရက္ကတဆင့္ အားေပးစကားေတြေျပာေပးခဲ့ၾက ပါတယ္။

သူ႔ေရာဂါမ်ိဳး ခံစားခဲ့ရတဲ့ ဟာသ သ႐ုပ္ေဆာင္ လူပုေလး Brad William ကလည္း သူ႔အတြက္ ရည္မွန္းၿပီး GofundMe ဝက္ဘ္ဆိုက္မွာ ရန္ပုံေငြ ရွာေပးခဲ့ ရာမွာ ေဒၚလာ သိန္းနဲ႔ခ်ီၿပီး ရေနပါၿပီ။

အခုေနာက္ဆုံး သတင္းအရေတာ့ ONE Championshipရဲ႕ဥကၠဌ Chatri Sityodtong ကလည္း စင္ကာပူက သူတို႔ရဲ႕႐ုံးေတြ၊ ၿပိဳင္ပြဲေတြ၊ အားကစား႐ုံေတြ လာေလ့လာဖို႔ စရိတ္စကအားလုံး အကုန္အက်ခံမယ္ဆိုၿပီး ေဘးလပ္ကို ဖိတ္ေခၚ ထားတာေတြ႕ပါတယ္။

လူလူခ်င္း အႏိုင္က်င့္ျခင္း ကင္းေဝးၾကပါေစ။

Credit # Shwemon

Unicode

အခုရက်ပိုင်း ဩစတေးလျက ကွေဒန်ဘေးလပ် ဆိုတဲ့ ချာတိတ်လေး အကြောင်း နိုင်ငံတကာ လူမှုကွန်ရက် တွေပေါ်မှာ ပျံ့နှံ့နေတယ်

အခုရက်ပိုင်း ဩစတေးလျက ကွေဒန်ဘေးလပ် ဆိုတဲ့ ချာတိတ်လေးအကြောင်း နိုင်ငံတကာလူမှုကွန်ရက်တွေပေါ်မှာ ပျံ့နှံ့နေတယ်။ အသက် ၉ နှစ်ပဲ ရှိတဲ့ အဲဒီကလေးငယ်ဟာ Achondroplasia ဆိုတဲ့ ရောဂါတစ်မျိုးကြောင့် လူစဉ်မမီဘဲ ပုကွ သေးငယ်နေ တာပါ။

အဲဒီကလေးဟာ သူ့ရဲ့ပုံသဏ္ဍာန်မမှန်တဲ့ ခန္ဓာကိုယ်ကြောင့် ကျောင်းမှာ မကြာခဏလှောင်ပြောင် အနိုင်ကျင့်တာ ခံနေရပါသတဲ့။ တစ်ရက်မှာ ကျောင်းကပြန်လာတော့ အနိုင်ကျင့်ခံရတာတွေကို ဆက်သည်းမခံနိုင်တော့လို့ ကိုယ့်ကိုယ်ကို သတ်သေချင်တဲ့အကြောင်း ငိုယိုပြီး ပြောနေရှာတဲ့ ဗီဒီယိုဖိုင်ကို သူ့အမေက လိုင်းပေါ်တင်လိုက်တာကနေ အခုလိုလူသိများလာတာဖြစ်ပါတယ်။

“သားအခုပဲ သေလိုက်မယ်။ သားကိုဓားတစ်ချောင်းပေးပါ။ ကိုယ့်ကိုယ်ကိုယ် သတ်သေမလို့။ သားကို အခုပဲဓားပေးရင် နှလုံးတည့်တည့်ကို စိုက်ချလိုက်တော့မှာ။အမေ ကြည့်နေ။ ကျွန်တော် သေချင်တယ်”ဆိုပြီး ငိုယိုပြောနေရှာတဲ့ ကလေးရဲ့ဗီဒီယိုဖိုင်ကို လူမှုကွန်ရက် အသုံးပြုကြသူတွေဟာ စိတ်မကောင်းစွာနဲ့ဖြန့်ဝေနေကြပါတယ်။

သူ့အမေကလည်း အခုလို သူ့သား အနိုင်ကျင့်ခံနေရတာတွေကို ကိုယ်တိုင် မြင်တွေ့ ခဲ့ရတယ်လို့ ဆိုပြီး အနိုင်ကျင့်ခံရလို့ ကလေးခမြာ ဘယ်လောက်တောင် စိတ်ဒဏ်ရာရနေရှာတယ် ဆိုတာကို သက်ဆိုင်တဲ့ သူတွေ အားလုံး သိစေချင်တဲ့အကြောင်း ဒီဗီဒီယိုဖိုင်မှာ ပြောထားပါတယ်။

ဒီဖြစ်ရပ်ဟာ တစ်ကမ္ဘာလုံးကို ဂရုဏာသက်စေခဲ့တာကြောင့် မင်းသား Hugh Jackmanတို့လို နာမည်ကြီးအနုပညာရှင်တွေ၊ အစီအစဉ် တင်ဆက်သူတွေ၊ NRL ဘောလုံးအသင်းလို အားကစား အသင်းအဖွဲ့တွေနဲ့ တခြားနာမည်ကျော် အများအပြားက လူမှုကွန်ရက်ကတဆင့် အားပေးစကားတွေပြောပေးခဲ့ကြ ပါတယ်။

သူ့ရောဂါမျိုး ခံစားခဲ့ရတဲ့ ဟာသ သရုပ်ဆောင် လူပုလေး Brad William ကလည်း သူ့အတွက် ရည်မှန်းပြီး GofundMe ဝက်ဘ်ဆိုက်မှာ ရန်ပုံငွေ ရှာပေးခဲ့ ရာမှာ ဒေါ်လာ သိန်းနဲ့ချီပြီး ရနေပါပြီ။

အခုနောက်ဆုံး သတင်းအရတော့ ONE Championshipရဲ့ဥက္ကဌ Chatri Sityodtong ကလည်း စင်ကာပူက သူတို့ရဲ့ရုံးတွေ၊ ပြိုင်ပွဲတွေ၊ အားကစားရုံတွေ လာလေ့လာဖို့ စရိတ်စကအားလုံး အကုန်အကျခံမယ်ဆိုပြီး ဘေးလပ်ကို ဖိတ်ခေါ် ထားတာတွေ့ပါတယ်။

လူလူချင်း အနိုင်ကျင့်ခြင်း ကင်းဝေးကြပါစေ။

Credit # Shwemon

Be the first to comment

Leave a Reply

Your email address will not be published.


*