








Unicode

ဆေးတက္ကသိုလ် မှာ မိမိ ရဲ့ ခန္ဓာကိုယ် ရုပ်အလောင်းကို သွားရောက် လှူဒါန်း ခဲ့တဲ့ ခိုင်နှင်းဝေ

ပရိသတ်တွေ ရဲ့ အချစ်တော် မင်းသမီးချောလေး ခိုင်နှင်းဝေ ကတော့ ဒီနေ့ ဖေဖော်ဝါရီလ (၁၄) ရက်နေ့ မှာ “ပြည်ထောင်စု သမ္မတနိုင်ငံတော်အစိုးရ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာန ကျန်းမာရေးလူ့စွမ်းအားအရင်းမြစ်ဦးစီးဌာန

ဆေးတက္ကသိုလ် (၁) ရန်ကုန်”မှာ သေဆုံးပြီးနောက် ကျန်ရှိတဲ့ ခန္ဓာကိုယ်ကို ဆေးပညာ အကျိုးအတွက် သင်ကြားရေး ကိစ္စရပ်များတွင် အသုံးပြုရန် သွားရောက် လှူဒါန်း ခဲ့ပါတယ်။ မင်းသမီးချောလေး ခိုင်နှင်းဝေ ကတော့

လက်ရှိ မှာ လူထု အကျိုးပြု အလုပ်တွေကို ကိုယ်တိုင် ကိုယ်ကျ လုပ်ကိုင် နေပြီး ပရိသတ်တွေကတောင် “ပရဟိတ မင်းသမီး”လို့ ခေါ်ဆိုတာကိုတောင် ခံနေ ရတဲ့ အနုပညာရှင် တစ် ယောက် ပါ။

အနုပညာရှင် လုပ်ဖော်ကိုင်ဖက်တွေ ထဲက ကျပ်တည်းတဲ့ သူတွေ ကိုလည်း လိုအပ် တဲ့ အကူအညီ တွေ ပေးအပ်လေ့ ရှိပါသေးတယ်။အခါအခွင့် သင့်ရင်သင့်သလိုလည်း အလှူအတန်းတွေ ကို ပြုလုပ်လေ့ ရှိတဲ့ သူ တစ်ယောက်ပါ။

အခု တစ်ခေါက်မှာလည်း ခိုင်နှင်းဝေ က ဆေးတက္ကသိုလ် မှာ Dead Body လှူဒါန်း ခဲ့တဲ့ အပြင် ကြည့်မြင်တိုင် မျက်မမြင်ကျောင်း မှာတော့ ကလေးတွေ အတွက် ရေဘူး၊ ချောကလက် တွေကိုလှူဒါန်း ခဲ့ပြီး အသံဒါန ပြုလုပ်ခဲ့ ပါ သေးတယ်။

ပရိသတ်ကြီး ရေ ခိုင်နှင်းဝေ ရဲ့ မြင့်မြတ်လှ တဲ့ အလှူလေး အတွက် ကို သာဓု ခေါ်ဆို ပေးကြ ပါဦး ပရိသတ်ကြီး ရေ

Be the first to comment

Leave a Reply

Your email address will not be published.


*