ဘုရားစင္ေပၚက ဘုရားပန္း မညိဳးပါေစနဲ႔ ေသာက္ေတာ္ ေရခ်မ္းလည္း မေႏြးပါေစနဲ႔

ဘုရားစင္ေပၚက ဘုရားပန္း မညိဳးပါေစနဲ႔ ေသာက္ေတာ္ ေရခ်မ္းလည္း မေႏြးပါေစနဲ႔…

ဘုရားစင္ေပၚက ဘုရားပန္း မညိဳးပါေစနဲ႔ ေသာက္ေတာ္ ေရခ်မ္းလည္း မေႏြးပါေစနဲ႕

လူအမ်ားစုရဲ႕သဘာဝ ၊ အမ်ားစုရယ္ မဟုတ္ဘူးေပါ႔ေလ၊“နတ္ ကုိးကြယ္မႈ အားသန္တဲ့ ပုဂၢိဳလ္”ေတြက ဘုရားပန္းသာ ညိႇဳးခ်င္ ညိႇဳးပါေစ။

နတ္ပန္းေတာ့ အညိႇဳးမခံႏုိင္ဘူး။ဘုရားစင္မွာ ဆြမ္းခဲဖြယ္ခ်ဳိခ်ဥ္ရသာ မရွိရင္သာေနမယ္

နတ္ေရွ႕မွာ အုန္းသီးဆုိလည္း အလံုးလုိက္၊ ငွက္ေပ်ာသီးဆုိလည္း အဖီးလုိက္။

ေယာဂီတုိ႔ အိမ္တြင္းေရး မသာယာခ်င္ဘူးလား။ (သာယာခ်င္တယ္။) သာယာခ်င္တယ္ဆုိရင္ ဘုရားပန္း မညိႇဳးပါေစနဲ႔။

ဘုရားပန္းညိႇဳးၿပီဆုိရင္ေတာ့ အေႏွးနဲ႔ အျမန္ပဲ ကြာမယ္။ အိမ္တြင္းေရး ပဋိပကၡေတြျဖစ္ၿပီးေတာ့၊ တစ္ေယာက္နဲ႔ တစ္ေယာက္အဆင္မေျပ ၊စိတ္ဝမ္းကြဲတာေတြျဖစ္ၾကမွာပဲ။ လုပ္ငန္း၊ ကုိင္ငန္း စီးပြါးေရးေတြလည္း အဆင္ေျပမွာ မဟုတ္ေတာ့ဘူး။

ဂါထာေတြ၊ မႏၲာန္ေတြ အျမႇဳပ္ထြက္ေအာင္ မရြတ္ခ်င္ေနပါ။ဘုရားပန္း အျမဲတမ္း လန္းလန္းဆန္းဆန္း ျဖစ္ေအာင္ ထားမယ္၊ေသာက္ေတာ္ေရခ်မ္းေလးကိုလည္း အျမဲတမ္းေအးေနေအာင္ထားမယ္ ဆိုရင္အိမ္တြင္းေရးလည္း ေအးခ်မ္း၊ စီးပြားလမ္းလည္းေျဖာင့္ ၊အစစအရာရာ အဆင္ေျပမွာပါ။

ေသာက္ေတာ္ေရ တစ္ေန႔ ဘယ္ႏွစ္ခါလဲတုံး။ “ႏွစ္ခါ”။ ႏွစ္ခါလဲတဲ့သူ ေတာ္ေတာ္နည္းမယ္ ထင္တယ္ေနာ္။

ကဲ ကိုယ္ကေတာ့ “ေရ” တစ္ေန႔ ဘယ္ႏွစ္ခါ ေသာက္တုံး။ “ဆယ္ခါ”။ ေတာ္ေတာ္ တရားတယ္။ ဘုရားက်ေတာ့ ေရငတ္ ထားတယ္။

ကိုယ္က်ေတာ့ ဆာတိုင္း ေသာက္တယ္။

အမွန္ကေတာ့ ကိုယ္ေရေသာက္တိုင္း ဘုရားကိုေသာက္ေတာ္ေရ လဲျပီး ကပ္မယ္ဆုိရင္ ပိုေကာင္းတယ္ေနာ္။

အဲဒီေလာက္ႀကီးအထိ မလဲႏုိင္ဘူး ဆိုရင္ေတာင္မွ“မနက္တခါ၊ ေန႔လယ္တစ္ခါ ၊ ညတစ္ခါ” တစ္ေန႔ သံုးၾကိမ္ေလာက္ေတာ့ ေသာက္ေတာ္ေရေလးလဲျပီး ၊ ကပ္ရင္ေကာင္းတာေပါ့။

ကိုယ္ ေရေသာက္တိုင္း၊ ေသာက္တိုင္းလည္းပဲ ကိုယ္ပါးစပ္ထဲ ေရမထည့္ခင္၊ ကိုယ္ေသာက္မယ့္ခြက္ကို လက္ကေလးနဲ႔ ကိုင္ထားၿပီးေတာ့ “ျမတ္စြာဘုရားရွင္အား ေသာက္ေတာ္ေရလွဴဒါန္းပါတယ္” လုိ႔ စိတ္ကအာရံုျပဳျပီးေတာ့ ျမတ္စြာဘုရားရွင္ကို ေသာက္ေတာ္ေရ ကပ္လိုက္ေပါ့။

ကိုယ္ေသာက္တဲ့ ေရအိုးစင္နားေလးက ေနၿပီးေတာ့ ကပ္လိုက္ရံုပါပဲ။ ဘုရားဆီ သြားၿပီး ကပ္စရာ မလိုပါဘူး။

ဘယ္ေနရာမွာပဲ ရပ္ၿပီးေတာ့ ေရေသာက္ေသာက္။ ကိုယ္ေရေသာက္တိုင္း ျမတ္စြာဘုရားကို ေသာက္ေတာ္ေရခ်မ္း လွဴဒါန္းျပီးမွ ကိုယ္က စြန္႔ေသာက္ပါ။

အရက္သမား၊ ဘီယာသမား တခ်ဳိ႕ေတာင္ အရက္ေသာက္ခါနီး၊ ဘီယာေသာက္ခါနီး ကိုယ္ေသာက္မယ့္ အရက္ပုလင္း၊ ဘီယာပုလင္းကုိ “အရက္သမားနတ္ ကိုႀကီးေက်ာ္” ကိုပသတဲ့ အေနနဲ႔ နဖူးေရွ႕ လက္နဲ႔ ေျမႇာက္ျပီး၊ အာရုံျပဳၾကေသးတယ္ မဟုတ္လား။

ကိုႀကီးေက်ာ္ တပည့္ေတြထက္၊ ဘုရားတပည့္ေတြက သာမွ ျဖစ္မွာေနာ္။

ေသာက္ေတာ္ေရ တစ္ခုတည္းမွ မဟုတ္ဘူး။ ဘာပဲစားစား။ သၾကားလံုးေလး ငံုတာပဲျဖစ္ျဖစ္။ ေနၾကာေစ့ေလး တစ္ထုပ္ စားတာပဲ ျဖစ္ျဖစ္၊ ျမတ္စြာဘုရားကုိ စိတ္က အာရုံျပဳ ကပ္ျပီးေတာ့မွ စား။ မစားခင္ “သရဏဂံုေလး၊ ဘာေလး” လည္း ရြတ္ေပါ့။

သရဏဂံုရြတ္ေနတဲ့ အခ်ိန္က ျမတ္စြာဘုရား ဘုဥ္းေပးေနတဲ့ အခ်ိန္လုိ႔ သေဘာထားေပါ့။

သရဏဂံုေလး “သံုးေခါက္” ရြတ္ျပီးသြားၿပီ ဆိုေတာ့မွ“ ျမတ္စြာဘုရား ၊ ျမတ္စြာဘုရား ဘုဥ္းေပးျပီျပီးျဖစ္လုိ႔တပည့္ေတာ္ကို ေဆး အျဖစ္ စြန္႔ေတာ္မူပါဘုရား”လုိ႔စြန္႔ၿပီး စားေပါ့ေနာ္။ ျမတ္စြာဘုရားရွင္က တန္ခိုးနဲ႔ဘုဥ္းေပးလုိက္တာ ဆိုေတာ့ ခဏေလးနဲ႔ ျပီးျပီးေပါ့။

ေယာဂီတုိ႔ က စြန္႔စားတာ ၾကိဳက္တယ္ မုိ႔လား။ အဲဒီေတာ့ ဘုရားကပ္ျပီးေတာ့စြန္႔စား လိုက္ေတာ့ စြန္စားတဲ့သူ ျဖစ္သြားတာေပါ့။

နိဗၺာန္ ဆိုတာ စြန္႔စားတဲ့သူေတြမွ ေရာက္တာေနာ္။အဲဒီေတာ့ ဘုရားပန္း မညိႇဳးပါေစန႔ဲ။ ေသာက္ေတာ္ ေရခ်မ္းမေႏြးပါေစနဲ႔။ ဒါ အေရးႀကီးပါတယ္။။

ဆရာေတာ္ အရွင္ဆႏၵာဓိက (ေရႊပါရမီေတာရ)

Unicode

ဘုရားစင်ပေါ်က ဘုရားပန်း မညိုးပါစေနဲ့ သောက်တော် ရေချမ်းလည်း မနွေးပါစေနဲ့

လူအများစုရဲ့သဘာဝ ၊ အများစုရယ် မဟုတ်ဘူးပေါ့လေ၊“နတ် ကိုးကွယ်မှု အားသန်တဲ့ ပုဂ္ဂိုလ်”တွေက ဘုရားပန်းသာ ညှိုးချင် ညှိုးပါစေ။

နတ်ပန်းတော့ အညှိုးမခံနိုင်ဘူး။ဘုရားစင်မှာ ဆွမ်းခဲဖွယ်ချိုချဉ်ရသာ မရှိရင်သာနေမယ်

နတ်ရှေ့မှာ အုန်းသီးဆိုလည်း အလုံးလိုက်၊ ငှက်ပျောသီးဆိုလည်း အဖီးလိုက်။

ယောဂီတို့ အိမ်တွင်းရေး မသာယာချင်ဘူးလား။ (သာယာချင်တယ်။) သာယာချင်တယ်ဆိုရင် ဘုရားပန်း မညှိုးပါစေနဲ့။

ဘုရားပန်းညှိုးပြီဆိုရင်တော့ အနှေးနဲ့ အမြန်ပဲ ကွာမယ်။ အိမ်တွင်းရေး ပဋိပက္ခတွေဖြစ်ပြီးတော့၊ တစ်ယောက်နဲ့ တစ်ယောက်အဆင်မပြေ ၊စိတ်ဝမ်းကွဲတာတွေဖြစ်ကြမှာပဲ။ လုပ်ငန်း၊ ကိုင်ငန်း စီးပွါးရေးတွေလည်း အဆင်ပြေမှာ မဟုတ်တော့ဘူး။

ဂါထာတွေ၊ မန္တာန်တွေ အမြှုပ်ထွက်အောင် မရွတ်ချင်နေပါ။ဘုရားပန်း အမြဲတမ်း လန်းလန်းဆန်းဆန်း ဖြစ်အောင် ထားမယ်၊သောက်တော်ရေချမ်းလေးကိုလည်း အမြဲတမ်းအေးနေအောင်ထားမယ် ဆိုရင်အိမ်တွင်းရေးလည်း အေးချမ်း၊ စီးပွားလမ်းလည်းဖြောင့် ၊အစစအရာရာ အဆင်ပြေမှာပါ။

သောက်တော်ရေ တစ်နေ့ ဘယ်နှစ်ခါလဲတုံး။ “နှစ်ခါ”။ နှစ်ခါလဲတဲ့သူ တော်တော်နည်းမယ် ထင်တယ်နော်။

ကဲ ကိုယ်ကတော့ “ရေ” တစ်နေ့ ဘယ်နှစ်ခါ သောက်တုံး။ “ဆယ်ခါ”။ တော်တော် တရားတယ်။ ဘုရားကျတော့ ရေငတ် ထားတယ်။

ကိုယ်ကျတော့ ဆာတိုင်း သောက်တယ်။

အမှန်ကတော့ ကိုယ်ရေသောက်တိုင်း ဘုရားကိုသောက်တော်ရေ လဲပြီး ကပ်မယ်ဆိုရင် ပိုကောင်းတယ်နော်။

အဲဒီလောက်ကြီးအထိ မလဲနိုင်ဘူး ဆိုရင်တောင်မှ“မနက်တခါ၊ နေ့လယ်တစ်ခါ ၊ ညတစ်ခါ” တစ်နေ့ သုံးကြိမ်လောက်တော့ သောက်တော်ရေလေးလဲပြီး ၊ ကပ်ရင်ကောင်းတာပေါ့။

ကိုယ် ရေသောက်တိုင်း၊ သောက်တိုင်းလည်းပဲ ကိုယ်ပါးစပ်ထဲ ရေမထည့်ခင်၊ ကိုယ်သောက်မယ့်ခွက်ကို လက်ကလေးနဲ့ ကိုင်ထားပြီးတော့ “မြတ်စွာဘုရားရှင်အား သောက်တော်ရေလှူဒါန်းပါတယ်” လို့ စိတ်ကအာရုံပြုပြီးတော့ မြတ်စွာဘုရားရှင်ကို သောက်တော်ရေ ကပ်လိုက်ပေါ့။

ကိုယ်သောက်တဲ့ ရေအိုးစင်နားလေးက နေပြီးတော့ ကပ်လိုက်ရုံပါပဲ။ ဘုရားဆီ သွားပြီး ကပ်စရာ မလိုပါဘူး။

ဘယ်နေရာမှာပဲ ရပ်ပြီးတော့ ရေသောက်သောက်။ ကိုယ်ရေသောက်တိုင်း မြတ်စွာဘုရားကို သောက်တော်ရေချမ်း လှူဒါန်းပြီးမှ ကိုယ်က စွန့်သောက်ပါ။

အရက်သမား၊ ဘီယာသမား တချို့တောင် အရက်သောက်ခါနီး၊ ဘီယာသောက်ခါနီး ကိုယ်သောက်မယ့် အရက်ပုလင်း၊ ဘီယာပုလင်းကို “အရက်သမားနတ် ကိုကြီးကျော်” ကိုပသတဲ့ အနေနဲ့ နဖူးရှေ့ လက်နဲ့ မြှောက်ပြီး၊ အာရုံပြုကြသေးတယ် မဟုတ်လား။

ကိုကြီးကျော် တပည့်တွေထက်၊ ဘုရားတပည့်တွေက သာမှ ဖြစ်မှာနော်။

သောက်တော်ရေ တစ်ခုတည်းမှ မဟုတ်ဘူး။ ဘာပဲစားစား။ သကြားလုံးလေး ငုံတာပဲဖြစ်ဖြစ်။ နေကြာစေ့လေး တစ်ထုပ် စားတာပဲ ဖြစ်ဖြစ်၊ မြတ်စွာဘုရားကို စိတ်က အာရုံပြု ကပ်ပြီးတော့မှ စား။ မစားခင် “သရဏဂုံလေး၊ ဘာလေး” လည်း ရွတ်ပေါ့။

သရဏဂုံရွတ်နေတဲ့ အချိန်က မြတ်စွာဘုရား ဘုဉ်းပေးနေတဲ့ အချိန်လို့ သဘောထားပေါ့။

သရဏဂုံလေး “သုံးခေါက်” ရွတ်ပြီးသွားပြီ ဆိုတော့မှ“ မြတ်စွာဘုရား ၊ မြတ်စွာဘုရား ဘုဉ်းပေးပြီပြီးဖြစ်လို့တပည့်တော်ကို ဆေး အဖြစ် စွန့်တော်မူပါဘုရား”လို့စွန့်ပြီး စားပေါ့နော်။ မြတ်စွာဘုရားရှင်က တန်ခိုးနဲ့ဘုဉ်းပေးလိုက်တာ ဆိုတော့ ခဏလေးနဲ့ ပြီးပြီးပေါ့။

ယောဂီတို့ က စွန့်စားတာ ကြိုက်တယ် မို့လား။ အဲဒီတော့ ဘုရားကပ်ပြီးတော့စွန့်စား လိုက်တော့ စွန်စားတဲ့သူ ဖြစ်သွားတာပေါ့။

နိဗ္ဗာန် ဆိုတာ စွန့်စားတဲ့သူတွေမှ ရောက်တာနော်။အဲဒီတော့ ဘုရားပန်း မညှိုးပါစေနဲ့။ သောက်တော် ရေချမ်းမနွေးပါစေနဲ့။ ဒါ အရေးကြီးပါတယ်။။

ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)

Be the first to comment

Leave a Reply

Your email address will not be published.


*