စားသုံးသူမ်ား ေသဆုံးသည္အထိ အႏၲရာယ္ရွိ္နိုင္သည္႔႔ ကြမ္းသီးေပါင္္း

စားသုံးသူမ်ား ေသဆုံးသည္အထိ အႏၲရာယ္ရွိ္နိုင္သည္႔႔ ကြမ္းသီးေပါင္္း

စားသုံးသူမ်ား ေသဆုံးသည္အထိ အႏၲရာယ္ရွိ္နိုင္သည္႔႔ ကြမ္းသီးေပါင္္း

ေၾကာက္စရာေကာင္္းတဲ့ ကြမ္းသီးေပါင္း

ကြြမ္းသီးကို ဖလင္ခၽြြတ္ေဆး၊ ကန႔္တို႔ျဖင့္ ျပဳျပင္ထားျခင္းေၾကာင့္စားသုံးသူမ်ား ေသဆုံးသည္အထိ အႏၲရာယ္ရွိ္နိုင္..

ကြမ္းသီးမ်ားကို္ ဓာတု ပစၥည္းမ်ားျဖင့္ ျပဳျပင္ထားသျဖင့္ စားသုံးသူမ်ား အသက္ေသဆုံးသည္ အထိိ အႏၲရာယ္ရွိိေနေၾကာင္း အစား အေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမွု ဦးစီးဌာနမွ တာဝန္ရွိသူက ေျပာၾကား သည္။

အစားအေသာက္ႏွင့္္ ေဆး ဝါးကြပ္ကဲမွု ဦးစီီးဌာနသည္ ရန္ ကုန္ၿမိဳ႕ရွိ ေဈးႀကီးငါးခု၌ လိုိက္ လံစစ္ေဆးရာတြင္ ကြြမ္းသီးအပါ အဝင္ အျခားစားေသာက္ကုန္ ေျခာက္မ်ိဳး၌ စားသုံးရန္ အႏၲ ရာယ္ရွိိသည့္ ဓာတုပစၥည္းမ်ား ပါဝင္ေနသည္ကို ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

ရန္ကုန္ၿမိဳ႕ ေညာင္ပင္ေလး ေဈး၊ ပုဇြန္ေတာင္ေဈး၊ စံျပငမိုး ရိပ္ေဈး၊ သိမ္ႀကီးေဈးႏွင့္ သီရိ မဂၤလာေဈးမ်ားတြင္ စစ္ေဆးခဲ့ ျခင္းျဖစ္ရာ ကြမ္းသီးမ်ား၌ ဆိုိဒီယမ္ဟိုက္ဒရိုဆာလဖိုက္ ပါဝင္မွု ျမင့္မားေနသည္ကို ေတြ႕ရွိခဲ့ျခင္း ျဖစ္သည္။

ဒီဓာတ္က အရမ္းအႏၲရာယ္မ်ားတယ္။ ဝမ္းသြားမယ္။ အသက္ရွူက်ပ္မယ္။ ေသြးေပါင္က်မယ္။ မူးေဝမယ္။ ပန္းနာရင္က်ပ္ျဖစ္ေစနိုင္တယ္။ အခန႔္မသင့္ရင္္ ေရွာ့ရိုိက္ၿပီး အသက္ဆုံးနိုင္တယ္ဟု အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲေရးဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွူးေဒါက္တာ ဇင္ဇင္ႏြယ္က ေျပာသည္။

ကြမ္းသီးကို ေပါင္းရာတြင္ ဓာတ္ပုံဖလင္ခၽြတ္သည့္ေဆးျဖင့္ တစ္ညစိမ္ၿပီးေနာက္ ျပန္လည္ေရ ေဆးကာ ကြမ္းသီးေပါင္းဖိုထဲတြင္ ထည့္၍ ကန႔္ကို မီးရွို႔ိကာအေငြ႕ရိုက္ရသည္။ ထိုသို႔ တစ္ညတာေပါင္းၿပီးလၽွင္ ေဈးကြက္သို႔ တင္သြင္း ေရာင္းခ်နိုင္သည္ဟု ေျမာက္ဥကၠလာပၿမိဳ႕နယ္မွွ ကြမ္းသီးဖိုလုပ္ ငန္းရွင္တစ္ဦးက ေျပာသည္။

ကြမ္းသီးေပါင္းတဲ့ ဆာလ ဖာပမာဏက သတ္မွတ္ထားတာ မရွိဘူး။ ကြမ္းသီးေပါင္းရင္အရမ္း အႏၲရာယ္မ်ားလို႔ တံခါးအလုံပိတ္ ထားရတယ္ဟု ၎က ဆက္ လက္ေျပာသည္။

စားသုံးရန္ မသင့္ေသာ ဓာ တုေဆးမ်ား အစားအေသာက္ မ်ားတြင္ ထည့္ထားၿပီး ေရျဖင့္ ျပန္လည္ သန႔္စင္ေသာ္လည္း ဓာတုအႂကြင္းအက်န္မ်ား က်န္ရွိိ ေနသည္ဟု ေဒါက္တာ ဇင္ဇင္ႏြြယ္က ရွင္းျပသည္။

ကြြမ္းသီးအေလးခ်ိန္တိုးၿပီး ကြမ္းသီးပြလာသည္။ ထို႔ေနာက္မွ ကြမ္းသီးဖိုထဲတြင္ ကန႔္ေငြ႕ရိုက္လိုက္လၽွင္ ကြမ္းသီးလည္း မွိုမတက္၍ ေရာင္းခ်ရာတြင္ အဆင္ေျပေသာေၾကာင့္ အသုံးျပဳျခင္းျဖစ္ေၾကာင္း ရန္ကင္းၿမိဳ႕နယ္မွ ကြမ္္းသီးေရာင္းဝယ္သူတစ္ဦးက ေျပာသည္။

ကြမ္းစားျခင္းေၾကာင့္္ ခံတြင္း ကင္ဆာျဖစ္ပြားမွုျမင့္မားေနခ်ိန္ မွာပင္ ယခုကဲ့သို႔ ကြမ္းသီးမ်ားကို ဓာတုေဆးသုံး ေရာင္းခ်ေနျခင္း ေၾကာင့္ က်န္းမာေရးထိိခိုက္မွုမွာ ပိုမိုိျမင္မားလာမည္ျဖစ္သည္။

ထို႔ျပင္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမွုဦးစီးဌာနမွ ေဈး မ်ားသို႔ စစ္ေဆးရာတြင္ မၽွစ္၊ ပဲ ႀကီးေလွာ္၊ ဝက္အူေခ်ာင္း၊ ခ်ဥ္ ဖတ္၊ အသားတုႏွင့္ ႏြားနို႔မ်ားတြင္ စားသုံးရန္ မသင့္ေသာ ဓာတု ပစၥည္းမ်ားပါဝင္ေနသည္ကို ေတြ႕ ရသည္။

XYZ

Unicode

စားသုံးသူများ သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်သည့့် ကွမ်းသီးပေါင်း

ကြောက်စရာကောင်းတဲ့ ကွမ်းသီးပေါင်း

ကွမ်းသီးကို ဖလင်ချွတ်ဆေး၊ ကန့်တို့ဖြင့် ပြုပြင်ထားခြင်းကြောင့်စားသုံးသူများ သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်..

ကွမ်းသီးများကို ဓာတု ပစ္စည်းများဖြင့် ပြုပြင်ထားသဖြင့် စားသုံးသူများ အသက်သေဆုံးသည် အထိ အန္တရာယ်ရှိနေကြောင်း အစား အသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာနမှ တာဝန်ရှိသူက ပြောကြား သည်။

အစားအသောက်နှင့် ဆေး ဝါးကွပ်ကဲမှု ဦးစီးဌာနသည် ရန် ကုန်မြို့ရှိ ဈေးကြီးငါးခု၌ လိုက် လံစစ်ဆေးရာတွင် ကွမ်းသီးအပါ အဝင် အခြားစားသောက်ကုန် ခြောက်မျိုး၌ စားသုံးရန် အန္တ ရာယ်ရှိသည့် ဓာတုပစ္စည်းများ ပါဝင်နေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ညောင်ပင်လေး ဈေး၊ ပုဇွန်တောင်ဈေး၊ စံပြငမိုး ရိပ်ဈေး၊ သိမ်ကြီးဈေးနှင့် သီရိ မင်္ဂလာဈေးများတွင် စစ်ဆေးခဲ့ ခြင်းဖြစ်ရာ ကွမ်းသီးများ၌ ဆိုဒီယမ်ဟိုက်ဒရိုဆာလဖိုက် ပါဝင်မှု မြင့်မားနေသည်ကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

ဒီဓာတ်က အရမ်းအန္တရာယ်များတယ်။ ဝမ်းသွားမယ်။ အသက်ရှူကျပ်မယ်။ သွေးပေါင်ကျမယ်။ မူးဝေမယ်။ ပန်းနာရင်ကျပ်ဖြစ်စေနိုင်တယ်။ အခန့်မသင့်ရင် ရှော့ရိုက်ပြီး အသက်ဆုံးနိုင်တယ်ဟု အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးဒေါက်တာ ဇင်ဇင်နွယ်က ပြောသည်။

ကွမ်းသီးကို ပေါင်းရာတွင် ဓာတ်ပုံဖလင်ချွတ်သည့်ဆေးဖြင့် တစ်ညစိမ်ပြီးနောက် ပြန်လည်ရေ ဆေးကာ ကွမ်းသီးပေါင်းဖိုထဲတွင် ထည့်၍ ကန့်ကို မီးရှို့ိကာအငွေ့ရိုက်ရသည်။ ထိုသို့ တစ်ညတာပေါင်းပြီးလျှင် ဈေးကွက်သို့ တင်သွင်း ရောင်းချနိုင်သည်ဟု မြောက်ဥက္ကလာပမြို့နယ်မှ ကွမ်းသီးဖိုလုပ် ငန်းရှင်တစ်ဦးက ပြောသည်။

ကွမ်းသီးပေါင်းတဲ့ ဆာလ ဖာပမာဏက သတ်မှတ်ထားတာ မရှိဘူး။ ကွမ်းသီးပေါင်းရင်အရမ်း အန္တရာယ်များလို့ တံခါးအလုံပိတ် ထားရတယ်ဟု ၎င်းက ဆက် လက်ပြောသည်။

စားသုံးရန် မသင့်သော ဓာ တုဆေးများ အစားအသောက် များတွင် ထည့်ထားပြီး ရေဖြင့် ပြန်လည် သန့်စင်သော်လည်း ဓာတုအကြွင်းအကျန်များ ကျန်ရှိ နေသည်ဟု ဒေါက်တာ ဇင်ဇင်နွယ်က ရှင်းပြသည်။

ကွမ်းသီးအလေးချိန်တိုးပြီး ကွမ်းသီးပွလာသည်။ ထို့နောက်မှ ကွမ်းသီးဖိုထဲတွင် ကန့်ငွေ့ရိုက်လိုက်လျှင် ကွမ်းသီးလည်း မှိုမတက်၍ ရောင်းချရာတွင် အဆင်ပြေသောကြောင့် အသုံးပြုခြင်းဖြစ်ကြောင်း ရန်ကင်းမြို့နယ်မှ ကွမ်းသီးရောင်းဝယ်သူတစ်ဦးက ပြောသည်။

ကွမ်းစားခြင်းကြောင့် ခံတွင်း ကင်ဆာဖြစ်ပွားမှုမြင့်မားနေချိန် မှာပင် ယခုကဲ့သို့ ကွမ်းသီးများကို ဓာတုဆေးသုံး ရောင်းချနေခြင်း ကြောင့် ကျန်းမာရေးထိခိုက်မှုမှာ ပိုမိုမြင်မားလာမည်ဖြစ်သည်။

ထို့ပြင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာနမှ ဈေး များသို့ စစ်ဆေးရာတွင် မျှစ်၊ ပဲ ကြီးလှော်၊ ဝက်အူချောင်း၊ ချဉ် ဖတ်၊ အသားတုနှင့် နွားနို့များတွင် စားသုံးရန် မသင့်သော ဓာတု ပစ္စည်းများပါဝင်နေသည်ကို တွေ့ ရသည်။

XYZ

Be the first to comment

Leave a Reply

Your email address will not be published.


*