








Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ခွေ းနဲ့ selfie ရိုက် ရင်း ပုံတင်ချင်ပေမဲ့လည်း မျက် နှာ တစ်ခုလုံး ခွေး ကိုက် ခံလိုက် ရတဲ့ မိန်းကလေး ရဲ့အဖြစ်

Argentina နိုင်ငံမှာနေထိုင်တဲ့ အသက် 17 နှစ်အရွယ် Lara အမည်ရှိတဲ့ မိန်းကလေးဟာ သူမရဲ့ခွေးနဲ့ ဓာတ်ပုံ ရိုက်နေရင်း သူမရဲ့ မျက်နှာ ခွေးကိုက် ခံခဲ့ရတဲ့ အဖြစ်ကို ဝေမျှခဲ့ပါတယ် ။

ပြီးခဲ့တဲ့ January 15 ရက်နေ့က ” Photo session with Kenai goes wrong ” ဆိုတဲ့ caption နဲ့ သူမရဲ့ ဓာတ်ပုံတွေကို ဝေမျှ ခဲ့တာပါ ။

သူမ ပြောပြထားခဲ့တာကတော့ ခွေးရဲ့တင်ပါးကို ကိုင်မိလိုက်လို့လား ဒါမှမဟုတ် ခွေးလေးက အသက်ကြီးနေလို့ စိတ်ရှုပ် သွားလို့လား ဒါမှမဟုတ် သူမက ခွေးနဲ့ တအားကို နီးနီးကပ်ကပ် နေလိုက်လို့ ခွေးကေ ကြာက်သွားလို့ သူမကိုကိုက်လိုက်တာလား မသေချာမရေရာပါဘူးဆိုပြီး ဘာလို့ခွေးလေးက ကိုက်လိုက်မှန်း မသိကြောင်းပြောဆိုသွားခဲ့ပါတယ် ။

Lara ဟာ သူမရဲ့ မျက်နှာပေါ်မှာ ဒဏ်ရာအများအပြား ရရှိခဲ့တဲ့အပြင် ၊ ကုသမှု 2 ကြိမ်ခန့် ခံယူခဲ့ရကာ မျက်နှာနှင့် သွားဖုံးတွေ မှာ ချုပ်ရိုးရာ 40 ခန့် ရှိကြောင်း သိရှိရပါတယ် ။

သူမကတော့ ခွေးကိုက်ခံရစဉ် အချိန်က မည်သည့် နာကျင်မှုမျိုးကိုမှ မရရှိခဲ့ကြောင် နှင့် ခွေးလေးကိုလည်း အပြစ်မတင်လိုကြောင်း မတော်တဆမှုကြောင့်သာ ဖြစ်ပျက်ခဲ့ရတာ ဖြစ်ကြောင်း ပြောဆို ခဲ့ပါတယ် ။

Lara ဟာ ယခု အချိန်မှာတော့ ဒဏ်ရာတွေ သက်သာ နေပေမဲ့လည်း သူမရဲ့ မျက်နှာမှာတော့ ယောင်ရမ်းမှုတွေ ရှိနေ သေးကြောင်း သိရှိ ရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment

Leave a Reply

Your email address will not be published.


*