တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး
ရာဟု
ကြာသပတေး
သောကြာ
စနေ
ဗေဒင်ဝါသနာအိုး
Unicode
တစ်ပတ်စာ ဗေဒင်ဟောစာတမ်း – (၁၂.၁.၂၀၂၀) ရက်နေ့မှ (၁၈.၁.၂၀၂၀) ရက်နေ့အထိ
တနင်္ဂနွေ
ဘာပဲလုပ်လုပ် အဆင်မပြေ ဖြစ်တတ်သည်။ အရောင်းအဝယ် အဆင်မပြေဖြစ်မည်။ တေ့လွဲတေ့လွဲဖြစ်ပြီး အောင်မြင်မှုမရှိ၊ ဆုံးရှုံးမှုတွေနှင့် ရင်ဆိုင်ဖြေရှင်းရမည်။ ငွေကြေးကြပ်တည်းမှုနှင့် ရင်ဆိုင်ဖြေရှင်းရမည်။ ငွေကုန်ကြေးကျများမည်။
နာမည်၊ ဂုဏ်သိက္ခာ ကျဆင်းမည်။ ဝယ်ရှုံး ရောင်းရှုံး ဖြစ်မည်။ သူများအတွက် မိမိကအာမခံထားခြင်းကြောင့် စိုက်လျှော်ဖြေရှင်းရတတ်သည်။
အိမ်ထောင်ရေး၊ အိမ်တွင်းရေး အဆင်မပြေဖြစ်မည်။ သားသမီးများအတွက် စိတ်သောကရောက်မည်။ ရွှေငွေရတနာပစ္စည်း ထွက်မည်။ ခရီးယာယီများမည်။ ချစ်သူနှင့် အဆင်မပြေဖြစ်မည်။ ပညာရေး ညံ့ဖျင်းမည်။ အအေးမိချောင်းဆိုးရောဂါ ဂရုစိုက်ပါ။
ယတြာ…လိမ္မော်သီး ( 9 ) လုံး ဘုရားလှူပါ။ထီနံပါတ် ( 45. 40. 49. )
တနင်္လာ
နာမည် ဂုဏ်သိက္ခာထိခိုက်အောင် မိမိအားမကောင်းသတင်း ပြောဆိုသူများနှင့် ကြုံတွေ့ရမည်။ အလုပ်လုပ်ရာတွင် မပြတ်မသားလုပ်သောကြောင့် ဖြစ်ပေါ်လာသောပြဿနာများကို ရင်ဆိုင်ဖြေရှင်းရမည်။ ငွေရေးကြေးရေး အရှုပ်အရှင်းဖြစ်မည်။
အမှုအခင်း ဖြစ်မည်။ ငွေကုန်ကြေးကျ များမည်။ ချစ်သူနှင့် စကားပြောအဆင်မပြေ ဖြစ်မည်။ အားနာမှုကြောင့် အိမ်ထောင်ရေးပြိုကွဲတတ်သည်။ မိန်းမအနှောင့်အယှက် ဖြစ်မည်။ ဟောင်းနွမ်းသော အိမ်အသုံးအဆောင်ပစ္စည်းများ မထားပါနှင့်။ စွန့်ပစ်လိုက်ပါ။ ကျောက်ကပ်ရောဂါ ဂရုစိုက်ပါ။
ယတြာ….အောင်သပြေ( 9 ) ညွန့် ဘုရားလှူပါ။ထီနံပါတ် ( 15. 10. 19. )
အင်္ဂါ
မိတ်ကောင်းဆွေကောင်းတို့ရဲ့ အကူအညီ အထောက်အပံ့ရမည်။ မမျှော်လင့် မရည်မှန်းထားသော အလုပ်ကိစ္စမှ ငွေကြေးအမြောက်အမြားရမည်။ အလုပ်သစ် အကိုင်သစ် လုပ်ဆောင်ရမည်။ ရပ်ဝေးမှ ဘာသာတူလူမျိုးခြား အကျိုးပေးမည်။ အချစ်ရေးစန်းပွင့်မည်။
ချစ်ဦးသူတွေ့မည်။ ပညာရေးထူးချွန်မည်။ နေရာကောင်းရရှိမည်။ နေရာဌာန ပြောင်းရွှေ့ရမည်။ ငွေကုန်ကြေးကျများမည်။ မိဘဆွေမျိုးသားချင်းများအတွက် မျက်ရည်ကြီးငယ်ကျမည်။ အိမ်ထောင်ရေး အဆင်ပြေလာမည်။ ထီပေါက်ကိန်း ရှိသည်။ ဒူးနာ ခါးနာရောဂါ ဂရုစိုက်ပါ။
်ယတြာ…..ခရေပန်း (10 ) ကုံး ဘုရားလှူပါ။ ထီနံပါတ် ( 24. 25. 20. )
ဗုဒ္ဓဟူး
စုဆောင်းရှာဖွေထားသော ငွေကြေးပစ္စည်းများ ထုတ်ယူသုံးစွဲရလိမ့်မည်။ လုပ်ငန်းခွင်နှင့် ဆက်နွယ်နေသောသင်တန်းများ တက်ရောက်ရလိမ့်မည်။ ပညာရေး ထူးချွန်မည်။ နိုင်ငံရပ်ခြားခရီးဝေး သွားရမည်။ အလုပ်အကိုင် အဆင်ပြေလာမည်။
တိုင်းရင်းသား နိုင်ငံခြားသားတို့နှင့် ပြောဆိုဆက်ဆံ ဆောင်ရွက်ရမည်။ အိမ် ခြံ မြေ ကား ဝင်ကိန်းရှိသည်။ ချစ်သူ၏ ကူညီပံ့ပိုးမှုကို ရရှိမည်။ မိတ်ဆွေ ဆရာသမားတို့ရဲ့ ကူညီစောင့်ရှောက်ခြင်းကို ခံရမည်။ မိဘအမွေ ရမည်။ ရွှေငွေရတနာပစ္စည်း ဝင်မည်။ နှလုံးရောဂါ ဂရုစိုက်ပါ။
ယတြာ…..သပြေ ( 4 ) ညွန့် ဘုရားလှူပါ။ထီနံပါတ် ( 64. 65. 60. )
ရာဟု
လူမှုရေး ဘာသာရေး အလုပ်ကိစ္စတွေနှင့် ရှုပ်ထွေးနေမည်။ ပျော်ရွှင်ကြည်နူးစရာ ကိစ္စတွေနှင့် ကြုံတွေ့ရမည်။ ချစ်သူဝိုင်းဝိုင်းလည်မည်။ ချစ်ဦးသူဖူးစာရှင်ကို တွေ့မည်။ အိုးသစ်အိမ်သစ် ဝင်မည်။ အိမ် ခြံ မြေ အရောင်းအဝယ်ကိစ္စတွေနှင့် ငွေကြေးအများကြီး ဝင်မည်။
ဘုရားဖူးခရီး သွားရမည်။ ထီပေါက်ကိန်း ရှိသည်။ ရွှေငွေရတနာပစ္စည်း ဝင်မည်။ မည်သူ့ကိုမျှ ငွေမချေးငှားလိုက်ပါနှင့်။ ငွေကြေးဆုံးရှုံးရလိမ့်မည်။ အိမ်ထောင်ရေး အဆင်ပြေသာယာလာမည်။ ခြံ မြေ ကား ဝင်ကိန်းရှိသည်။ ဆီးချိုသွေးချိုရောဂါ ဂရုစိုက်ပါ။
ယတြာ……အင်ကြင်းပန်း ( 6 ) ပွင့် ဘုရားလှူပါ။ထီနံပါတ် ( 12. 17. 16. )
ကြာသပတေး
မိတ်ဆွေသစ် နေရာသစ် အလုပ်အကိုင်သစ် လုပ်ကိုင်ဆောင်ရွက်ရမည်။ တစ်ပါးသူနှင့် ပူးပေါင်းလုပ်ဆောင်သော လုပ်ငန်းများ အကျိုးပေးမည်။ နိုင်ငံရပ်ခြားခရီးဝေး သွားရမည်။ ကျောက်မျက်ရတနာပစ္စည်း အိမ် ခြံ မြေ ကားပစ္စည်း အရောင်းအဝယ် အကျိုးပေးမည်။
ငွေ ကြေး အမြောက်အမြား ဝင်မည်။ ရှုံးမည်ထင်ရသောလုပ်ငန်းများ အကျိုးပေးအောင်မြင်မည်။ ချစ်သူတွေ့မည်။ မထင်မှတ်ဘဲ လုပ်ငန်းများအောင်မြင်လာမည်။
ပညာထူးချွန်မည်။ မိသားစု စိတ်ချမ်းသာမည်။ ထမင်းရည်ချောင်းစီး မောင်းတီးပြီးလှူရမည်။ သားသမီးအကျိုး ခံစားရမည်။ အစာအိမ်ရောဂါ ဂရုစိုက်ပါ။
ယတြာ…..အင်ကြင်းပန်း ( 7 ) ပွင့် ဘုရားလှူပါ။ထီနံပါတ် ( 51. 52. 57. )
သောကြာ
မိမိကြံစည်စိတ်ကူးထားသောအလုပ်ကို အမြန်ဆုံးဖြစ်မြောက်အောင် အကောင်အထည်ဖေါ်လိုက်ပါ။ လုပ်ငန်းတိုးတက် အောင်မြင်လာမည်။ လူနေမှုအဆင့်အတန်း တိုးတက်လာမည်။ အဖက်ဖက်က ငွေကြေးအမြောက်အမြား ဝင်လာမည်။
မိမိအားဂရုစိုက်ပြီး ကြင်နာတတ်သောချစ်ဦးသူ တွေ့မည်။ အလုပ်နှင့်ပတ်သက်သော သင်တန်းများ တက်ရောက်အောင်မြင်မည်။ နိုင်ငံခြား သွားရမည်။
မိဘဆွေမျိုးသားချင်းတို့ရဲ့ အကူအညီ အထောက်အပံ့ ရရှိမည်။ လူလိမ်လူကောက် ခံရတတ်သည်။ ရွှေထည်ပစ္စည်း ဝင်မည်။ အမွေရမည်။ လေနာရောဂါ ဂရုစိုက်ပါ။
ယတြာ…..သစ်ခွပန်း ( 3 ) ခက် ဘုရားလှူပါ။ထီနံပါတ် ( 63. 68. 62. )
စနေ
အများနှင့်လုပ်ဆောင်သောလုပ်ငန်းများ အစုရှယ်ယာဝင်ထားသောလုပ်ငန်းများ အရှုံးပေါ်တတ်သည်။ စီးပွါးရေးလုပ်ငန်းများ တုံ့ဆိုင်းရပ်ဆိုင်းရတတ်သည်။ ဝင်ငွေနည်းပြီး ထွက်ငွေများနေမည်။ ချစ်သူနှင့် စကားများရန်ဖြစ်တတ်သည်။
မိမိအား မနာလိုသူများက ကွယ်ရာမှာ အတင်းစကားပြောဆိုလိမ့်မည်။ ဂုံးချောရန်တိုက်ပေးတတ်သည်။ လမ်းသွားရင်း ခိုက်ရန်ဒေါသဖြစ်မည်။
ဆေးရုံဆေးခန်း ရောက်မည်။ ငွေကုန်ကြေးကျ များမည်။ အမှုကိစ္စ ရင်ဆိုင်ဖြေရှင်းရတတ်သည်။ မိဘအတွက် မျက်ရည်ကြီးငယ်ကျမည်။ ရွှေငွေရတနာပစ္စည်း ထွက်မည်။ သွေးတိုးရောဂါ ဂရုစိုက်ပါ။
ယတြာ….နှင်းဆီပန်း ( 10 ) ပွင့် ဘုရားလှူပါ။ထီနံပါတ် ( 73. 75. 70. )…..။
ဗေဒင်ဝါသနာအိုး
Be the first to comment
Leave a Reply
Your email address will not be published.
*