


အောင်လအန်ဆန် ဟာ One Championship ပြိုင်ပွဲ ရဲ့ ကမ္ဘာ့ဝိတ် တန်း ၂ ခု ချန်ပီယံ တစ်ဦးဖြစ်ပြီး မြန်မာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်း ခံရသူ တစ်ဦးဖြစ်ပါတယ်။






အောင်လအတွက် ဝမ်းသာဂုဏ်ယူရအောင် ဒီသတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်


Unicode

နာမည်ကြီး UFC ဖိုက်တာတွေကို ကျော်လွန်ပြီး ကမ္ဘာ့အဆင့် ဆုတစ်ခုကို ဆွတ် ခူး နိုင်ခဲ့တဲ့ မြန် မာ့ ဂုဏ်ဆောင် အောင်လအန်ဆန်း

အောင်လအန်ဆန် ဟာ One Championship ပြိုင်ပွဲ ရဲ့ ကမာ ္ဘ့ဝိတ် တန်း ၂ ခု ချန်ပီယံ တစ်ဦးဖြစ်ပြီး မြန်မာ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးခြင်း ခံရသူ တစ်ဦးဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ ရှားရှားပါးပါး ကမ္ဘာ့ချန်ပီယံ တစ်ဦး ဖြစ်တာကြောင့် မြန်မာ ပြည်သူတွေ ရဲ့ ချစ်ခြင်းတွေကို ပိုင် ဆိုင် ထားသူလို့လည်း ဆိုရမှာပါ။

လတ်တလောမှာတော့ ပြိုင်ပွဲတွေ အတွက် အဆင်သင့်ဖြစ်နေအောင် လေ့ကျင့်မှုတွေ ပြု လုပ် နေတဲ့ အောင်လအန်ဆန်ဟာ ပရိသတ်တွေဝမ်းသာ စေမယ့် သတင်းစကား တစ်ခုကို သူ့ရဲ့ လူမှုကွန်ရက်ကနေ ခု လို ပြောပြခဲ့ပါတယ်။

“ဒီနေ့မနက်@sanfordmmaမှာ အသင်းဖော်တွေ နဲ့ လေ့ကျင့်မှုအပြီး မမျှော်လင့်ပဲနဲ့ @worldmmaawards ဖြစ်တဲ့ 2019 International Fighter Of the Year ဆု တံဆိပ်ကိုလက်ခံရရှိခဲ့ပါတယ်။

ဒီဆုကိုရရှိအောင်မဲပေးခဲ့ကြတဲ့ မြန်မာပရိတ်သတ်တွေအားလုံးကိုအထူးကျေးဇူးတင်ပါတယ်။ @fightersonlymag ကိုလဲကျွန်တော့်ကို စ ကာတင် စာရင်းမှာ ရွေးချယ်ပေးခဲ့တဲ့ အတွက် ကျေးဇူးတင်ပါတယ်။..” ဆိုပြီး ဆုရခဲ့တဲ့အကြောင်းလေးနဲ့ မဲပေးခဲ့တဲ့ မြန်မာပရိသတ်တွေကို ကျေးဇူးတင်တဲ့အကြောင်း ရေးသားခဲ့တာပါ။

ဒီဆုကို Fighters Only Magazine က ချီးမြှင့်တာ ဖြစ်ပြီး ဆန်ခါတင်စာရင်းမှာ အောင်လအန်ဆန်နဲ့အတူ UFC နာမည်ကျော်တိုက်ခိုက်ရေးသမား ခါဘစ်၊ အီရန်နွယ်ဖွားတစ်ဦးဖြစ်တဲ့ ဂီဂတ်မူဆာဆီ၊ အမေရိကန်တိုက်ခိုက်ရေးသမားတွေဖြစ်တဲ့ ဒန်နီရယ်ကော်မီယာ၊ ဒက်စတင်ပိုရီရာ တို့ပါဝင်ခဲ့တာဖြစ်ပြီး နောက်ဆုံးမှာတော့ အောင်လအန်ဆန်က ဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။

ေအာင်လအတွက် ဝမ်းသာဂုဏ်ယူရအောင် ဒီသတင်းလေးကို ပြန်လည်မျှဝေပေးလိုက်ရပါတယ်နော်

Source : Aung La Nsang (Burmese Python) | Author : HW (Shwe Yaung Lan) | Reference & Credit : shweyaunglan.com

Be the first to comment

Leave a Reply

Your email address will not be published.


*