ေန႔စဥ္ ျပဳလုပ္ေပးသင့္တဲ့ မ်က္စိကို အနားေပးတဲ့ ေလ့က်င့္ခန္းမ်ား…

ေန႔စဥ္ ျပဳလုပ္ေပးသင့္တဲ့ မ်က္စိကို အနားေပးတဲ့ ေလ့က်င့္ခန္းမ်ား...
ေန႔စဥ္ ျပဳလုပ္ေပးသင့္တဲ့ မ်က္စိကို အနားေပးတဲ့ ေလ့က်င့္ခန္းမ်ား...

ေန႔စဥ္ ျပဳလုပ္ေပးသင့္တဲ့ မ်က္စိကို အနားေပးတဲ့ ေလ့က်င့္ခန္းမ်ား…

( ၁ ) မ်က္ေတာင္ တဖ်ပ္ဖ်ပ္ ခတ္တာ ကို ၂ မိနစ္ ေလာက္ လုပ္ေပး လိုက္ ပါ ။ အဲ့ဒါက မ်က္လုံး နား တဝိုက္မွာ ေသြးလွည့္ပတ္မႈ ေကာင္းေစပါတယ္။

(၂) ျပတင္းေပါက္မွန္ ကို ၅ စကၠန႔္ ေလာက္ စိုက္ ၾကည့္ ၿပီး အေဝးက အရာဝတၳဳေတြ ကို ၅ စကၠန႔္ေလာက္ ေျပာင္း ၾကည့္ ပါ ။ အဲ့ဒါကို ၁၀ ႀကိမ္ လုပ္ေပးပါ။

(၃) မ်က္လုံး မွိတ္ ၿပီး တစ္ေန႔ ႏွစ္ႀကိမ္ ေရေဆး ေပးပါ ။ မနက္ပိုင္းမွာ ေရ ေႏြးေလး နဲ႔ မ်က္ႏွာ သစ္ၿပီး ေရ ေအး နဲ႔ ထပ္ သစ္ေပးပါ ။ ညဘက္မွာေတာ့…

ေရ ေအး နဲ႔ အရင္သစ္ၿပီး ေရ ေႏြး နဲ႔ ထပ္သစ္ပါ ။ အဲ့ဒါက ပင္ပန္းႏြမ္းနယ္ေနတဲ့ မ်က္ လုံးေတြကို ျပန္လည္ လန္းဆန္းေစပါတယ္။

(၄) မ်က္လုံးေတြကို ဘယ္က ေန ညာ ၊ ညာ က ေန ဘယ္ကို ေ႐ႊ႕ ေပးတာကို ၆ ႀကိမ္ လုပ္ေပးပါ။

( ၅) မ်က္လုံးကို ၅ စကၠန႔္ ေလာက္ တင္းတင္း မွိတ္ထားၿပီး ဖ်တ္ကနဲ ဖြင့္လိုက္ပါ။ အဲ့ဒါကို ၁၀ ႀကိမ္ လုပ္ေပးပါ။

(၆) လက္ကို ဆန႔္တန္းၿပီး လက္မရဲ႕ လက္သည္းကို စိုက္ၾကည့္ပါ။ လက္ကို မ်က္ႏွာနဲ႔ တစ္ေပေလာက္ အကြာအထိ ေ႐ႊ႕လာၿပီး မ်က္လုံးက လက္မလက္သည္း ကို လိုက္ၾကည့္ေပးပါ။ အဲ့ဒါကို ၁၀ ႀကိမ္ လုပ္ေပးပါ။

(၇) မ်က္လုံးကို နာရီလက္တံ လွည့္တဲ့အတိုင္း စက္ဝိုင္းပုံ (၄) ႀကိမ္ လွည့္ၿပီး… သူနဲ႔ ဆန႔္က်င္ဘက္ ကို ၄ ႀကိမ္ ထပ္လွည့္ပါ။

(၈) မ်က္လုံးကို (၅) စကၠန႔္ေလာက္ တင္းတင္း မွိတ္ထားၿပီး ဖ်တ္ကနဲ ဖြင့္လိုက္ၿပီး မ်က္လုံးေတြကို က်ယ္ႏိုင္ သ ေလာက္ က်ယ္က်ယ္ ဖြင့္လိုက္ပါ ။ အဲ့ဒါကို ၁၀ ႀကိမ္ လုပ္ေပးပါ။

(၉) မ်က္လုံးကို ဖြဖြေလး မွိတ္ထားၿပီး စိတ္ကို ေျဖေလ်ာ့ထားပါ ။ လက္ႏွစ္ဖက္ကို ပူေႏြးလာေအာင္ ပြတ္တိုက္ၿပီး မ်က္လုံးအေပၚကေန မိနစ္ အနည္းငယ္ေလာက္ အုပ္ထားေပးလိုက္ပါ။

(၁၀) မ်က္လုံးကို မွိတ္ၿပီး အတြင္းေထာင့္ေနရာေလး ကို လက္ေခ်ာင္းထိပ္ေလးေတြနဲ႔ မိနစ္အနည္းငယ္ေလာက္ ႏွိပ္နယ္ ေပး လိုက္ပါ။ လိုက္လုပ္ၾကည့္ရေအာင္ေနာ္…။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

နေ့စဉ် ပြုလုပ်ပေးသင့်တဲ့ မျက်စိကို အနားပေးတဲ့ လေ့ကျင့်ခန်းများ…

( ၁ ) မျက်တောင် တဖျပ်ဖျပ် ခတ်တာ ကို ၂ မိနစ် လောက် လုပ်ပေး လိုက် ပါ ။ အဲ့ဒါက မျက်လုံး နား တဝိုက်မှာ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

(၂) ပြတင်းပေါက်မှန် ကို ၅ စက္ကန့် လောက် စိုက် ကြည့် ပြီး အဝေးက အရာဝတ္ထုတွေ ကို ၅ စက္ကန့်လောက် ပြောင်း ကြည့် ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၃) မျက်လုံး မှိတ် ပြီး တစ်နေ့ နှစ်ကြိမ် ရေဆေး ပေးပါ ။ မနက်ပိုင်းမှာ ရေ နွေးလေး နဲ့ မျက်နှာ သစ်ပြီး ရေ အေး နဲ့ ထပ် သစ်ပေးပါ ။ ညဘက်မှာတော့…

ရေ အေး နဲ့ အရင်သစ်ပြီး ရေ နွေး နဲ့ ထပ်သစ်ပါ ။ အဲ့ဒါက ပင်ပန်းနွမ်းနယ်နေတဲ့ မျက် လုံးတွေကို ပြန်လည် လန်းဆန်းစေပါတယ်။

(၄) မျက်လုံးတွေကို ဘယ်က နေ ညာ ၊ ညာ က နေ ဘယ်ကို ရွှေ့ ပေးတာကို ၆ ကြိမ် လုပ်ပေးပါ။

( ၅) မျက်လုံးကို ၅ စက္ကန့် လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၆) လက်ကို ဆန့်တန်းပြီး လက်မရဲ့ လက်သည်းကို စိုက်ကြည့်ပါ။ လက်ကို မျက်နှာနဲ့ တစ်ပေလောက် အကွာအထိ ရွှေ့လာပြီး မျက်လုံးက လက်မလက်သည်း ကို လိုက်ကြည့်ပေးပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၇) မျက်လုံးကို နာရီလက်တံ လှည့်တဲ့အတိုင်း စက်ဝိုင်းပုံ (၄) ကြိမ် လှည့်ပြီး… သူနဲ့ ဆန့်ကျင်ဘက် ကို ၄ ကြိမ် ထပ်လှည့်ပါ။

(၈) မျက်လုံးကို (၅) စက္ကန့်လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပြီး မျက်လုံးတွေကို ကျယ်နိုင် သ လောက် ကျယ်ကျယ် ဖွင့်လိုက်ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၉) မျက်လုံးကို ဖွဖွလေး မှိတ်ထားပြီး စိတ်ကို ဖြေလျော့ထားပါ ။ လက်နှစ်ဖက်ကို ပူနွေးလာအောင် ပွတ်တိုက်ပြီး မျက်လုံးအပေါ်ကနေ မိနစ် အနည်းငယ်လောက် အုပ်ထားပေးလိုက်ပါ။

(၁၀) မျက်လုံးကို မှိတ်ပြီး အတွင်းထောင့်နေရာလေး ကို လက်ချောင်းထိပ်လေးတွေနဲ့ မိနစ်အနည်းငယ်လောက် နှိပ်နယ် ပေး လိုက်ပါ။ လိုက်လုပ်ကြည့်ရအောင်နော်…။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*