ေအာင္ျမင္မႈကို လိုခ်င္လွ်င္ ထားရိွရမယ့္ စိတ္ဓာတ္…

ေအာင္ျမင္မႈကို လိုခ်င္လွ်င္ ထားရိွရမယ့္ စိတ္ဓာတ္...
ေအာင္ျမင္မႈကို လိုခ်င္လွ်င္ ထားရိွရမယ့္ စိတ္ဓာတ္...

ေအာင္ျမင္မႈကို လိုခ်င္လွ်င္ ထားရိွရမယ့္ စိတ္ဓာတ္…

တခါက အလုပ္ရွင္ တစ္ေယာက္ဟာ လူငယ္အလုပ္သမား တစ္ဦး အလိုရွိေၾကာင္း ေၾကာ္ျငာသည့္အခါ ေယာက္်ားေလး ၃၀ ခန႔္ အလုပ္ေလွ်ာက္ၾကသည္။ သူက ေဘာလုံးတစ္လုံးႏွင့္

ေဘာလုံးေပါက္ရန္ စက္ကြင္းတစ္ခု စီစဥ္ထားၿပီး… အလုပ္ေလွ်ာက္သူအားလုံး တစ္ေယာက္လွ်င္ ခုႏွစ္ခ်က္စီ ပစ္ေပါက္ေစသည္။ စက္ကြင္း အလယ္ဗဟိုကို အမ်ားဆုံး ထိမွန္သူအား ေ႐ြးခ်ယ္ရန္

ရည္႐ြယ္ထားရာ မည္သူတစ္ဦးတစ္ေယာက္မွ်ပင္ တစ္ခ်က္တစ္ေလမွ မထိမွန္သည့္အခါ သူ ေ႐ြးခ်ယ္၍မရ ျဖစ္သြားသည္။ ”ကဲ မနက္ျဖန္ ျပန္လာၿပီး ေပါက္ၾကဦးေပါ့ကြာ”ဟု သူေျပာၿပီး လူငယ္မ်ားအား ျပန္ခိုင္းလိုက္သည္။

ေနာက္ေန႔တြင္ သည္လူစုထဲမွ ခပ္ငယ္ငယ္ေကာင္ေလး တစ္ေယာက္သာ ျပန္ေရာက္လာသည္။ သူ႔အား ပထမေန႔ကအတိုင္း ေဘာလုံးေပါက္ခိုင္းသည့္ အခါ၌ စက္ကြင္း အလယ္ဗဟိုကို အႀကိမ္ႀကိမ္ ထိမွန္တာ ေတြ႕ရသည္။

”ဟ တယ္ဟုတ္ပါလားကြ… ဘယ္လိုျဖစ္ သြားတာလဲ”အလုပ္ရွင္က အံ့ၾသစြာ ေမးသည့္အခါ ”ကြၽန္ေတာ္က အေမ့ကို မျဖစ္မေန ကူညီရမွာ ဆိုေတာ့ ဒီအလုပ္ကို သိပ္လိုခ်င္ပါတယ္။ ဒါ့ေၾကာင့္

ညက ကြၽန္ေတာ္ အိမ္ေဘးအဖီထဲမွာ တစ္ညလုံး ေဘာလုံးေပါက္ ေလ့က်င့္ပါတယ္…။ ေကာင္ေလးအေၾကာင္း သည္ေလာက္ဆို လုံေလာက္ပါၿပီ။ သည္လိုစိတ္ဓာတ္မ်ိဳး ရွိသည့္ လူငယ္တစ္ေယာက္သည္

အလုပ္ မရမွာ ပူစရာ မလို။ ရာထူးမတိုးမွာလည္း စိုးရိမ္စရာ မရွိ။ သည္စိတ္ဓါတ္ကိုသာ ဆက္လက္ေမြးျမဴထားမည္ဆိုက မုဆိုးမ မိခင္ႏွင့္ ႀကီးျပင္းခဲ့ရသည္ျဖစ္ေစ ေက်ာင္းပညာ အေျခခံ နည္းပါးခဲ့သည္ျဖစ္ေစ

ညႇိဳးငယ္တိမ္ျမဳပ္ေနစရာ အေၾကာင္းမရွိ။ တစ္ပန္းရႈံးေသာ မူလအေနအထားမွ ႐ုန္းထြက္ကာ တစ္ေန႔ေသာအခါ၌ သူတစ္ပါး အံ့ၾသရေလာက္ေအာင္ ထူျခားေအာင္ျမင္သူမ်ား ျဖစ္လာၾကမွာ

မုခ်ျဖစ္သည္။ မွန္သည္။ လူတစ္ေယာက္ ဖြံ႕ၿဖိဳးတိုးတက္ဖို႔တြင္ အေရးႀကီးသည့္အရာက ကိုယ္ဘာအလိုရွိသလဲ.? ဘာျဖစ္ခ်င္သလဲ.? အဲဒီအတြက္ ဘာလုပ္ရမလဲ.?

ဘယ္လိုအရည္အခ်င္းေတြ ရွိဖို႔လိုအပ္သလဲ ဆိုတာ ရွင္းလင္းျပတ္သားစြာ သိဖို႔နဲ႔ လိုအပ္သမွ်ကို ျဖည့္ဆည္းမည္ ဆိုေသာ ‘စိတ္’ ‘ဇြဲ’ ရွိဖို႔ပဲ ျဖစ္သည္။

ေလးစားစြာျဖင့္ Credit#မူရင္းေရးသားသူ

Unicode

အောင်မြင်မှုကို လိုချင်လျှင် ထားရှိရမယ့် စိတ်ဓာတ်…

တခါက အလုပ်ရှင် တစ်ယောက်ဟာ လူငယ်အလုပ်သမား တစ်ဦး အလိုရှိကြောင်း ကြော်ငြာသည့်အခါ ယောက်ျားလေး ၃၀ ခန့် အလုပ်လျှောက်ကြသည်။ သူက ဘောလုံးတစ်လုံးနှင့်

ဘောလုံးပေါက်ရန် စက်ကွင်းတစ်ခု စီစဉ်ထားပြီး… အလုပ်လျှောက်သူအားလုံး တစ်ယောက်လျှင် ခုနှစ်ချက်စီ ပစ်ပေါက်စေသည်။ စက်ကွင်း အလယ်ဗဟိုကို အများဆုံး ထိမှန်သူအား ရွေးချယ်ရန်

ရည်ရွယ်ထားရာ မည်သူတစ်ဦးတစ်ယောက်မျှပင် တစ်ချက်တစ်လေမှ မထိမှန်သည့်အခါ သူ ရွေးချယ်၍မရ ဖြစ်သွားသည်။ ”ကဲ မနက်ဖြန် ပြန်လာပြီး ပေါက်ကြဦးပေါ့ကွာ”ဟု သူပြောပြီး လူငယ်များအား ပြန်ခိုင်းလိုက်သည်။

နောက်နေ့တွင် သည်လူစုထဲမှ ခပ်ငယ်ငယ်ကောင်လေး တစ်ယောက်သာ ပြန်ရောက်လာသည်။ သူ့အား ပထမနေ့ကအတိုင်း ဘောလုံးပေါက်ခိုင်းသည့် အခါ၌ စက်ကွင်း အလယ်ဗဟိုကို အကြိမ်ကြိမ် ထိမှန်တာ တွေ့ရသည်။

”ဟ တယ်ဟုတ်ပါလားကွ… ဘယ်လိုဖြစ် သွားတာလဲ”အလုပ်ရှင်က အံ့သြစွာ မေးသည့်အခါ ”ကျွန်တော်က အမေ့ကို မဖြစ်မနေ ကူညီရမှာ ဆိုတော့ ဒီအလုပ်ကို သိပ်လိုချင်ပါတယ်။ ဒါ့ကြောင့်

ညက ကျွန်တော် အိမ်ဘေးအဖီထဲမှာ တစ်ညလုံး ဘောလုံးပေါက် လေ့ကျင့်ပါတယ်…။ ကောင်လေးအကြောင်း သည်လောက်ဆို လုံလောက်ပါပြီ။ သည်လိုစိတ်ဓာတ်မျိုး ရှိသည့် လူငယ်တစ်ယောက်သည်

အလုပ် မရမှာ ပူစရာ မလို။ ရာထူးမတိုးမှာလည်း စိုးရိမ်စရာ မရှိ။ သည်စိတ်ဓါတ်ကိုသာ ဆက်လက်မွေးမြူထားမည်ဆိုက မုဆိုးမ မိခင်နှင့် ကြီးပြင်းခဲ့ရသည်ဖြစ်စေ ကျောင်းပညာ အခြေခံ နည်းပါးခဲ့သည်ဖြစ်စေ

ညှိုးငယ်တိမ်မြုပ်နေစရာ အကြောင်းမရှိ။ တစ်ပန်းရှုံးသော မူလအနေအထားမှ ရုန်းထွက်ကာ တစ်နေ့သောအခါ၌ သူတစ်ပါး အံ့သြရလောက်အောင် ထူခြားအောင်မြင်သူများ ဖြစ်လာကြမှာ

မုချဖြစ်သည်။ မှန်သည်။ လူတစ်ယောက် ဖွံ့ဖြိုးတိုးတက်ဖို့တွင် အရေးကြီးသည့်အရာက ကိုယ်ဘာအလိုရှိသလဲ.? ဘာဖြစ်ချင်သလဲ.? အဲဒီအတွက် ဘာလုပ်ရမလဲ.?

ဘယ်လိုအရည်အချင်းတွေ ရှိဖို့လိုအပ်သလဲ ဆိုတာ ရှင်းလင်းပြတ်သားစွာ သိဖို့နဲ့ လိုအပ်သမျှကို ဖြည့်ဆည်းမည် ဆိုသော ‘စိတ်’ ‘ဇွဲ’ ရှိဖို့ပဲ ဖြစ်သည်။

လေးစားစွာဖြင့် Credit#မူရင်းရေးသားသူ

Be the first to comment

Leave a Reply

Your email address will not be published.


*