ကိုယ့္ေၾကာင့္.. ဘယ္သူ႔… ဘယ္သူရဲ႕ ႏွလုံးသားကိုမွ မကြဲေၾကပါေစနဲ႔

ကိုယ့္ေၾကာင့္.. ဘယ္သူ႔... ဘယ္သူရဲ႕ ႏွလုံးသားကိုမွ မကြဲေၾကပါေစနဲ႔
ကိုယ့္ေၾကာင့္.. ဘယ္သူ႔... ဘယ္သူရဲ႕ ႏွလုံးသားကိုမွ မကြဲေၾကပါေစနဲ႔

ကိုယ့္ေၾကာင့္.. ဘယ္သူ႔… ဘယ္သူရဲ႕ ႏွလုံးသားကိုမွ မကြဲေၾကပါေစနဲ႔

တစ္ခါက… အက္ဒီဆင္ဟာ မီးလုံးကို တီထြင္ၿပီးခါစမွာ သူ႔ရဲ႕ တီထြင္မႈကို မိတ္ဆက္ဖို႔ စာနယ္ဇင္းသမားေတြကို ဖိတ္ေခၚလိုက္ပါတယ္။ စာနယ္ဇင္းသမားေတြေရာက္လာၿပီး အားလုံးအဆင္သင့္ျဖစ္တဲ့အခ်ိန္မွာေတာ့…

အက္ဒီဆင္က သူအိမ္က အလုပ္သမားေကာင္ေလး တစ္ေယာက္ ကို သူ႔ရဲ႕မီးလုံး ကို သြားယူခိုင္းပါတယ္။ ေကာင္ေလးဟာ မီးလုံးကို ယူလာၿပီး ေရာက္ခါနီးမွ ခလုတ္တိုက္ လဲၿပီး… မီးလုံးဟာ က်ကြဲသြားပါတယ္…။ ဒီမီးလုံးဟာ အက္ဒီဆင္ အႀကိမ္ေပါင္း မ်ားစြာ

ႀကိဳးစား အားထုတ္ခဲ့တာ အားလုံး သိပါတယ္။ ဒါေပမယ့္ အင္ဒီဆင္ကေတာ့… ေကာင္ေလးကို ဘာမွ မေျပာပဲ.. စာနယ္ဇင္းသမားေတြ ကိုသာ ေတာင္းပန္ လိုက္ပါတယ္။ သူ အသစ္ ထပ္မံ ျပဳလုပ္ၿပီးရင္ ျပန္လည္ ဖိတ္ ၾကားပါမယ္ေပါ့။

ေကာင္ေလးကေတာ့… သူ႔ရဲ႕ နေမာ္နမဲ့ ႏိုင္မႈေၾကာင့္ ဒီလို ျဖစ္သြားရတာကို စိုးရိမ္ ေၾကာက္႐ြံ႕ ေနပါသတဲ့။ အက္ဒီဆင္ဟာလည္း ဒီ မီးလုံးကို ထပ္မံ ျပဳလုပ္ဖို႔ရာ လနဲ႔ ခ်ီၿပီး အခ်ိန္ယူ လုပ္ေဆာင္လိုက္ရ ပါသတဲ့။

မီးလုံး ၿပီးသြားခ်ိန္မွာေတာ့… စာနယ္ဇင္းသမား ေတြကို ထပ္မံ ဖိတ္ေခၚ လိုက္ျပန္ပါသတဲ့။ သတင္းေထာက္ေတြ ေရာက္လာၿပီး… အားလုံး အဆင္သင့္ ျဖစ္ခ်ိန္မွာေတာ့.. သူရဲ႕ မီးလုံးကို သြားယူဖို႔ရာ… ယခင္ေကာင္ေလး ကိုပဲ သြားယူ ခိုင္းျပန္ပါတယ္။

ေကာင္ေလးဟာလည္း ဝမ္းသာ အားရ ေသေသခ်ာခ်ာ ဂ႐ုစိုက္ၿပီး ယူလာ ခဲ့ပါတယ္။ စာနယ္ဇင္း မိတ္ဆက္ပြဲ ၿပီးဆုံးခ်ိန္မွာေတာ့… သတင္း ေထာက္တစ္ခ်ိဳ႕က ေမးပါတယ္… “ မစၥတာ အက္ဒီဆင္ ခင္ဗ်ား…

မီးလုံး သြားယူတဲ့ ေကာင္ေလးဟာ… ဟိုတစ္ခါ သူ႔ေၾကာင့္ မီးလုံး က်ကြဲသြားဖူးတယ္ မဟုတ္လား…။ ဆရာ့မွာ တစ္ျခား ခိုင္းစရာ လူေတြ အမ်ားႀကီး ရွိတဲ့အနက္က… ဒီေကာင္ေလးကိုပဲ ဘာလို႔ ျပန္ခိုင္း ရတာလဲ…

ဒီတစ္ခါ က်ကြဲသြားရင္… ေနာက္တစ္ခါ အခ်ိန္ အမ်ားႀကီး ျပန္ယူရမွာ မစိုးရိမ္ဘူးလား …” လို႔ ေမးပါသတဲ့။ ဒီေတာ့.. အက္ဒီဆင္ႀကီး ျပန္ေျဖလိုက္ပုံကေတာ့…

“ က်ဳပ္ တမင္တကာ သူ႔ကို ခိုင္းလိုက္တာဗ်… မီးလုံ းထပ္ကြဲသြားရင္ က်ဳပ္ ျပန္လုပ္လို႔ ရပါတယ္… ဒါေပမယ့္ ဒီတစ္ခါ ဒီေကာင္ေလးကို အခြင့္အေရး ေပးၿပီး ထပ္ မခိုင္းခဲ့ရင္… ဒီေကာင္ေလးရဲ႕ ႏွလုံးသား က်ကြဲသြားမွာဗ်…” လို႔ ျပန္ေျဖလိုက္ ပါေတာ့သတဲ့။

ႏွလုံး သားဆိုတာ အင္မတန္ ႏူးညံ့ပါတယ္…။ ကြဲေၾကသြားတဲ့ ႏွလုံးသားကို ျပန္လည္ ကုစားဖို႔ဆိုတာ… အခ်ိန္ကာလ သတ္မွတ္လို႔ မရႏိုင္ပါဘူး။ ကိုယ့္ေၾကာင့္… ဘယ္သူ႔… ဘယ္သူရဲ႕ ႏွလုံးသားကိုမွ မကြဲေၾကပါေစနဲ႔…။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ကိုယ့်ကြောင့်.. ဘယ်သူ့… ဘယ်သူရဲ့ နှလုံးသားကိုမှ မကွဲကြေပါစေနဲ့

တစ်ခါက… အက်ဒီဆင်ဟာ မီးလုံးကို တီထွင်ပြီးခါစမှာ သူ့ရဲ့ တီထွင်မှုကို မိတ်ဆက်ဖို့ စာနယ်ဇင်းသမားတွေကို ဖိတ်ခေါ်လိုက်ပါတယ်။ စာနယ်ဇင်းသမားတွေရောက်လာပြီး အားလုံးအဆင်သင့်ဖြစ်တဲ့အချိန်မှာတော့…

အက်ဒီဆင်က သူအိမ်က အလုပ်သမားကောင်လေး တစ်ယောက် ကို သူ့ရဲ့မီးလုံး ကို သွားယူခိုင်းပါတယ်။ ကောင်လေးဟာ မီးလုံးကို ယူလာပြီး ရောက်ခါနီးမှ ခလုတ်တိုက် လဲပြီး… မီးလုံးဟာ ကျကွဲသွားပါတယ်…။ ဒီမီးလုံးဟာ အက်ဒီဆင် အကြိမ်ပေါင်း များစွာ

ကြိုးစား အားထုတ်ခဲ့တာ အားလုံး သိပါတယ်။ ဒါပေမယ့် အင်ဒီဆင်ကတော့… ကောင်လေးကို ဘာမှ မပြောပဲ.. စာနယ်ဇင်းသမားတွေ ကိုသာ တောင်းပန် လိုက်ပါတယ်။ သူ အသစ် ထပ်မံ ပြုလုပ်ပြီးရင် ပြန်လည် ဖိတ် ကြားပါမယ်ပေါ့။

ကောင်လေးကတော့… သူ့ရဲ့ နမော်နမဲ့ နိုင်မှုကြောင့် ဒီလို ဖြစ်သွားရတာကို စိုးရိမ် ကြောက်ရွံ့ နေပါသတဲ့။ အက်ဒီဆင်ဟာလည်း ဒီ မီးလုံးကို ထပ်မံ ပြုလုပ်ဖို့ရာ လနဲ့ ချီပြီး အချိန်ယူ လုပ်ဆောင်လိုက်ရ ပါသတဲ့။

မီးလုံး ပြီးသွားချိန်မှာတော့… စာနယ်ဇင်းသမား တွေကို ထပ်မံ ဖိတ်ခေါ် လိုက်ပြန်ပါသတဲ့။ သတင်းထောက်တွေ ရောက်လာပြီး… အားလုံး အဆင်သင့် ဖြစ်ချိန်မှာတော့.. သူရဲ့ မီးလုံးကို သွားယူဖို့ရာ… ယခင်ကောင်လေး ကိုပဲ သွားယူ ခိုင်းပြန်ပါတယ်။

ကောင်လေးဟာလည်း ဝမ်းသာ အားရ သေသေချာချာ ဂရုစိုက်ပြီး ယူလာ ခဲ့ပါတယ်။ စာနယ်ဇင်း မိတ်ဆက်ပွဲ ပြီးဆုံးချိန်မှာတော့… သတင်း ထောက်တစ်ချို့က မေးပါတယ်… “ မစ္စတာ အက်ဒီဆင် ခင်ဗျား…

မီးလုံး သွားယူတဲ့ ကောင်လေးဟာ… ဟိုတစ်ခါ သူ့ကြောင့် မီးလုံး ကျကွဲသွားဖူးတယ် မဟုတ်လား…။ ဆရာ့မှာ တစ်ခြား ခိုင်းစရာ လူတွေ အများကြီး ရှိတဲ့အနက်က… ဒီကောင်လေးကိုပဲ ဘာလို့ ပြန်ခိုင်း ရတာလဲ…

ဒီတစ်ခါ ကျကွဲသွားရင်… နောက်တစ်ခါ အချိန် အများကြီး ပြန်ယူရမှာ မစိုးရိမ်ဘူးလား …” လို့ မေးပါသတဲ့။ ဒီတော့.. အက်ဒီဆင်ကြီး ပြန်ဖြေလိုက်ပုံကတော့…

“ ကျုပ် တမင်တကာ သူ့ကို ခိုင်းလိုက်တာဗျ… မီးလုံ းထပ်ကွဲသွားရင် ကျုပ် ပြန်လုပ်လို့ ရပါတယ်… ဒါပေမယ့် ဒီတစ်ခါ ဒီကောင်လေးကို အခွင့်အရေး ပေးပြီး ထပ် မခိုင်းခဲ့ရင်… ဒီကောင်လေးရဲ့ နှလုံးသား ကျကွဲသွားမှာဗျ…” လို့ ပြန်ဖြေလိုက် ပါတော့သတဲ့။

နှလုံး သားဆိုတာ အင်မတန် နူးညံ့ပါတယ်…။ ကွဲကြေသွားတဲ့ နှလုံးသားကို ပြန်လည် ကုစားဖို့ဆိုတာ… အချိန်ကာလ သတ်မှတ်လို့ မရနိုင်ပါဘူး။ ကိုယ့်ကြောင့်… ဘယ်သူ့… ဘယ်သူရဲ့ နှလုံးသားကိုမှ မကွဲကြေပါစေနဲ့…။

မူရင်းရေးသားသူအား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*