လွ်ပ္စစ္ကားအေၾကာင္း သိလိုသူမ်ား အတြက္… လွ်ပ္စစ္ကားအေၾကာင္း သိေကာင္းစရာမ်ား

လွ်ပ္စစ္ကားအေၾကာင္း သိလိုသူမ်ား အတြက္... လွ်ပ္စစ္ကားအေၾကာင္း သိေကာင္းစရာမ်ား
လွ်ပ္စစ္ကားအေၾကာင္း သိလိုသူမ်ား အတြက္... လွ်ပ္စစ္ကားအေၾကာင္း သိေကာင္းစရာမ်ား

လွ်ပ္စစ္ကားအေၾကာင္း သိလိုသူမ်ား အတြက္… လွ်ပ္စစ္ကားအေၾကာင္း သိေကာင္းစရာမ်ား

Knowledge level ကို ပုံမွန္ ဓာတ္ဆီကားေတြနဲ႔ ထိေတြ႕မႈ ရွိတဲ့သူမ်ားအတြက္ ေရးသားထားပါတယ္။

၁။ ကားဖြဲ႕စည္းပုံ

လွ်ပ္စစ္ကားတစ္စီးမွာ ပုံမွန္ကားနဲ႔ ကြာျခားသြားတာက အင္ဂ်င္၊ ဂီယာ နဲ႔ ဆီတိုင္ကီ ေနရာမွာ ဘက္ထရီ နဲ႔ ေမာ္တာ ေျပာင္းသြားတာျဖစ္ပါတယ္။ ကားဆိုက္ေသးရင္ ဘက္ထရီ နဲ႔ ေမာ္တာ ေသးတာပဲ လိုၿပီး ကားဆိုက္ ႀကီးရင္ ဘက္ထရီ နဲ႔ ေမာ္တာ ႀကီးတာ လိုပါမယ္။

လွ်ပ္စစ္ကားဆို ျပင္တက္မယ့္လူမရွိဘူး ဆိုတဲ့ ယုံတမ္းစကားေတြၾကားၿပီး ေၾကာက္ေနစရာမလိုပဲ လွ်ပ္စစ္ကားဟာ ပုံမွန္ဆီကားေတြထက္ ျပင္ဆင္ရတာ ပိုမိုလြယ္ကူၿပီး ျပင္စရာလဲ ပိုနည္းပါတယ္။

ဒါေၾကာင့္ နာမည္ႀကီး TESLA ကုမၸဏီေတာင္ ကားျပင္ service ေပးႏိုင္တဲ့ Dealer ေတြ အမ်ားႀကီးထားၿပီး မေရာင္းပဲ Online က တိုက္႐ိုက္ေရာင္းခ်ေပးေနတာပါ။

Tesla ရဲ႕ ခြၽင္းခ်က္က Software စနစ္ကို အသားေပးသြားတာျဖစ္ၿပီး အပိုပစၥည္းကို အျပင္ထုတ္မေရာင္းပဲ သူ႔ဆီမွာ ျပင္မွရမယ္ဆိုၿပီးျဖစ္တာပါ။ အျခား ကားတံဆိပ္ေတြ ဒီျပသနာ ရွိမွာမဟုတ္ပါဘူး။

အခုျမန္မာႏိုင္ငံ လာမည့္ လွ်ပ္စစ္ကားေတြကိုလည္း အာမခံ နဲ႔ ေရာင္းေပးမယ့္ ကုမၸဏီမ်ားကိုသာ တင္သြင္းေရာင္းခ်ခြင့္ျပဳမယ္လို႔ ၾကားသိထားရပါတယ္။

၂။ ကားအားသြင္းရန္ ပုံစံမ်ား

ကားမွာပါတဲ့ ဘက္ထရီ အေသးအႀကီး၊ ဓာတ္အားလက္ခံႏိုင္မႈေပၚ မူတည္ၿပီး အားသြင္းခ်ိန္ အမ်ိဳးမ်ိဳးရွိႏိုင္ပါတယ္။

2kw charger နဲ႔ 20kw ဘက္ထရီအား သြင္းရင္ ၁၀ နာရီၾကာၿပီး 60kw ဘက္ထရီအား သြင္းရင္ ၃၀ နာရီၾကာမယ္။ 22kw စက္နဲ႔ အားသြင္းေပမယ့္ ကားက 7kw အားပဲ လက္ခံႏိုင္ရင္ 7kw ပဲ ဝင္မွာပါ။

Level 1 (1.5-3kw) – ကားနဲ႔ ပါလာတဲ့အားသြင္းႀကိဳးကို အိမ္က မီပလပ္ေပါက္ထိုးၿပီး သြင္းလို႔ ရတဲ့အမ်ိဳးအစားပါ။ ဟင္းခ်က္တဲ့ လွ်ပ္စစ္မီးဖို ဆြဲအားေလာက္ရွိလို႔ ဝါယာ ပလပ္ခုံေတြ အားဆြဲခံႏိုင္တာ တပ္ထားရပါမယ္။

ညဖက္ေတြမွာ အိပ္ေနခ်ိန္အား သြင္းမယ့္သူမ်ား အတြက္ ကားမွာ ပါတဲ့ Level 1 charger နဲ႔ကို အဆင္ေျပပါတယ္။

Level 2 (7—22kw) – အားသြင္းစက္ သပ္သပ္ထပ္ဝယ္ရမွာျဖစ္ၿပီး မီးအားဆြဲတာမ်ားလို႔ ဝါယာႀကိဳး အႀကီးနဲ႔ ပလပ္ခုံ သပ္သပ္ထိုင္ေပးရပါမယ္။ Europe ကားအခ်ိဳ႕သာ 22kw နဲ႔သြင္းလို႔ရတာရွိၿပီး ကားအမ်ားစုက 7kw ေလာက္ပဲ လက္ခံႏိုင္ပါတယ္။

7kw ထိကို single phase မီတာက ေနတပ္လို႔ရေပမယ့္ 11kw, 22kw အတြက္ေတြဆို 3 Phase ပါဝါမီတာ တပ္ထားဖို႔ လိုပါၿပီ။ ကားသုံးတာမ်ားသူ၊ အသြားအလာမ်ားတဲ့သူ နဲ႔ မီးမမွန္လို႔ မီးလာတုန္း ျမန္ျမန္နဲ႔ အားသြင္းခ်င္တဲ့သူမ်ားအတြက္ Level 2 Charger ဝယ္ တပ္ထားလို႔ရပါတယ္။

Level 3 (40kw+) – DC Fast Charging လုပ္ငန္းသုံး အားသြင္းစက္ျဖစ္ၿပီး တန္ဖိုး သိန္း ၁၅၀ အထက္ရွိ တဲ့အျပင္ မီးအား ဆြဲလို႔ Transformer သီးသန႔္ ထိုင္ေပးရမွာျဖစ္ပါတယ္။ ခရီးသြားေနရင္း လမ္းမွာ အျမန္အားသြင္းတာမ်ိဳးမွာ အသုံးျပဳပါတယ္။

Mini-EV အမ်ားစုမွာေတာ့ Level 2, Level 3 ပါတာ ရွားၿပီး Level 1 တစ္မ်ိဳးထဲသာ အသုံးျပဳႏိုင္မွာပါ။

Hatchback ကား အ႐ြယ္အစားကို ေန႔စဥ္သုံး အကြာအေဝးနဲ႔ 3kw charger ျဖင့္ အားသြင္ရန္ၾကာခ်ိန္… 30km – ၁ နာရီ၊ 60km – ၂ နာရီ၊ 90km – ၃ နာရီ

ေန႔တိုင္း ညအိပ္ခ်ိန္ကို မီး ၃ နာရီ လာခဲ့ရင္ေတာင္ ၿမိဳ႕ကို အမုန္း ပတ္လို႔ရေနပါၿပီ။

၃။ ဘက္ထရီ အသုံးခံမႈ

အခု လွ်ပ္စစ္ကားေတြမွာ သုံးေနတဲ့ ဘက္ထရီေတြက အိမ္သုံး 12V ေတြ၊ ဖုန္းထဲမွာပါတဲ့ ဘက္ထရီေတြ လိုမ်ိဳး ၃ ႏွစ္ေလာက္သုံးၿပီး ျပစ္လိုက္ရတဲ့ အမ်ိဳးအစားေတြမဟုတ္ပါဘူး။

ဘက္ထရီမွာ အားသြင္းရင္ လွ်ပ္စစ္အား အဝင္အထြက္ကို ထိန္းညႇိေပးတဲ့ စနစ္ေတြ၊ အသုံးျပဳေနခ်ိန္ အပူခ်ိန္ ေလွ်ာ့ခ်ေပးတဲ့ စနစ္ေတြပါဝင္တဲ့အတြက္ ၁၀-၁၅ ႏွစ္ေက်ာ္ထိ ၾကာၾကာအသုံးခံပါတယ္။

ဘက္ထရီအတူတူကို ကားထုတ္လုပ္သူေတြေပးတဲ့ အာမခံနဲ႔ ဘက္ထရီစက္႐ုံက ေပးတဲ့ အာမခံ ကြာျခားမႈရွိႏိုင္ပါတယ္။ ထိပ္တန္းဘက္ထရီထုတ္လုပ္သူေတြရဲ႕ အာမခံေတြအရ အႀကိမ္ ၆၀၀၀ ခန႔္ အားသြင္းအားထုတ္ ျပဳလုပ္ေတာင္

Battery Health ရဲ႕ ၇၀% အထက္က်န္ႏိုင္ပါေသးတယ္လို႔ ဆိုပါတယ္။ ဒါဟာ ေန႔တိုင္းအားသြင္းမယ္ဆိုရင္ေတာင္ ၁၆ ႏွစ္ၾကာၿပီး ဘက္ထရီက ၇၀% အထက္ အားဝင္ေသးတယ္ဆိုတဲ့ သေဘာပါ။

အခုျမန္မာႏိုင္ငံမွာ ေရာင္းခ်မယ့္ကားေတြမွာလည္း ဘက္ထရီကို ၈ ႏွစ္ / ကီလို ၁.၅ သိန္း (Health > 70%) ေပးထားတယ္လို႔ သိထားရပါတယ္။ ၈ ႏွစ္ / ကီလို ၁.၅ သိန္း ၿပီးလည္း ဆက္လက္အသုံးျပဳႏိုင္ေနမွာပါ။

အကယ္၍ ေနာက္ ၈ ႏွစ္ေနာက္ပိုင္း ဘက္ထရီ လဲရမယ္ဆိုပါက ဘက္ထရီ နည္းပညာ ျမင့္မားလာတာေပၚမူတည္ၿပီး ေဈးအမ်ားႀကီး သက္သာႏိုင္ပါတယ္။

ေနာက္တစ္ခ်က္က ျမန္မာျပည္မွာ ျမန္မာမႈျပဳၿပီး ဘက္ထရီ အေဟာင္းေဈးကြက္တစ္ခုလဲ ထြန္းကားလာအုံးမွာျဖစ္ၿပီး ဂ်ပန္က်တို႔ တ႐ုတ္က် ပီနံက် ဘက္ထရီေတြ ေဈးေပါေပါပဲပဲေတြ ျမင္လာရအုံးမွာပါ။

စိတ္ေအးေအးခ်မ္းခ်မ္းသာသာ လွ်ပ္စစ္ကားစီးခ်င္တယ္ဆို အာမခံေပးတဲ့ ကား brand အမ်ိဳးအစားေတြကိုသာ ဝယ္ယူသုံးစြဲသင့္ပါတယ္။

၄။ ေရထဲျဖတ္ေမာင္းလို႔ ရမရ

Branded နာမည္ရွိတဲ့ လွ်ပ္စစ္ကားေတြရဲ႕ Battery နဲ႔ ေမာ္တာ စနစ္ေတြမွာ ေရလုံေအာင္ ထုတ္လုပ္ထားၾကၿပီး ေတာ္႐ုံေရထဲ ျဖတ္ေမာင္းတာ အခက္အခဲမရွိပါဘူး။ ဥပမာ အလွေမြးငါးကန္ထဲက ေရေမာ္တာကို ျမင္ေယာင္ၾကည့္ပါ။

ဓာတ္ဆီ ကားနဲ႔ ျဖတ္မေမာင္းဘူးလို႔ ေတြးထားနဲ႔ ေနရာကို လွ်ပ္စစ္ကားလဲ ေမာင္းလို႔ရရင္ေတာင္ ျဖတ္ေမာင္းဖို႔ မသင့္ေတာ္ပါဘူး။ ကိုယ္ဝယ္ထားတာ ကားလား ေရငုတ္သေဘၤာလား ဆိုတာ ကိုယ္ အသိဆုံးျဖစ္မွာပါ။

လွ်ပ္စစ္ကားသုံးစြဲတာ ကိုယ္နဲ႔အဆင္ေျပမွ ဝယ္သုံးရမွာျဖစ္ၿပီး အဆင္မေျပဘူးဆိုလဲ ဆီကားေတြကို ေ႐ြးခ်ယ္ဝယ္ယူခြင့္ရွိေနပါတယ္။

ခရက္ဒစ္#MoeZac Auto Myanmar#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

လျှပ်စစ်ကားအကြောင်း သိလိုသူများ အတွက်… လျှပ်စစ်ကားအကြောင်း သိကောင်းစရာများ

Knowledge level ကို ပုံမှန် ဓာတ်ဆီကားတွေနဲ့ ထိတွေ့မှု ရှိတဲ့သူများအတွက် ရေးသားထားပါတယ်။

၁။ ကားဖွဲ့စည်းပုံ

လျှပ်စစ်ကားတစ်စီးမှာ ပုံမှန်ကားနဲ့ ကွာခြားသွားတာက အင်ဂျင်၊ ဂီယာ နဲ့ ဆီတိုင်ကီ နေရာမှာ ဘက်ထရီ နဲ့ မော်တာ ပြောင်းသွားတာဖြစ်ပါတယ်။ ကားဆိုက်သေးရင် ဘက်ထရီ နဲ့ မော်တာ သေးတာပဲ လိုပြီး ကားဆိုက် ကြီးရင် ဘက်ထရီ နဲ့ မော်တာ ကြီးတာ လိုပါမယ်။

လျှပ်စစ်ကားဆို ပြင်တက်မယ့်လူမရှိဘူး ဆိုတဲ့ ယုံတမ်းစကားတွေကြားပြီး ကြောက်နေစရာမလိုပဲ လျှပ်စစ်ကားဟာ ပုံမှန်ဆီကားတွေထက် ပြင်ဆင်ရတာ ပိုမိုလွယ်ကူပြီး ပြင်စရာလဲ ပိုနည်းပါတယ်။

ဒါကြောင့် နာမည်ကြီး TESLA ကုမ္ပဏီတောင် ကားပြင် service ပေးနိုင်တဲ့ Dealer တွေ အများကြီးထားပြီး မရောင်းပဲ Online က တိုက်ရိုက်ရောင်းချပေးနေတာပါ။

Tesla ရဲ့ ချွင်းချက်က Software စနစ်ကို အသားပေးသွားတာဖြစ်ပြီး အပိုပစ္စည်းကို အပြင်ထုတ်မရောင်းပဲ သူ့ဆီမှာ ပြင်မှရမယ်ဆိုပြီးဖြစ်တာပါ။ အခြား ကားတံဆိပ်တွေ ဒီပြသနာ ရှိမှာမဟုတ်ပါဘူး။

အခုမြန်မာနိုင်ငံ လာမည့် လျှပ်စစ်ကားတွေကိုလည်း အာမခံ နဲ့ ရောင်းပေးမယ့် ကုမ္ပဏီများကိုသာ တင်သွင်းရောင်းချခွင့်ပြုမယ်လို့ ကြားသိထားရပါတယ်။

၂။ ကားအားသွင်းရန် ပုံစံများ

ကားမှာပါတဲ့ ဘက်ထရီ အသေးအကြီး၊ ဓာတ်အားလက်ခံနိုင်မှုပေါ် မူတည်ပြီး အားသွင်းချိန် အမျိုးမျိုးရှိနိုင်ပါတယ်။

2kw charger နဲ့ 20kw ဘက်ထရီအား သွင်းရင် ၁၀ နာရီကြာပြီး 60kw ဘက်ထရီအား သွင်းရင် ၃၀ နာရီကြာမယ်။ 22kw စက်နဲ့ အားသွင်းပေမယ့် ကားက 7kw အားပဲ လက်ခံနိုင်ရင် 7kw ပဲ ဝင်မှာပါ။

Level 1 (1.5-3kw) – ကားနဲ့ ပါလာတဲ့အားသွင်းကြိုးကို အိမ်က မီပလပ်ပေါက်ထိုးပြီး သွင်းလို့ ရတဲ့အမျိုးအစားပါ။ ဟင်းချက်တဲ့ လျှပ်စစ်မီးဖို ဆွဲအားလောက်ရှိလို့ ဝါယာ ပလပ်ခုံတွေ အားဆွဲခံနိုင်တာ တပ်ထားရပါမယ်။

ညဖက်တွေမှာ အိပ်နေချိန်အား သွင်းမယ့်သူများ အတွက် ကားမှာ ပါတဲ့ Level 1 charger နဲ့ကို အဆင်ပြေပါတယ်။

Level 2 (7—22kw) – အားသွင်းစက် သပ်သပ်ထပ်ဝယ်ရမှာဖြစ်ပြီး မီးအားဆွဲတာများလို့ ဝါယာကြိုး အကြီးနဲ့ ပလပ်ခုံ သပ်သပ်ထိုင်ပေးရပါမယ်။ Europe ကားအချို့သာ 22kw နဲ့သွင်းလို့ရတာရှိပြီး ကားအများစုက 7kw လောက်ပဲ လက်ခံနိုင်ပါတယ်။

7kw ထိကို single phase မီတာက နေတပ်လို့ရပေမယ့် 11kw, 22kw အတွက်တွေဆို 3 Phase ပါဝါမီတာ တပ်ထားဖို့ လိုပါပြီ။ ကားသုံးတာများသူ၊ အသွားအလာများတဲ့သူ နဲ့ မီးမမှန်လို့ မီးလာတုန်း မြန်မြန်နဲ့ အားသွင်းချင်တဲ့သူများအတွက် Level 2 Charger ဝယ် တပ်ထားလို့ရပါတယ်။

Level 3 (40kw+) – DC Fast Charging လုပ်ငန်းသုံး အားသွင်းစက်ဖြစ်ပြီး တန်ဖိုး သိန်း ၁၅၀ အထက်ရှိ တဲ့အပြင် မီးအား ဆွဲလို့ Transformer သီးသန့် ထိုင်ပေးရမှာဖြစ်ပါတယ်။ ခရီးသွားနေရင်း လမ်းမှာ အမြန်အားသွင်းတာမျိုးမှာ အသုံးပြုပါတယ်။

Mini-EV အများစုမှာတော့ Level 2, Level 3 ပါတာ ရှားပြီး Level 1 တစ်မျိုးထဲသာ အသုံးပြုနိုင်မှာပါ။

Hatchback ကား အရွယ်အစားကို နေ့စဉ်သုံး အကွာအဝေးနဲ့ 3kw charger ဖြင့် အားသွင်ရန်ကြာချိန်… 30km – ၁ နာရီ၊ 60km – ၂ နာရီ၊ 90km – ၃ နာရီ

နေ့တိုင်း ညအိပ်ချိန်ကို မီး ၃ နာရီ လာခဲ့ရင်တောင် မြို့ကို အမုန်း ပတ်လို့ရနေပါပြီ။

၃။ ဘက်ထရီ အသုံးခံမှု

အခု လျှပ်စစ်ကားတွေမှာ သုံးနေတဲ့ ဘက်ထရီတွေက အိမ်သုံး 12V တွေ၊ ဖုန်းထဲမှာပါတဲ့ ဘက်ထရီတွေ လိုမျိုး ၃ နှစ်လောက်သုံးပြီး ပြစ်လိုက်ရတဲ့ အမျိုးအစားတွေမဟုတ်ပါဘူး။

ဘက်ထရီမှာ အားသွင်းရင် လျှပ်စစ်အား အဝင်အထွက်ကို ထိန်းညှိပေးတဲ့ စနစ်တွေ၊ အသုံးပြုနေချိန် အပူချိန် လျှော့ချပေးတဲ့ စနစ်တွေပါဝင်တဲ့အတွက် ၁၀-၁၅ နှစ်ကျော်ထိ ကြာကြာအသုံးခံပါတယ်။

ဘက်ထရီအတူတူကို ကားထုတ်လုပ်သူတွေပေးတဲ့ အာမခံနဲ့ ဘက်ထရီစက်ရုံက ပေးတဲ့ အာမခံ ကွာခြားမှုရှိနိုင်ပါတယ်။ ထိပ်တန်းဘက်ထရီထုတ်လုပ်သူတွေရဲ့ အာမခံတွေအရ အကြိမ် ၆၀၀၀ ခန့် အားသွင်းအားထုတ် ပြုလုပ်တောင်

Battery Health ရဲ့ ၇၀% အထက်ကျန်နိုင်ပါသေးတယ်လို့ ဆိုပါတယ်။ ဒါဟာ နေ့တိုင်းအားသွင်းမယ်ဆိုရင်တောင် ၁၆ နှစ်ကြာပြီး ဘက်ထရီက ၇၀% အထက် အားဝင်သေးတယ်ဆိုတဲ့ သဘောပါ။

အခုမြန်မာနိုင်ငံမှာ ရောင်းချမယ့်ကားတွေမှာလည်း ဘက်ထရီကို ၈ နှစ် / ကီလို ၁.၅ သိန်း (Health > 70%) ပေးထားတယ်လို့ သိထားရပါတယ်။ ၈ နှစ် / ကီလို ၁.၅ သိန်း ပြီးလည်း ဆက်လက်အသုံးပြုနိုင်နေမှာပါ။

အကယ်၍ နောက် ၈ နှစ်နောက်ပိုင်း ဘက်ထရီ လဲရမယ်ဆိုပါက ဘက်ထရီ နည်းပညာ မြင့်မားလာတာပေါ်မူတည်ပြီး ဈေးအများကြီး သက်သာနိုင်ပါတယ်။

နောက်တစ်ချက်က မြန်မာပြည်မှာ မြန်မာမှုပြုပြီး ဘက်ထရီ အဟောင်းဈေးကွက်တစ်ခုလဲ ထွန်းကားလာအုံးမှာဖြစ်ပြီး ဂျပန်ကျတို့ တရုတ်ကျ ပီနံကျ ဘက်ထရီတွေ ဈေးပေါပေါပဲပဲတွေ မြင်လာရအုံးမှာပါ။

စိတ်အေးအေးချမ်းချမ်းသာသာ လျှပ်စစ်ကားစီးချင်တယ်ဆို အာမခံပေးတဲ့ ကား brand အမျိုးအစားတွေကိုသာ ဝယ်ယူသုံးစွဲသင့်ပါတယ်။

၄။ ရေထဲဖြတ်မောင်းလို့ ရမရ

Branded နာမည်ရှိတဲ့ လျှပ်စစ်ကားတွေရဲ့ Battery နဲ့ မော်တာ စနစ်တွေမှာ ရေလုံအောင် ထုတ်လုပ်ထားကြပြီး တော်ရုံရေထဲ ဖြတ်မောင်းတာ အခက်အခဲမရှိပါဘူး။ ဥပမာ အလှမွေးငါးကန်ထဲက ရေမော်တာကို မြင်ယောင်ကြည့်ပါ။

ဓာတ်ဆီ ကားနဲ့ ဖြတ်မမောင်းဘူးလို့ တွေးထားနဲ့ နေရာကို လျှပ်စစ်ကားလဲ မောင်းလို့ရရင်တောင် ဖြတ်မောင်းဖို့ မသင့်တော်ပါဘူး။ ကိုယ်ဝယ်ထားတာ ကားလား ရေငုတ်သင်္ဘောလား ဆိုတာ ကိုယ် အသိဆုံးဖြစ်မှာပါ။

လျှပ်စစ်ကားသုံးစွဲတာ ကိုယ်နဲ့အဆင်ပြေမှ ဝယ်သုံးရမှာဖြစ်ပြီး အဆင်မပြေဘူးဆိုလဲ ဆီကားတွေကို ရွေးချယ်ဝယ်ယူခွင့်ရှိနေပါတယ်။

ခရက်ဒစ်#MoeZac Auto Myanmar#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*