၀င္ေငြ ပိုရလာတဲ့အခါ ပိုသံုးျဖစ္ၾကလား…

၀င္ေငြ ပိုရလာတဲ့အခါ ပိုသံုးျဖစ္ၾကလား...
၀င္ေငြ ပိုရလာတဲ့အခါ ပိုသံုးျဖစ္ၾကလား...

၀င္ေငြ ပိုရလာတဲ့အခါ ပိုသံုးျဖစ္ၾကလား…

တစ္ခါတုန္းက သူေဌးႀကီးတစ္ေယာက္ဟာ သူ႔အလုပ္သမားေတြထဲက အေတာ္ဆုံး၊ အလုပ္အႀကိဳးစားဆုံးဆိုတဲ့ အလုပ္သမားႏွစ္ေယာက္ကို လစာတိုးေပးမယ္ဆိုၿပီး ေျပာတယ္။

အလုပ္သမားႏွစ္ေယာက္လည္း ေပ်ာ္သြားၿပီး… သူေဌးႀကီးကို ေက်းဇူးတင္စကား ဆိုတယ္။ ဒါေပမဲ့ သူေဌးႀကီးက… “သိပ္လည္း ေက်းဇူးတင္မေနၾကနဲ႔ဦး… မင္းတို႔ ငါေမးတာကို ေျဖဦး၊ ​မင္းတို႔ေျဖတာ သေဘာက်မွ ငါက တိုးေပးမွာ” လို႔ ေျပာတယ္။

အလုပ္သမားႏွစ္ေယာက္လည္း ႀကိဳက္တာသာ ေမးေပါ့.. ေျဖပါမယ္ ဆိုၿပီး ျပန္ေျပာတယ္။ အဲ့ဒါနဲ႔ သူေဌးႀကီးက… ပထမအလုပ္သမားကို “ငါ အခု လစာတိုးေပးမွာျဖစ္တဲ့အတြက္ မင္း ပုံမွန္ရေနၾက ေငြထက္ ပိုရသြားၿပီ… ပိုရတဲ့ေငြကို မင္းဘာလုပ္မွာလဲ” လို႔ ေမးတယ္။

အဲ့ဒါနဲ႔ ပထမအလုပ္သမားက… “ပိုရေတာ့ ပိုသုံးရတာေပါ့ ဆရာရယ္… ကြၽန္ေတာ္မွာ ဒီအခ်ိန္ထိ စားခ်င္တာလည္း မစားရ၊ ဝတ္ခ်င္တာလည္း မဝတ္ရဘဲ ခ်ိဳ႕ခ်ိဳ႕တဲ့တဲ့နဲ႔ ေနလာခဲ့ရတာ ဆရာရဲ႕” လို႔ ျပန္ေျပာတယ္။

အဲ့ဒါနဲ႔ သူေဌးႀကီးလည္း ” ရၿပီ မေျပာနဲ႔ေတာ့ မင္းကို လစာတိုးမေပးေတာ့ဘူး” ဆိုၿပီး ဒုတိယ အလုပ္သမားကို ထပ္ေခၚတယ္။ ပထမအလုပ္သမားကို ေမးတဲ့ ေမးခြန္းအတိုင္း ေမးတယ္။ ဒီအခါမွာေတာ့…

ဒုတိယအလုပ္သမားဟာ ” ပိုရတဲ့အခါ အဲ့ဒီေငြကို အသုံးခ်ၿပီး… ေငြေတြ ဒီထက္မက ပိုရလာေအာင္ လုပ္ရမွာေပါ့ ဆရာရယ္” လို႔ ေျပာလိုက္တယ္။ ဒီေတာ့မွ သူေဌးႀကီးက… ဒုတိယအလုပ္သမားကို လစာ တိုးေပးလိုက္ေတာ့တယ္။

တစ္ခါတေလက်ရင္… ကြၽန္ေတာ္တို႔ဟာ လစာ ပိုရတဲ့အခါမွာပဲ ျဖစ္ျဖစ္၊ သာမန္ရေနတဲ့ ေငြေလးထက္ နည္းနည္းေလး ပိုလွ်ံၿပီး ရလာတဲ့ အခါမွာပဲျဖစ္ျဖစ္… ပို သုံးမိတတ္ၾကတယ္။ ဒီေတာ့ ပိုရလို႔ ပိုသုံးမိ၊ ပိုသုံးမိလို႔ ပိုကုန္ သြားတာပဲရွိတယ္။

စဥ္းစားၾကည့္ရင္… တစ္ေထာင္ရေနခ်ိန္မွာ တစ္ေထာင္ဖိုး သုံးေနတဲ့လူဟာ ႏွစ္ေထာင္ရလာခ်ိန္မွာ ႏွစ္ေထာင္ဖိုး သုံးလိုက္သလို ပါပဲ။ သူ႔အေနနဲ႔ ပိုရလို႔ ပိုသုံးလိုက္တာပဲ ရွိတယ္။ သူ႔ဘဝကေတာ့ ဘာမွ အေျပာင္းအလဲ သိပ္မျဖစ္သြားဘူး။

တကယ္ေတာ့… ပိုရတဲ့ေငြဆိုတာ ဒုတိယ အလုပ္သမားျမင္သလိုမ်ိဳး အသုံးခ်ရမယ့္ ေငြပါ၊ အသုံးျပဳရမယ့္ ေငြ မဟုတ္ပါဘူး။ မဟုတ္ရင္ ကြၽန္ေတာ္တို႔ ဘဝက ဘာမွ အေျပာင္းအလဲ မျဖစ္ဘဲ ဒုံရင္းက ဒုံရင္း ျပန္ျဖစ္ေနပါလိမ့္မယ္။

ဒါေၾကာင့္… လက္ထဲမွာ ေငြပိုေငြလွ်ံေလး ရွိလာၿပီဆိုရင္.. ေငြပိုသုံးလို႔ရၿပီလို႔ အရင္ မျမင္ပါနဲ႔။ ေငြပိုသုံးလို႔ရေအာင္ အသုံးခ်ရမယ့္ေငြလို႔ ျမင္ပါလို႔ အႀကံေပးခ်င္ပါတယ္။

ခရက္ဒစ္#Dr. Thet Htar Aung#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

၀င်ငွေ ပိုရလာတဲ့အခါ ပိုသုံးဖြစ်ကြလား…

တစ်ခါတုန်းက သူဌေးကြီးတစ်ယောက်ဟာ သူ့အလုပ်သမားတွေထဲက အတော်ဆုံး၊ အလုပ်အကြိုးစားဆုံးဆိုတဲ့ အလုပ်သမားနှစ်ယောက်ကို လစာတိုးပေးမယ်ဆိုပြီး ပြောတယ်။

အလုပ်သမားနှစ်ယောက်လည်း ပျော်သွားပြီး… သူဌေးကြီးကို ကျေးဇူးတင်စကား ဆိုတယ်။ ဒါပေမဲ့ သူဌေးကြီးက… “သိပ်လည်း ကျေးဇူးတင်မနေကြနဲ့ဦး… မင်းတို့ ငါမေးတာကို ဖြေဦး၊ မင်းတို့ဖြေတာ သဘောကျမှ ငါက တိုးပေးမှာ” လို့ ပြောတယ်။

အလုပ်သမားနှစ်ယောက်လည်း ကြိုက်တာသာ မေးပေါ့.. ဖြေပါမယ် ဆိုပြီး ပြန်ပြောတယ်။ အဲ့ဒါနဲ့ သူဌေးကြီးက… ပထမအလုပ်သမားကို “ငါ အခု လစာတိုးပေးမှာဖြစ်တဲ့အတွက် မင်း ပုံမှန်ရနေကြ ငွေထက် ပိုရသွားပြီ… ပိုရတဲ့ငွေကို မင်းဘာလုပ်မှာလဲ” လို့ မေးတယ်။

အဲ့ဒါနဲ့ ပထမအလုပ်သမားက… “ပိုရတော့ ပိုသုံးရတာပေါ့ ဆရာရယ်… ကျွန်တော်မှာ ဒီအချိန်ထိ စားချင်တာလည်း မစားရ၊ ဝတ်ချင်တာလည်း မဝတ်ရဘဲ ချို့ချို့တဲ့တဲ့နဲ့ နေလာခဲ့ရတာ ဆရာရဲ့” လို့ ပြန်ပြောတယ်။

အဲ့ဒါနဲ့ သူဌေးကြီးလည်း ” ရပြီ မပြောနဲ့တော့ မင်းကို လစာတိုးမပေးတော့ဘူး” ဆိုပြီး ဒုတိယ အလုပ်သမားကို ထပ်ခေါ်တယ်။ ပထမအလုပ်သမားကို မေးတဲ့ မေးခွန်းအတိုင်း မေးတယ်။ ဒီအခါမှာတော့…

ဒုတိယအလုပ်သမားဟာ ” ပိုရတဲ့အခါ အဲ့ဒီငွေကို အသုံးချပြီး… ငွေတွေ ဒီထက်မက ပိုရလာအောင် လုပ်ရမှာပေါ့ ဆရာရယ်” လို့ ပြောလိုက်တယ်။ ဒီတော့မှ သူဌေးကြီးက… ဒုတိယအလုပ်သမားကို လစာ တိုးပေးလိုက်တော့တယ်။

တစ်ခါတလေကျရင်… ကျွန်တော်တို့ဟာ လစာ ပိုရတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ သာမန်ရနေတဲ့ ငွေလေးထက် နည်းနည်းလေး ပိုလျှံပြီး ရလာတဲ့ အခါမှာပဲဖြစ်ဖြစ်… ပို သုံးမိတတ်ကြတယ်။ ဒီတော့ ပိုရလို့ ပိုသုံးမိ၊ ပိုသုံးမိလို့ ပိုကုန် သွားတာပဲရှိတယ်။

စဉ်းစားကြည့်ရင်… တစ်ထောင်ရနေချိန်မှာ တစ်ထောင်ဖိုး သုံးနေတဲ့လူဟာ နှစ်ထောင်ရလာချိန်မှာ နှစ်ထောင်ဖိုး သုံးလိုက်သလို ပါပဲ။ သူ့အနေနဲ့ ပိုရလို့ ပိုသုံးလိုက်တာပဲ ရှိတယ်။ သူ့ဘဝကတော့ ဘာမှ အပြောင်းအလဲ သိပ်မဖြစ်သွားဘူး။

တကယ်တော့… ပိုရတဲ့ငွေဆိုတာ ဒုတိယ အလုပ်သမားမြင်သလိုမျိုး အသုံးချရမယ့် ငွေပါ၊ အသုံးပြုရမယ့် ငွေ မဟုတ်ပါဘူး။ မဟုတ်ရင် ကျွန်တော်တို့ ဘဝက ဘာမှ အပြောင်းအလဲ မဖြစ်ဘဲ ဒုံရင်းက ဒုံရင်း ပြန်ဖြစ်နေပါလိမ့်မယ်။

ဒါကြောင့်… လက်ထဲမှာ ငွေပိုငွေလျှံလေး ရှိလာပြီဆိုရင်.. ငွေပိုသုံးလို့ရပြီလို့ အရင် မမြင်ပါနဲ့။ ငွေပိုသုံးလို့ရအောင် အသုံးချရမယ့်ငွေလို့ မြင်ပါလို့ အကြံပေးချင်ပါတယ်။

ခရက်ဒစ်#Dr. Thet Htar Aung#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*