ဓားေသြးတဲ့ လူငယ္ေလးတစ္ေယာက္ရဲ႕ အတုယူေလာက္တဲ့ အနာဂတ္ ရည္မွန္းခ်က္

ဓားေသြးတဲ့ လူငယ္ေလးတစ္ေယာက္ရဲ႕ အတုယူေလာက္တဲ့ အနာဂတ္ ရည္မွန္းခ်က္
ဓားေသြးတဲ့ လူငယ္ေလးတစ္ေယာက္ရဲ႕ အတုယူေလာက္တဲ့ အနာဂတ္ ရည္မွန္းခ်က္

ဓားေသြးတဲ့ လူငယ္ေလးတစ္ေယာက္ရဲ႕ အတုယူေလာက္တဲ့ အနာဂတ္ ရည္မွန္းခ်က္

ကြၽန္ေတာ္ မေကြးၿမိဳ႕တြင္ ေဆးတကၠသိုလ္ တက္ခဲ့စဥ္ကျဖစ္သည္။ ကြၽန္ေတာ္သည္ အညာေႏြ ပူျပင္းျပင္းေအာက္ဝယ္ အပူဒဏ္ကိုအံတုရန္အလို႔ငွာ ကြပ္ပ်စ္ေပၚတြင္ထိုင္လ်က္ ယပ္ေတာင္တစ္ေခ်ာင္းႏွင့္ ယပ္ခတ္ေနေလသည္။

ထိုစဥ္ “ကတ္ေၾကးေတြေသြးတယ္…ဓားေတြေသြးတယ္” ဟူေသာအသံကို ၾကားရ၍ ကြၽန္ေတာ္ၾကည့္လိုက္မိသည္။ အသက္ ၁၈ႏွစ္အ႐ြယ္ခန္႔ လူငယ္တစ္ဦးထံမွလာေသာအသံျဖစ္ေနသည္။ စြပ္က်ယ္အျဖဴ ခပ္ႏြမ္းႏြမ္းႏွင့္ ပုဆိုးၾကမ္းတစ္ထည္ကို ဝတ္ဆင္ထားသည္။

ေျပပ်စ္ေသာ မ်က္ႏွာအခ်ိဳးအစား ရွိေပမယ့္ ခႏၶာကိုယ္က ပိန္ပါးပါးပင္ျဖစ္သည္။ ဓားေသြးေက်ာက္တစ္တုံးကို ႀကိဳးႏွင့္သိုင္း၍ လြယ္ထားသည္။ ကြၽန္ေတာ္က ဘာရယ္မဟုတ္ ဆက္ၾကည့္ေနမိသည္။
“လာပါဦးကြယ္ အေတာ္ပဲ ဓားမက တုံးေနလို႔”

ေဘးကပ္လ်က္အိမ္က ေဒၚၿပဳံး၏ ေခၚသံေၾကာင့္ အိမ္အတြင္းသို႔ဝင္သြားသည္ကိုေတြ႕လိုက္သည္။
အတန္ၾကာေတာ့ သူ ျပန္ထြက္လာၿပီး ေရွ႕ဆက္သြားမည္ျပဳစဥ္ ကြၽန္ေတာ္လည္း လွမ္းေခၚလိုက္မိသည္။

“လာပါဦး ညီေလးေရ” အမွန္က ကြၽန္ေတာ့္မွာ ေသြးစရာဟူ၍ ဘာမွမရွိ။ အေဆာင္ေန ေက်ာင္းသားကိုး။ ဘာရယ္မဟုတ္ ခပ္ျပင္းျပင္းရွိေနသည္ကတစ္ေၾကာင္း၊ စပ္စုလို၍တစ္ေၾကာင္း စကားေျပာလို၍ ေခၚလိုက္ျခင္းျဖစ္သည္။

“ခနေနာ္” ဟုဆိုကာ အေဆာင္မႉး၏ မီးဖိုေခ်ာင္မွ ဓားတစ္ေခ်ာင္းကို သြားေျပးယူၿပီး သူ႔အား ကမ္းေပးလ်က္ “အေတာ္ပဲ ဓားတုံးေနလို႔ ဒါနဲ႔ ငါ့ညီက လက္ခကို ဘယ္လိုယူတာလဲ” ဟု ေမးလိုက္သည္။

“တစ္ခါေသြး ႏွစ္ရာပါအစ္ကို လုံးဝအသစ္အတိုင္း အသြားထက္ေအာင္ေသြးေပးပါတယ္” ဟူ၍ ျပန္ေျဖရင္း ဓားေသြးသည့္ အလုပ္ကို စလုပ္ေနသည္။

သူလုပ္ေနသည္ကို ၾကည့္၍ ကြၽန္ေတာ္ေတြးေနမိသည္

“ဒီ ေငြ ေလာက္ေလးနဲ႔ ဘာမ်ားရမွာမို႔လို႔လဲ” ဟူ၍။”ငါ့ညီအလုပ္က ကိုက္ရဲ႕လား တျခားအလုပ္ေတြလုပ္တာကမွ ပိုရဦးမယ္” ဟု ကြၽန္ေတာ္က ေမးမိလိုက္သည္။

သူက ၿပဳံးလ်က္ “ဒီမယ္ ငါ့အစ္ကိုေရ ကြၽန္ေတာ္က အရင္းအႏွီးမရွိေတာ့ ဒီလိုအလုပ္မ်ိဳး စ လုပ္ၾကည့္တာပါ” “အရင္းအႏွီးမရွိဘူးဆိုၿပီး ဘာမွမလုပ္ေတာ့လည္း ဘာမွ မရျပန္ဘူးေလ” “စားဝတ္ေနေရးကလည္း ရွိေသးေတာ့ အလုပ္ တစ္ခုခုေတာ့ လုပ္ကိုလုပ္ရမယ္ဆိုၿပီး လုပ္ျဖစ္သြားတာ”

“ကမ္းနားမွာ ကုန္တင္ကုန္ခ်အလုပ္ ဝင္လုပ္ၾကည့္ေသးတယ္” “ကြၽန္ေတာ့ ဗလနဲ႔က်ေတာ့ ေရရွည္အတြက္ အဆင္မေျပဘူးေလ” သူက ေျပာလည္းေျပာ ဓားလည္းေသြးရင္း ဆက္ေျပာသည္။ “အျခားအလုပ္ေတြ ေမးၾကည့္ေတာ့လည္း အတန္းပညာက မရွိေတာ့ အလုပ္ၾကမ္းေလာက္ပဲရတာ”

“ဒါနဲ႔ ကိုယ္ပိုင္အလုပ္ပဲ လုပ္မယ္ဆိုၿပီး ျဖစ္သြားတာပါပဲ” “အရင္းအႏွီးမလိုတဲ့ ဒီအလုပ္ေလးက စတယ္ေပါ့ဗ်ာ” ကြၽန္ေတာ္အံၾသသြားမိသည္။ သူဒီေလာက္အမ်ားႀကီး ေျပာလာမည္ဟု မထင္ထား၍ ျဖစ္သည္။ သူက ဆက္ေျပာသည္။ “ေနာက္ကြၽန္ေတာ္ကလည္း သူမ်ားဆီမွာ အလုပ္မလုပ္ခ်င္တာလဲပါတယ္”

“ဘာလို႔တုန္းဆိုေတာ့ သူမ်ားအလုပ္က သူမ်ားခိုင္းတာပဲလုပ္ရတာ” “ကိုယ္က လူေရာ စိတ္ေရာႏွစ္ၿပီးလုပ္လဲ အလုပ္သမားက အလုပ္သမားပါပဲ” “အခု ကြၽန္ေတာ့္အလုပ္က ဘာမွမဟုတ္ေသးေပမယ့္ ကြၽန္ေတာ့္ကိုယ္ပိုင္အလုပ္လို႔ဆိုလို႔ရတယ္” “ပိုင္ရွင္လည္း ကြၽန္ေတာ္ အလုပ္သမားလည္း ကြၽန္ေတာ္”

“ကြၽန္ေတာ္နားခ်င္လည္းရတယ္ ဒါကြၽန္ေတာ့္အပိုင္းပဲနားတဲ့ရက္က်ေတာ့ ဝင္ေငြ မရွိဘူးေပါ့။ ဒါေၾကာင့္ ကြၽန္ေတာ္တစ္ခါမွ မနားဖူးေသးဘူး” သူက ေျပာေနရင္း နဖူးမွာစို႔ေနတဲ့ ေခြၽးကို လက္တစ္ဖက္ျဖင့္ သုတ္လိုက္သည္။

“ဒီအလုပ္က ဓားေသြးေက်ာက္တစ္လုံးပဲရင္းရတယ္” “ဂုဏ္ရွိရွိ အလုပ္လုပ္လို႔ရတယ္” “ကြၽန္ေတာ္တစ္ေန႔ကို ငါးေထာင္ေလာက္ရေအာင္ရွာတယ္” “ကြၽန္ေတာ့္အတြက္ တစ္ေထာင္ဆို တစ္ေန႔စာ လုံေလာက္တယ္” “အိမ္ကိုလည္းအပ္တယ္က်န္တာကို စုထားတယ္”

“ဒါနဲ႔ ကြၽန္ေတာ္ ဒီအလုပ္ပဲ တစ္သက္လုံးလုပ္ေနမယ္လို႔ အစ္ကို ထင္ေနတာလား” သူက ရယ္သြမ္းရင္းေမးလိုက္ေတာ့ ကြၽန္ေတာ္ ေၾကာင္သြားသည္။ ကိုယ့္အေျခအေနကို ျပန္စဥ္းစားၾကည့္မိသည္။

ကြၽန္ေတာ္တို႔ တကၠသိုလ္ေက်ာင္းသားေတြသည္ မိဘမ်ား၏ အေထာက္အပံ့ျဖင့္ ေက်ာင္းတက္ၾကသည္။ တစ္လလွ်င္ ၅ေသာင္းမွ တစ္သိန္းအၾကား မိဘမ်ားထံမွ လက္ျဖန္႔ေတာင္းေနရသည္။

ထိုလူငယ္က ဂုဏ္ငယ္လွသည္ဟု မိမိထင္ေသာ ထိုအလုပ္ျဖင့္ တစ္လ ဝင္ေငြ တစ္သိန္းေက်ာ္ ရွာေနႏိုင္ၿပီ။ ကြၽန္ေတာ္သူ႔ေမးခြန္းကို ျပန္မေျဖျဖစ္။

သူက ဆက္ေျပာရွာသည္

“ကြၽန္ေတာ္ေငြေလးနည္းနည္း စုမိရင္ တြန္းလွည္းေလးတစ္ခုေလာက္ဝယ္မယ္ စဥ္းစားထားတယ္” “အခ်ဥ္ေပါင္းေရာင္းမယ္ဗ်ာ

ထပ္စုမယ္ ဆိုင္ကယ္ဝယ္မယ္။ အားရင္အားသလို ကယ္ရီလည္းဆြဲမယ္ ထပ္စုမယ္ ကားဝယ္မယ္ဗ်ာ တက္စီဆြဲမယ္ ဘယ္ေတာ့မွ ရပ္တန္႔ေနမွာ မဟုတ္ဘူး” “ေနာင္အႏွစ္ ၁၀ၾကာရင္ ကြၽန္ေတာ္ အိမ္ပိုင္ေစရမယ္ဗ်ာ”

ေျပာရင္းေျပာရင္း သူ အားတက္လာသည္။ အသံေတြက်ယ္လာသည္။ သူ႔ကို ၾကည့္လိုက္ေတာ့
သူ၏ မ်က္ဝန္းတြင္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္ေတြ သန္းေနသည္။ ထိုလူငယ္၏ စိတ္အားထက္သန္မႈကိုလည္း ေလးစားမိသည္။

“အလုပ္ဟူသမွ် ဂုဏ္ရွိစြ” ဟူေသာစကားသည္ အလြန္မွန္သည္။ အလုပ္လုပ္ေနဖို႔သာ လိုသည္။ “ညီေလးရဲ႕ စိတ္အားထက္သန္မႈနဲ႔ဆိုရင္ေသခ်ာေပါက္ ေအာင္ျမင္မွာပါကြာ” ဟု ေျပာ၍ သူကမ္းေပးလာေသာ ဓားအား ျပန္ယူလိုက္သည္။

က်သင့္ေငြအား ရွင္းေပး၍ ႏႈတ္ဆက္လိုက္သည္။ “ကတ္ေၾကးေတြ ေသြးတယ္ဓားေတြ ေသြးတယ္”
သူ၏ ေအာ္သံက တေျဖးေျဖး ေဝးကြာသြားသည္။ ထိုေန႔ေလးကို ျပန္ေတြးရင္း ထိုလူငယ္ ကိုသတိရေနမိသည္။ သူအခု အဆင္ေျပေနမည္ဟု ယုံၾကည္မိသည္။

မူရင္းေရးသားသူ#ေဒါက္တာျပည့္ၿဖိဳးေက်ာ္#လူငယ္ေလးကေပးေသာ အေတြးတစ္စ (ဝတၳဳတို)#ေလးစားစြာျဖင့္ ခရက္ဒစ္ေပပါသည္။ ျပန္လည္ မွ်ေ၀ျခင္းျဖစ္ပါသည္။

Unicode

ဓားသွေးတဲ့ လူငယ်လေးတစ်ယောက်ရဲ့ အတုယူလောက်တဲ့ အနာဂတ် ရည်မှန်းချက်

ကျွန်တော် မကွေးမြို့တွင် ဆေးတက္ကသိုလ် တက်ခဲ့စဉ်ကဖြစ်သည်။ ကျွန်တော်သည် အညာနွေ ပူပြင်းပြင်းအောက်ဝယ် အပူဒဏ်ကိုအံတုရန်အလို့ငှာ ကွပ်ပျစ်ပေါ်တွင်ထိုင်လျက် ယပ်တောင်တစ်ချောင်းနှင့် ယပ်ခတ်နေလေသည်။

ထိုစဉ် “ကတ်ကြေးတွေသွေးတယ်…ဓားတွေသွေးတယ်” ဟူသောအသံကို ကြားရ၍ ကျွန်တော်ကြည့်လိုက်မိသည်။ အသက် ၁၈နှစ်အရွယ်ခန့် လူငယ်တစ်ဦးထံမှလာသောအသံဖြစ်နေသည်။ စွပ်ကျယ်အဖြူ ခပ်နွမ်းနွမ်းနှင့် ပုဆိုးကြမ်းတစ်ထည်ကို ဝတ်ဆင်ထားသည်။

ပြေပျစ်သော မျက်နှာအချိုးအစား ရှိပေမယ့် ခန္ဓာကိုယ်က ပိန်ပါးပါးပင်ဖြစ်သည်။ ဓားသွေးကျောက်တစ်တုံးကို ကြိုးနှင့်သိုင်း၍ လွယ်ထားသည်။ ကျွန်တော်က ဘာရယ်မဟုတ် ဆက်ကြည့်နေမိသည်။
“လာပါဦးကွယ် အတော်ပဲ ဓားမက တုံးနေလို့”

ဘေးကပ်လျက်အိမ်က ဒေါ်ပြုံး၏ ခေါ်သံကြောင့် အိမ်အတွင်းသို့ဝင်သွားသည်ကိုတွေ့လိုက်သည်။
အတန်ကြာတော့ သူ ပြန်ထွက်လာပြီး ရှေ့ဆက်သွားမည်ပြုစဉ် ကျွန်တော်လည်း လှမ်းခေါ်လိုက်မိသည်။

“လာပါဦး ညီလေးရေ” အမှန်က ကျွန်တော့်မှာ သွေးစရာဟူ၍ ဘာမှမရှိ။ အဆောင်နေ ကျောင်းသားကိုး။ ဘာရယ်မဟုတ် ခပ်ပြင်းပြင်းရှိနေသည်ကတစ်ကြောင်း၊ စပ်စုလို၍တစ်ကြောင်း စကားပြောလို၍ ခေါ်လိုက်ခြင်းဖြစ်သည်။

“ခနနော်” ဟုဆိုကာ အဆောင်မှူး၏ မီးဖိုချောင်မှ ဓားတစ်ချောင်းကို သွားပြေးယူပြီး သူ့အား ကမ်းပေးလျက် “အတော်ပဲ ဓားတုံးနေလို့ ဒါနဲ့ ငါ့ညီက လက်ခကို ဘယ်လိုယူတာလဲ” ဟု မေးလိုက်သည်။

“တစ်ခါသွေး နှစ်ရာပါအစ်ကို လုံးဝအသစ်အတိုင်း အသွားထက်အောင်သွေးပေးပါတယ်” ဟူ၍ ပြန်ဖြေရင်း ဓားသွေးသည့် အလုပ်ကို စလုပ်နေသည်။

သူလုပ်နေသည်ကို ကြည့်၍ ကျွန်တော်တွေးနေမိသည်

“ဒီ ငွေ လောက်လေးနဲ့ ဘာများရမှာမို့လို့လဲ” ဟူ၍။”ငါ့ညီအလုပ်က ကိုက်ရဲ့လား တခြားအလုပ်တွေလုပ်တာကမှ ပိုရဦးမယ်” ဟု ကျွန်တော်က မေးမိလိုက်သည်။

သူက ပြုံးလျက် “ဒီမယ် ငါ့အစ်ကိုရေ ကျွန်တော်က အရင်းအနှီးမရှိတော့ ဒီလိုအလုပ်မျိုး စ လုပ်ကြည့်တာပါ” “အရင်းအနှီးမရှိဘူးဆိုပြီး ဘာမှမလုပ်တော့လည်း ဘာမှ မရပြန်ဘူးလေ” “စားဝတ်နေရေးကလည်း ရှိသေးတော့ အလုပ် တစ်ခုခုတော့ လုပ်ကိုလုပ်ရမယ်ဆိုပြီး လုပ်ဖြစ်သွားတာ”

“ကမ်းနားမှာ ကုန်တင်ကုန်ချအလုပ် ဝင်လုပ်ကြည့်သေးတယ်” “ကျွန်တော့ ဗလနဲ့ကျတော့ ရေရှည်အတွက် အဆင်မပြေဘူးလေ” သူက ပြောလည်းပြော ဓားလည်းသွေးရင်း ဆက်ပြောသည်။ “အခြားအလုပ်တွေ မေးကြည့်တော့လည်း အတန်းပညာက မရှိတော့ အလုပ်ကြမ်းလောက်ပဲရတာ”

“ဒါနဲ့ ကိုယ်ပိုင်အလုပ်ပဲ လုပ်မယ်ဆိုပြီး ဖြစ်သွားတာပါပဲ” “အရင်းအနှီးမလိုတဲ့ ဒီအလုပ်လေးက စတယ်ပေါ့ဗျာ” ကျွန်တော်အံသြသွားမိသည်။ သူဒီလောက်အများကြီး ပြောလာမည်ဟု မထင်ထား၍ ဖြစ်သည်။ သူက ဆက်ပြောသည်။ “နောက်ကျွန်တော်ကလည်း သူများဆီမှာ အလုပ်မလုပ်ချင်တာလဲပါတယ်”

“ဘာလို့တုန်းဆိုတော့ သူများအလုပ်က သူများခိုင်းတာပဲလုပ်ရတာ” “ကိုယ်က လူရော စိတ်ရောနှစ်ပြီးလုပ်လဲ အလုပ်သမားက အလုပ်သမားပါပဲ” “အခု ကျွန်တော့်အလုပ်က ဘာမှမဟုတ်သေးပေမယ့် ကျွန်တော့်ကိုယ်ပိုင်အလုပ်လို့ဆိုလို့ရတယ်” “ပိုင်ရှင်လည်း ကျွန်တော် အလုပ်သမားလည်း ကျွန်တော်”

“ကျွန်တော်နားချင်လည်းရတယ် ဒါကျွန်တော့်အပိုင်းပဲနားတဲ့ရက်ကျတော့ ဝင်ငွေ မရှိဘူးပေါ့။ ဒါကြောင့် ကျွန်တော်တစ်ခါမှ မနားဖူးသေးဘူး” သူက ပြောနေရင်း နဖူးမှာစို့နေတဲ့ ချွေးကို လက်တစ်ဖက်ဖြင့် သုတ်လိုက်သည်။

“ဒီအလုပ်က ဓားသွေးကျောက်တစ်လုံးပဲရင်းရတယ်” “ဂုဏ်ရှိရှိ အလုပ်လုပ်လို့ရတယ်” “ကျွန်တော်တစ်နေ့ကို ငါးထောင်လောက်ရအောင်ရှာတယ်” “ကျွန်တော့်အတွက် တစ်ထောင်ဆို တစ်နေ့စာ လုံလောက်တယ်” “အိမ်ကိုလည်းအပ်တယ်ကျန်တာကို စုထားတယ်”

“ဒါနဲ့ ကျွန်တော် ဒီအလုပ်ပဲ တစ်သက်လုံးလုပ်နေမယ်လို့ အစ်ကို ထင်နေတာလား” သူက ရယ်သွမ်းရင်းမေးလိုက်တော့ ကျွန်တော် ကြောင်သွားသည်။ ကိုယ့်အခြေအနေကို ပြန်စဉ်းစားကြည့်မိသည်။

ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားတွေသည် မိဘများ၏ အထောက်အပံ့ဖြင့် ကျောင်းတက်ကြသည်။ တစ်လလျှင် ၅သောင်းမှ တစ်သိန်းအကြား မိဘများထံမှ လက်ဖြန့်တောင်းနေရသည်။

ထိုလူငယ်က ဂုဏ်ငယ်လှသည်ဟု မိမိထင်သော ထိုအလုပ်ဖြင့် တစ်လ ဝင်ငွေ တစ်သိန်းကျော် ရှာနေနိုင်ပြီ။ ကျွန်တော်သူ့မေးခွန်းကို ပြန်မဖြေဖြစ်။

သူက ဆက်ပြောရှာသည်

“ကျွန်တော်ငွေလေးနည်းနည်း စုမိရင် တွန်းလှည်းလေးတစ်ခုလောက်ဝယ်မယ် စဉ်းစားထားတယ်” “အချဉ်ပေါင်းရောင်းမယ်ဗျာ

ထပ်စုမယ် ဆိုင်ကယ်ဝယ်မယ်။ အားရင်အားသလို ကယ်ရီလည်းဆွဲမယ် ထပ်စုမယ် ကားဝယ်မယ်ဗျာ တက်စီဆွဲမယ် ဘယ်တော့မှ ရပ်တန့်နေမှာ မဟုတ်ဘူး” “နောင်အနှစ် ၁၀ကြာရင် ကျွန်တော် အိမ်ပိုင်စေရမယ်ဗျာ”

ပြောရင်းပြောရင်း သူ အားတက်လာသည်။ အသံတွေကျယ်လာသည်။ သူ့ကို ကြည့်လိုက်တော့
သူ၏ မျက်ဝန်းတွင် မျှော်လင့်ချက်ရောင်ခြည်တွေ သန်းနေသည်။ ထိုလူငယ်၏ စိတ်အားထက်သန်မှုကိုလည်း လေးစားမိသည်။

“အလုပ်ဟူသမျှ ဂုဏ်ရှိစွ” ဟူသောစကားသည် အလွန်မှန်သည်။ အလုပ်လုပ်နေဖို့သာ လိုသည်။ “ညီလေးရဲ့ စိတ်အားထက်သန်မှုနဲ့ဆိုရင်သေချာပေါက် အောင်မြင်မှာပါကွာ” ဟု ပြော၍ သူကမ်းပေးလာသော ဓားအား ပြန်ယူလိုက်သည်။

ကျသင့်ငွေအား ရှင်းပေး၍ နှုတ်ဆက်လိုက်သည်။ “ကတ်ကြေးတွေ သွေးတယ်ဓားတွေ သွေးတယ်”
သူ၏ အော်သံက တဖြေးဖြေး ဝေးကွာသွားသည်။ ထိုနေ့လေးကို ပြန်တွေးရင်း ထိုလူငယ် ကိုသတိရနေမိသည်။ သူအခု အဆင်ပြေနေမည်ဟု ယုံကြည်မိသည်။

မူရင်းရေးသားသူ#ဒေါက်တာပြည့်ဖြိုးကျော်#လူငယ်လေးကပေးသော အတွေးတစ်စ (ဝတ္ထုတို)#လေးစားစွာဖြင့် ခရက်ဒစ်ပေပါသည်။ ပြန်လည် မျှဝေခြင်းဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*