ဘဝမွာ အခက္အခဲေတြ ႀကဳံလာတိုင္း ေတာင္ဆိတ္ေတြကို သတိရလိုက္ပါ…

ဘဝမွာ အခက္အခဲေတြ ႀကဳံလာတိုင္း ေတာင္ဆိတ္ေတြကို သတိရလိုက္ပါ...
ဘဝမွာ အခက္အခဲေတြ ႀကဳံလာတိုင္း ေတာင္ဆိတ္ေတြကို သတိရလိုက္ပါ...

ဘဝမွာ အခက္အခဲေတြ ႀကဳံလာတိုင္း ေတာင္ဆိတ္ေတြကို သတိရလိုက္ပါ…

ဘဝမွာ သေဘာအက်ဆုံး အေကာင္ေတြထဲက ေတာင္ဆိတ္ ပါတယ္ ။ သူတို႔ဟာ အႏၲရာယ္နဲ႔ ေနသားက် ေနတယ္ ။ တကယ္ေတာ့… သူတို႔မွာ ေမ်ာက္ေတြလို နီးရာကို ဖမ္းယူ ဆုပ္ကိုင္ဖို႔ အၿမီးနဲ႔ လက္ေတြ မပါဘူး…။

ခြာေတြပဲ ပါတယ္။ သူတို႔တြက္ အဲ့ဒီခြာက အသက္ပဲ။ အဲ့ဒီ ခြာေတြနဲ႔ ေနသားက်ေအာင္ balancing ကို သုံးၿပီး ေက်ာက္ေတာင္ ေတြကို ျဖတ္ေလွ်ာက္ၾကတယ္ ။

ေန႔စဥ္ အခက္အခဲေတြ ကို ျဖတ္ေလွ်ာက္ရတာ မ်ားေတာ့… အခက္အခဲ ေတြကို သူတို႔ မမႈေတာ့ဘူး ။ အဲ့ဒီမွာ အခက္အခဲက သူတို႔ရဲ႕ အားသာခ်က္ ျပန္ ျဖစ္သြားတယ္။

သူတို႔နယ္ပယ္မွာ သူတို႔လို အခက္အခဲ ကို မျဖတ္ေက်ာ္ ႏိုင္တဲ့ ေျမေခြး ၊ က်ားသစ္ေတြက သူတို႔ကို ဖမ္း မစားႏိုင္ဘူး။ ေနာက္ျပန္ လွည့္လွည့္သြားရတယ္။

က်ားသစ္ဟာ ကမာၻေပၚမွာ အျမန္ဆုံး သတၱဝါထဲမွာ ပါတယ္ ဆိုေပမယ့္ ေျမညီ ကြင္းျပင္ထဲမွာသာ သူက သားေကာင္ ကို လိုက္ဖမ္းတာ ျမန္တာ ။ ေတာင္ဆိတ္ေတြ ကို ၾကည့္လိုက္ရင္…

ေတာင္ ဘယ္ေလာက္ ျမင့္ျမင့္ ၊ ကမ္းပါး ဘယ္ေလာက္ မတ္မတ္ ၊ လမ္း ဘယ္ေလာက္ ၾကမ္းၾကမ္း ရေအာင္ တက္မယ္ ဆိုတဲ့ စိတ္ရွိတာ ေတြ႕ရတယ္။

ေတာင္ေစာင္း အစြန္းမွာ ေနေနတဲ့ ေတာင္ဆိတ္မွာ confidence ကိုယ့္ကိုယ္ကို ယုံၾကည္စိတ္ အျပည့္ရွိတယ္။

ျပဳတ္က်မွာ စိုးရိမ္စိတ္ တစ္စိမွ ရွိတဲ့ပုံ မေပၚဘူး။ ဒါေတြဟာ အလကားေတာ့ ရမလာဘူး။ ေန႔စဥ္ျဖတ္သန္းခဲ့တဲ့ အေတြ႕အႀကဳံေတြက ေတာင္ဆိတ္ကို ကမ္းပါးစြန္းကို မမႈေစေတာ့ဘူး။

က်ေနာ့္ေခါင္းရင္းမွာ ေတာင္ဆိတ္႐ုပ္တုေလး တစ္ခုရွိတယ္။ ဘဝမွာ အခက္အခဲေတြ ႀကဳံလာတိုင္း က်ေနာ္ကေတာ့… ေတာင္ဆိတ္ ပုံကို ျပန္ျပန္ၾကည့္ၿပီး အားယူေလ့ ရွိတယ္။

ကိုယ္ ရင္မဆိုင္ခ်င္လည္း ရင္ဆိုင္ရလာတဲ့ အခက္အခဲကို ေတာင္ဆိတ္လို used to အသားက်သြားဖို႔ ကိုယ့္ဟာကိုယ္ သတိေပးေလ့ ရွိတယ္ ။

မူရင္း ေရးသားသူ အား ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္ လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

ဘဝမှာ အခက်အခဲတွေ ကြုံလာတိုင်း တောင်ဆိတ်တွေကို သတိရလိုက်ပါ…

ဘဝမှာ သဘောအကျဆုံး အကောင်တွေထဲက တောင်ဆိတ် ပါတယ် ။ သူတို့ဟာ အန္တရာယ်နဲ့ နေသားကျ နေတယ် ။ တကယ်တော့… သူတို့မှာ မျောက်တွေလို နီးရာကို ဖမ်းယူ ဆုပ်ကိုင်ဖို့ အမြီးနဲ့ လက်တွေ မပါဘူး…။

ခွာတွေပဲ ပါတယ်။ သူတို့တွက် အဲ့ဒီခွာက အသက်ပဲ။ အဲ့ဒီ ခွာတွေနဲ့ နေသားကျအောင် balancing ကို သုံးပြီး ကျောက်တောင် တွေကို ဖြတ်လျှောက်ကြတယ် ။

နေ့စဉ် အခက်အခဲတွေ ကို ဖြတ်လျှောက်ရတာ များတော့… အခက်အခဲ တွေကို သူတို့ မမှုတော့ဘူး ။ အဲ့ဒီမှာ အခက်အခဲက သူတို့ရဲ့ အားသာချက် ပြန် ဖြစ်သွားတယ်။

သူတို့နယ်ပယ်မှာ သူတို့လို အခက်အခဲ ကို မဖြတ်ကျော် နိုင်တဲ့ မြေခွေး ၊ ကျားသစ်တွေက သူတို့ကို ဖမ်း မစားနိုင်ဘူး။ နောက်ပြန် လှည့်လှည့်သွားရတယ်။

ကျားသစ်ဟာ ကမ္ဘာပေါ်မှာ အမြန်ဆုံး သတ္တဝါထဲမှာ ပါတယ် ဆိုပေမယ့် မြေညီ ကွင်းပြင်ထဲမှာသာ သူက သားကောင် ကို လိုက်ဖမ်းတာ မြန်တာ ။ တောင်ဆိတ်တွေ ကို ကြည့်လိုက်ရင်…

တောင် ဘယ်လောက် မြင့်မြင့် ၊ ကမ်းပါး ဘယ်လောက် မတ်မတ် ၊ လမ်း ဘယ်လောက် ကြမ်းကြမ်း ရအောင် တက်မယ် ဆိုတဲ့ စိတ်ရှိတာ တွေ့ရတယ်။

တောင်စောင်း အစွန်းမှာ နေနေတဲ့ တောင်ဆိတ်မှာ confidence ကိုယ့်ကိုယ်ကို ယုံကြည်စိတ် အပြည့်ရှိတယ်။

ပြုတ်ကျမှာ စိုးရိမ်စိတ် တစ်စိမှ ရှိတဲ့ပုံ မပေါ်ဘူး။ ဒါတွေဟာ အလကားတော့ ရမလာဘူး။ နေ့စဉ်ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေက တောင်ဆိတ်ကို ကမ်းပါးစွန်းကို မမှုစေတော့ဘူး။

ကျနော့်ခေါင်းရင်းမှာ တောင်ဆိတ်ရုပ်တုလေး တစ်ခုရှိတယ်။ ဘဝမှာ အခက်အခဲတွေ ကြုံလာတိုင်း ကျနော်ကတော့… တောင်ဆိတ် ပုံကို ပြန်ပြန်ကြည့်ပြီး အားယူလေ့ ရှိတယ်။

ကိုယ် ရင်မဆိုင်ချင်လည်း ရင်ဆိုင်ရလာတဲ့ အခက်အခဲကို တောင်ဆိတ်လို used to အသားကျသွားဖို့ ကိုယ့်ဟာကိုယ် သတိပေးလေ့ ရှိတယ် ။

မူရင်း ရေးသားသူ အား လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန် လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*