တမာပင္အေၾကာင္း သိေကာင္းစရာႏွင့္ အဖိုးတန္ ေဆးဖက္၀င္ပံုမ်ား

တမာပင္အေၾကာင္း သိေကာင္းစရာႏွင့္ အဖိုးတန္ ေဆးဖက္၀င္ပံုမ်ား
တမာပင္အေၾကာင္း သိေကာင္းစရာႏွင့္ အဖိုးတန္ ေဆးဖက္၀င္ပံုမ်ား

တမာပင္အေၾကာင္း သိေကာင္းစရာႏွင့္ အဖိုးတန္ ေဆးဖက္၀င္ပံုမ်ား

ေရတမာ(ကုလားတမာ) နဲ႔ အညာတမာ ႏွစ္မ်ဳိးရွိသည္ , တမာသည္ ေအး၏ ေလ သလိပ္ သည္းေျခကိုပယ္၏ အပြင့္ အေစး အေခါက္ အဆီ အရြက္ အသီး အရိုးတံ အားလုံးအသုံးဝင္၏။

ကုလားတမာ ကို အရိပ္ရအပင္အျဖစ္ စိုက္ၾကသည္။ ေဆးဖက္ဝင္ အညာတမာကို အသုံးျပဳသည္။ တေပါင္းလမွ ကဆုန္လအထိပန္းပြင့္သည္။ အရြက္ကို အမ်ားဆုံး အသုံးျပဳသည္။

တမာသည္ ပိုးသတ္ႏိုင္ေသာ အစြမ္းထက္သည့္ေဆးပင္ျဖစ္သည္။ တမာရြက္သည္ ေရာဂါမ်ဳိးစံုကို ေပါက္ကင္းေစသည္။ အေမရိကန္အမ်ဳိးသား သုေတသီ အဖြဲ႕က တကမၻာလုံးဆိုင္ရာ က်န္းမာေရးျပႆနာ အားလုံးကို ေျဖရွင္းေပးႏိုင္တဲ့ အပင္လို႔ တင္စားၾကသည္။

တမာရြက္မွာ အသားဓာတ္ protein၊ ေရေငြ႕ဓာတ္၊ ထုံးဓာတ္ တို႔ပါဝင္သည္။ အာရွ ေတာင္ပိုင္းမွာ တမာရြက္ကို ဟင္းလ်ာအေနနဲ႔ေရာ ေဆးဝါး အေနနဲ႔ပါ သံုးစြဲခဲ့တာ ႏွစ္ေပါင္း ၂၀၀၀ ေက်ာ္ၿပီလို႔ ေတြ႕ရပါတယ္ ။

အင္းဆက္အပါအဝင္ ဗိုင္းရပ္စ္ ဘက္တီးရီးယား မိူ. သန္ေကာင္. တုတ္ေကာင္အျပင္ ႂကြက္ေတြကအစ ပိုးမႊားအေကာင္ငယ္ေပါင္း ၂၀၀ ေက်ာ္က ေၾကာက္ရတဲ့အပင္ျဖစ္၏။

တမာရိုးတံ

(၁) အိႏၵိယႏိုင္ငံ၌ အရိုးတံကိုပင္ သြားမ်ားခိုင္မာေစရန္ သြားတိုက္တံအျဖစ္ အသံုးျပဳသည္။

(၂ ) သြားဖုံးေရာဂါ ပါးစပ္အနာမ်ား ေပ်ာက္ေစပါတယ္။

(၃ ) ကိုယ္လက္ ကိုက္ခဲျခင္းအတြက္ အရိုးတံကို အေျခာက္လွန္း ေရျဖင့္ ၃ခြက္ ၁ခြက္တင္က်ဳိၿပီး ၄ နာရီ တႀကိမ္ ေသာက္ တခြက္ ေသာက္ေပးပါ။

အရြက္

တမာရြက္က ခါးၿပီး ေၾကက်က္တဲ့အခါ စပ္ၿပီး ေၾကက်က္တတ္တဲ့သေဘာရွိတယ္။ သီတေတေဇာ ဓာတ္ လြန္ကဲလို႔ ခႏၶာကိုယ္မွာ သလိပ္ ဓာတ္ေတြ ပြားမ်ားလာတဲ့ အေျခအေနမွာ တမာရြက္ က ေလာင္စာကဲ့သို႔ ေတေဇာ ဥဏွ ဓာတ္ကို ျဖစ္ေစတယ္။ တမာရြက္က ကိုယ္ခံအားကို ျမင့္မားေစတယ္။

( ၁) တမာရြက္ကို ျပဳတ္စားျခင္းျဖင့္ အရသာခံအာရံု မေကာင္းျခင္းကိုသက္သာေစ ဝမ္းခ်ဳပ္နဲ႔ အစာမေက် ျခင္းသက္သာေစ ရင္ပူျခင္းကင္းၿပီး ခုခံအားစနစ္ကို ေကာင္းမြန္ေစသည္။

(၂ ) ေသြးကိုသန္႔စင္ေစသည္၊ ေသြးထဲကအညစ္အေၾကးမ်ားကို ဖယ္ရွားေပး ခႏၶာကိုယ္ကို ေရာဂါကင္းက်န္းမာေစသည္။

(၃ ) ဝက္ျခံ အေရျပားအနာမ်ားအေပၚ အရြက္ႀကိတ္ၿပီး အုံေပးပါကအနာအျမန္ေပ်ာက္ေစသည္။ အေရျပား ဓာတ္မတည့္မူအတြက္ တမာဆီ(သို႔ )တမာရြက္နဲ႔လုပ္သည့္ေပါင္ဒါကိုသုံးပါ။

(၄ ) အသားအေရ ယားယံပါက တမာရြက္ကို ျပဳတ္၍ ေရခ်ဳိးလၽွင္ ေပ်ာက္၏ အသားအေရာင္မညီ၊ အသားေျခာက္ျခင္း၊ အေရျပားပိုးဝင္ျခင္း၊ လက္သည္းပိုးဝင္ျခင္း၊ မီးေလာင္နာတို႔အတြက္ တမာရြက္ျပဳတ္ရည္လိမ္းေပး ေဆးေၾကာသန္႔စင္ေပး။

(၅ ) ေရေႏြးၾကမ္းထဲ တမာရြက္အနည္းငယ္ ထည့္ေသာက္ပါက အသည္းမွအဆိပ္အေတာက္မ်ား ကိုေလ်ာ့ပါးေစသည္။

(၆ ) အဆုပ္နာ တီဘီပိုး ေခ်ာင္းဆိုးေနလ်င္ တမာရြက္ျပဳတ္ ေရေႏြးေသာက္ပါက ကူးစက္တတ္သည့္ ဗိုင္းရပ္ ပိုးမ်ား ေသေစသည္။

( ၇ ) သန္ေကာင္ တုတ္ေကာင္မ်ားကိုေသေစၿပီး အူလမ္းေၾကာင္းကို သန္႔ရွင္းေစ၏။

(၈ ) ခံတြင္းပ်က္ျခင္း. အရသာခံအာရုံပ်က္ျခင္း ဝမ္းခ်ဳပ္ျခင္း အစာမေၾက ရင္ပူျခင္း အရြက္ျပဳတ္ကို စားေပးပါက သက္သာေစသည္။

(၉ ) မ်က္စိယားယံျခင္း၊ ပူျခင္း၊ မ်က္ရည္ပူက်ျခင္းကို တမာရြက္ရည္ မ်က္လုံးထဲခပ္ေပး။

(၁၀ ) သြားကိုက္ သြားနာ ျဖစ္ခဲ့လၽွင္ တမာရြက္ အကၽြမ္းေလွာ္မူန္႔ထဲဆားအနည္းငယ္ ထည့္သြားတိုက္ေပးပါ။

(၁၁) – ေသြးတြင္းသၾကား ဓာတ္ကို က်ေစၿပီး ေသြးလွည့္ပတ္မူကို ေကာင္းေစသည္။

(၁၂) ကင္ဆာဆဲလ္မ်ားကို ဟန္႔တားေပးသည္။တမာရြက္မွာ ပါတဲ့ပရိုတင္းက အက်ိတ္ဆဲလ္ေတြရဲ႕ ႀကီးထြားမူကို ဟန္႔တားေပးပါတယ္။

(၁၃ ) ေျခဖေႏွာင့္ကြဲျခင္း၊ ကပ္ပါးပိုး သန္းတြယ္ျခင္း မ်ားကူးစက္ပါက အရြက္အႏွစ္ကိုသံုးပါ ဘက္တီးရီးယားပိုးမ်ားေသေစႏိုင္လို႔ တမာရြက္ ျပဳတ္ရည္နဲ႔ ေခါင္းေလၽွာ္ပါ။

(၁၄ ) ပဋိဇီဝေဆး အာနိသင္ေၾကာင့္ ပိုးဝင္တဲ့ ဝမ္းကိုက္ေရာဂါကို ကုသႏိုင္တယ္။ အစာေခ်စနစ္ကို ေကာင္းမြန္ေစ။

(၁၅ ) မီးေလာင္နာ၊ အနာမ်ားကို တမာရြက္ျပဴတ္ရည္နဲ႔ ဖန္ရည္ေဆး အရည္ကိုအနာလိမ္းပါက ပိုးမဝင္ေစပဲ အနာအျမန္ ေပ်ာက္ေစသည္။

(၁၆ ) ကိုယ္အတြင္းပူ၍ ေရငတ္လ်င္ တမာရြက္ႏုႏုကို ထမင္းနဲ႔စားပါ ခံတြင္းအနာနဲ႔ ခံတြင္းနံ႔ေပ်ာက္၍ ဝမ္းေပ်ာ့ေပ်ာ့သြားေစသည္။

(၁၇ ) ဝမ္းေဖာ ဝမ္းေရာင္ျဖစ္လ်င္ အရြက္ေျခာက္အမူန္႔ကို ထမင္းစားဇြန္း တစ္ဇြန္းခန္႔ စားေပးပါ။

(၁၈ ) ေခ်ာင္းဆိုး၊ အဆုပ္နာ တီဘီ ပိုးေသေစရန္ တမာရြက္ျပဳတ္ရည္ေသာက္ပါ။

(၁၉ ) ကင္ဆာအက်ိတ္ ျဖစ္ျခင္းမွ ကာကြယ္ေပးသည္။ ခုခံအား က်ဆင္းေသာ ေရာဂါ ျဖစ္ပြားျခင္းကို ေလ်ာ့ပါးေစ။

(၂၀ ) ႏွစ္ၿခိဳက္စြာ အိပ္ေပ်ာ္ေစ၍ ႏွလုံးၿငိမ္ေစသည္။

(၂၁ ) ကေလးမ်ား ေရေက်ာက္ . ယားနာ ေပါက္လၽွင္ တမာရြက္ျပဳတ္ရည္နဲ႔ ေရေအးစပ္ ေရခ်ဳိးေပးပါ။

(၂၂ ) သန္းေသေစရန္ တမာရြက္နဲ႔ပင္စိမ္းရြက္ အနည္းငယ္ထည့္ေထာင္း ရသည့္အရည္ နဲ႔ ေခါင္းေလၽွာ္ပါ။

(၂၃ ) အရြက္ကို လက္ဖက္ရည္လို ခပ္ေသာက္ႏိုင္သည္ – ပိုးေသေစတဲ့ အာနိသင္ေၾကာင့္ အူလမ္းေၾကာင္းတေလၽွာက္ရွိ ေရာဂါျဖစ္ေစတဲ့ ဘက္တီးရီးယားမ်ားကို ေသေစႏိုင္ၿပီး အူမႀကီးကိုသန္႔စင္ေစသည္။

အပြင့္

(၁ ) မူးေမာ္သည့္အခါ အပြင့္ကို ရူ အမူးေျပေစ၏။

(၂ ) တမာပြင့္ျပဳတ္ရည္သည္ ကိုလက္ထေရာ အဆီကို က်ေစသည္။

အေစး

အားေဆး၊ အစာေၾကေဆး ေဖာ္စပ္ရာတြင္ ထည့္သြင္းအသုံးျပဳသည္။

အဆီ

(၁ ) သန္ခ်ေဆး. နဲ႔ ယားယံေသာအနာမ်ား လက္သည္းမူိ ေပ်ာက္ကင္းရန္အတြက္ အသံုးျပဳၾကသည္။လက္သည္းေပၚသို႔ တမာဆီ အစက္ တစ္ေန႔ ၃ခါ ခ်ေပးပါ။

(၂ ) တမာဆီကို ဦးေရျပားယားယံေစေသာ ေဗာက္ ( မူိ ) ေသေစရန္ လိမ္းႏိုင္ၿပီး ဆံပင္သန္ေစသည္။

(၃ ) တမာဆီနဲ႔ အုန္းဆီ ဆတူေရာၿပီး အေရျပားမွာလိမ္းေပးလၽွင္ ျခင္မကိုက္ပါ။

(၄ ) ဆံပင္မွာ လိမ္းလ်င္ ဆံပင္အျဖဴပါ။

(၅ ) ကေလးမ်ား အူေရာင္ျခင္း. ဗိုက္ေအာင့္ျခင္း အတြက္တမာရြက္အဆီကို ဗိုက္မွာလိမ္းေပးပါ။

(၆ ) အေရျပား ျပတ္ရွနာ၊ ႏွင္းခူ၊ အေရျပား ဓာတ္မတည့္ျခင္း အေရျပားနာမွန္သမၽွ တမာဆီ သို႔မဟုတ္ တမာရြက္မူန္႔ကို သံုးႏိုင္သည္။

(၇ ) အဆစ္ အျမစ္မ်ား နာက်င္ျခင္း၊ အဆစ္ေရာင္ ေဂါက္ေရာဂါ၊ ခါးနာ၊ ႂကြက္သားနာတို႔ကို တမာဆီ လိမ္းေပးႏိုင္ပါသည္။

(၈ ) ေျခဖေနာင့္ကြဲ၊ သန္ေကာင္ပိုးဝင္၊ အျခားမႈိပိုး ကူးစက္ခံရျခင္းအတြက္ မူိပိုးမ်ားေသေစရန္ တမာရြက္ အနစ္ကို သံုးပါ။

အေခါက္

(၁ ) တမာေခါက္ကိုေသြး၍ ဆားနဲ႔ ေသာက္ေသာ္ အဖ်ားေပ်ာက္၏။

(၂ ) ငွက္ဖ်ား တုန္ဖ်ားလၽွင္ ပင္စည္၏ အေခါက္အခြံကို ထုေထာင္း၍ ေရနင့္ျပဳတ္ၿပီး ေရေႏြးေႏြးကိုေသာက္ၿပီး ေခၽြးထုတ္ေပးပါ။

အသီး

(၁ ) ဆီးေရာဂါ ျဖစ္လၽွင္ တမာသီးကို ေန႔စဥ္စားေပးလၽွင္ေပ်ာက္၏။

အျမစ္

(၁ ) ေခ်ာင္းဆိုးလ်င္ အျမစ္ကို ေရနဲ႔ ျပဳတ္ေသာက္ေပးပါက တစ္ျကိမ္ေသာက္ တစ္ခြက္ တစ္ေန႔ ၃ ႀကိမ္ ေသာက္ပါ။

(၂ ) လိပ္ေခါင္း ဗိုက္ေအာင့္ ေသြးဝမ္းသြားလၽွင္ အျမစ္ကိုထုေခ်၍ အုန္းရည္နဲ႔ စိမ္ေသာက္ပါ။ ( တစ္ႀကိမ္ေသာက္ တစ္ခြက္ တစ္ေန႔ ၃ ႀကိမ္)

သတိျပဳရန္…

(၁) ခါးေသာ တမာရြက္ကို တန္ေဆး လြန္ေဘး အလြန္အကၽြံ မစားသင့္ပါ။

(၂) ဥဏွေတေဇာဓာတ္ လြန္ကဲလၽွင္ အမ်ဳိးသားေတြမွာ သုပ္ပိုးမ်ား ေသေစႏိုင္တဲ့အထိ ျဖစ္ပြားႏိုင္တယ္။ ၄င္းေဘးကို တားေဆးအျဖစ္ စားေပးၾကသူမ်ားလည္းရွိသည္။

(၃) တမာရြက္ မ်ားမ်ားစားလၽွင္ သားအိမ္ကို တိုက္ရိုက္ မထိခိုက္ေသာ္လည္း ကိုယ္ဝန္ရွိစ ၄ , ၅ လမွာ လုံးဝ မစားသင့္ပါ။

(၄) ကေလးငယ္မ်ား မစားသင့္ပါ။

(၅) မိန္းမပ်ဳိ ငယ္ရြယ္သူမ်ား တမာရြက္မ်ားမ်ားစားလၽွင္ ဥဏွေတေဇာလြန္မူေၾကာင့္ ဥတုေသြးဆင္းျခင္းနည္းသည္။ ထိုအခါ ေရမ်ားမ်ား ျပန္ေသာက္ေပးျခင္း၊ ေရထဲ၌ ေရွာက္ရည္ အနည္းငယ္ ထည့္ေသာက္ေပးျခင္းျဖင့္ အပူၿငိမ္းေစပါတယ္။

(၆) ေန႔စဥ္ မွန္မွန္ ပမာဏ အနည္းငယ္ စားေပးလၽွင္ တမာရြက္မွာ ပါတဲ့ ဓာတ္တိုးဆန္႔က်င္ ျဒပ္ေပါင္းေတြေၾကာင့္ ခႏၶာကိုယ္မွာ ကင္ဆာဆဲလ္ေတြ တိုးပြားမလာေအာင္ ထိန္းေပး ထားႏိုင္ပါတယ္။ ကင္ဆာဆဲလ္ေတြ ေသေစႏိုင္တဲ့ အာနိသင္လည္း ရွိပါတယ္။

ခရက္ဒစ္#မခင္နီ၀င္း#ေလးစားစြာျဖင့္ ခရက္ဒစ္ ေပးပါသည္။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

တမာပင်အကြောင်း သိကောင်းစရာနှင့် အဖိုးတန် ဆေးဖက်ဝင်ပုံများ

ရေတမာ(ကုလားတမာ) နဲ့ အညာတမာ နှစ်မျိုးရှိသည် , တမာသည် အေး၏ လေ သလိပ် သည်းခြေကိုပယ်၏ အပွင့် အစေး အခေါက် အဆီ အရွက် အသီး အရိုးတံ အားလုံးအသုံးဝင်၏။

ကုလားတမာ ကို အရိပ်ရအပင်အဖြစ် စိုက်ကြသည်။ ဆေးဖက်ဝင် အညာတမာကို အသုံးပြုသည်။ တပေါင်းလမှ ကဆုန်လအထိပန်းပွင့်သည်။ အရွက်ကို အများဆုံး အသုံးပြုသည်။

တမာသည် ပိုးသတ်နိုင်သော အစွမ်းထက်သည့်ဆေးပင်ဖြစ်သည်။ တမာရွက်သည် ရောဂါမျိုးစုံကို ပေါက်ကင်းစေသည်။ အမေရိကန်အမျိုးသား သုတေသီ အဖွဲ့က တကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးပြဿနာ အားလုံးကို ဖြေရှင်းပေးနိုင်တဲ့ အပင်လို့ တင်စားကြသည်။

တမာရွက်မှာ အသားဓာတ် protein၊ ရေငွေ့ဓာတ်၊ ထုံးဓာတ် တို့ပါဝင်သည်။ အာရှ တောင်ပိုင်းမှာ တမာရွက်ကို ဟင်းလျာအနေနဲ့ရော ဆေးဝါး အနေနဲ့ပါ သုံးစွဲခဲ့တာ နှစ်ပေါင်း ၂၀၀၀ ကျော်ပြီလို့ တွေ့ရပါတယ် ။

အင်းဆက်အပါအဝင် ဗိုင်းရပ်စ် ဘက်တီးရီးယား မိူ. သန်ကောင်. တုတ်ကောင်အပြင် ကြွက်တွေကအစ ပိုးမွှားအကောင်ငယ်ပေါင်း ၂၀၀ ကျော်က ကြောက်ရတဲ့အပင်ဖြစ်၏။

တမာရိုးတံ

(၁) အိန္ဒိယနိုင်ငံ၌ အရိုးတံကိုပင် သွားများခိုင်မာစေရန် သွားတိုက်တံအဖြစ် အသုံးပြုသည်။

(၂ ) သွားဖုံးရောဂါ ပါးစပ်အနာများ ပျောက်စေပါတယ်။

(၃ ) ကိုယ်လက် ကိုက်ခဲခြင်းအတွက် အရိုးတံကို အခြောက်လှန်း ရေဖြင့် ၃ခွက် ၁ခွက်တင်ကျိုပြီး ၄ နာရီ တကြိမ် သောက် တခွက် သောက်ပေးပါ။

အရွက်

တမာရွက်က ခါးပြီး ကြေကျက်တဲ့အခါ စပ်ပြီး ကြေကျက်တတ်တဲ့သဘောရှိတယ်။ သီတတေဇော ဓာတ် လွန်ကဲလို့ ခန္ဓာကိုယ်မှာ သလိပ် ဓာတ်တွေ ပွားများလာတဲ့ အခြေအနေမှာ တမာရွက် က လောင်စာကဲ့သို့ တေဇော ဥဏှ ဓာတ်ကို ဖြစ်စေတယ်။ တမာရွက်က ကိုယ်ခံအားကို မြင့်မားစေတယ်။

( ၁) တမာရွက်ကို ပြုတ်စားခြင်းဖြင့် အရသာခံအာရုံ မကောင်းခြင်းကိုသက်သာစေ ဝမ်းချုပ်နဲ့ အစာမကျေ ခြင်းသက်သာစေ ရင်ပူခြင်းကင်းပြီး ခုခံအားစနစ်ကို ကောင်းမွန်စေသည်။

(၂ ) သွေးကိုသန့်စင်စေသည်၊ သွေးထဲကအညစ်အကြေးများကို ဖယ်ရှားပေး ခန္ဓာကိုယ်ကို ရောဂါကင်းကျန်းမာစေသည်။

(၃ ) ဝက်ခြံ အရေပြားအနာများအပေါ် အရွက်ကြိတ်ပြီး အုံပေးပါကအနာအမြန်ပျောက်စေသည်။ အရေပြား ဓာတ်မတည့်မူအတွက် တမာဆီ(သို့ )တမာရွက်နဲ့လုပ်သည့်ပေါင်ဒါကိုသုံးပါ။

(၄ ) အသားအရေ ယားယံပါက တမာရွက်ကို ပြုတ်၍ ရေချိုးလျှင် ပျောက်၏ အသားအရောင်မညီ၊ အသားခြောက်ခြင်း၊ အရေပြားပိုးဝင်ခြင်း၊ လက်သည်းပိုးဝင်ခြင်း၊ မီးလောင်နာတို့အတွက် တမာရွက်ပြုတ်ရည်လိမ်းပေး ဆေးကြောသန့်စင်ပေး။

(၅ ) ရေနွေးကြမ်းထဲ တမာရွက်အနည်းငယ် ထည့်သောက်ပါက အသည်းမှအဆိပ်အတောက်များ ကိုလျော့ပါးစေသည်။

(၆ ) အဆုပ်နာ တီဘီပိုး ချောင်းဆိုးနေလျင် တမာရွက်ပြုတ် ရေနွေးသောက်ပါက ကူးစက်တတ်သည့် ဗိုင်းရပ် ပိုးများ သေစေသည်။

( ၇ ) သန်ကောင် တုတ်ကောင်များကိုသေစေပြီး အူလမ်းကြောင်းကို သန့်ရှင်းစေ၏။

(၈ ) ခံတွင်းပျက်ခြင်း. အရသာခံအာရုံပျက်ခြင်း ဝမ်းချုပ်ခြင်း အစာမကြေ ရင်ပူခြင်း အရွက်ပြုတ်ကို စားပေးပါက သက်သာစေသည်။

(၉ ) မျက်စိယားယံခြင်း၊ ပူခြင်း၊ မျက်ရည်ပူကျခြင်းကို တမာရွက်ရည် မျက်လုံးထဲခပ်ပေး။

(၁၀ ) သွားကိုက် သွားနာ ဖြစ်ခဲ့လျှင် တမာရွက် အကျွမ်းလှော်မူန့်ထဲဆားအနည်းငယ် ထည့်သွားတိုက်ပေးပါ။

(၁၁) – သွေးတွင်းသကြား ဓာတ်ကို ကျစေပြီး သွေးလှည့်ပတ်မူကို ကောင်းစေသည်။

(၁၂) ကင်ဆာဆဲလ်များကို ဟန့်တားပေးသည်။တမာရွက်မှာ ပါတဲ့ပရိုတင်းက အကျိတ်ဆဲလ်တွေရဲ့ ကြီးထွားမူကို ဟန့်တားပေးပါတယ်။

(၁၃ ) ခြေဖနှောင့်ကွဲခြင်း၊ ကပ်ပါးပိုး သန်းတွယ်ခြင်း များကူးစက်ပါက အရွက်အနှစ်ကိုသုံးပါ ဘက်တီးရီးယားပိုးများသေစေနိုင်လို့ တမာရွက် ပြုတ်ရည်နဲ့ ခေါင်းလျှော်ပါ။

(၁၄ ) ပဋိဇီဝဆေး အာနိသင်ကြောင့် ပိုးဝင်တဲ့ ဝမ်းကိုက်ရောဂါကို ကုသနိုင်တယ်။ အစာချေစနစ်ကို ကောင်းမွန်စေ။

(၁၅ ) မီးလောင်နာ၊ အနာများကို တမာရွက်ပြူတ်ရည်နဲ့ ဖန်ရည်ဆေး အရည်ကိုအနာလိမ်းပါက ပိုးမဝင်စေပဲ အနာအမြန် ပျောက်စေသည်။

(၁၆ ) ကိုယ်အတွင်းပူ၍ ရေငတ်လျင် တမာရွက်နုနုကို ထမင်းနဲ့စားပါ ခံတွင်းအနာနဲ့ ခံတွင်းနံ့ပျောက်၍ ဝမ်းပျော့ပျော့သွားစေသည်။

(၁၇ ) ဝမ်းဖော ဝမ်းရောင်ဖြစ်လျင် အရွက်ခြောက်အမူန့်ကို ထမင်းစားဇွန်း တစ်ဇွန်းခန့် စားပေးပါ။

(၁၈ ) ချောင်းဆိုး၊ အဆုပ်နာ တီဘီ ပိုးသေစေရန် တမာရွက်ပြုတ်ရည်သောက်ပါ။

(၁၉ ) ကင်ဆာအကျိတ် ဖြစ်ခြင်းမှ ကာကွယ်ပေးသည်။ ခုခံအား ကျဆင်းသော ရောဂါ ဖြစ်ပွားခြင်းကို လျော့ပါးစေ။

(၂၀ ) နှစ်ခြိုက်စွာ အိပ်ပျော်စေ၍ နှလုံးငြိမ်စေသည်။

(၂၁ ) ကလေးများ ရေကျောက် . ယားနာ ပေါက်လျှင် တမာရွက်ပြုတ်ရည်နဲ့ ရေအေးစပ် ရေချိုးပေးပါ။

(၂၂ ) သန်းသေစေရန် တမာရွက်နဲ့ပင်စိမ်းရွက် အနည်းငယ်ထည့်ထောင်း ရသည့်အရည် နဲ့ ခေါင်းလျှော်ပါ။

(၂၃ ) အရွက်ကို လက်ဖက်ရည်လို ခပ်သောက်နိုင်သည် – ပိုးသေစေတဲ့ အာနိသင်ကြောင့် အူလမ်းကြောင်းတလျှောက်ရှိ ရောဂါဖြစ်စေတဲ့ ဘက်တီးရီးယားများကို သေစေနိုင်ပြီး အူမကြီးကိုသန့်စင်စေသည်။

အပွင့်

(၁ ) မူးမော်သည့်အခါ အပွင့်ကို ရူ အမူးပြေစေ၏။

(၂ ) တမာပွင့်ပြုတ်ရည်သည် ကိုလက်ထရော အဆီကို ကျစေသည်။

အစေး

အားဆေး၊ အစာကြေဆေး ဖော်စပ်ရာတွင် ထည့်သွင်းအသုံးပြုသည်။

အဆီ

(၁ ) သန်ချဆေး. နဲ့ ယားယံသောအနာများ လက်သည်းမိူ ပျောက်ကင်းရန်အတွက် အသုံးပြုကြသည်။လက်သည်းပေါ်သို့ တမာဆီ အစက် တစ်နေ့ ၃ခါ ချပေးပါ။

(၂ ) တမာဆီကို ဦးရေပြားယားယံစေသော ဗောက် ( မိူ ) သေစေရန် လိမ်းနိုင်ပြီး ဆံပင်သန်စေသည်။

(၃ ) တမာဆီနဲ့ အုန်းဆီ ဆတူရောပြီး အရေပြားမှာလိမ်းပေးလျှင် ခြင်မကိုက်ပါ။

(၄ ) ဆံပင်မှာ လိမ်းလျင် ဆံပင်အဖြူပါ။

(၅ ) ကလေးများ အူရောင်ခြင်း. ဗိုက်အောင့်ခြင်း အတွက်တမာရွက်အဆီကို ဗိုက်မှာလိမ်းပေးပါ။

(၆ ) အရေပြား ပြတ်ရှနာ၊ နှင်းခူ၊ အရေပြား ဓာတ်မတည့်ခြင်း အရေပြားနာမှန်သမျှ တမာဆီ သို့မဟုတ် တမာရွက်မူန့်ကို သုံးနိုင်သည်။

(၇ ) အဆစ် အမြစ်များ နာကျင်ခြင်း၊ အဆစ်ရောင် ဂေါက်ရောဂါ၊ ခါးနာ၊ ကြွက်သားနာတို့ကို တမာဆီ လိမ်းပေးနိုင်ပါသည်။

(၈ ) ခြေဖနောင့်ကွဲ၊ သန်ကောင်ပိုးဝင်၊ အခြားမှိုပိုး ကူးစက်ခံရခြင်းအတွက် မိူပိုးများသေစေရန် တမာရွက် အနစ်ကို သုံးပါ။

အခေါက်

(၁ ) တမာခေါက်ကိုသွေး၍ ဆားနဲ့ သောက်သော် အဖျားပျောက်၏။

(၂ ) ငှက်ဖျား တုန်ဖျားလျှင် ပင်စည်၏ အခေါက်အခွံကို ထုထောင်း၍ ရေနင့်ပြုတ်ပြီး ရေနွေးနွေးကိုသောက်ပြီး ချွေးထုတ်ပေးပါ။

အသီး

(၁ ) ဆီးရောဂါ ဖြစ်လျှင် တမာသီးကို နေ့စဉ်စားပေးလျှင်ပျောက်၏။

အမြစ်

(၁ ) ချောင်းဆိုးလျင် အမြစ်ကို ရေနဲ့ ပြုတ်သောက်ပေးပါက တစ်ကြိမ်သောက် တစ်ခွက် တစ်နေ့ ၃ ကြိမ် သောက်ပါ။

(၂ ) လိပ်ခေါင်း ဗိုက်အောင့် သွေးဝမ်းသွားလျှင် အမြစ်ကိုထုချေ၍ အုန်းရည်နဲ့ စိမ်သောက်ပါ။ ( တစ်ကြိမ်သောက် တစ်ခွက် တစ်နေ့ ၃ ကြိမ်)

သတိပြုရန်…

(၁) ခါးသော တမာရွက်ကို တန်ဆေး လွန်ဘေး အလွန်အကျွံ မစားသင့်ပါ။

(၂) ဥဏှတေဇောဓာတ် လွန်ကဲလျှင် အမျိုးသားတွေမှာ သုပ်ပိုးများ သေစေနိုင်တဲ့အထိ ဖြစ်ပွားနိုင်တယ်။ ၎င်းဘေးကို တားဆေးအဖြစ် စားပေးကြသူများလည်းရှိသည်။

(၃) တမာရွက် များများစားလျှင် သားအိမ်ကို တိုက်ရိုက် မထိခိုက်သော်လည်း ကိုယ်ဝန်ရှိစ ၄ , ၅ လမှာ လုံးဝ မစားသင့်ပါ။

(၄) ကလေးငယ်များ မစားသင့်ပါ။

(၅) မိန်းမပျို ငယ်ရွယ်သူများ တမာရွက်များများစားလျှင် ဥဏှတေဇောလွန်မူကြောင့် ဥတုသွေးဆင်းခြင်းနည်းသည်။ ထိုအခါ ရေများများ ပြန်သောက်ပေးခြင်း၊ ရေထဲ၌ ရှောက်ရည် အနည်းငယ် ထည့်သောက်ပေးခြင်းဖြင့် အပူငြိမ်းစေပါတယ်။

(၆) နေ့စဉ် မှန်မှန် ပမာဏ အနည်းငယ် စားပေးလျှင် တမာရွက်မှာ ပါတဲ့ ဓာတ်တိုးဆန့်ကျင် ဒြပ်ပေါင်းတွေကြောင့် ခန္ဓာကိုယ်မှာ ကင်ဆာဆဲလ်တွေ တိုးပွားမလာအောင် ထိန်းပေး ထားနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေ သေစေနိုင်တဲ့ အာနိသင်လည်း ရှိပါတယ်။

ခရက်ဒစ်#မခင်နီဝင်း#လေးစားစွာဖြင့် ခရက်ဒစ် ပေးပါသည်။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*