သူတို႔ေတြ ဘာေၾကာင့္က်န္းမာေနၾကတာလဲ… ခပ္နည္းနည္းပဲစားတဲ့ Style

သူတို႔ေတြ ဘာေၾကာင့္က်န္းမာေနၾကတာလဲ... ခပ္နည္းနည္းပဲစားတဲ့ Style
သူတို႔ေတြ ဘာေၾကာင့္က်န္းမာေနၾကတာလဲ... ခပ္နည္းနည္းပဲစားတဲ့ Style

သူတို႔ေတြ ဘာေၾကာင့္က်န္းမာေနၾကတာလဲ… ခပ္နည္းနည္းပဲစားတဲ့ Style

မိတ္ေဆြမ်ားကို ကမာၻေပၚမွာေခတ္စားလာမယ့္ အေကာင္းဆုံး Style တစ္ခုနဲ႔ မိတ္ဆက္ေပးခ်င္ပါတယ္။ အဲဒီ Styleေလးက ခပ္နည္းနည္းပဲစားတဲ့ Style ျဖစ္ၿပီး အက်ိဳးေက်းဇူးသိပ္မ်ားပါတယ္။ အဲဒီ Style ကို လုပ္လိုက္ၿပီဆိုတာနဲ႔ က်န္တဲ့Styleေတြပါ

အလိုအေလ်ာက္ ပါလာမယ္ဆိုတာ ကို ဒီ post ဖတ္ရင္းနဲ႔ သိသြားပါလိမ့္မယ္။ က်ေနာ္တို႔ဟာ ေန႔စဥ္ အစားအေသာက္ေတြကို စားေသာက္ၾကရတယ္။ အဲဒီလို စားရာမွာ ရသတဏွာကို ဦးစားေပးၿပီး ဗိုက္ဝေအာင္ စားရမွ ေက်နပ္ၾကတယ္။ အသက္ရွင္ဖို႔ စားတာ မဟုတ္ဘဲ

စားဖို႔ အသက္ရွင္ေနသလို ျဖစ္ေနၾကတယ္။ အဲဒါသည္ က်ေနာ္တို႔အတြက္ အမွားႀကီးမွားေနတာပဲ ျဖစ္တယ္။ လူတစ္ေယာက္ အသက္ရွင္ရပ္တည္ဖို႔အတြက္ စားသင့္တဲ့အတိုင္းအတာက သူ႔အစာအိမ္ပမာဏေလာက္ပဲျဖစ္တယ္။ အစာအိမ္ပမာဏ က ဂရိတ္ဖ႐ုသီး တစ္လုံးအတိုင္းအတာေလာက္ပဲ

ရွိတာျဖစ္တယ္။ ဒါေၾကာင့္ တစ္ခါစားရင္ ဂရိတ္ဖ႐ုသီးတစ္လုံးစာေလာက္ပဲ စားရမယ္။ အဲ့လို မစားဘဲ ဗိုက္ႀကီးၿပဲကားေအာင္ စားေနၾကေတာ့ ဘာျဖစ္လာသလဲ။ ကိုယ္တြင္းက လီစာေတြက စားလိုက္တဲ့ အစာေတြေၾကညက္ေအာင္ ခ်က္တဲ့အလုပ္ကို ပင္ပန္းစြာ လုပ္ရပါတယ္။

အစာေျခရည္ေတြ အမ်ားႀကီးထုတ္ရတယ္၊ သည္းေျခရည္ေတြ ထုတ္ရတယ္၊ ႏွလုံးကလည္း ပိုအလုပ္လုပ္ရတယ္၊ ေက်ာက္ကပ္ကလည္ းပိုေဆးရတယ္၊ အသည္းကလည္း ပိုၿပီး အဆိပ္ေျဖေပးရတယ္။ အူေတြကလည္း အလုပ္ ပိုလုပ္ရတယ္။ ၾကာေတာ့… ကလီစာေတြ သိပ္ပင္ပန္းၾကတယ္။ ႏွစ္ရွည္မခံေတာ့ဘူး။

စားသင့္တဲ့ အတိုင္းအတာထက္ ပိုစားတဲ့အစာေတြက ကိုယ့္အတြက္ အက်ိဳးမရွိဘူး။ ပိုတဲ့အစာေတြက အဆိပ္အပုပ္ေတြျဖစ္သြားတယ္။ Free Radical ေတြ ပိုထြက္လာေစတယ္။ ေရာဂါေတြကိုျဖစ္ေစတာပဲ အဖတ္တင္တယ္။ ဘာမွကိုအက်ိဳးမရွိဘူး။

အစားၾကဴးတဲ့သူေတြကို ေလ့လာၾကည့္ပါ။ သူတို႔ဟာ ေရာဂါသိပ္မ်ားတယ္။ အေစာႀကီးေသၾကတယ္။ ႐ုပ္ရည္အားျဖင့္လည္းၾကည့္ရ ဆိုးတယ္။ ဘဝအရည္အေသြး မေကာင္းဘူးဆိုတာေတြ႕ရလိမ့္မယ္။ လူေတြက အမ်ားႀကီးစားႏိုင္မွ အားရွိတယ္လို႔ ထင္ေနၾကတယ္။ တကယ္ေတာ့…

အပူအပုပ္ကင္းၿပီး ေပါ့ပါးလန္းဆန္းျခင္းသည္သာ အားရွိျခင္းျဖစ္ပါတယ္။ သြက္လက္ျဖတ္လတ္ျခင္းသည္သာ အားရွိျခင္းျဖစ္တယ္။

ကဲ….ဒါဆို ဘယ္လိုစားရမလဲ ေျပာမယ္ေနာ္….

ျမန္မာလူမ်ိဳးေတြျဖစ္တဲ့အတြက္စားေနက်ျမန္မာစာေတြကိုပဲသင့္႐ုံစားသြားဖို႔ပါပဲ။အေထြအထူးေျပာင္းစားဖို႔မဟုတ္ဘူး၊စားမယ့္ Meal potion amount ကိုသာ သင့္႐ုံစားဖို႔ျဖစ္ပါတယ္။ ဂရိတ္ဖ႐ုတစ္လုံးစာေလာက္ေပါ့။ စားတာက အကုန္စားလို႔ရတယ္ေနာ္။

အဆီ၊ အေခါက္၊ အသား၊ ကလီစာ၊ အသီးအ႐ြက္၊ေျမေအာက္ဥ၊ေကာက္ႏွံ၊ပဲမ်ိဳးစုံႀကိဳက္တာသာစား။ Breakfast စားမယ္ဆိုရင္ မုန္႔ဟင္းခါး သင့္႐ုံတစ္ပြဲေပါ့။ အီၾကာေကြးဆိုလည္ းတစ္ေခ်ာင္းေပါ့၊ ေပါက္ဆီဆိုလည္းတစ္လုံးေပါ့၊ၾကက္ဥေပါင္မုန္႔တစ္ခ်ပ္ေပါ့၊

နံျပားၿပဲပုတ္ဆိုလည္းတစ္ခ်ပ္ေပါ့။ေတာ္ပီေလတစ္ပြဲ၊ေကာ္ဖီလည္းတစ္ခြက္ပဲေပါ့။ Lunchစားမယ္ဗ်ာ။ထမင္းတစ္လုံးအသားငါးဟင္း၂တုံး၊အ႐ြက္ေၾကာ္သင့္႐ုံေပါ့။ေခါက္ဆြဲေၾကာ္ထမင္းေၾကာ္ဆိုရင္လည္းပြဲေသးေပါ့။ဆီခ်က္ဆိုလည္းတစ္ပြဲေပါ့။သင့္႐ုံပဲ။

Dinnerစားမယ္ဗ်ာ။ဘိုစာဆိုလည္းတစ္ပြဲစာေလာက္ပဲ။ၾကာဆံေၾကာ္ဆိုလည္းတစ္လုံးေလာက္ပဲ။ၾကက္သားpuffဆိုလည္း၂ခုေလာက္ေပါ့။ဘာစားစားႀကိဳက္တာသာစားဗ်ာ၊အတိုင္းအတာကဂရိတ္ဖ႐ုတစ္လုံးစာေလာက္ၿပဲဖစ္ရမယ္။ဗိုက္ဆာရင္ေရေသာက္ေပါ့။

ဂရိတ္ဖ႐ုတစ္လုံးစာေလာက္ပဲစားရမယ္ဆိုေတာ့ဗိုက္ျပည့္ပါ့မလားေပါ့။ အစာအိမ္က သိပ္အံ့ၾသစရာေကာင္းတယ္။ ဂရိတ္ဖ႐ုတစ္လုံးစာေလာက္ပဲ စားတဲ့အေလ့အက်င့္ လုပ္ေပးရင္ အစာအိမ္ကသူ႔ဟာသူ ေသးသြားေရာဗ်။ တစ္ပတ္ဆယ္ရက္ေတာ့ အခ်ိန္ေပးၿပီးေစာင့္ရတယ္။

တစ္ပတ္အတြင္းမွာေတာ့ စားရတာတင္းတိမ္မွာ မဟုတ္ေပမဲ့… ဆယ္ရက္ေလာက္မွာ က်င့္သားရၿပီး မဆာေတာ့ဘူး။ နည္းနည္းပိုစားမိရင္ေတာင္ အစာအိမ္က လက္မခံခ်င္ေတာ့ေလာက္ေအာင္ အက်င့္ေကာင္းသြားၿပီ။ အဲဒါဆို ေအးေအးေဆးေဆးပဲ။

ေရကေတာ့ Bodyရဲ႕လိုအပ္ခ်က္အတိုင္းေသာက္ေပးဖို႔ လိုတယ္။ ေပါင္၅၀ကို တစ္လီတာႏႈန္းနဲ႔ေသာက္ရမယ္။ ေပါင္၁၅၀ဆိုရင္ တစ္ေန႔ကို၃လီတာ အနည္းဆုံးပဲ။ ေရေသာက္ရင္ မနက္ေစာေစာကလြဲလို႔ က်န္တဲ့အခ်ိန္ေတြမွာ နည္းနည္းနည္းနည္းနဲ ႔ခဏခဏေသာက္ေပးတာ ပိုေကာင္းပါတယ္။

စားထားတဲ့ အစာေဟာင္းေတြ အကုန္ျပန္ထုတ္ဖို႔က ေရကို ျပည့္မီေအာင္ ေသာက္ဖို႔ လိုတယ္။

အဲဒီလို ခပ္နည္းနည္းပဲစားတဲ့ styleနဲ႔ သြားရင္…

Bodyက တျဖည္းျဖည့္း သြယ္လ်လာလိမ့္မယ္။ ကိုယ္တြင္းမွာ အဆိပ္အပုပ္ေတြ ကင္းတဲ့အတြက္ အသားေရ ၾကည္လင္လွပလာလိမ့္မယ္။ ေပါ့ပါး သြက္လက္တက္ႂကြလာလိမ့္မယ္။ မေကာင္းတဲ့ေကာ္လက္စေၾတာေတြ မရွိလို႔ မ်က္ႏွာက အစ္ထစ္မေနေတာ့ဘဲ ပိုေခ်ာလာလိမ့္မယ္။

Body လွလာတဲ့အတြက္ ဝတ္စားဆင္ယင္မႈကလည္း အလိုလို style က်ေနလိမ့္မယ္။ ဥာဏ္ရည္လည္းေကာင္းလာလို႔ လုပ္ငန္းလုပ္လို႔ ပိုအဆင္ေျပလာလိမ့္မယ္။ တရားထိုင္ရတာလည္း သိပ္ေကာင္းလိမ့္မယ္။ ႐ုပ္ပိုင္းဆိုင္ရာသာမက စိတ္ပိုင္းဆိုင္ရာလည္း မိမိကိုယ္မိမိ ယုံၾကည္မႈေတြ

တိုးလာလိမ့္မယ္။ မေမွ်ာ္မွန္းထားတဲ့ အက်ိဳးေက်းဇူးေတြ ရလာတာကို အံ့ၾသစြာႀကဳံလာရပါလိမ့့္မယ္။ ရန္ကုန္ၿမိဳ႕က ၾကယ္၅ပြင့္ဟိုတယ္ႀကီးတစ္ခုမွာ ဘူေဖးညစာသြားစားဖူးပါတယ္။ အဲ့မွာျပင္သစ္၂ေယာက္ကိုေတြ႕တယ္။ သူတို႔ ဘယ္လိုစားလည္း ေလ့လာၾကည့္တယ္…

အစားအစာေတြကို ပန္းကန္လွ႐ုံပဲ ထည့္စားၿပီး ျပန္သြားၾကတယ္။ က်ေနာ္တို႔ျမန္မာေတြကေတာ့… ပန္းကန္အေမာက္ႀကီးေတြ၂ခါ ၃ခါ ထပ္ထည့္စားၿပီး ဗိုက္ၿပဲကားမွ အိမ္ျပန္ၾကပါတယ္။ အဲဒါကို သတိ ထားမိတယ္။ က်ေနာ္စကၤာပူမွာေနတုန္းက ေန႔တိုင္းစားတဲ့ ထမင္းဆိုင္က တ႐ုတ္လင္မယားက

က်ေနာ္စားတာကို ေန႔တိုင္းၾကည့္ေနၾကတယ္။ ထမင္းကို ၃ပန္းကန္ေလာက္ စားတာကိုး။ ေျခာက္လေလာက္ၾကာေတာ့ သူတိ့နဲ႔ခင္သြားတယ္။ သူတို႔က ဘာေျပာသလဲဆိုရင္… မင္းအဲ့ေလာက္စားေနရင္ ေရာဂါေတြျဖစ္လာလိမ့္မယ္တဲ့။ သင့္႐ုံပဲစားတဲ့။

ဟုတ္တယ္ဗ်… စလုံးကလူေတြ ထမင္း တစ္လုံးပဲ စားၾကလို႔ေရာဂါကင္းၿပီး သြယ္လ်ၾကတာေတြ႕ရတယ္။ ကမာၻေက်ာ္ မင္းသားမင္း သမီးေတာ္ေတာ္မ်ားမ်ား ဒီအတိုင္း ခပ္နည္းနည္းစားတဲ့ Style ကို က်င့္သုံးေနၾကတယ္။ ေဘာလိဝုဒ္ မင္းသား မင္းသမီးေတြေတာင္

အရင္လို ဗိုက္မပူၾကေတာ့ဘူးဗ်။ ျမန္မာျပည္မွာလည္းၾကည့္… သာသနာေရးမွာဆိုရင္ ပါခ်ဳပ္ဆရာေတာ္ႀကီးေပါ့။ႏိုင္ငံေရးေလာကမွာဆို အေမစုလို ပုဂၢိဳလ္မ်ိဳးေပါ့၊ အႏုပညာေလာကမွာဆိုလည္ းဒါ႐ိုက္တာဦးေအာင္ကိုလတ္တို႔လို ပုဂၢိဳလ္ေတြေပါ့၊ ပန္းခ်ီဦးစိုးမိုးလိုပုဂၢိဳလ္မ်ိဳးေပါ့၊

စီးပြားေရးေလာကမွာဆို ဦးေမာင္ဝိတ္တို႔လိုေပါ့။ ဘယ္ေလာက္ၾကည့္ေကာင္းၿပ ေးေအာင္ျမင္ေနၾကလဲဆိုတာ။ ဒါက ထင္ရွားတဲ့သူအခ်ိဳ႕ကိုေျပာတာ။ အျခားျပည္တြင္းျပည္ပက လူေတြအမ်ားႀကီး ရွိပါေသးတယ္။

ကဲ.. မိတ္ေဆြမ်ား… အခုကJanuaryလေပါ့ဗ်ာ။ အခုကစၿပီးခပ္နည္းနည္းပဲစားတဲ့styleကို လုပ္ၾကည့္ၾကမလား။ ေနာက္ႏွစ္ January ဒီအခ်ိန္ေလးမွာ အေျဖထုတ္ၾကည့္ၾကမယ္။ တကယ္ျဖစ္ခ်င္ရင္ တကယ္လုပ္… အဟုတ္ျဖစ္ရမည္တဲ့။

ေနမေကာင္းဘူးဆိုတာ မရွိေစရ။ က်န္းမာၿပီးေရာဂါကင္းတဲ့ဘဝ၊ သြယ္လ်ၿပီးလွပတဲ့ ဘဝ၊ တိုးတက္ၿပီးေအာင္ျမင္တဲ့ ဘဝ၊ စိတ္ခ်မ္းသာၿပီးေပ်ာ္႐ႊင္တဲ့ ဘဝကို တကယ္လိုခ်င္သူေတြအတြက္…..

ခရက္ဒစ္#စာေရးဆရာမင္းေက်ာ္ဝင္း#ေလးစားစြာ crdေပးပါတယ္ ဆရာ..။ ျပန္လည္ မွ်ေ၀ျခင္း ျဖစ္ပါသည္။

Unicode

သူတို့တွေ ဘာကြောင့်ကျန်းမာနေကြတာလဲ… ခပ်နည်းနည်းပဲစားတဲ့ Style

မိတ်ဆွေများကို ကမ္ဘာပေါ်မှာခေတ်စားလာမယ့် အကောင်းဆုံး Style တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီ Styleလေးက ခပ်နည်းနည်းပဲစားတဲ့ Style ဖြစ်ပြီး အကျိုးကျေးဇူးသိပ်များပါတယ်။ အဲဒီ Style ကို လုပ်လိုက်ပြီဆိုတာနဲ့ ကျန်တဲ့Styleတွေပါ

အလိုအလျောက် ပါလာမယ်ဆိုတာ ကို ဒီ post ဖတ်ရင်းနဲ့ သိသွားပါလိမ့်မယ်။ ကျနော်တို့ဟာ နေ့စဉ် အစားအသောက်တွေကို စားသောက်ကြရတယ်။ အဲဒီလို စားရာမှာ ရသတဏှာကို ဦးစားပေးပြီး ဗိုက်ဝအောင် စားရမှ ကျေနပ်ကြတယ်။ အသက်ရှင်ဖို့ စားတာ မဟုတ်ဘဲ

စားဖို့ အသက်ရှင်နေသလို ဖြစ်နေကြတယ်။ အဲဒါသည် ကျနော်တို့အတွက် အမှားကြီးမှားနေတာပဲ ဖြစ်တယ်။ လူတစ်ယောက် အသက်ရှင်ရပ်တည်ဖို့အတွက် စားသင့်တဲ့အတိုင်းအတာက သူ့အစာအိမ်ပမာဏလောက်ပဲဖြစ်တယ်။ အစာအိမ်ပမာဏ က ဂရိတ်ဖရုသီး တစ်လုံးအတိုင်းအတာလောက်ပဲ

ရှိတာဖြစ်တယ်။ ဒါကြောင့် တစ်ခါစားရင် ဂရိတ်ဖရုသီးတစ်လုံးစာလောက်ပဲ စားရမယ်။ အဲ့လို မစားဘဲ ဗိုက်ကြီးပြဲကားအောင် စားနေကြတော့ ဘာဖြစ်လာသလဲ။ ကိုယ်တွင်းက လီစာတွေက စားလိုက်တဲ့ အစာတွေကြေညက်အောင် ချက်တဲ့အလုပ်ကို ပင်ပန်းစွာ လုပ်ရပါတယ်။

အစာခြေရည်တွေ အများကြီးထုတ်ရတယ်၊ သည်းခြေရည်တွေ ထုတ်ရတယ်၊ နှလုံးကလည်း ပိုအလုပ်လုပ်ရတယ်၊ ကျောက်ကပ်ကလည် းပိုဆေးရတယ်၊ အသည်းကလည်း ပိုပြီး အဆိပ်ဖြေပေးရတယ်။ အူတွေကလည်း အလုပ် ပိုလုပ်ရတယ်။ ကြာတော့… ကလီစာတွေ သိပ်ပင်ပန်းကြတယ်။ နှစ်ရှည်မခံတော့ဘူး။

စားသင့်တဲ့ အတိုင်းအတာထက် ပိုစားတဲ့အစာတွေက ကိုယ့်အတွက် အကျိုးမရှိဘူး။ ပိုတဲ့အစာတွေက အဆိပ်အပုပ်တွေဖြစ်သွားတယ်။ Free Radical တွေ ပိုထွက်လာစေတယ်။ ရောဂါတွေကိုဖြစ်စေတာပဲ အဖတ်တင်တယ်။ ဘာမှကိုအကျိုးမရှိဘူး။

အစားကြူးတဲ့သူတွေကို လေ့လာကြည့်ပါ။ သူတို့ဟာ ရောဂါသိပ်များတယ်။ အစောကြီးသေကြတယ်။ ရုပ်ရည်အားဖြင့်လည်းကြည့်ရ ဆိုးတယ်။ ဘဝအရည်အသွေး မကောင်းဘူးဆိုတာတွေ့ရလိမ့်မယ်။ လူတွေက အများကြီးစားနိုင်မှ အားရှိတယ်လို့ ထင်နေကြတယ်။ တကယ်တော့…

အပူအပုပ်ကင်းပြီး ပေါ့ပါးလန်းဆန်းခြင်းသည်သာ အားရှိခြင်းဖြစ်ပါတယ်။ သွက်လက်ဖြတ်လတ်ခြင်းသည်သာ အားရှိခြင်းဖြစ်တယ်။

ကဲ….ဒါဆို ဘယ်လိုစားရမလဲ ပြောမယ်နော်….

မြန်မာလူမျိုးတွေဖြစ်တဲ့အတွက်စားနေကျမြန်မာစာတွေကိုပဲသင့်ရုံစားသွားဖို့ပါပဲ။အထွေအထူးပြောင်းစားဖို့မဟုတ်ဘူး၊စားမယ့် Meal potion amount ကိုသာ သင့်ရုံစားဖို့ဖြစ်ပါတယ်။ ဂရိတ်ဖရုတစ်လုံးစာလောက်ပေါ့။ စားတာက အကုန်စားလို့ရတယ်နော်။

အဆီ၊ အခေါက်၊ အသား၊ ကလီစာ၊ အသီးအရွက်၊မြေအောက်ဥ၊ကောက်နှံ၊ပဲမျိုးစုံကြိုက်တာသာစား။ Breakfast စားမယ်ဆိုရင် မုန့်ဟင်းခါး သင့်ရုံတစ်ပွဲပေါ့။ အီကြာကွေးဆိုလည် းတစ်ချောင်းပေါ့၊ ပေါက်ဆီဆိုလည်းတစ်လုံးပေါ့၊ကြက်ဥပေါင်မုန့်တစ်ချပ်ပေါ့၊

နံပြားပြဲပုတ်ဆိုလည်းတစ်ချပ်ပေါ့။တော်ပီလေတစ်ပွဲ၊ကော်ဖီလည်းတစ်ခွက်ပဲပေါ့။ Lunchစားမယ်ဗျာ။ထမင်းတစ်လုံးအသားငါးဟင်း၂တုံး၊အရွက်ကြော်သင့်ရုံပေါ့။ခေါက်ဆွဲကြော်ထမင်းကြော်ဆိုရင်လည်းပွဲသေးပေါ့။ဆီချက်ဆိုလည်းတစ်ပွဲပေါ့။သင့်ရုံပဲ။

Dinnerစားမယ်ဗျာ။ဘိုစာဆိုလည်းတစ်ပွဲစာလောက်ပဲ။ကြာဆံကြော်ဆိုလည်းတစ်လုံးလောက်ပဲ။ကြက်သားpuffဆိုလည်း၂ခုလောက်ပေါ့။ဘာစားစားကြိုက်တာသာစားဗျာ၊အတိုင်းအတာကဂရိတ်ဖရုတစ်လုံးစာလောက်ပြဲဖစ်ရမယ်။ဗိုက်ဆာရင်ရေသောက်ပေါ့။

ဂရိတ်ဖရုတစ်လုံးစာလောက်ပဲစားရမယ်ဆိုတော့ဗိုက်ပြည့်ပါ့မလားပေါ့။ အစာအိမ်က သိပ်အံ့သြစရာကောင်းတယ်။ ဂရိတ်ဖရုတစ်လုံးစာလောက်ပဲ စားတဲ့အလေ့အကျင့် လုပ်ပေးရင် အစာအိမ်ကသူ့ဟာသူ သေးသွားရောဗျ။ တစ်ပတ်ဆယ်ရက်တော့ အချိန်ပေးပြီးစောင့်ရတယ်။

တစ်ပတ်အတွင်းမှာတော့ စားရတာတင်းတိမ်မှာ မဟုတ်ပေမဲ့… ဆယ်ရက်လောက်မှာ ကျင့်သားရပြီး မဆာတော့ဘူး။ နည်းနည်းပိုစားမိရင်တောင် အစာအိမ်က လက်မခံချင်တော့လောက်အောင် အကျင့်ကောင်းသွားပြီ။ အဲဒါဆို အေးအေးဆေးဆေးပဲ။

ရေကတော့ Bodyရဲ့လိုအပ်ချက်အတိုင်းသောက်ပေးဖို့ လိုတယ်။ ပေါင်၅၀ကို တစ်လီတာနှုန်းနဲ့သောက်ရမယ်။ ပေါင်၁၅၀ဆိုရင် တစ်နေ့ကို၃လီတာ အနည်းဆုံးပဲ။ ရေသောက်ရင် မနက်စောစောကလွဲလို့ ကျန်တဲ့အချိန်တွေမှာ နည်းနည်းနည်းနည်းနဲ့ခဏခဏသောက်ပေးတာ ပိုကောင်းပါတယ်။

စားထားတဲ့ အစာဟောင်းတွေ အကုန်ပြန်ထုတ်ဖို့က ရေကို ပြည့်မီအောင် သောက်ဖို့ လိုတယ်။

အဲဒီလို ခပ်နည်းနည်းပဲစားတဲ့ styleနဲ့ သွားရင်…

Bodyက တဖြည်းဖြည့်း သွယ်လျလာလိမ့်မယ်။ ကိုယ်တွင်းမှာ အဆိပ်အပုပ်တွေ ကင်းတဲ့အတွက် အသားရေ ကြည်လင်လှပလာလိမ့်မယ်။ ပေါ့ပါး သွက်လက်တက်ကြွလာလိမ့်မယ်။ မကောင်းတဲ့ကော်လက်စတြောတွေ မရှိလို့ မျက်နှာက အစ်ထစ်မနေတော့ဘဲ ပိုချောလာလိမ့်မယ်။

Body လှလာတဲ့အတွက် ဝတ်စားဆင်ယင်မှုကလည်း အလိုလို style ကျနေလိမ့်မယ်။ ဉာဏ်ရည်လည်းကောင်းလာလို့ လုပ်ငန်းလုပ်လို့ ပိုအဆင်ပြေလာလိမ့်မယ်။ တရားထိုင်ရတာလည်း သိပ်ကောင်းလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာသာမက စိတ်ပိုင်းဆိုင်ရာလည်း မိမိကိုယ်မိမိ ယုံကြည်မှုတွေ

တိုးလာလိမ့်မယ်။ မမျှော်မှန်းထားတဲ့ အကျိုးကျေးဇူးတွေ ရလာတာကို အံ့သြစွာကြုံလာရပါလိမ့်မယ်။ ရန်ကုန်မြို့က ကြယ်၅ပွင့်ဟိုတယ်ကြီးတစ်ခုမှာ ဘူဖေးညစာသွားစားဖူးပါတယ်။ အဲ့မှာပြင်သစ်၂ယောက်ကိုတွေ့တယ်။ သူတို့ ဘယ်လိုစားလည်း လေ့လာကြည့်တယ်…

အစားအစာတွေကို ပန်းကန်လှရုံပဲ ထည့်စားပြီး ပြန်သွားကြတယ်။ ကျနော်တို့မြန်မာတွေကတော့… ပန်းကန်အမောက်ကြီးတွေ၂ခါ ၃ခါ ထပ်ထည့်စားပြီး ဗိုက်ပြဲကားမှ အိမ်ပြန်ကြပါတယ်။ အဲဒါကို သတိ ထားမိတယ်။ ကျနော်စင်္ကာပူမှာနေတုန်းက နေ့တိုင်းစားတဲ့ ထမင်းဆိုင်က တရုတ်လင်မယားက

ကျနော်စားတာကို နေ့တိုင်းကြည့်နေကြတယ်။ ထမင်းကို ၃ပန်းကန်လောက် စားတာကိုး။ ခြောက်လလောက်ကြာတော့ သူတိ့နဲ့ခင်သွားတယ်။ သူတို့က ဘာပြောသလဲဆိုရင်… မင်းအဲ့လောက်စားနေရင် ရောဂါတွေဖြစ်လာလိမ့်မယ်တဲ့။ သင့်ရုံပဲစားတဲ့။

ဟုတ်တယ်ဗျ… စလုံးကလူတွေ ထမင်း တစ်လုံးပဲ စားကြလို့ရောဂါကင်းပြီး သွယ်လျကြတာတွေ့ရတယ်။ ကမ္ဘာကျော် မင်းသားမင်း သမီးတော်တော်များများ ဒီအတိုင်း ခပ်နည်းနည်းစားတဲ့ Style ကို ကျင့်သုံးနေကြတယ်။ ဘောလိဝုဒ် မင်းသား မင်းသမီးတွေတောင်

အရင်လို ဗိုက်မပူကြတော့ဘူးဗျ။ မြန်မာပြည်မှာလည်းကြည့်… သာသနာရေးမှာဆိုရင် ပါချုပ်ဆရာတော်ကြီးပေါ့။နိုင်ငံရေးလောကမှာဆို အမေစုလို ပုဂ္ဂိုလ်မျိုးပေါ့၊ အနုပညာလောကမှာဆိုလည် းဒါရိုက်တာဦးအောင်ကိုလတ်တို့လို ပုဂ္ဂိုလ်တွေပေါ့၊ ပန်းချီဦးစိုးမိုးလိုပုဂ္ဂိုလ်မျိုးပေါ့၊

စီးပွားရေးလောကမှာဆို ဦးမောင်ဝိတ်တို့လိုပေါ့။ ဘယ်လောက်ကြည့်ကောင်းပြ ေးအောင်မြင်နေကြလဲဆိုတာ။ ဒါက ထင်ရှားတဲ့သူအချို့ကိုပြောတာ။ အခြားပြည်တွင်းပြည်ပက လူတွေအများကြီး ရှိပါသေးတယ်။

ကဲ.. မိတ်ဆွေများ… အခုကJanuaryလပေါ့ဗျာ။ အခုကစပြီးခပ်နည်းနည်းပဲစားတဲ့styleကို လုပ်ကြည့်ကြမလား။ နောက်နှစ် January ဒီအချိန်လေးမှာ အဖြေထုတ်ကြည့်ကြမယ်။ တကယ်ဖြစ်ချင်ရင် တကယ်လုပ်… အဟုတ်ဖြစ်ရမည်တဲ့။

နေမကောင်းဘူးဆိုတာ မရှိစေရ။ ကျန်းမာပြီးရောဂါကင်းတဲ့ဘဝ၊ သွယ်လျပြီးလှပတဲ့ ဘဝ၊ တိုးတက်ပြီးအောင်မြင်တဲ့ ဘဝ၊ စိတ်ချမ်းသာပြီးပျော်ရွှင်တဲ့ ဘဝကို တကယ်လိုချင်သူတွေအတွက်…..

ခရက်ဒစ်#စာရေးဆရာမင်းကျော်ဝင်း#လေးစားစွာ crdပေးပါတယ် ဆရာ..။ ပြန်လည် မျှဝေခြင်း ဖြစ်ပါသည်။

Be the first to comment

Leave a Reply

Your email address will not be published.


*